Go to full page →

အခန်း ၄ဝ—မိခင်၏လုပ်ငန်းနှင့်ပတ်သက်၍အလွဲယူဆချက် AH1Burm 322

မိမိ၏အလုပ်သည်အရေးပါအရာမရောက်ဟု မိခင်ယူဆတတ် သည် - မိခင်လုပ်ကိုင်ရသောအလုပ်သည် သူမအတွက်အရေးပါအရာ မရောက်ဟူ၍ မိခင်တို့သည် မကြာခဏပင်ယူဆတတ်ကြသည်။ သူမ၏ လုပ်ဆောင်ရသောလုပ်ငန်းမျိုးကို နှစ်ခြိုက်သဘောကျသူများ မရှိသလောက် ရှားပါးသည်။ သူမ၏မြားမြောင်လှသောစိုးရိမ်ကြောင့်ကြမှုများနှင့် ဝန်ထုပ် များကိုသိရှိကြသောလူဦးရေမှာလည်း နည်းပါးလှသည်။ သူမ၏နေ့ရက် ကာလမှာလည်း အသေးအမွှားလုပ်ဆောင်ချက်များဖြင့်သာ အချိန်ကုန်နေ၍ ယင်းအသေးအမွှားလုပ်ဆောင်ချက်များကိုလုပ်ကိုင်ရာတွင်လည်း သည်းခံ သောကြိုးပမ်းမှု၊ ကိုယ့်ကိုကိုယ်ချုပ်တည်းမှု၊ ဖြတ်ထိုးဉာဏ်သုံးစွဲမှု၊ ဉာဏ် ပညာရှိမှုနှင့်ကိုယ်ကျိုးမငဲ့သောမေတ္တာမျိုးများကို လိုက်နာကျင့်သုံးရန်လိုအပ် ပေသည်။ သို့စေကာမူ သူမဆောင်ရွက်ခဲ့သမျှကို ကြီးမားသောအောင်မြင် မှုအနေဖြင့် ဝါကြွားပြောဆိုခြင်းမပြုနိုင်ပေ။ သူမအနေဖြင့် အိမ်ထောင်၏ ဝေယျာဝစ္စများကို ချောချောမောမောဖြစ်အောင်သာလျှင် ပြုလုပ်ခဲ့သည်။ မကြာခဏပင်သူမသည် မောပန်းစိတ်ရှုပ်ထွေးလျက် သူမသည်သားသမီး တို့အား သနားကြင်နာတတ်သောလေသံမျိုးဖြင့် ပြောဆိုဆက်ဆံရန်လည်း ကောင်း၊ သားသမီးတို့အား၊ အားလပ်ချိန်မရှိသော်လည်း ပျော်ရွှင်ချမ်းမြေ့ စေရန်လည်းကောင်း၊ သူတို့အားမှန်သောလမ်းထဲ၌လျှောက်လိုက်စေရန် လည်းကောင်း သူမသည်ကြိုးပမ်းခဲ့သည်။ သူမအနေဖြင့် ဘာတစ်ခုမှပြီးပြီး မြောက်မြောက်လုပ်ကိုင်ခဲ့ခြင်းမရှိဟူ၍ ယူဆတတ်သည်။ သို့ရာတွင် ထိုကဲ့သို့ မဟုတ်ပေ။ ကောင်းကင်တမန်များက စိုးရိမ်ကြောင့်ကြမှုများသောမိခင်ကို စောင့်ကြည့်နေ၍ နေ့ရက်အစဉ်အတိုင်း သူမထမ်းဆောင်ရသောဝန်များကို မှတ်သားထားကြသည်။ သူမနာမည်ကို ကမ္ဘာလောကကြီးတွင်ကြားရမည် မဟုတ်သော်လည်း၊ ယင်းနာမည်ကို သိုးသငယ်တော်၏အသက်စာစောင်တွင် ရေးမှတ်ထားလျက်ရှိသည်။ AH1Burm 322.1

ဆို စနစ်တကျစီစဉ်လုပ်ကိုင်ထိန်းသိမ်းထားသောအိမ်ထောင်တွင် လုပ်ကိုင်ဆောင်ရွက်သင့်သောအရာဟူသမျှကို မိမိကိုယ်တိုင်၏လက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အောက်ကျသည်ဟူသောသဘောမထားဘဲ ဇနီးကောင်း (သို့မဟုတ်) မိခင်ကောင်းသည် မိမိ၏တာဝန်ကိုဂုဏ်ရှိရှိဖြင့် လည်းကောင်း၊ ဝမ်းမြောက်သောစိတ်ဖြင့်လည်းကောင်း ဆောင်ရွက်လိမ့်မည်။ AH1Burm 323.1

