Go to full page →

အာဒံ (၂) ယောက်တွေ့ဆုံခြင်း GCBur 703

ဘုရားသခင်၏ကောင်းကင်ရွှေမြို့တော်က ကယ်တင်ခြင်း ခံရသူများကို ကြိုဆိုနေစဉ် ဝမ်းမြောက်ပီတိအပြည့်ဖြင့် ဟစ်ကြွေး လိုက်သောအသံ တစ်ခုကိုကြားရပါသည်။ အာဒံ (၂) ယောက်တွေ့ဆုံ ကြတော့မည်။ သားတော် ဘုရားသည် လူသားအပေါင်း၏ဖခင်ဖြစ် ပြီးမိမိကိုယ်တိုင်ဖန်ဆင်းခဲ့သည့် အာဒံ၊ သူကျူးလွန်သည့်အပြစ် ကြောင့်မိမိလက်မှာ အနာရွတ်များကို ဖြစ်စေခဲ့သည့် ထိုအာဒံကို ကြိုဆိုနေပါသည်။ ထိုအနာရွတ်များကို တွေ့သောအခါ အာဒံသည် ခရစ်တော်ရှေ့တွင်ပျပ်ဝပ်လိုက်ပါသည်။ ထိုစဉ်တွင် ခရစ်တော်သည် ၎င်းအား မတ်တတ်ထစေလျက် သူထာဝရနေသွားရမည့် ဧဒင်အိမ် တော်ကို ကြည့်ရန် အာဒံအားမိန့်ဆိုလိုက်ပါသည။ GCBur 703.3

အာဒံ၏ဘဝသည် ဝမ်းနည်းမှုများနှင့်ပြည်ဝခဲ့ပါသည်။ ကြွေ သွားသည့် သစ်ရွက်များ၊ ယဇ်ပူဇော်ခံနေရသည့်တိရစ္ဆာန်များနှင့်တ ကွစင်ကြယ်မှုများကို ပျက်စီးစေသည့် အစွန်းအထင်းများတို့သည် ၎င်းအား ကျူးလွန်ခဲ့သည့် အပြစ်ကို ပြန်လည်သတိရစေခဲ့ပါသည်။ အပြစ်တရားကို အစပြုခဲ့သူအဖြစ် အပြစ်တင်ခံရသောအခါ ပြင်းထန် သည့်စိတ်ဆင်းရဲမှုကို သူခံစားခဲ့ရပါသည်။ သို့စေကာမူ မိမိကျူးလွန် ခဲ့သည် အပြစ်အတွက် အမှန်တကယ်နောင်တရကာ ထမြောက်ခြင်းကို မြော်လင့်ချက် သူသေလွန်ခဲ့ပါသည်။ ယခုတွင်မူ ခရစ်တော် ပြုခဲ့ သည့်အပြစ်ဖြေခြင်းကြောင့် မူရင်းနေရာသို့ သူပြန်လည်ရောက်ရှိ လာပါသည်။ GCBur 704.1

ဧဒင်ဥယျာဉ်ထဲသို့ ဝမ်းပန်းတသာပို့ဆောင်ခြင်းခံရသော အာဒံသည် အပြစ်ကင်းသောဘဝတုန်းက သူအလွန်မတန်နှစ်သက် မြတ်နိုးစွာဖြင့် စုသိမ်းခဲ့သည့် အသီးများသီးသောအပင်များကို တွေ့မြင် ရပါသည်။ သူကိုယ်တိုင်ပြုပြင်ခဲ့ရသည့် စပျစ်နွယ်ပင်ကိုလည်း သူ တွေ့ခဲ့သည်။ ထိုဥယျာဉ်သည် ပြန်လည်ရရှိသည့် ဧဒင်ဥယျာဉ်အစစ် ပါတကား။ GCBur 704.2

ကယ်တင်ရှင်သည် သူ့အား အသက်ပင်ဆီခေါ်သွားကာ အသက်ပင်၏ အသီးကိုစားစေတော်မူ၏။ ထိုနောက် ကယ်တင်ခြင်းခံ ရသည့် မိမိ၏သားမြေး များကိုတွေ့မြင်လိုက်ရာ ချက်ချင်းမိမိ၏ဦး ရစ်သရဖူကိုချွတ်၍ ခရစ်တော်၏ ခြေတော်ရင်းတွင်ချကာ ဖန် ဆင်းရှင်ကိုသူဖက်ထားပါသည်။ ထိုနောက်သူသည် ရွှေစောင်းကို တီးခတ်လိုက်သည်နှင့် ကောင်းကင်နိုင်ငံရောက်ကယ်တင်ခြင်းခံရ သူများက “အသေသတ်ခြင်းကိုခံခဲ့ပြီးသောသိုးသငယ်သည်---- ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏” ဟူ၍ အောင်မြင်ခြင်း ဓမ္မတေး ကို ကျူးဧကြပါသည်။ ဗျာဒိတ် ၅:၁၂။ အာဒံမိသားစုတစ်ခုလုံးသည် ကိုယ်တော်အား ချီးမွမ်းထောမနာ ပြုကာ ကျူးဧနေကြစဉ်တွင် ၎င်း တို့၏သရဖူများကိုချွတ်ပြီး ခရစ်တော်၏ ခြေတော်ရင်းတွင်ချထား ကြပါသည်။ GCBur 704.3

