Go to full page →

အခန်း (၂၅)—ဘုရားသခင်၏ ပြောင်းလဲခြင်းမရှိသော ပညတ်တော် GCBur 463

“ကောင်းကင်ဘုံ၌ ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန် တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။” ဗျာ၊ ၁၁:၁၉။ ပဋိညာဉ်သေတ္တာတော်သည် ကောင်းကင်သန့်ရှင်းရာဌာန တော်၏ အသန့်ရှင်းဆုံးအခန်းထဲတွင် ရှိပါသည်။ ကောင်းကင်အ ရာများ၏ အရိပ်ဖြစ်သော လောကတဲတော်၌ အမှုတော်ဆောင်ရာ တွင်ဗိမာန်တော်ကို ဆေးကြောရန်အတွက် ကျင်းပသောအပြစ်ဖြေ ရာနေ့တွင်သာ ဤအခန်းကို ဖွင့်ခဲ့ပါသည်။ GCBur 463.1

ထိုကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်လှစ်ကြောင်း၊ ပဋိညာဉ်သေတ္တာတော်ကို မြင်တွေ့နိုင်ကြောင်း ကြေညာချက်သည် အပြစ်ဖြေရာအမှုတော်၏နိဂုံးချုပ် အလုပ်ကို ထမ်းဆောင်ရန် ၁၈၄၄ ခုနှစ်တွင် ကောင်းကင်သန့်ရှင်းရာ ဌာနတော်၏အသန့်ရှင်းဆုံးအခန်းထဲသို့ ခရစ်တော်ဝင်တော်မူ ကြောင်းကို ပြညွှန်နေပါသည်။ GCBur 463.2

ထိုအသန့်ရှင်းဆုံး အခန်းထဲသို့ဝင်သွားစဉ် ယဇ်ပုရော ဟိတ်ကြီးနှင့်အတူ ယုံကြည်ခြင်းအားဖြင့် လိုက်ပါသွားသူများသည် ပဋိညာဉ်သေတ္တာတော်ကို မြင်တွေ့ခဲ့ကြရသည်။ ထိုသူတို့သည် သန့်ရှင်းရာဌာနတော်အပြောင်းအလဲအကြောင်းကို နားလည် သ ဘောပေါက်ခဲ့ကြပါသည်။ ၎င်းပြင် ကိုယ်တော်ရှင်သည် ယခုတွင် ထိုပဋိညာဉ်သေတ္တာတော်ရှေ့တွင် အမှုဆောင်နေကြောင်းကို လည်းသူတို့ မြင်တွေ့ခဲ့ကြပါသည်။ GCBur 463.3

လောကတဲတော်တွင်ရှိသော ပဋိညာဉ်သေတ္တာထဲတွင် ဘုရားသခင်၏ ပညတ်တော်ရေးထားသည့် ကျောက်ပြားနှစ်ပြား ရှိပါ သည်။ ကောင်းကင် ဗိမာန်တော်ကို ဖွင့်လှစ်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကို မြင်တွေ့ရပါသည်။ ဘုရားသခင်ကိုယ်တော်တိုင် နှုတ် ဖြင့်ပြော၊ လက်ဖြင့် ရေးခဲ့သည့် ပညတ်တော်ကျောက်ပြားများကို ကောင်းကင်သန့်ရှင်းရာ ဌာနတော်၏ အသန့်ရှင်းဆုံးအခန်းထဲတွင် ထားရှိပါသည်။ GCBur 464.1

ဤအချက်ကို နားလည် သဘောပေါက်သူများသည် မဿဲ ၅:၁၈ တွင် ခရစ်တော်မိန့်ဆိုခဲ့သော နှုတ်ထွက်စကားများကို သ ဘောပေါက်လာ ကြပေလိမ့်မည်။ “ငါအမှန်ဆိုသည်ကား၊ ကောင်း ကင်နှင့်မြေကြီး မပျက်စီးမီ တိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။” ဘုရား ရှင်၏ အလိုတော်နှင့် စာရိတ္တတော်ကို ဖေါ်ပြနေသော ဘုရားသခင်၏ ပညတ်တော်သည် ကာလအစဉ်မပြတ် တည်မြဲတော်မူမည်။ GCBur 464.2

