Go to full page →

အခန်း(၃၉)—ဒုက္ခဆင်းရဲခြင်းကာလ GCBur 668

“ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သော အရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင် မဖြစ်စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ရောက်ကြလိမ့်မည်။” ဒံ၊ ၁၂:၁။ GCBur 668.1

ကောင်းကင်တမန်သုံးပါးသတင်းစကားကို ဟောကြားပြီး သောအချိန်တွင် ဘုရားသခင်၏လူတို့လုပ်ဆောင်ရမည့်တာဝန်များ ပြီးစီးလေပြီ။ ၎င်းတို့သည် “နောက်မိုး” ကိုလည်း ရရှိထားပြီဖြစ် ရာရင်ဆိုင်ရမည့်ဒုက္ခ ကာလအတွက် အဆင်သင့်ဖြစ်နေကြချေပြီ။ လူသားများကို နောက်ဆုံးသော စမ်းသပ်မှုပြုလုပ်ပြီးဖြစ်သဖြင့် ဘု ရားသခင်၌သစ္စာစောင့်သိသူအပေါင်းတို့သည် ထာဝရဘုရား၏တံ ဆိပ်တော်ကို ရရှိထားကြပါပြီ။ GCBur 668.2

ထိုနောက် ခရစ်တော်သည် အထက်ဗိမာန်တော်တွင် ဆောင်ရွက်နေသော ကြားဖျန်ဖြေရေးအမှုတော်ကို အဆုံးသတ် လိုက်ကာ “အမှုပြီးပြီ၊” “မတရားသောသူသည် မတရားသဖြင့် ပြုစေ ဦး၊ ညစ်ညူးသောသူသည် ညစ်ညူးစေဦး၊ ဖြောင့်မတ်သော သူသည်ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး” ဟုကျယ်သောအသံဖြင့် ဟစ်ကြွေးတော်မူ၏။ ဗျာဒိတ် ၂၂:၁၁။ ခရစ်တော်သည် မိမိလူတို့အတွက် အပြစ်ဖြေခြင်း အမှုကိုပြုကာ ၎င်းတို့၏အပြစ်များကို ဆေးကြောခဲ့ပြီးဖြစ်သည်။ ထိုကြောင့် “ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုး ရှိသမျှကို” ကယ်တင်ခြင်းအမွေခံစားကြမည့်သူအပေါင်း တို့အား ပေးတော်မူကာ ခရစ်တော်သည် ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏ သခင်တစ်ပါးကဲ့သို့ စိုးစံအုပ်ချုပ်တော်မူလိမ့်မည်။ GCBur 668.3

ကောင်းကင်ဗိမာန်တော်မှ ကိုယ်တော်ရှင်ထွက်ခွာလာသော အချိန်တွင် ကမ္ဘာသူကမ္ဘာသားများအပေါ်တွင် မှောင်မိုက်ဖုံးလွှမ်း နေပါသည်။ ဖြောင့်မတ် သူများသည် ကြားဖျန်ဖြေသူမဲ့ဘဝဖြင့် ဘုရား သခင်၏ရှေ့တော်တွင် အသက်ရှင် နေထိုင်ကြရမည်။ ဆိုးညစ်သူများ အပေါ်ထိန်းချုပ်မှုမရှိတော့ သည့်ပြင် နားကောက်သူများအား လည်းလုံးလုံးလျားလျားစာတန်ထိန်းချုပ် ထားပြီးဖြစ်နေပါသည်။ သန့် ရှင်းသောဝိညာဉ်တော်ကိုလည်း ပြန်လည် ရုတ်သိမ်းတော်မူလိုက် ရာစာတန်သည် လူသားအပေါင်းတို့အား ဒုက္ခကာလထဲသို့ ပို့ဆောင် ပါလိမ့်မည်။ GCBur 669.1

