Go to full page →

ဘုရားသခင်၏အလိုတော်မဟုတ်ပါ GCBur 491

ဣသရေလများ နှစ်ပေါင်း (၄၀) ကြာ တောတွင်လှည့်လည် နေရသည်မှာ ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။ ခါနန်ပြည်သို့ တိုက်ရိုက် ခေါ်သွားပြီး ထိုအရပ်တွင် ပျော်ရွှင်သန့်ရှင်းသောလူမျိုးများ အဖြစ် အခြေတကျ ရှိစေလိုသည်သာ ကိုယ်တော်၏ အလိုတော်ဖြစ် သည်။ GCBur 491.1

သို့ရာတွင် “သူတို့သည် မိမိတို့၏ မယုံကြည်မှုကြောင့် ခါနန် ပြည်သို့မဝင်စားနိုင်ခဲ့ကြချေ။” ဟေဗြဲ ၃:၁၉။ ထိုနည်းအတူ ခရစ်တော် ကြွလာခြင်း ကြန့်ကြာနေရသည်မှာ လည်းကောင်း၊ ဝမ်းနည်းခြင်း နှင့်ပြီးသောအပြစ်ကမ္ဘာတွင် ကိုယ်တော်၏ သားသမီးများအချိန်ကြာ မြင့်စွာ နေထိုင်နေရသည်မှာလည်းကောင်း ဘုရားသခင်၏ အလိုတော် မဟုတ်ပါ။ GCBur 491.2

မယုံကြည်သောစိတ်က ၎င်းတို့အား ဘုရားသခင်နှင့် ကွဲ ကွာစေခဲ့ပါသည်။ သတိပေးစကားကို အပြစ်သားများ ကြားကာ ဘုရား သခင်၏အမျက်တော်ထွက်ရာနေ့ကြီးမတိုင်မီ ခိုလှုံရာကို ရှာနိုင်ရန်အ လို့ငှာ ခရစ်တော်သည် ကရုဏာရှေ့ထား၍ ကြွလာခြင်း နှောင့်နှေးနေ ရခြင်းဖြစ်သည်။ GCBur 491.3

ယခုအချိန်တွင် ရှေးကာလမှာကဲ့သို့ပင် သမ္မာတရားကို တင် ပြသံကို ကြားသောအခါ ဆန့်ကျင်သူများပေါ်ထွန်းလာလိမ့်မည်။ လူ များစွာတို့သည် ရေပန်းမစားသည့်သမ္မာတရားကို ကာကွယ်ရပ်တည် သူများ၏စာရိတ္တနှင့် သဘောထားများအပေါ် ရန်ငြိုးထားကာ တိုက် ခိုက်ကြပါသည်။ ဧလိယအား ဣသရေလများကို ဒုက္ခပေးသူဟု ကြွေး ကြော်ခဲ့ကြသည်။ ယေရမိအား အမျိုးသားသစ္စာဖောက် ရှင်ပေါလု အားဗိမာန်တော်ကို ညစ်ညမ်းစေသူအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ထိုနေ့များမှ ယနေ့အချိန်အထိ သမ္မာတရားအပေါ် သစ္စာရှိသူများအား ပုန်ကန်ထကြွစေသူများ၊ အယူဝါဒဖေါက်ပြန်သူများ၊ ဂိုဏ်း ဂဏခွဲခြားသူများဟု စွပ်စွဲနေကြပါသည်။ GCBur 491.4

သန့်ရှင်းခြင်းနှင့် သမာဓိခိုင်မြဲခြင်းများအတွက် နမူနာပုံစံ ဖြစ်သော အာဇာနည်များနှင့် ၎င်းသန့်ရှင်းသူများပြုလုပ်ကြသည့် အ ပြစ်ဝန်ချ တောင်းပန်ခြင်းများသည် ဘုရားသခင်အတွက် သက်သေခံ များအဖြစ် ရပ်တည်ရန် ခေါ်တော်မူခြင်းခံရသူများကို အားတက်စေ ပါသည်။ GCBur 492.1

ယခုခေတ်တွင် အမှုဆော်ငနေကြသည့် ဘုရားသခင်၏ တ ပည့်တော်များ အတွက် အမိန့်တော်ကား၊ “အသံမလျော့ဘဲ ကြွေးကြော် ကြလော့။ တံပိုးသံ ကဲ့သို့အသံကိုလွှင့်၍ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား သူတို့ဒုစရိုက် အပြစ်ကိုဖေါ်ပြလော့။” GCBur 492.2

“အချင်းလူသား၊ သင့်ကို ဣသရေလအမျိုး၌ ကင်းစောင့်စေ ခြင်းငှာ ငါခန့်ထားသောကြောင့် သင်သည် ငါ၏နှုတ်ထွက် စကားကို နာခံ၍ သူတို့ကိုသတိပေးရမည်” ဟူ၍ဖြစ်၏။ ဟေရှာ ၅၈:၁။ ယေဇကျေလ ၃၃:၇။ GCBur 492.3

သမ္မာတရားကိုလက်ခံရန် အဓိကအဟန့်အတားတစ်ခုမှာ ပြစ်တင် ဝေဖန်ခံရခြင်းဖြစ်သည်။ ဤအရာကို မည်သူမျှဖြေရှင်းမပေး နိုင်ချေ။ GCBur 492.4

သို့ရာတွင် ခရစ်တော်၏တပည့်စ်များသည် ထိုသမ္မာတရား ရေပန်းစားမည့်အချိန်အထိ မစောင့်ဆိုင်းတော့ဘဲ “မျက်မှောက်၌ ထင် ရှားသောအရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာတို့ သည်အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ထင်ရှား သောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့် မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ ကိုငါတို့အဖို့ ဖြစ်စေတတ်၏။” ထိုကြောင့် “အီဂျစ်ပြည်၏ စည်းစိမ် ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သည်” ဟူ သော ရှင်ပေါလု၏ ဖွင့်ဆိုချက်အတိုင်း ရေပန်းမစားသေးသည့် သမ္မာ တရားကို သူတို့လက်ခံခဲ့ကြပါသည်။ GCBur 492.5

ကျွန်ုပ်တို့သည် အမှန်တရားကို အမှန်အတိုင်းရွေးချယ်ကာ ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲအခြေအနေများကို ဘုရားသခင့် လက် တော်တွင် အပ်နှံကြရမည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများ၊ ယုံကြည် ခြင်းနှင့် ပြည်စုံသူများတို့အပေါ်တွင် ကြီးကျယ်သောပြုပြင် ပြောင်းလဲ မှုများအတွက် ကမ္ဘာကြီးသည် အကြွေးတင်နေပါသည်။ ယခုအချိန် တွင်လည်း ထိုကဲ့သို့သောလူစားမျိုးတို့နှင့် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းများကို ဆက်လက်လုပ်ဆောင်ကြရပါမည်။ GCBur 493.1

*****