ပညတ်တော်ဆယ်ပါး၏ အချက်အချာနေရာတွင် ဥပုသ် ပညတ်ရှိပါသည်။ ဖန်ဆင်းရှင်နားနေသောနေ့ကို ဂရုမထားခြင်းအား ဖြင့်ဤပညတ်ကို မသိစိတ်နှင့် ကျူးလွန်ဖေါက်ဖျက်နေသည်ဟု နှုတ် ကပတ်တော်ကို လေ့လာနေသူများအား ဝိညာဉ်တော်က သိသာစေ ပါသည်။ GCBur 464.3

ထိုကြောင့် ပထမနေ့တွင် ဥပုသ်စောင့်ခြင်း၏ အကြောင်း ရင်းကိုဆန်းစစ်ရန် သူတို့အစပျိုးခဲ့ရာ စတုတ္ထပညတ်ကို ပယ်ဖျက် ကြောင်း၊ ဥပုသ်နေ့ကို အပြောင်းအလဲလုပ်ကြောင်း အထောက် အထားတစ်စုံတစ်ခုမျှ မတွေ့ကြရပါ။ သူတို့သည် အလိုတော်ကို သိ ရှိလိုက်လျှောက်ရန် ကြိုးစားနေကြရာ ယခုအချိန်တွင် ကိုယ်တော်၏ ဥပုသ်နေ့ကို သန့်ရှင်းစွာတည်ဆောက်ခြင်းဖြင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း ဖေါ်ပြခဲ့ကြပါသည်။ GCBur 464.4

မြော်လင့်ခြင်းအသင်းသားများ၏ ယုံကြည်ခြင်းကို မှောက် လှန်ရန် ကြိုးစားမှုများပြုလုပ်ခဲ့ကြပါသည်။ ကောင်းကင်သန့်ရှင်းရာ ဌာနတော်နှင့် စပ်ဆိုင်သည့် အမှန်တရားများကို လက်ခံရာတွင် ဘုရား သခင့်ပညတ်တော် တောင်းဆိုချက်များနှင့် ဥပုသ်တော်နေ့ပညတ် ပါ ဝင်ပတ်သက်နေသည်ကို မတွေ့မြင်သူမရှိပါ။ ကောင်းကင်သန့်ရှင်း ရာဌာနတော်၌ ခရစ်တော်အမှုတော် ဆောင်နေခြင်းကိုဖေါ်ပြသည့် သမ္မာကျမ်းစာ၏ရှေ့နောက်ဆီလျော်သော ဖေါ်ပြချက်များကို ခိုင်ခိုင် မာမာဆန့်ကျင်မှု၏ လျှို့ဝှက်ချက်သည် ဤတွင်ရှိနေပါသည်။ ဘုရား သခင်ကဖွင့်ဟထားသောအရာကို လူများက ပိတ်ဖို့ကြိုးစားကြပြီး ဘုရား သခင်က ပိတ်ထားသောအရာကို လူတို့က ဖွင့်ဖို့ ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ခရစ်တော်သည် အသန့်ရှင်းဆုံးအခန်း၏ အမှုတော်ဆိုင်ရာ ကိစ္စများကို ဖွင့်ဟထားပြီးဖြစ်ရာ ထိုနေရာတွင် ဌာပနာထား သည့်ပညတ်တော်တွင် စတုတ္ထပညတ်ပါဝင်နေပါသည်။ GCBur 465.1

ဘုရားသခင်၏ပညတ်တော်နှင့် ခရစ်တော်၏အမှုတော်အ ကြောင်း အလင်းတရားများကို လက်ခံထားသူများသည် ခရစ်တော် ကြွလာခြင်းအတွက် ကမ္ဘာသူကမ္ဘာသားများကိုပြင်ဆင်ရန် သတင်း စကားသုံးမျိုးဖြင့် ဗျာ၊ ၁၄ ကို တည်ဆောက်ထားကြောင်း တွေ့ရှိခဲ့ ကြသည်။ GCBur 465.2

