Go to full page →

စံပြအိမ်ထောင် (ပထမတွဲ) AH1Burm

စကားချီး AH1Burm

စံပြအိမ်ထောင်ဆိုသည်မှာ၊ ဘုရားတရားကိုင်းရှိုင်းသူတို့၏စံနှုန်းထား များနှင့်အလေ့အကျင့်များကို လက်ခံကျင့်သုံးရသည်ကတစ်မျိုး၊ ဆုံးမသွန်သင် ပေးရသည်ကတစ်ဖုံ အစုံစုံတို့ကိုလိုက်နာကျင့်သုံးရသောဌာနဖြစ်၍ ယင်း အိမ်ထောင်များ၌ မွေးဖွားကြီးပြင်းလာကြသောသားသမီးတို့ကို ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသောဘောင်အတွင်းသို့ ပြောင်းလဲသွတ်သွင်းပေးရန် သက်ဆိုင်ရာမိဘနှစ်ပါးတို့အား ဖန်ဆင်းရှင်ကမိန့်မှာထားတော်မူသော နေရာ မျိုးလည်းဖြစ်သည်။ ယင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မြော်လင့်ခြင်းအသင်းသားမိဘများတို့သည် သူတို့အနေဖြင့်တွေ့ရှိနိုင်သမျှသော အကူအညီကိုရှာဖွေလျက်ရှိသည်။ AH1Burm .0

မိဘများအတွက် အယ်လင်ဂျီ၊ ဝှိုက် သည် အလွန်တန်ဖိုးရှိသော အကြံပေးစကားများ မြောက်မြားစွာကိုရေးသားပြုစုထားပြီးဖြစ်သည်။ အိမ်ထောင် ဆိုင်ရာကဏ္ဍတိုင်းနှင့်ပတ်သက်၍ ရေးသားပြုစုထားလျက် ယခုခေတ်တွင် လည်း စဉ်းစားဆင်ခြင်တတ်၍ စိုးရိမ်ကြောင့်ကြတတ်သောမိဘများတို့အား သောကမကင်းဖြစ်စေသောပြဿနာပေါင်းစုံတို့နှင့်ပတ်သက်၍ အထူးညွှန်ကြား ချက်များကို ပေးထားလေသည်။ AH1Burm .0

သူမကွယ်လွန်မသွားမီနှစ်ပေါင်းများစွာအထက်က “မြော်လင့်ခြင်း မိဘများလက်စွဲ” အမည်ရှိသောစာအုပ်ကိုပြုစုဖြန့်ချိရန် ဆန္ဒရှိကြောင်းပြသ ခဲ့လေသည်။ ယင်းဆန္ဒကိုအကောင်အထည်ဖော်ရန် ဤစာစောင်ကို ကြိုးပမ်း ထုတ်ဝေလိုက်ပါသည်။ ” AH1Burm .0

“စံပြအိမ်ထောင်”ဆိုသောဤစာစောင်သည် မအားမလပ်လုပ်ကိုင် နေကြသောမိဘများအတွက် လက်စွဲစာစောင်တစ်ခုဖြစ်၍ အိမ်ထောင်တစ်ခု ဘယ်ကဲ့သို့ဖြစ်လာနိုင်ကြောင်းကိုလည်းကောင်း၊ ဘယ်ကဲ့သို့ဖြစ်သင့်သည်ကို လည်းကောင်း တင်ပြထားပါသည်။ မိဘများတို့အနေဖြင့် မေးခွန်းပေါင်းစုံ၏ အဖြေများနှင့် ကောင်းကင်ဘုံရှင်အဖဘုရားအထံတော်မှ ဉာဏ်ပညာဖြင့်ပြည့်စုံ လှသောမိန့်တော်မူချက်များ ဤစာစောင်တွင်ပါရှိပါသည်။ AH1Burm .0

ဤစာစောင်ကိုစုဆောင်းပြုစုရာတွင် နှစ်ပေါင်းခုနစ်ဆယ်အတွင်း အယ်လင်ဂျီ၊ ဝှိုက် ရေးသားပြုစုခဲ့သောစာအုပ်စာတမ်းများ အထူးသဖြင့် AH1Burm .0

အသင်းတော်မှာထုတ်ဝေသောမဂ္ဂဇင်းဂျာနယ်များအတွက် ရေးသားပေးပို့ လိုက်သော ထောင်သောင်းမကသောသူမ၏ဆောင်းပါးများမှ ကောက်နုတ် ချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ လက်ရှိပုံနှိပ်ထားပြီးဖြစ် သောစာစောင်များ အထူးသဖြင့် စာစောင်ငယ်များအနေဖြင့် ထုတ်ဝေလျက် ရှိသောသက်သေခံချက်စာစောင်များနှင့် အယ်လင် ဂျီ၊ ဝှိုက် စာမူဖိုင်တွဲများမှ ကောက်နုတ်ချက်များအားဖြင့် .. ဤစာစောင်ကိုတိုးတက်ကောင်းမွန်အောင် စုဆောင်းပြုစုထားပါသည်။ (၃) ၁.က AH1Burm .0

ဤစာစောင်ကို အယ်လင်ဂျီ၊ ဝှိုက် စာပေတိုက်တွင် စုဆောင်းပြုစု ပါသည်။ စာပေများပုံနှိပ်ထုတ်ဝေရန်အတွက် လိုအပ်သောဆောင်းပါးများနှင့် အချက်အလက်များကို သူမ၏ညွှန်ကြားထားချက်အရ သူမ၏စာမူများကို အသုံးပြုထားပါသည်။ အဘယ်ကြောင့်ဆိုသော် “ကိုယ်တော်ရှင်၏လူတို့ အတွက် ဘုရားသခင်သည် ကျွန်မအားပေးထားတော်မူသောညွှန်ကြားချက် များ” ပါရှိသောကြောင့်ဖြစ်သည်။ AH1Burm .0

ဤစာစောင်မျိုးကို ယခုခေတ်အချိန်တွင် အထူးလိုအပ်ပါသည်။ မိဘနှင့်သားသမီးတို့အား အနှောင့်အယှက်ပေးနေသောအရာများအတွက် အဖြေမှန်ကိုသူတို့အနေဖြင့် ယခုအချိန်ထက်လိုအပ်သောအချိန်သည် မရှိခဲ့ ပေ။ ယခုခေတ်ယခုအခါထက် အိမ်ထောင်များအတွက် ပိုမိုအန္တရာယ်များ သောအချိန်သည်မရှိခဲ့ပေ။ AH1Burm .0

လူမျိုးတစ်မျိုး၏အိမ်ထောင်များ၌ရှိသောအခြေအနေက လူ့အဖွဲ့ အစည်း၌ရှိသောအခြေအနေကိုဖန်တီးပေးကြောင်း လူတိုင်းအသိပင်ဖြစ်သည်။ အိမ်ထောင်၌ရှိသောပြောင်းလဲသောအခြေအနေသည် ပြောင်းလဲသောလူ့အဖွဲ့ အစည်းတွင် ရောင်ပြန်ဟပ်နေသည်ကို ကျွန်ုပ်တို့အနေဖြင့် သိရှိကြသည်။ ယင်းကဲ့သို့ကောင်းကျိုးမျိုးကိုပြုရာတွင် “စံပြအိမ်ထောင်” စာစောင်က အထောက်အကူပြုပါစေဟူသော ကောင်းမြတ်သောစေတနာဖြင့် အယ်လင် ဂျီ၊ ဝှိုက် စာပေတိုက်မှ အုပ်ထိန်းသူများက ထုတ်ဝေဖြန့်ချိလိုက်ပါသည်။ AH1Burm .0