Go to full page →

မုန်တိုင်းနီးကပ်လာခြင်း GCBur 663

တိုက်လှန်ပွဲ မုန်တိုင်းကြီး ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်တမန်သုံးပါး သတင်းစကားကို လက်ခံယုံကြည်သော် လည်းသမ္မာတရားကိုနားထောင်လိုက်လျှောက်ခြင်းအားဖြင့် သန့်ရှင်း ခြင်းကို မခံယူရ သေးသည့် လူများစွာတို့သည် ယုံကြည်ခြင်းကိုစွန့်ကာ ဆန့်ကျင်ဖက်အဖွဲ့ များနှင့် ပူးပေါင်းသွားကြလိမ့်မည်။ တစ်ချိန်က သမ္မာတရားတွင် ပျော်ရွှင်အားရ ခဲ့သူများသည် လူအပေါင်းတို့ကို လမ်းမှားပြရန် ၎င်းတို့၏အစွမ်းသတ္တိများကို အသုံးပြုကြလိမ့်မည်။ သူတို့သည် ယခင်ညီအစ်ကိုများ၏ ခါးသီးသော ရန်သူ များဖြစ်လာ ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပုသ်အမှန်ကိုစောင့်ထိန်းသူများ အား ပြစ်တင်စွပ်စွဲရန်နှင့် အုပ်ချုပ်သူများကိုဆွပေးရန် စာတန်အ တွက်အထိရောက်ဆုံးသောကိုယ်စားလှယ်များဖြစ်ကြပါသည်။ GCBur 663.2

ဘုရားသခင်၏ကျွန်များမှာ သတိပေးစကားများကိုပြောဆို ပြီးဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ၎င်းတို့အား အနိုင် အထက်ပြု ထားပြီးဖြစ်သည်။ သူတို့သည် မတည်မြဲသောအကျိုးစီး ပွားများအကြောင်းကို မဆွေးနွေးမတိုင်ပင်ရုံသာမက မိမိတို့၏အ သက်အိုးအိမ်ရာထူးရာခံများကို ဆက်လက်ထိန်းသိမ်းရန်ကိုပင် မကြိုး စားကြတော့ချေ။ GCBur 664.1

မရင်ဆိုင်နိုင်မှန်း သူတို့သိသော်လည်း ဘုရားသခင်ကို သူတို့ သစ္စာမဖေါက်ကြဘဲ မိမိတို့၏ အားကိုးရာမဲ့အခြေအနေကိုသိရှိကာ ခွန်အားရရန် ထာဝရဘုရားထံသို့ ပြေးဝင် ခိုလှုံကြပါသည်။ GCBur 664.2

ခေတ်တစ်ခုတွင် အသက်ရှင်နေထိုင်သည့် ဘုရားသခင့် သားသမီး များအတွက် အထူးလိုအပ်သော သတင်းစကားများသည် ရာဇဝင်တစ်လျှောက် တွင် တစ်ချိန်နှင့်တစ်ချိန်မတူဘဲ ထင်ရှားစွာ ပေါ်ထွန်းလာခဲ့ပါသည်။ အသစ်သောသမ္မာတရားတိုင်းသည် ဆန့် ကျင်မှုများကိုရင်ဆိုင်ရပါသည်။ ခရစ်တော်၏သံတမန်များမှာမူ မိမိ တို့လုပ်ဆောင်ရမည့်တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာဖြစ် ပြီး ရလဒ်ကိုမူ ဘုရားသခင်၏ ကဏ္ဍတစ်ခုအဖြစ် မှတ်ယူကြရမည်။ GCBur 664.3