Go to full page →

ကျမ်းစာတွင်ဖော်ပြမထားသည့် စကြဝဠာဆိုင်ရာကယ်တင်ခြင်း GCBur 585

စကြဝဠာတစ်ခုလုံး (ဝါ) လူသားအားလုံးကယ်တင်ခြင်းရ မည်ဟု ယုံကြည်နေသူများသည် သမ္မာကျမ်းစာကို ကမောက်ကမ လုပ်နေသူများ ဖြစ်သည်။ “သင်တို့သည် ဧကန်အမှန်သေရမည်မ ဟုတ်။” GCBur 585.1

“ထိုအသီးကို စားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း လျက်.... ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့” ဟူ၍ ဧဒင်ဥယျာဉ်ထဲ တွင်မြွေပြောခဲ့သည်စကားများကို ခရစ်တော်၏ အမှုဆောင်များက ထပ်လောင်းပြောဆိုနေကြပါသည်။ လူသတ် သမားများ၊ သူခိုးများနှင့် လိင်ဖောက်ပြန်သူများတည်းဟူသော အဆိုးယုတ်ဆုံး အပြစ်သား များသည်လည်း သေလွန်သောအချိန်တွင် ထာဝရကောင်းကျိုး ချမ်း သာထဲသို့ဝင်စားကြရလိမ့်မည်ဟု စာတန်ဖွင့်ဆိုခဲ့ပါသည်။ ဇာတိ ပကတိအလိုဆန္ဒနှင့် အထူးလိုက်ဖက်သည့် နားထောင်ကောင်းသည့် ယုံတမ်းစကား တစ်ခုပါတကား။ GCBur 585.2

အကယ်၍သာ လူသေလျှင် ကောင်းကင်သို့တိုက်ရိုက်ဝင်စား လိမ့်မည် ဆိုသည့်ယုံကြည်ချက်သည် မှန်ကန်ခဲ့ပါလျှင် ကျွန်ုပ်တို့သည် အသက်ရှင် ခြင်းထက် သေခြင်းကိုပို၍လိုလားသင့်ကြပါသည်။ မိမိ ကိုယ်ကိုအဆုံးစီရင်ရန် ဤယုံကြည်ချက်က လူအများအား လမ်းပြ ခဲ့ပါသည်။ GCBur 585.3

လူတို့သည် ဒုက္ခပင်လယ် ဝေနေသောအချိန်တွင် ထာဝရ ကာလကောင်းကျိုးချမ်းသာကို ခံစားနိုင်ရန် ကိုယ့်ကိုကိုယ်အဆုံးစီရင် ရန် လွယ်ကူမယောင်ဖြစ်နေပါသည်။ GCBur 585.4

သို့ရာတွင် ပညတ်တော်ကိုလွန်ကျူးသူများအား အပြစ်ပေး တော် မူမည်ဟူသော ခိုင်မာသောသာဓကများကို သမ္မာကျမ်းစာတွင် ထာဝရဘုရားဖော်ပြထားတော်မူပါသည်။ အပြစ်သားများအပေါ် တရားမျှတစွာ စီရင်နိုင်လောက်အောင် ထာဝရဘုရားသည် ကရုဏာ နှင့်ပြည့်စုံတော် မူပါသလား။ ကရာနီကုန်းပေါ်က ကပ်တိုင်ကိုကြည့်ကြ ပါ။ GCBur 585.5

“အပြစ်၏အခသည် သေခြင်းဖြစ်သည်” ကို သားတော်ဘုရား၏ အသေခံခြင်းက သက်သေခံနေပါသည်။ (ရောမ ၆:၂၃)။ ပညတ် တော်ကိုလွန်ကျူးသမျှအစုစု တို့သည် ဒဏ်ခတ်ခြင်းကိုခံကြရလိမ့် မည်။ GCBur 586.1

အပြစ်ကင်းသောခရစ်တော်သည် လူသားများအတွက် အပြစ် တရားဖြစ်လာခဲ့ပါသည်။ အပြစ်သားများအားလုံး ကယ်တင်ခြင်းခံ ရစေရန်အလို့ငှာ နှလုံးကြေကွဲ၍ ဘဝပျက်သုဉ်းသွားသည့် အခြေ အထိခမည်းတော်ဘုရား၏မျက်နှာလွှဲခြင်းနှင့် ပညတ်တော်လွန် ကျူးခြင်း၏ အဖိုးအခများကို ပေးထားရသည့် အပြစ်ဖြေခြင်းအမှုကို လက်ခံရန် ငြင်းဆိုသည့် ဝိညာဉ်အသီးသီးတို့သည် အပြစ်အတွက် ပြစ်ဒဏ်စီရင်ချက် များကို ကိုယ်တိုင်ခံယူကြရပါမည်။ GCBur 586.2