Go to full page →

သန့်ရှင်းရာဌာနနှင့်ပတ်သက်သည့်နက်နဲမှုကိုဖြေရှင်းခြင်း GCBur 444

ထိုကောင်းကင်ရှိတဲတော်စစ်သည် ပဋိညာဉ်သစ်၏သန့်ရှင်း ရာဌာနတော်ဖြစ်၏။ ခရစ်တော်အသေခံသည့်အချိန်တွင် ပုံဆောင်မှု များဆုံးခန်းတိုင်သို့ရောက်သွားခဲ့ပါသည်။ ဒံယေလ ၈:၁၄ သည် ဤကာလအငန်း အတာတွင် ပြည့်စုံသည်ဖြစ်ရာ ထိုကျမ်းချက်တွင် ဖေါ်ညွှန်းထားသည့် သန့်ရှင်းရာဌာနတော်သည် ပဋိညာဉ်သစ်၏ သန့်ရှင်းရာဌာနတော် ဖြစ်ရပါမည်။ ထိုကြောင့် “ရက်ပေါင်း နှစ်ထောင့် သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်” ဆိုသည့် အနာဂတ္တိကျမ်းသည် ကောင်းကင်ဘုံရှိ သန့်ရှင်းရာဌာနတော်ကို ညွှန်ပြပါသည်။ GCBur 444.1

သို့သော် ဆေးကြောသုတ်သင်သည်ဆိုသည်မှာ ဘာကိုဆိုလို ချင်ပါသနည်း။ ကောင်းကင်ဘုံမှာရှိနေသည့် တစ်စုံတစ်ခုကို ဆေးကြော သုတ်သင်ဖို့ လိုပါသလား။ GCBur 444.2

ကောင်းကင်နှင့်မြေကြီးရှိ သန့်ရှင်းရာဌာနတော် နှစ်ခုစလုံး အားဆေးကြောသုတ်သင်ခြင်းနှင့် စပ်လျဉ်း၍ ဟေဗြဲ ၉:၂၂-၂၃ တွင်ရှင်းလင်းစွာ သွန်သင်ထားပါသည်။ “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေ တတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ GCBur 444.3

ထိုကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏ ပုံရိပ်များကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍ ကောင်း ကင်အရာတို့ကို သာ၍မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ် စေရ၏။” GCBur 444.4