အာဒံအပြစ်တွင်ကျဆုံးစဉ်က ကောင်းကင်တမန်များ ငိုကြွေးခဲ့ကြသော်လည်း နာမတော်ကို ယုံကြည်သူများ အတွက် ခရစ် တော်က မြို့တော်တံခါးကိုဖွင့်ပေးသောအချိန်တွင် ကောင်းကင် တမန်များဝမ်းမြောက်နေကြပါသည်။ ကယ်တင်ခြင်းစီမံကိန်းကြီး အထမြောက်အောင်မြင်ကြောင်း ယခုတွင် သူတို့တွေ့ရှိကြပြီဖြစ်ရာ အာဒံ၏ မိသားစုနှင့်အတူ သူတို့လည်း ဂုဏ်တော်ချီးမွမ်းကြပါသည်။ GCBur 705.1

“သားရဲနှင့်လည်းကောင်း၊ သူ၏ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း လွတ်၍အောင်မြင်သော သူတို့သည်” “မီးနှင့် ရောသောဖန်ရေကန်” တွင် စုရုံးရောက်ရှိနေ ကြသည်။ GCBur 705.2

လူတို့အထဲမှ ကယ်နုတ်ခြင်းခံရသော တစ်သိန်းလေးသောင်း လေးထောင်တို့သည် “မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်း” တည်းဟူသော သီချင်းသစ်ကို သီဆိုကြပါသည်။ ဗျာဒိတ် ၁၅:၂-၃။ ထိုသီချင်းသစ်ကို တစ်သိန်းလေးသောင်းလေးထောင်မှတစ်ပါး အ ခြားသူတို့မဆိုတတ်ကြချေ။ အကြောင်းမှာ “သိုးသငယ်သွားလေရာ အရပ်သို့ နောက်တော်၌လိုက်သော သူများ” ၌သာ ထိုသီချင်းကို ဆိုနိုင်သည့်အတွေ့အကြုံရှိ၏။ ထိုအတွေ့အကြုံ များကို အခြားသူများ၌ မတွေ့ရချေ။ ၎င်းပြင် ဤသူများသည် အသက်ရှင်သူများထဲမှ ရွေး နုတ်ခြင်း ခံရသော အဦးသီးသည့်အသီးများဖြစ်ကြသည်။ ဗျာဒိတ် ၁၄:၄-၅။ GCBur 705.3

လူသတ္တဝါများ ဤကမ္ဘာတွင်ရှိခဲ့သည့်အချိန်မှစ၍ ထိုအ ချိန်အထိ တစ်ခါမျှ မဖြစ်ဖူးခဲ့သော ဒုက္ခဆင်းရဲခြင်းကာလမျိုးကို သူ တို့ကျော်လွှားခဲ့ကြပါသည်။ ယာကုပ်၏ဒုက္ခကာလကို သူတို့ရင်ဆိုင် နိုင်ခဲ့ကြပါသည်။ ဘုရားသခင်၏ နောက်ဆုံးတရားစီရင်ချက်ချနေ သည့်ကာလတစ်လျှောက်လုံးတွင် သူတို့သည် ကြားဖျန်ဖြေသူမရှိ ဘဲခံရပ်နိုင်ခဲ့ကြပါသည်။ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ် ၏အသွေး၌လျှော်” ခဲ့ကြပါသည်။ GCBur 706.1

“အပြစ်နှင့်ကင်းလွတ်ကြသည် ဖြစ်၍ သူတို့၏နှုတ်၌ မုသား မရှိ၊” “သူတို့သည် နောက်တစ်ဖန်ရေစာကိုမငတ် မွတ်ကြရ။ နေရောင် ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံကြရ။ အကြောင်း မူကား ပလ္လင်တော်အတွင်း၌ရှိသောသိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။” ဗျာဒိတ် ၇:၁၄။ ၁၄:၅။ ၇:၁၆-၁၇။ GCBur 706.2