Go to full page →

ဓမ္မသစ်ကျမ်း၌ထောက်ခံမှုမရှိခြင်း GCBur 480

တနင်္ဂနွေနေ့သည် ဥပုသ်နေ့ဖြစ်ကြောင်းကိုလည်းကောင်း၊ တနင်္ဂနွေနေ့တွင် ဥပုသ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်းသည့် တိကျသော စည်းမျဉ်းများအကြောင်းကိုလည်းကောင်း ဓမ္မသစ်ကျမ်းက လုံးဝ ထောက်ခံ တင်ပြထားခြင်းမရှိသည်ကို ပရိုတက်စတင့်များက အသိ အမှတ်ပြုကြပါသည်။ GCBur 480.1

ခရစ်တော်အသေခံပြီးသည့်အချိန်အထိ နေ့ရက်အပြောင်း အလဲမရှိသည်ကိုလည်းကောင်း၊ သတ္တမနေ့ရက်ဥပုသ်စောင့်ခြင်းကို လျစ် လျူရှု၍ ပထမနေ့တွင်ဥပုသ်စောင့်ရန် ပြဌာန်းသည့်အမိန့်များ ကိုတမန်တော်များက ပေးမထားခဲ့သည်ကိုလည်းကောင်း မှတ်တမ်း များအရ သိရပါသည်။ GCBur 480.2

ဥပုသ်နေ့ပြောင်းလဲခြင်းအမှုကို မိမိတို့ကပြုလုပ်ခဲ့ကြောင်း ကာတိုလိတ်အသင်းတော်က အသိအမှတ်ပြုနေရုံသာမက တနင်္ဂနွေ ဥပုသ်ကို စောင့်ရှောက်ခြင်းအားဖြင့် ပရိုတက်စတင့်များသည် မိမိတို့၏ ဩဇာခံများ ဖြစ်လာကြောင်း အောက်ပါအတိုင်းသူတို့မှတ်တမ်းတင် ခဲ့ကြသည်။ “ပညတ်တော်ဟောင်းအချိန်တုန်းက စနေနေ့သည် သန့်ရှင်းသောနေ့တစ်နေ့ဖြစ်ခဲ့သည်။ သို့သော်ခရစ်တော်တည်ထောင် ကာ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြနေသော ဤအသင်းတော် သည်စနေနေ့အစား တနင်္ဂနွေနေ့ကို (ဥပုသ်နေ့အဖြစ်) တည်ထောင် ပြဌာန်းခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ပထမနေ့ ကိုသန့်ရှင်းစေကြပြီ။ ယခုတွင် တနင်္ဂနွေနေ့သည် သခင်ဘုရား၏ နေ့ဟုအဓိပ္ပါယ်ရသည်” ဟု (Catholic Catechism of Christian Reli-gion) တွင် ထုတ်ပြန်ထားပါသည်။ GCBur 480.3

“ပရိုတက်စတင့်များလက်ခံစောင့်ရှောက်နေသော တနင်္ဂနွေ ဥပုသ်သည် မိမိတို့ပြောင်းလဲခဲ့သည့်ဥပုသ်ဖြစ်ကြောင်း ၎င်းတို့သည် ထိုဥပုသ်ကို စောင့်ရှောက်ခြင်းအားဖြင့် ပွဲနေ့အခမ်းအနားများကို ဘိသိက်ပေးရန်အတွက် သော်လည်းကောင်း၊ ထိုသူများအား အပြစ် ဒုစရိုက်အောက်တွင်ရှိကြောင်း အမိန့်ချမှတ်ရန်အတွက်သော်လည်း ကောင်း မိမိတို့၏အသင်းတော်တွင် တန်ခိုးအာဏာရှိကြောင်း အ သိအမှတ်ပြုနေကြသည်” ဟု ကာတိုလိတ် အသင်းတော်၏ တန်ခိုး အာဏာရှိကြောင်း အထိမ်းအမှတ်အဖြစ် ရဟန်းမင်းက ဖွင့်ဆိုခဲ့ ပါသည်။ GCBur 481.1

မည်သည့်အရာသည် သားရဲ၏တံဆိပ်တည်းဟူသော ရောမ အသင်း တော်၏ ဩဇာအာဏာအထိမ်းအမှတ်ဖြစ်သနည်း။ GCBur 481.2