ဘုရား၏ကောင်းကင်တမန် များကလည်း လူသားများ၏ ကြောက်စရာ့အလိုရမ္မက်များကို ဟန့်တားခြင်း မပြုတော့ပြီဖြစ်ရာ တစ်ကမ္ဘာလုံးသည် ရှေးခေတ်ယေရုရှလင်မြို့၌ ဖြစ်ပျက် ခဲ့သည်ထက် ပို၍ဆိုးသောအခြေအနေနှင့် ရင်ဆိုင်ကြရလိမ့်မည်။ နေရာတကာတွင် အနိဌာရုံမြင်ကွင်းများကိုဖန်တီးရန် ဘုရား၏ခွင့်ပြုမိန့်တစ်ခုကိုသာ စောင့်နေသည့် အင်အားစုများသည်လည်း ယခုတွင် အဆင်သင့် ရှိနေကြချေပြီ။ GCBur 669.2

ဘုရားသခင်၏ပညတ်တော်ကို စောင့်သောသူများအား တစ်ကမ္ဘာလုံးတွင် ဖြစ်ပျက်နေသည့် သွေးထွက်သံယို၊ အတိုက် အခိုက်အနိဌာရုံ မြင်ကွင်းများကို ဖန်တီးသူများအဖြစ် မှတ်ယူကြ လိမ့်မည်။ နောက်ဆုံးသတိပေးချက်များတွင် ပါရှိနေသည့်တန်ခိုး ကြောင့် လူယုတ်မာများသည် ဒေါသအမျက်ထောင်းထောင်းထွက် နေကြသည်။ GCBur 669.3

ဤသည်ကိုအခွင့်ကောင်းယူကာ စာတန်သည် ကောင်း ကင်တမန်သုံးပါး သတင်းစကား ရရှိထားသူများအား အမုန်းထားနှိပ် စက်ညှဉ်းပန်းလိုစိတ်များ ပေါ်လာရန် ၎င်းတို့အား နိုးဆွပေးပါလိမ့် မည်။ GCBur 670.1

ဘုရားသခင်သည် ယုဒလူမျိုးတို့နှင့် အတူရှိနေခြင်းကို ပြန် လည်ရုတ်သိမ်းတော်မူခဲ့စဉ်အချိန်က ယဇ်ပုရောဟိတ်နှင့် ယုဒအ မျိုးသားအပေါင်း တို့သည် မိမိကိုယ်ကို ဘုရားရွေးချယ်ထားသည့်လူ မျိုးအဖြစ် ဆက်လက်မှတ်ယူ ခဲ့ကြသည်။ သားတော်ဘုရား၏ အသွေး တော်ကိုစော်ကားသည့် လူသားများအပေါ်သို့ ကောင်းချီးချပေး ရန်နေ့စဉ်နှင့်အမျှ ဆုတောင်းခဲ့ကြသည်။ ဗိမာန်တော်၏ ပြုပြင် ပြောင်းလဲ၍မရသည့် ဆုံးဖြတ်ချက်ကိုချကာ ကမ္ဘာ့ကံကြမ္မာကို ထာ ဝရကာလတည်မည့် သတ်မှတ်ချက်ချပြီးသည့်အချိန်မှာလည်း ထိုနည်း နှင်နှင် ကမ္ဘာသားများသည် ထိုအခြင်းအရာကိုသိကြလိမ့်မည်မ ဟုတ်ချေ။ GCBur 670.2

ဘာသာရေး ဆိုင်ရာပုံဖေါ်မှုများကို ဝိညာက်တော်ဘုရား အတူမရှိတော့သည့်ပုဂ္ဂိုလ်များက ဆက်လက်လုပ်ဆောင်သွားကြ လိမ့်မည်။ မကောင်းသည့်အကြံအစည်ကို အကောင်အထည်ဖေါ် ရာတွင်ထင်ရှားသည့်စိတ်အားထက်သန်မှုသည် ဘုရားသခင်အ တွက်စိတ်အားထက်သန်စွာလုပ်ဆောင်နေသလို ပုံပေါ်နေပါ လိမ့် မည်။ GCBur 670.3