“လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမ ရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူ သည်းခံရပ်နိုင်မည်နည်း။----ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ကို ချွတ်၍ သန့်ရှင်း စေတော်မူသဖြင့် သူတို့သည် ထာဝရဘုရားအဖို့ ဖြောင့်မတ်ခြင်း ပူဇော်သကာကို ပူဇော်ကြလိမ့်မည်။” မာလခိ ၃:၂-၃။ GCBur 454.1
ခရစ်တော်၏ ကြားဖြန်ဖြေရေးအမှုတော် အဆုံးသတ်မည့်အ ချိန်တွင် ဤကမ္ဘာပေါ်၌ အသက်ရှင်နေထိုင်သူများသည် ဘုရား သခင်၏ရှေ့တော်တွင် သန့်စင်ကြရမည်။ ၎င်းတို့၏စာရိတ္တသည် လည်းအသွေးတော်အားဖြင့် သန့်စင်ထားကြရမည်။ ထိုသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်နှင့် မိမိတို့၏ကြိုးစားကျင့်ဆောင်မှု အား ဖြင့် ဒုစရိုက်နှင့် တိုက်လှန်ပွဲတွင် အောင်မြင်သူများဖြစ်ရမည်။ GCBur 454.2
စုံစမ်း စစ်ဆေးရာ တရားစီရင်ခြင်းကို ကောင်းကင်နိုင်ငံတွင် ဆက်လက် လုပ်ဆောင်နေစဉ် နောင်တရသောအပြစ်သားများ၏ အ ပြစ်များကိုသန့်ရှင်းရာဌာနတော်မှ ဆေးကြောသုတ်သင်နေစဉ် ဤကမ္ဘာ တွင် ရှိကြသော ဘုရားသခင်၏သားသမီးများ၌ အပြစ်ဆေးကြောခြင်း နှင့်ဆိုင်သည့် အထူးလုပ်ဆောင်စရာတစ်ခု ရှိပါသည်။ ထိုအရာကို ဗျာ၊ ၁၄ တွင်ဖေါ်ပြ ထားသည့်သတင်းစကားတွင် တင်ပြထားပါသည်။ ထိုလုပ်ငန်းကို လုပ်ဆောင် ပြီးစီးသောအချိန်တွင် ခရစ်တော်၏ နောက်လိုက်များသည် ကြွလာခြင်းကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေ ကြလိမ့်မည်။ ကိုယ်တော်ရှင်ကြွလာခြင်းကိုကြိုဆိုမည့် ထိုအသင်း တော်သည် “သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍ အညစ် အကြေးတင်ခြင်း၊ အရေတွန့်ခြင်း စသည်တို့နှင့်ကင်း၏။” ဧဖက် ၅:၂၇။ GCBur 454.3