Go to full page →

ကောင်းကင်တမန်များအကြားတွင် မကျေနပ်မှုများပေါ်ပေါက်ခြင်း GCBur 536

လူစီဖာသည်ဘုရားသခင့်ရှေ့တော်မှောက်တွင် ခံစားရသည့် အခွင့်ကို လက်လွှတ်ကာ မိမိ၏မကျေနပ်မှုကိုပြောပြရန် အခြား ကောင်းကင်တမန်များ ထံသို့ သွားရောက်ခဲ့သည်။ ထိုနောက် သူသည် ဘုရားသခင်အပေါ် တကယ်ရိုသေကိုင်းရှိုင်းဟန်ဖြင့် မိမိစိတ်ထဲတွင် ရှိသည့် အကြံအစည်ကို ဖုံးထားကာ ၎င်းတို့သည် မလိုအပ်သော ထိန်း ချုပ်မှုများအောက်တွင် ရှိနေကြောင်း ဖွင့်ဟလျက် ကောင်းကင်သား များလိုက်နာကျင့်သုံးနေသည့် ပညတ်တော်များအပေါ် မကျေမနပ် ဖြစ်လာအောင် လှုံ့ဆော်ရန် ကြိုးစားခဲ့ပါသည်။ ကောင်းကင်တမန် မည်သည် သန့်ရှင်းသောသဘာဝရှိထားနှင့်ပြီးသားဖြစ်သောကြောင့် မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒ၏စေစားမှုများကိုသာ လိုက်လျှောက်သင့် သည်ဟုလည်း သူတိုက်တွန်းခဲ့ပါသည်။ ထာဝရဘုရားသည် ခရစ် တော်အား မြှောက်စားခဲ့ခြင်း အရာသည် မိမိအပေါ် မတရားဆက်ဆံ ရာရောက်ကြောင်း သူဖွင့်ဆိုခဲ့သည်။ သူ့အနေဖြင့် ကိုယ့်ကိုကိုယ် မြှင့်တင်ရန် ထိုသို့ပြောနေခြင်းမဟုတ်ဘဲ ကောင်းကင်သားအားလုံး လွတ်လပ်မှုရကာ ပို၍မြင့်မြတ်သောအခြေအနေသို့ ရောက်ရှိရန် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း သူကြွေးကြော်ခဲ့ပါသည်။ GCBur 536.3

ထာဝရဘုရားသခင်သည် လူစီဖာအား အချိန်ကာလကြာမြင့် စွာသည်းခံတော်မူခဲ့သည်။ အခြားကောင်းကင်တမန်များကို မှားယွင်း သော ဖွင့်ဆိုချက်များဖြင့် စတင်စည်းရုံးနေချိန်မှာပင် လူစီဖာအား ကောင်းကင်တမန် ဗိုလ်မင်းအဆင့်မှ ဆွဲချနေခြင်းအမှုကို ထာဝရဘုရား ပြုတော်မမူသေးချေ။ နောင်တရလိုရငြားဖြင့် အထပ်ထပ်သည်းခံ တော်မူခဲ့ပါသည်။ GCBur 537.1

အနန္တမေတ္တာတော်နှင့် ပြည့်စုံသူများသာ ဆောင်ရွက် နိုင်သည့်ထိုကဲ့သို့သော ကြိုးစားမှုများဖြင့် မိမိ၏အမှားကိုမြင်တွေ့ လာရန် သူ့အား ထာဝရဘုရားအချိန် ပေးတော်မူခဲ့သည်။ မကျေမနပ် ဖြစ်ခြင်းကို ယခင်က ကောင်းကင်တွင်မတွေ့ခဲ့ ရဖူးချေ။ မကျေမနပ် ဖြစ်နေသည်ဆိုသည့် ခံစားချက်ကို လူစီဖာကိုယ်တိုင်လည်း အစအဦး တွင် နားမလည်ခဲ့ပါချေ။ သူ၏အလိုမပြည့်ခြင်း၊ အားရကျေနပ်မှု မရှိခြင်းအတွက် လုံလောက်သောအကြောင်းပြချက်တစ်စုံတစ်ရာ မရှိသဖြင့် ဘုရား၏ပညတ်တော်သည် တရားမျှတသည်ကိုလည်း ကောင်း၊ ကောင်းကင် သားများရှေ့တွင် ထိုပညတ်တော်ကိုအသိ အမှတ်ပြုသင့်သည်ကိုလည်းကောင်း လူစီဖာသဘောပေါက်ခဲ့ပါ သည်။ သဘောပေါက်သည့်အတိုင်း ကျင့်ဆောင်ခဲ့မည်ဆိုလျှင် သူသည် ကိုယ်ကိုကိုယ်သာ ပျက်စီးခြင်းမှကယ်တင်နိုင်မည်မဟုတ်ဘဲ ကောင်း ကင်တမန်များစွာတို့ကိုလည်း ကယ်တင်နိုင်ခဲ့ပါလိမ့်မည်။ အကယ် ၍သာ သူသည် မိမိအားခန့်အပ်ထားသည့် ရာထူးနေရာကို ကျေကျေ နပ်နပ်ဖြင့် လက်ခံလုပ်ဆောင်ကာ ဘုရားသခင့်ထံသို့ ပြန်လည်ဦး လှည့်လာရန် ဆန္ဒရှိခဲ့မည်ဆိုလျှင် သူသည်ကောင်းကင်တမန် များ၏ဗိုလ်မင်းတစ်ဦး အနေဖြင့် ဆက်လက်အသိအမှတ်ပြုခြင်းခံရ ပေလိမ့်မည်။ GCBur 537.2

