Go to full page →

မရဏကောင်းကင်တမန် GCBur 714

“အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမ တို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင် အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့” ဟူသော အမိန့်ကို ရရှိသည့် ဖျက်ဆီးသောလက်နက်များကိုင်ဆောင်ထားသူ တို့ဖြင့် ပုံဆောင် ထားသော မရဏကောင်းကင်တမန်သည် ထွက်သွား ကာ “အိမ်တော်ရှေ့မှာ ရှိသော အသက်ကြီးသူတို့ကို ရှေးဦးစွာသတ်၏။” ယေဇကျေလ ၉:၆။ GCBur 714.1

ကင်းစောင့်အတုများသည် ပထမဦးဆုံးကျဆုံးက်ကြမည့်သူများ ဖြစ်သည်။ “ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက် ကြောင့် အပြစ်ပေးလိုသောငှာ မိမိအရပ်ဌာနေထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသောအသွေးကို ဖေါ်ပြရလိမ့်မည်။ မိမိ၌ အသေခံရသော သူတို့ကို နောက်တစ်ဖန် ဝှက်၍မထားရ။” “ထိုနေ့ရက် တွင် ထာဝရဘုရား၏ တန်ခိုးတော်ကြောင့် သူတို့သည် အလွန်ရုန်း ရင်းခတ်မှုပြု၍ တစ်ယောက်ကို တစ်ယောက် လက်ချင်းရိုက်သော်လည်း တစ်ယောက်ကိုတစ်ယောက်တိုက်၍ သတ်ကြလိမ့်မည်။” ဟေရှာ၊ ၂၆:၂၁။ ဇာခရိ ၁၄:၁၃။ GCBur 714.2

ဆိုးယုတ်သောတရားဟောဆရာများ၊ လောကီအာဏာရှင် များနှင့် လူယုတ်မာများသည် မိမိတို့၏ပြင်းထန်သောစိတ်ဇောအရ ဆင်နွှဲသောတိုက်လှန်မှုများကြောင့်လည်း ဘုရားသခင်သွန်းလောင်း သည့် အမျက်တော်ကြောင့်လည်းကောင်း ကျဆုံးကုန်ကြပါသည်။ GCBur 714.3

“ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဘက်မှတစ်ဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။” ယေရမိ ၂၅:၃၃။ GCBur 715.1

ခရစ်တော်ကြွလာသောအချိန်တွင် လူယုတ်မာများသည် ကိုယ်တော်၏ ဘုန်းတော်အလင်းကြောင့် ပျက်စီးကုန်ကြလိမ့်မည်။ ထိုနောက် ခရစ်တော်သည် မိမိလူတို့အား မြို့တော်သို့ခေါ်ဆောင် သွားမည်ဖြစ်ရာ ဤကမ္ဘာကြီးသည် နေသူမဲ့ဖြစ်လိမ့်မည်။ “ကြည့်ရှု လော့။ ထာဝရဘုရားသည် ပြည်တော်ကိုလွတ်လပ်စေ၍ ပယ်ရှင်း မှောက်ထားသဖြင့် ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ GCBur 715.2

---တစ်ပြည်လုံးလွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့် မည်ဟူ သောအရာကို ထာဝရဘုရားမိန့်တော်မူ၏။------ပြည်သားတို့သည် တရားတော်ကိုလွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရ သစ္စာတော်ကိုဖျက်ခြင်းအကြောင်းကြောင့် ပြည်တော်သည် ညစ် ညူးခြင်းရှိ၏။ ထိုကြောင့် ကျိန်တော်မူသောအကျိန်သည် ပြည်တော် ကိုလွှမ်းမိုးပြီ။ ပြည်သားတို့ အပေါ်မှာအပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့် ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။” ဟေရှာ ၂၄:၁၊ ၃၊ ၅-၆။ GCBur 715.3

ဤကမ္ဘာကြီးသည် လူသူကင်းမဲ့သော ကန္တာရကြီးနှင့်တူနေ ပါသည်။ မြေငလျင်ကြောင့် ပြိုပျက်နေသော မြို့များနှင့် အမြစ်မှလှန် ၍လဲနေသော သစ်ပင်များ၊ ကျောက်တုံးကျောက်ခဲများသည် မြေမျက်နှာ ပြင်မှာပြန့်ကြဲ နေပါသည်။ တောင်ကြီးများကွဲအက်ပြိုပျက်............. သွားသည့်နေရာတွင် အလွန်ကြီးမားသည့်ဂလိုင်ကြီးများကိုတွေ့ရ ပါသည်။ GCBur 715.4