Go to full page →

သတင်းစကားပျံ့နှံ့ခြင်း GCBur 392

အမေရိကန်သည် မြော်လင့်ခြင်းဆိုင်ရာလှုပ်ရှားမှုအတွက် ဌာနချုပ် ဖြစ်လာခဲ့ပါသည်။ သာသနာပြုများရောက်သွားသည့်---- နိုင်ငံများသို့ မီလာနှင့်သူ၏အဖွဲ့သားများရေးသားသောစာပေများကို ယူဆောင်သွားခဲ့ကြပါသည်။ GCBur 392.3

၁၈၄၄ ခုနှစ်၊ နွေဦးရာသီတွင် ခရစ်တော်ကြွလာတော့မ ယောင်ညွှန်ပြသည့် ထိုအနာဂတ္တိစကားသည် လူများစွာတို့၏စိတ် ထဲတွင် အတော်အမြစ်စွဲသွားခဲ့ပါသည်။ များစွာသောလူတို့သည် အ ချိန်ပိုင်းဆိုင်ရာ အနာဂတ္တိစကားများ၏ ဖွင့်ဆိုချက်များမှာ မှန်ကန် သည်ဟု သဘောပေါက်ကာ မိမိတို့မှန်သည်ဟု ထင်ခဲ့သည့်အရာများ ကိုဘေးဖယ်ထားပြီး ထိုအမှန်တရားကို ဝမ်းပန်းတသာ လက်ခံခဲ့ကြ ပါသည်။ GCBur 393.1

တချို့တရားဟောဆရာများသည်လည်း မိမိတို့၏အသင်း တော်နှင့် လစာငွေများကိုစွန့်လွှတ်ကာ ခရစ်တော်ကြွလာခြင်း သတင်း စကားကို ကြွေးကြော်သောအဖွဲ့နှင့် ပူးပေါင်းခဲ့ကြပါသည်။ ဤသ တင်းစကားကို လက်ခံသူများ၏အခြေအနေကိုလေ့လာလျှင် အခြား အသင်းတော်မှ သာမန်အသင်းသားဦးရေထက် အခြားအသင်းတော် မှတရားဟောဆရာများသည် ဦးရေနည်းပါးကြောင်းတွေ့ရသည်။ လယ်သမားများက လယ်တောကိုလည်းကောင်း၊ စက်ဆရာများက ကိရိယာပစ္စည်းများကိုလည်းကောင်း၊ အရောင်းအဝယ်သမားများက ကုန်ပစ္စည်းများကို လည်းကောင်း၊ ကျွမ်းကျင်သူလုပ်သားများက ၎င်း တို့၏ရာထူးများကို လည်းကောင်း စွန့်ပစ်ခဲ့ကြပါသည်။ GCBur 393.2

ကယ်တင်ခြင်းအဖို့အလို့ငှာ လူသားများ နောင်တလမ်းထဲသို့ ရောက်လာစေဖို့ ၎င်းတို့သည် မိမိဆန္ဒအလျောက် အပင်ပန်းခံခဲ့ကြ သည်။ ချို့တဲ့မှုကိုခံစားခဲ့ကြသည်။ ဒုက္ခဆင်းရဲခြင်းများကို ခံစားခဲ့ကြ သည်။ ထိုမြော်လင့်ခြင်းသတင်းစကားကို ထောင်ပေါင်းများစွာသော လူတို့ လက်ခံခဲ့ကြပါသည်။ GCBur 393.3