Go to full page →

အခန်း (၃၆)—ဖြစ်ပျက်အံ့ဆဲဆဲအငြင်းပွားမှုကြီး GCBur 634

ကောင်းကင်နိုင်ငံတွင် မဟာတိုက်လှန်ပွဲကြီးအစပျိုးသည် အချိန်ကတည်းက စာတန်ကြံရွယ်ခဲ့သောအရာမှာ ဘုရားသခင်၏ ပညတ်တော်ကို ဖျက်ပယ်ပစ်ရန်ဖြစ်သည်။ ပညတ်တော်အလုံးစုံကို ဖျက်ပယ်ခြင်းအားဖြင့် လည်းကောင်း၊ ပညတ်တော် (၁၀) ပါးမှ တစ် ပါးပါးကို ဖျက်ပယ်ခြင်းအားဖြင့် လည်းကောင်း ရရှိမည့်ရလဒ်မှာ အ တူတူပင်ဖြစ်ပါသည်။ GCBur 634.1

တစ်စုံတစ်ခုသော ပညတ်ကို လွန်ကျူးနေသောသူသည် ပညတ် တော်အားလုံးအပေါ် မလေးစားကြောင်း ဖော်ပြနေသည်။ သူ၏ဩဇာ သက်ရောက်မှုနှင့် ပုံသက်သေ များသည် ပညတ်တော်ကိုလွန်ကျူး သည့်ဘက်တွင် ရပ်တည်နေရာ “ပညတ်တရားအလုံးစုံကို လွန်ကျူး သောအပြစ်ရှိလာသည်။” ယာကုပ် ၂:၁၀။ GCBur 634.2

စာတန်သည် သမ္မာကျမ်းစာပါဩဝါဒများကို လမ်းလွဲစေခဲ့ ပြီးဖြစ်ရာ ထောင်ပေါင်းများစွာသောလူတို့၏ယုံကြည်ခြင်းတွင် မှား ယွင်းမှုများပါရှိနေပြီး ဖြစ်သည်။ အမှန်နှင့်အမှားအကြား ဖြစ်ပွားနေ သည့် နောက်ဆုံးသော တိုက်လှန်ပွဲသည် သမ္မာကျမ်းစာနှင့်ရိုးရာဓ လေ့(ဝါ) ဒဏ္ဍာရီဆန်ဆန် အယူဝါဒများအကြားရှိ ပညတ်တော် (၁၀) ပါးနှင့်ပတ်သက်နေပါသည်။ သမ္မာကျမ်းစာသည် လူအပေါင်းတို့ လက်လှမ်းမမှီသောအခြေအနေတွင် ရှိနေသော်လည်း လူနည်းစုကသာ အသက်တာ၏လမ်းညွှန်တစ်ခုအဖြစ် လက်ခံ ခဲ့ကြသည်။ အသင်းတော် ထဲရှိလူများစွာတို့ကပင် ဖန်ဆင်းခြင်း၊ အပြစ်တွင် လူသားများ ကျဆုံးခြင်း၊ အပြစ်ဖြေခြင်းနှင့်တကွ ပညတ်တော် (၁၀) ပါး အစရှိသည့် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခံအချက်ကြီးများကို လုံးလုံးကြီး ငြင်းပယ်သည့်အခါများရှိသလို တစ်စိတ်တစ်ဒေသ ငြင်းပယ်သည့် အခါများလည်း ရှိပါသည်။ သမ္မာကျမ်းစာကို လုံးဝ ဥဿုံယုံကြည်အားကို ခြင်းသည် အားနည်းမှုရှိနေကြောင်း၏ အထောက်အထားတစ်ခုဖြစ်သည် ဟုလည်း လူအများက ယူဆနေကြ ပါသည်။ GCBur 634.3

သစ်သားရုပ်တု၊ ကျောက်ရုပ်တုများကို ထုလုပ်ရခြင်းသည် လွယ်ကူ သကဲ့သို့ သီအိုရီအမှားရုပ်တုများကို တီထွင်ရသည်မှာလည်း စာတန်အတွက် အခက်အခဲမရှိပါချေ။ သူသည် ဘုရားသခင်၏ရုပ် လုံးကိုမှားယွင်းစွာ ဖော်ပြခြင်းအားဖြင့် လူတို့အား ဘုရားသခင်၏ စာရိတ္တတော်ကို အထင်မှားစေခဲ့ပါသည်။ GCBur 635.1

သူသည် သမ္မာကျမ်းစာတွင်လည်းကောင်း၊ ခရစ်တော်၏ အသက် တာတွင်လည်းကောင်း၊ ဖန်ဆင်းထားသည့် ထာဝရဘုရား၏ နေရာတွင် ဒဿနရုပ်တုတစ်ခုကို အစားထိုးနန်းတင်ထားပါသည်။ တက္ကသိုလ်များနှင့် ဘာသာရေးကျောင်းများမှ အတွေးအခေါ်ပညာ ရှင်များ၊ ကဗျာဆရာများ၊ နိုင်ငံရေးသမားများနှင့် သတင်းစာဆရာများ တို့၏ဘုရားသည် ဧလိယအချိန်က ဖိုနီးရှား၊ နေဘုရား ဖြစ်သော ဗာလဘုရားထက်မသာလွန်ပါ။ GCBur 635.2

ဘုရားသခင်၏ပညတ်တော်များကို လိုက်နာဆောင်ရွက်ရန် မလိုကြောင်း ဖော်ပြသည့်သွန်သင်ချက်ထက် ဘုရားသခင်၏ အာ ဏာတော်ကို ထိခိုက်စေသည့်အမှားမျိုးမရှိပါချေ။ ထိုသွန်သင်ချက် ထက်အာဏာတော်ကို မသိမသာပျက်စီးစေသည့်အမှားမျိုး မရှိတော့ ပြီ။နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများသည် ပြည်သူများ၏ လွတ်လပ်မှုကို ချုပ်ချယ်ခြင်းတစ်ရပ်သာဖြစ်သောကြောင့် ထိုဥပဒေ များကို လိုက်နာရန်မလိုတော့ဟု နာမည်ကြီးတရားဟောဆရာတစ် ဦးက လူသိရှင်ကြား သွန်သင်နေသည်ဆိုပါစို့။ ထိုပုဂ္ဂိုလ်သည် မည် မျှကြာကြာတရားဟောခွင့် ရတော့မည်နည်း။ GCBur 635.3

ပညတ်တော်များဖျက်သိမ်းရန် ဘုရားသခင်စိတ်ပြောင်းလဲ နိုင်သည်ထက် ၎င်းတို့၏ဥပဒေများကိုဖျက်သိမ်းရန် တိုင်းနိုင်ငံများက ပို၍ စိတ်ပြောင်းလဲနိုင်ပါလိမ့်မည်။ GCBur 636.1

ပြင်သစ်နိုင်ငံကို ဘုရားမဲ့ဝါဒီများမင်းမူစဉ် အချိန်က ဘုရား၏ ပညတ်တော်များကို ဘေးဖယ်ထားရန် ကြိုးစားစမ်းသပ် ခဲ့ဖူးသည်။ ဘုရားသခင်က စီမံထားသည့် အနှောင်အဖွဲ့များကို ဖယ်ရှားခြင်းသည် မကောင်းဆိုးဝါး၊ နတ်ဆိုးကြီး၏ အုပ်စိုးမှုကိုလက်ခံခြင်း ဖြစ်ကြောင်း ထိုစဉ်ကထင်ရှားခဲ့ပြီး ဖြစ်သည်။ GCBur 636.2