Go to full page →

ဘုရားသခင့်မေတ္တာတော်၏အောင်ပွဲ GCBur 740

ထာဝရဘုရားသခင်ကိုယ်တော်တိုင် လူသားများ၏နှလုံးသား ၌စိုက်ပျိုးပေးခဲ့သော မေတ္တာတရား၊ ကိုယ်ချင်းစာတရားများသည် ထိုပြည်တွင် အကောင်းဆုံးလှုပ်ရှားနေပါပြီ။ ကောင်းကင်သားများနှင့် တကွ ခေတ်အဆက်ဆက်တွင် သစ္စာရှိခဲ့သူများတို့နှင့်ပြုလုပ် သည့်သန့်စင်သော ဆက်သွယ်မှု “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသော တစ်အိမ်ထောင်လုံး” အား ချည်နှောင်ထားသည့် သန့်ရှင်းသော သံယောဇဉ်များသည် ကယ်တင်ခြင်းခံရသူများ၏ ပျော်ရွှင်သာယာ မှုကိုတည်ဆောက်ရာတွင် အထောက်အကူပြုပါသည်။ GCBur 740.1

ထိုအရပ်တွင် မသေကျေမပျက်စီးနိုင်တော့သည်စိတ်ဓါတ် များဖြင့် ဖန်ဆင်းခြင်းတန်ခိုး၏အံ့ဖွယ်ရာများ၊ ကယ်နုတ်ခြင်း မေတ္တာ တော်၏ နက်နဲ မှုများကို နှစ်နှစ်ခြိုက်ခြိုက်အာရုံပြုလေ့လာကြလိမ့်မည်။ စွမ်းရည် အသီးသီးသည် ဖွံ့ဖြိုးလာလိမ့်မည်။ လုပ်နိုင်စွမ်းများလည်း တိုးတက်လာလိမ့်မည်။ ဗဟုသုတများကို ရှာဖွေဆည်းပူးနေရသော ကြောင့် အားကုန်သွားသည်ဟူ၍မရှိ။ ကြီးကျယ်ခမ်းနားသည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားကြလိမ့်မည်။ မြင့်မားသော မျှော်မှန်းချက်များကို တက်လှန်းနိုင်ကာ အမြင့်မားဆုံးသောရည်ရွယ် ချက်ကိုပင် အကောင်အထည် ဖော်နိုင်ကြလိမ့်မည်။ သို့စေကာမူ နောက်ထပ်ပို၍သိစရာများ ပေါ်လာလိမ့် ဦးမည်။ ချီးမွမ်းစရာအံ့ဩ ဖွယ်များ၊ သိရှိစရာသမ္မာတရားများ၊ ကိုယ်စိတ်နှလုံး သုံးပါးကိုအင်အား ဖြည့်ပေးမည့် လန်းဆန်းသောအရာများ နောက်ထပ် ပေါ်လာလိမ့်ဦး မည်။ GCBur 740.2

စကြဝဠာ၏တန်ဖိုးရှိသောအရာအားလုံးကို ကယ်တင်ခြင်း ခံရသူများ မြင်တွေ့ကြရလိမ့်မည်။ သေတတ်သောဇာတိဖြင့် ထိန်းချုပ် ထားခြင်း မရှိတော့ သဖြင့် သူတို့သည် အတောင်များဖြင့် အဝေးကမ္ဘာ များဆီသို့ မမောမပန်းတမ်း ပျံသန်းသွားကြပါသည်။ ဤလောကမှ ကယ်တင်ခြင်းခံရသူသားသမီးများသည် အပြစ်နှင့်မညစ်ညူးသေး သည့်ကမ္ဘာများမှ ဝမ်းမြောက်မှုနှင့် ဉာဏ်ပညာများကို ရယူခံစားကြ ကာ၎င်းတို့ခေတ်အဆက်ဆက်ရခဲ့ကြသည့် ဗဟုသုတများကို ထိုကမ္ဘာ သားများအား မျှဝေကြပါသည်။ ဘုရားသခင်၏ ပလ္လင်တော်ကို စနစ် တကျလှည့်ပတ်လှုပ်ရှားနေသော အရာအားလုံးနှင့်တကွ နေနှင့်ကြယ် များ စသည့်ဖန်ဆင်းခြင်း၏အသရေကို ၎င်းတို့ထင်ထင်ရှားရှား ကြည့် မြင်ကြရပါသည်။ GCBur 741.1

သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်တို့၏ဗျာဒိတ်တော် များကိုလည်း ထာဝရကာလဆက်လက်ခံယူကြပါလိမ့်မည်။ ထိုသူများ သည် ဘုရားသခင့်အကြောင်းကို ပိုမိုလေ့လာသည်နှင့်အမျှ ကိုယ်တော် ၏ စာရိတ္တတော်ကို ပို၍ပို၍ချီးမွမ်းလာကြပါသည်။ ရွေးနုတ်ခြင်း၏ ကောင်းမြတ်ခြင်းများနှင့် မဟာတိုက်လှန်ပွဲတွင် စာတန်အပေါ် အောင် ပွဲဆင် ခဲ့သည့် အံ့ဩဖွယ်အောင်မြင်မှုများကို ၎င်းတို့အားခရစ်တော်ပြ တော်မူသောအခါ ထောင်ပေါင်း၊ သန်းပေါင်းများစွာသောထိုသူများ သည်ဝမ်းသာပီတိဖြစ်ကာ ဂုဏ်တော်ကိုချီးမွမ်းကြပါသည်။ “ကောင်း ကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအရပ်ရပ်တို့၌ ရှိရှိသမျှ သောဝေနေယျသတ္တဝါအပေါင်းတို့က ပလ္လင်တော်ပေါ်မှာထိုင်တော် မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။” ဗျာဒိတ် ၅:၁၃။ GCBur 741.2

မဟာတိုက်လှန်ပွဲကြီးလည်း အဆုံးသတ်သွားချေပြီ။ အပြစ်နှင့်တကွ အပြစ်သားများလည်း မရှိကြတော့ပြီ။ စကြဝဠာ တစ်ခွင်လုံးသည် သန့်ရှင်း စင်ကြယ်ကာ ညီညွတ်မှု၊ ပျော်ရွှင်မှုများဖြင့် လွှမ်းမိုးနေပါသည်။ ကိုယ်တော်ရှင့် ထံမှ ယိုစီးထွက်လာသောအသက်၊ အလင်းနှင့် ဝမ်းမြောက်မှုများသည် ဝေနေယျသတ္တဝါများသို့ အကန့်အ သတ်မရှိ ဖြန့်ကြက်နေပါသည်။ အသေးငယ် ဆုံး အက်တမ်မှအစ အကြီးကျယ်ဆုံးကမ္ဘာများအဆုံး သက်ရှိ၊ သက်မဲ့အရာ အားလုံးတို့က ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူသည်ဟု ဖုံးကွယ်၍ မရသောအလှ၊ စုံလင်သောပျော်ရွှင်မှုများဖြင့် ကြွေးကြော်ကြပါသည်။ GCBur 742.1

****