ရောမအသင်းတော်သည် မိမိ၏အစိုးတရရှိမှုကို ကြွေးကြော် ရန်မနှောင့်နှေးခဲ့ချေ။ ကမ္ဘာ့လူသားများနှင့် ပရိုတက်စတင့်အသင်း တော်များက ၎င်းတီထွင်ထားသည့် ဥပုသ်ကိုလက်ခံကာ ကျမ်းစာ ဥပုသ်နေ့ကို ငြင်းပယ် ကြသောအချိန်တွင် သူတို့သည် ၎င်း၏မှားယွင်း သောယူဆချက်ကို လက်ခံသည့်သဘောဖြစ်သွားပါသည်။ ဤသို့ သောအားဖြင့် မိမိတို့နှင့်ရောမများအကြား အဓိကခြားနားချက်ဖြစ် သည့်သမ္မာကျမ်းစာသည်သာလျှင် ပရိုတက်စတင့်များ၏ ယုံကြည် ကိုးကွယ်ရာ ဖြစ်သည်ဆိုသည့်အချက်ကို မသိကျိုးကျွန်ပြုလိုက်ကြပါ သည်။ တနင်္ဂနွေဥပုသ် လှုပ်ရှားမှုများသည် အောင်မြင်လာသည်နှင့် အမျှပရိုတက်စတင့်ကမ္ဘာ သည်လည်း အဆုံးတွင် ရောမ၏အလံ အောက်သို့ ရောက်ရှိသွားပါတော့သည်။ GCBur 481.3

“ပရိုတက်စတင့်များသည် တနင်္ဂနွေဥပုသ်ကို စောင့်ရှောက် ခြင်းဖြင့် ရောမအသင်းတော်၏ တန်ခိုးအာဏာကို ဂါရဝပြုနေကြသည်” ဟု ရောမအသင်းသားများက ပြောကြပါသည်။ GCBur 482.1

နိုင်ငံတော်အစိုးရ၏ အာဏာတန်ခိုးကိုအသုံးပြုကာ ဘာ သာရေး တာဝန်တစ်ခုကို အတင်းအကျပ်လုပ်ဆောင်စေခြင်းသည် ထိုသားရဲအတွက် တံဆိပ်တစ်ခုကိုတည်ဆောက်နေခြင်းဖြစ်ရာ အမေ ရိကန်ပြည်ထောင်စုတွင် တနင်္ဂနွေဥပုသ်စောင့်ရန် အတင်းအကျပ် လုပ်ဆောင်နေခြင်းသည် သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်ရန် တိုက် တွန်းနေခြင်းဖြစ်သည်။ GCBur 482.2

အတိတ်မှခရစ်ယာန်မျိုးဆက်များသည် တနင်္ဂနွေအား သမ္မာ ကျမ်းစာတွင် ဖေါ်ပြထားသည့် ဥပုသ်နေ့အထင်ဖြင့် စောင့်ရှောက်ခဲ့ ကြပါသည်။ GCBur 482.3

ယခုခေတ်တွင်လည်း တနင်္ဂနွေနေ့အား ဘုရားသခင် သတ်မှတ်ထားသည့် ဥပုသ်နေ့ဟု ရိုးရိုးသားသားယုံကြည်နေသည့် စစ်မှန်သောခရစ်ယာန်များ အသင်းတော်တိုင်းတွင် ရှိနေပါသည်။ သို့သော် ဥပဒေပြဌာန်းကာ တနင်္ဂနွေဥပုသ်ကို စောင့်ခိုင်းလာသော အချိန်တွင် စစ်မှန်သော ဥပုသ်နေ့နှင့် ပတ်သက်သည့်အလင်းတရား ကိုကမ္ဘာအားထွန်းလင်းလာပါက ရောမ၏ သွန်သင်ချက်ကိုလိုက်နာရန် ဘုရား၏ပညတ်တော်ကိုချိုးဖောက်သူတိုင်းသည် ဘုရားသခင်ထက် ရဟန်းမင်းကို ဂုဏ်ပြုနေခြင်းဖြစ်သည်။ ထိုသူသည် သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်နေပါသည်။ ဤနည်းအားဖြင့် လူသားများသည် ရောမနှင့် မဟာမိတ် ဖွဲ့သည့်အထိမ်းအမှတ်ဖြစ်သော သားရဲ၏တံဆိပ် ကိုလက်ခံကြပါသည်။ သို့ရာတွင် ထိုတနင်္ဂနွေဥပုသ်အမိန့်ကို ထုတ် ပြန်ကာ ဘုရားပညတ်တော်နှင့် လူ့ပညတ်များအကြား ရွေးချယ်မှု မပြုခိုင်းမချင်း ထိုသို့မဖြစ်သေးပါ။ ထုတ်ပြန်ပြီးအချိန်တွင် ဘုရား ပညတ်ကို ချိုးဖေါက်သောသူများသည်သာ သားရဲ၏တံဆိပ်ကို လက် ခံခြင်းဖြစ်ပါလိမ့်မည်။ GCBur 482.4