သို့ရာတွင် မာနစိတ်ကား သူ့အားအညံ့မခံရန် အားပေးလှုံ့ ဆော်ခဲ့သည်။ နောင်တရစရာ မလိုဟု ဆက်လက်မှတ်ယူကာ ဖန်ဆင်း ရှင်အား ဆန့်ကျင်သည့် မဟာတိုက်လှန် ပွဲတွင် သူလုံးလုံးလျားလျားပါ ဝင်လှုပ်ရှားခဲ့ပါသည်။ GCBur 538.1

သူ၏ကြိုးကိုင်ဦးဆောင်နိုင်သည့် အစွမ်းအစများသည်လည်း ကောင်းကင်တမန်များ၏ကြင်နာမှုကိုရရှိရန် လှည့်ဖြားခြင်းတန်ခိုး များဖြစ်လာခဲ့ချေပြီ။ မိမိသည် မတရားစီရင်ချက်အချခံရသည်။ မိမိ ၏လွတ်လပ်မှုကို ချုပ်ချယ်နေကြသည်ဟု စာတန်က သရုပ်ဖော်ခဲ့ပါ သည်။ GCBur 538.2

သားတော်ဘုရားသည် ကောင်းကင်သားများရှေ့တွင် မိမိအား အရှက်ရစေဖို့ ကြံစည်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလျက် ခရစ်တော်၏ နှုတ်တော်ထွက်စကား များကို မှားယွင်းစွာသရုပ်ဖော်ကာ မုသားစ ကားများကို စာတန်လက်ဆင့် ကမ်းခဲ့ပါသည်။ GCBur 538.3

မိမိအား မထောက်ခံသည့် ကောင်းကင်တမန်များအား ကောင်းကင်သားများအရေးကို စိတ်မဝင်စားသူများအဖြစ် သူစွပ်စွဲ ခဲ့သည်။ ဖန်ဆင်းရှင်အား အသရေရှုတ်ချရန် မမှန်ကန်သောသရုပ်ဖော် တင်ဆက်မှုများကို သူအသုံးပြုခဲ့သည်။ ဘုရားသခင်၏အကြံအစည် တော်နှင့် ပတ်သက်၍ ပါးနပ်သောငြင်းဆိုချက်များကို အသုံးပြုကာ ကောင်းကင်တမန်များ၏စိတ်ကို ရှုတ်ထွေးသွားအောင်လုပ်ရန်မှာ သူ၏ဝါဒ ဖြစ်သည်။ သူသည်ရိုးစင်းသောအရာအသီးသီးကို ခက်ခဲ နက်နဲမှုများ၌ နစ်မြုပ်ဖုံးအုပ်ခဲ့သည်။ သူသည် အနုပညာဆန်သည့် သွေဖည်ရေးလမ်းစဉ် များကို အသုံးပြုကာ ဘုရားသခင်၏ရိုးစင်းသော ဖွင့်ဆိုချက်များကို ကောင်းကင်တမန်များသံသယဖြစ်လာအောင် လုပ် ဆောင်ခဲ့သည်။ GCBur 538.4

သူရရှိထားသည့် ကြီးမားသောရာထူးက သူ၏သရုပ်ဖော် တင်ပြမှုကို ထိရောက်စေခဲ့သဖြင့် များစွာသောကောင်းကင်တမန် များကို သူနှင့်အတူ ပုန်ကန်မှုတွင်ပါဝင်လာအောင် သူသိမ်းသွင်းနိုင် ခဲ့ပါသည်။ GCBur 539.1