Go to full page →

ကောင်စီ၌ ဂျရုမ်းအောက်ကျို့ခံခြင်း GCBur 98

ဟပ်စ်၏လုံခြုံရေးကို တာဝန်ယူသူများ၏ ကတိဖျက်မှုကြောင့် လူထုကြီးသည် ဒေါသထွက်နေကြရာ ထိုကောင်စီသည် ဂျရုမ်းအား မီးရှို့သတ်မည့်အစား ၎င်းပြောသည့်စကားများကို ပြန်လည် ရုတ်သိမ်းအောင် ဖိအားပေးခဲ့သည်။ မိမိယုံကြည်ခြင်းကို စွန့်ပယ်ခြင်းနှင့်ကပ်တိုင်တွင် အသေခံခြင်းအနက် တစ်ခုခုကို သူရွေးချယ်ရတော့မည်။ ဖျားနာမှုများ၊ အကျဉ်းထောင် ၏ကြမ်းကြုတ်ခြင်း၊ စိုးရိမ်မှုနှင့် ဝေခွဲမရအောင် ဇဝေဇဝါ ဖြစ် နေသည့်စိတ်ဒုက္ခ၊ ဟပ်စ်သေသွားခြင်းအတွက် ခံစားရသည့် စိတ်ထိခိုက်မှုများကြောင့် အားနည်းနေသောဂျရုမ်း၏ ခိုင်ခံ့မာ ကျောမှုများသည် ပြုပျက်သွားခဲ့ပါသည်။ ရောမအသင်းတော် မသွန်သင်ခဲ့သည့် “သန့်ရှင်းသော သမ္မာတရားများ” ဟုဆိုသည့်အရာများကို လက်ခံလျက် သူသည် ထိုအသင်းတော်၏ ယုံကြည်ချက်များကို လိုက်လျှောက်ရန် ကတိပြုခဲ့ပါသည်။ ဝစ်ကလစ်နှင့် ဟပ်စ်တို့အား သေဒဏ်အမိန့်ပေးခဲ့သည့် ကောင်စီ၏အရေးယူ ဆောင်ရွက်ချက်ကိုလည်း သဘော တူလက်ခံခဲ့ပါသည်။ GCBur 98.3

သို့သော် မိမိဘာလုပ်ခဲ့သည်ကို အချုပ်ခန်းထဲတွင် တစ်ကိုယ် တည်း နေရသည့်အချိန်ကျမှ ရှင်းရှင်းလင်းလင်း သူမြင်တွေ့ခဲ့ရသည်။ ဟပ်စ်၏ သတ္တိရှိခြင်းနှင့် ဘုရားတရားရှိမှုအကြောင်းကို သူစဉ်း စားမိသကဲ့သို့ အမှန်တရားကိုငြင်းပယ်မိသည့် မိမိအဖြစ်ကိုလည်း သူအလေးအနက် သုံးသပ်မိသည်။ မိမိအတွက် ကပ်တိုင်၏ ဒဏ်ရာဒဏ်ချက်များကို ခံစားခဲ့ရသော ဘုရားသခင်အကြောင်းကို လည်း သူစဉ်းစားမိသည်။ မိမိ၏ ပြောစကားများကို ပြန်လည် မရုတ်သိမ်းမီက ဘုရားသခင်၏ မစမှုကြောင့် ဒုက္ခများနှင့် ရင်ဆိုင်နေ စဉ်မှာပင် စိတ်သက်သာမှုရခဲ့သော်လည်း ယခုတွင်မူ သံဝေဂစိတ်၊ သံသယစိတ်များကြောင့် စိတ်ဒုက္ခရောက်နေရပါသည်။ ရောမအသင်း တော် နှင့်အဆင်ပြေစေရန် နောက်ထပ်ရုတ်သိမ်းမှုများ လုပ် ရဦးမည်ကိုလည်း ရဦးမည်ကိုလည်း သူသိထားရာ လျှောက်လှမ်းနေသည့်ထိုလမ်းသည် လုံးလုံးဖေါက်ပြန်ခြင်းနှင့် အဆုံးသတ်တော့မည်ဖြစ်၏။ GCBur 99.1