Go to full page →

သင်ခန်း (၃၂)—စာတန်အပေါ်အောင်ပွဲဆင်ခြင်း GCBur 562

ခရစ်တော်နှင့် စာတန်အကြားတွင်ဖြစ်ပွားနေသော မဟာ တိုက်လှန်ပွဲ ကြီးသည် မကြာမီအချိန်အတွင်း၌ အဆုံးသတ်သွား တော့မည်ဖြစ်ရာ လူသား များကိုယ်စား ခရစ်တော်လုပ်ဆာင်မည့် အမှုတော်ကိုဖျက်ဆီးနိုင်ရန် စာတန်သည် အထူးကြိုးစားနေပါ သည်။ GCBur 562.1

ခရစ်တော်၏ကြားဖျန်ဖြေရေးဆိုင်ရာ အမှုတော်မပြီးဆုံးမီအ ထိလူသားတို့အား အမှောင်ထဲတွင်ကျင်လည်ကာ နောင်တမရအောင် လုပ်ထားနိုင်ရန်မှာ သူအဖြစ်စေချင်ဆုံးအရာတစ်ခု ဖြစ်သည်။ အသင်း တော်ထဲတွင် စိတ်မဝင်စားမှုများနှင့်ပြည့်ဝနေသော အချိန်၌ စာတန် စိတ်မပူသော်လည်း အသင်းသားများက “ကယ်တင်ခြင်းရအောင် တို့ဘာလုပ်မလဲ” ဟု စိတ်ဝင်တစားမေးလာသောအချိန်တွင် ခရစ် တော်နှင့်တကွ သန့်ရှင်းသောဝိညာဉ်တော်၏ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ စစ်ချီရန် သူအသင့်ပြင်နေပေပြီ။ GCBur 562.2

တစ်နေ့တွင် ကောင်းကင်တမန်များသည် ခစားရန်အလို့ငှာ ထာဝရဘုရားရှေ့တော်သို့ ရောက်ရှိလာသောအချိန်၌ စာတန်လည်း ၎င်းတို့နှင့် အတူရောက်ရှိလာပါသည်။ သို့ရာတွင် သူသည် ထာဝရ ဘုရားကို ဦးချဝတ်ပြု ခြင်းမပြုရုံသာမက ၎င်း၏မလိုမုန်းထားသော အကြံအစည်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပါသည်။ (ယောဘ ၁:၆)။ စာတန်သည် ဝတ်ပြုကိုးကွယ်သူများ၏ စိတ်နှ လုံးကိုချုပ်ထိန်းရန်ကြိုးစားရင်း ဝတ်ပြု ကိုးကွယ်ရန် စုရုံးနေသူများ နှင့်အတူရှိနေတတ်သည်။ ဘုရားသခင်၏စေတမန်တစ်ဦး ကျမ်းစာလေ့လာနေသည်ကို သူတွေ့ရှိပါလျှင် လေ့လာနေသော ထို အကြောင်း အရာကို သူမှတ်ထားပါသည်။ ထိုနောက် ထိုအကြောင်း အရာနှင့်ပတ်သက်ပြီး သူလှည့်ဖြားထားသူများထံသို့ သတင်းစကား မရောက်နိုင်အောင် ဉာဏ်နီ ဉာဏ်နက်နှင့် ကောက်ကျစ်စဉ်းလဲမှုများ ကိုသူအသုံးပြုတတ်ပါသည်။ သတိပေးသည့်စကားများကို အထူး လိုအပ်နေသူများအား သတိပေးစကား များကို မကြားကြရအောင် စီးပွားရေးလုပ်ငန်းများနှင့်သာ အချိန်ကုန်စေဖို့ သူတိုက်တွန်းတတ် သည်။ သို့မဟုတ်ပါကလည်း ထိုသတိပေးစကားများကို မကြား ရအောင်နည်းအမျိုးမျိုးသုံးကာ သူတားဆီးတတ်ပါသည်။ GCBur 562.3

လူသားများအပေါ်တွင် ဖိစီးနေသည့်အမှောင်ထုကြောင့် ဘုရားသခင်၏အမှုဆောင်များတွင် ဝန်ပိနေသည်ကို သူမြင်တွေ့နေပါသည်။ GCBur 563.1

စိတ်မဝင်စားမှုနှင့် ပျင်းရိမှုများကို ဖြိုခွင်းနိုင်ဖို့ ဘုရားသ ခင်ထံမှကျေးဇူးတော်နှင့် တန်ခိုးတော်ကိုရရှိရန် အမှုဆောင်များ ဆု တောင်းနေသည်ကိုလည်း သူကြားနေပါသည်။ ထိုအချိန်တွင် ကြား နာသိရှိသင့်သည့်အရာများကို မသိရှိ နိုင်လောက်အောင် အစားကြူး စေရန် (ဝါ) စိတ်ကျေနပ်သလို နေထိုင်အသက်ရှင်စေရဿ် အသစ်သော နည်းစနစ်များကိုအသုံးပြုကာ သူစုံစမ်းပါတော့သည်။ GCBur 563.2

ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ခြင်းကို ပျက်ကွက်သူများ သည်မိမိတိုက်ကွက်အောက်တွင် ကျဆုံးသွားမည်ကို စာတန်သိထား သည်။ GCBur 563.3

ထိုကြောင့် လူတို့၏စိတ်ကိုဖမ်းစားရန် ဖြစ်နိုင်သမျှ နည်းမျိုး စုံကို သူတီထွင်ခဲ့ ပါသည်။ ဘရားသခင်က လူသားများအတွက် အ လုပ်များနေသောအချိန် တိုင်းတွင် စာတန်၏ညာလက်ရုံးများသည် လည်း အလုပ်များနေကြပါသည်။ ခရစ်တော်၏သစ္စာရှိနောက်လိုက် များအား လှည့်ဖြားသူများအဖြစ် သူတို့ပုံဖော်ကြလိမ့်မည်။ မြင့်မြတ် သော ကျင့်ဆောင် မှုများတွင်ထားသည့်သဘောထားကို မှားယွင်းစွာ သရုပ်ဖော်ရန်မှာ သူတို့အလုပ်ဖြစ်သည်။ GCBur 563.4

ခေါင်းပါးရိပ်ခြည်စကားများကို ဖြန့်ချိရန်မှာ သူတို့အလုပ်ဖြစ် သည်။ အတွေ့အကြုံနုနယ်သူများအား သံသယစိတ်များပေါ်လာ အောင်လုပ်ဆောင်ရန်မှာ သူတို့လုပ်ဆောင်နေသည့်အလုပ်ဖြစ် သည်။ GCBur 564.1

သို့ရာတွင် လူတို့သည် မည်သူ့သားသမီးများဖြစ်သည်ကို လည်းကောင်း၊ မည်သူ့နမူနာကို လိုက်နေကြသည်ကိုလည်းကောင်း၊ မည်သူ့အမှုကို ဆောင်ရွက်နေသည်ကို လည်းကောင်း၊ သိသာမြင် သာလှပါသည်။ “ထိုသူတို့၏ အကျင့်ကိုထောက်၍ သူတို့၏ သဘောကိုသိကြလိမ့်မည်။” မဿဲ ၇:၁၆။ (ဗျာ၊ ၁၂:၁၀)။ GCBur 564.2