Go to full page →

ဆေးကြောခြင်းခံရသောအပြစ်များ GCBur 675

စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်နေသည့် ဒုက္ခဆင်းရဲခြင်းကာလ တွင် အပြစ်ဝန်ချတောင်းပန်ခြင်းမပြုရသေးသည့်အပြစ်များရှိနေ သေးလျှင် ဘုရား၏ သားသမီးများသည် ဒုက္ခရောက်ကြတော့မည် ဖြစ်သည်။ GCBur 675.2

စိတ်ပျက်အားငယ်နေ မှုကြောင့် သူတို့သည် ယုံကြည်ခြင်း အားနည်းနေကာ လွတ်မြောက်ဖို့ကူညီရန် ထာဝရဘုရားထံတော်တွင် မတောင်းခံကြတော့ချေ။ သို့ရာတွင် သူတို့၌ ဖော်ပြရန် ဖုံးကွယ် ထားသည့်အမှားအယွင်းများမရှိကြချေ။ အပြစ်များကို တရားစီရင် ခြင်းမတိုင်မီ တင်ကြိုဖော်ပြတောင်းပန်ခဲ့သဖြင့် အပြစ်လွှတ်ခြင်း အခွင့် ကို ရရှိခဲ့ပြီးဖြစ်ရာ ထိုအပြစ်များကိုပင် သူတို့သတိမရကြတော့ချေ။ GCBur 675.3

ထာဝရဘုရားသည် အပြစ်ဒုစရိုက်ကို မည်သည့်နည်းနှင့်မျှ သည်းခံတော်မူမည်မဟုတ်ကြောင်းကို ယာကုပ်နှင့်ဆက်ဆံရာတွင် ဖော်ပြ ထားတော်မူပါသည်။ ကျူးလွန်ခဲ့သည့်အပြစ်များကို ဆင်ခြေ ဆင်လက်များဖြင့် ဖုံးဖိထားသူများနှင့် ဝန်ချတောင်းပန်ခြင်းမပြုသူ အပေါင်းတို့သည် စာတန်၏ တိုက်ခိုက်မှုအောက်တွင် အရှုံးနှင့်ရင်ဆိုင် ကြရလိမ့်မည်။ GCBur 676.1

ပို၍မြင့်မြတ်သော ရာထူးအဆင့်များကို ကိုင်စွဲထားလေ လေစာတန်က ၎င်းတို့အပေါ်အောင်ပွဲ ဆင်ဖို့ ပို၍သေချာလေလေဖြစ် ပါသည်။ GCBur 676.2

ထာဝရဘုရားသည် နောင်တရ၍ မိမိထံသို့ပြန်လာသည့် အပြစ်သား များကို မည်သည့်အခါမျှ နှင်ထုတ်တော်မူမည်မဟုတ် ကြောင်းကို ယာကုပ်၏ အဖြစ်အပျက်က အာမခံချက်ပေးနေပါသည်။ ဒုက္ခဆင်းရဲခြင်းကာလတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို နှစ်သိမ့်မှု ပေးရန်အတွက်ပင် ကောင်းကင်တမန် များကို ကိုယ်တော်စေလွှတ် တော်မူလိမ့်မည်။ ဘုရားသခင်၏ မျက်ဝန်းတော်သည် သားသမီးများ အပေါ်တွင် အစဉ်ကြည့်ရှုလျက်ရှိနေရာ မီးလျှံများသည် ထိုသူများ အားလောင်ကျွမ်းတော့မယောင်ဖြစ်နေသော်လည်း ချေးချွတ်ပြီးသော ရွှေများပမာ ၎င်းတို့အား မီးလျှံများထဲမှ ထာဝရဘုရား ယူဆောင် သွားတော်မူလိမ့်မည်။ GCBur 676.3