“တရားစီရင်တော်မူသော အချိန်ရောက်လာပြီ” ဟူသော ကြေညာချက်သည် ခရစ်တော်၏ ကြားဖျန်ဖြေရေးလုပ်ငန်းရပ်နား ကာမိမိလူတို့အားခေါ်ရန် ကိုယ်တော် ကြွလာခြင်း မပြုမီတိုင်အောင် ကြွေးကြော်ရမည့် တရားတော် ဖြစ်သည်။ ၁၈၄၄ ခုနှစ်မှစ၍ ပြုလုပ်ခဲ့ သော ထိုတရားစီရင်ခြင်းကို သေသူများနှင့် အသက်ရှင်နေသော သူများ၏ အမှုအရာများကို ဆုံးဖြတ်မပြီးမချင်း ဆက်လက်လုပ်ဆောင် နေလိမ့်မည်။ ထိုကြောင့် တရားစီရင်ခြင်းကာလသည် ကရုဏာတံ ခါးပိတ်သည့် အချိန်အထိ ကြာရှည်လိမ့်မည်။ GCBur 465.3

လူတို့သည် တရားစီရင်သောအခါတွင် ရပ်တည်ရင်ဆိုင် နိုင်ဖို့ပြင်ဆင် နိုင်ရန်အလို့ငှာ “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်း ကြလော့။ GCBur 466.1

ကောင်းကင် မြေကြီးသမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်း တော်မူသောအရှင်ကို ကိုးကွယ်ကြလော့” ဟု ကောင်းကင်တမန် သတင်းစကားက မိန့်မှာနေပါသည်။ ဤသတင်းစကားကို လက်ခံပါ လျှင်ဖြစ်ပေါ်လာမည့် ရလဒ်မှာ “ဘုရားသခင်၏ ပညတ်တို့ကိုလည်း ကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်ကြ လိမ့်မည်” ဟူ၍ဖြစ်၏။ ဗျာ၊ ၁၄:၇၊ ၁၂။ GCBur 466.2

တရားစီရင်ခြင်းအတွက် ပြင်ဆင်သည့်အနေဖြင့် တရားစီရင် ခြင်းတွင် အကျင့်စာရိတ္တ၏စံအဖြစ်အသုံးပြုမည့် ဘုရားသခင်၏ ပညတ် တော်ကို လူသားများ စောင့်ရှောက်သင့်ပါသည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံကြရလိမ့်မည်။---ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသောအမှုအရာတို့ကို စစ်ကြောစီရင်တော်မူသောနေ့၌ ထို သို့စီရင်တော်မူလတ္တံ့။” “တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။” “ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ် တော်နှင့်မတွေ့နိုင်။” “ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့ သည် အပြစ်ရှိကြ၏။” ရောမ ၂:၁၂-၁၆။ ဟေဗြဲ ၁၁:၆။ ရောမ ၁၄:၂၃။ GCBur 466.3

ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကာ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသောဖန်ဆင်းရှင်ကိုကိုးကွယ်ရန် လူသားများအား ပထမကောင်းကင် တမန်က ဆင့်ဆိုနေပါသည်။ သူတို့သည် ဤအရာ ကိုလုပ်ဆောင်ရန် ကိုယ်တော်၏ပညတ်တော်ကို စောင့်ရှောက်ရပါ မည်။ GCBur 467.1

နားထောင်လိုက်လျှောက် ခြင်းမရှိသေးသော မည်သည့်ကိုး ကွယ်ခြင်းကိုမျှ ဘုရားသခင်နှစ်သက်တော် မူနိုင်မည်မဟုတ်ချေ။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာ ရောက်၏။” ၁ယော၊ ၅:၃။ (သု၊ ၂၈:၉)။ GCBur 467.2