Go to full page →

ယုံကြည်ခြင်းကိုဆက်လက်ထိန်းသိမ်းခြင်း GCBur 433

ရရှိထားသောအလင်းတရားများကို မစွန့်လွှတ်ဘဲ ကြွလာ ခြင်းဆိုင်ရာ လှုပ်ရှားမှုများကို လူသိရှင်ကြားပြစ်တင်ဝေဖန်မှုမပြုသူ များနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ကိန်းအောင်းဆဲဖြစ်သည်။ “ကြီးစွာသောအကျိုးနှင့် ယှက်သော သင်တို့၏ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ GCBur 433.3

ဘုရားသခင်၏ အလိုတော်ကိုဆောင်ပြီးမှ ကတိတော် အတိုင်းအကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။ အဘယ်ကြောင့်နည်းဟူမူကား ကြွလာလတ္တံ့သော သူသည် မဆိုင်း မလင့်ဘဲ မကြာမမြင့်မီရောက်တော်မူလိမ့်မည်။ ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော် လည်းရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက် ခြင်းမရှိဟု ဘုရားသခင်အမိန့်တော်ရှိ၏။ ငါ့တို့မူကား ပျက်စီးခြင်းသို့ ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်၊ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။” ဟေဗြဲ ၁၀:၃၅-၃၉။ GCBur 433.4

ဤဆုံးမစကားကို နောက်ဆုံးသောနေ့များ၌ တည်ရှိသည့် အသင်းတော်သို့ ပေးပို့နေပါသည်။ ဤဆုံးမစကားအရ ခရစ်တော် သည်မဆိုင်း မလင့်ဘဲ ကြွလာမည်ဖြစ်သည်။ မြော်လင့်နေသူများ သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ခြင်းဖြင့် အလိုတော်ကို ဝန်ခ့ကြရန်ဖြစ်သည်။ သို့ရာ တွင်မိမိတို့ရင်ဆိုင်နေရသော အခြေအနေကြောင့် ဘုရားရှင်၏အကြံ အစည်တော်ကို သူတို့နားမလည်နိုင်ခဲ့ ကြချေ။ မိမိတို့အား ဘုရား သခင်လမ်းပြနေတော်မူနေသေးရဲ့လားဟုလည်း သူတို့အား သံသယ ဝင်ရန် စုံစမ်းနေပါသည်။ GCBur 434.1

“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်” ဟူသောစကားရပ်သည် ဤနေရာတွင် အသုံးဝင်လာ ပါသည်။ မြော်လင့်ချက်ပျက်ပြားခဲ့ရသဖြင့် စိတ်ပျက်အားငယ်နေသော ထိုသူများသည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း အားဖြင့်သာ ရပ်တည်နိုင်ခဲ့ကြပါသည်။ ယုံကြည်ခြင်းကို စွန့်လွှတ်ကာ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ငြင်းပယ်ခြင်းသည် ပျက်စီးခြင်း သို့ဦးတည်ရွေ့လျားနေခြင်းဖြစ်သည်။ တစ်ခုတည်းသော စိတ်ချ လုံခြုံစရာလမ်းစဉ်မှာ ရရှိပြီးသားအလင်းတရားကို မြတ်နိုးတွယ်တာ လျက် နှုတ်ကပတ်တော်ကို ဆက်လက်လေ့လာကာနောက်ထပ် အ လင်းကိုရရန် သည်းခံလျက် စောင့်မျှော်နေကြရန်ဖြစ်ပါသည်။ GCBur 434.2

*****