သာသနာဆိုင်ရာလုပ်ငန်းထက်အောက်တန်းကျသည်ဟုသဘော ထားတတ်ခြင်း - မိခင်၏အလုပ်အကိုင်သည် ဘယ်မျှလောက်အရေးပါ အရာရောက်သည့်လုပ်ငန်းဖြစ်ဘိသနည်း။ သို့စေကာမူ သာသနာဆိုင်ရာ လုပ်ငန်းကိုလုပ်ကိုင်လိုကြောင်း မိခင်တို့၏ညည်းတွားပြောဆိုသံကို ကျွန်ုပ် တို့ကြားရသည်။ သူတို့သည် နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့သွားရောက်၍ အမှုတော်ထမ်းနိုင်ခဲ့လျှင် သူတို့သည် အကျိုးရှိရာရှိကြောင်း တစ်ခုခုကို ပြုလုပ်ရသည်ဟူသော ခံစားချက်မျိုးရှိနေတတ်သည်။ သို့ရာတွင် အိမ်ထောင် ဆိုင်ရာတာဝန်များကိုထမ်းဆောင်နေရခြင်းသည် မောပန်းဖွယ်လည်းဖြစ်၍ ကျေးဇူးအတင်မခံရသောအလုပ်မျိုးဖြစ်သည်ဟူသော ခံစားချက်မျိုးမိခင်တို့၌ ရှိတတ်သည်။ AH1Burm 323.2

သာသနာဆိုင်ရာအမှုတော်ထမ်းဆောင်ရန် ညည်းတွားပြောဆိုနေ သောမိခင်များအတွက် မိမိတို့၏အိမ်ထောင်၌မှာပင် သူတို့လုပ်ကိုင်လိုသော အလုပ် လုပ်ခွင့်ရှိသည်။ သူမတို့သားသမီးများ၏ဝိညာဉ်များသည် သာသနာပ လူတို့၏ဝိညာဉ်နှင့်ထပ်တူထပ်မျှပင် တန်ဖိုးရှိသည်မဟုတ်ပါလော။ သားသမီး တို့၏ကြီးထွားပြီးရင့်သန်လာသောစိတ်များကို ဂရုတစိုက်နှင့်ယုယစွာစောင့် ကြည့်၍ သူတို့၏စိတ်ကူးဉာဏ်များကို ဘုရားသခင်နှင့်ဆက်သွယ်ပေးရမည် မဟုတ်ပါလော။ ဤလုပ်ငန်းကိုချစ်တတ်၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ သောစိတ် မိခင်လောက်ကျေပွန်စွာလုပ်ကိုင်နိုင်သောသူရှိပါသေးသလား။ AH1Burm 323.3

ဘာသာရေးဆိုင်ရာလုပ်ငန်းကို တက်တက်ကြွကြွမဆောင်ရွက်ရလျှင် သူတို့သည် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ခြင်းမရှိကြဟု ယူဆ ကြသောသူအချို့ရှိကြသည်။ ဤသဘောထားသည်မှားယွင်းသည်။ လူတိုင်း ဘုရားသခင်အတွက် ဆောင်ရွက်ရန်အလုပ်ရှိသည်။ အိမ်ထောင်ကိုသာယာ ချမ်းမြေ့သောနေရာဖြစ်အောင်ပြုလုပ်ခြင်းသည် အံ့သြဖွယ်ကောင်းသောအလုပ် ဖြစ်သည်။ မည်မျှပင်နိမ့်ကျသောစွမ်းရည်ဖြစ်စေကာမူ ယင်းစွမ်းရည်ကိုရရှိ ထားသောပုဂ္ဂိုလ်သည် မိမိ၏စိတ်နှလုံးကို ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်လျှင် သူ့အိမ်ထောင်သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သော အိမ်ထောင်ဖြစ်လိမ့်မည်။ ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်မှုကြောင့် တောက်ပသောအလင်းရောင်သည် ထွန်းတောက်လိမ့် မည်။ အမျိုးသားအမျိုးသမီးတို့သည် သူတို့ကြားသိရသမျှသောအရာများကို စိတ်ရောကိုယ်ပါ လိုက်နာကျင့်သုံးခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ အမျက်တော်ရှိစေမည့်အနေအထိုင်မျိုးကိုရှောင်ရှား၍ ဘုရားသခင်အားကြောက်ရွံ့ ရိုသေသောဘဝမျိုး၌ကျင်လည်ရန် သားသမီးတို့အားသွန်သင်ဆုံးမခြင်းအား ဖြင့်လည်းကောင်း၊ အမျိုးသားအမျိုးသမီးတို့သည် တရားဟောစင်မြင့်ပေါ်၌ ဓမ္မအမှုတော်ကိုထမ်းဆောင်နိုင်သည်။ AH1Burm 324.1

ဆောင်ရွက်စရာရှိသမျှတို့ကို လိုလိုလားလားဖြင့်လည်းကောင်း၊ ပျော်ရွှင်သောစိတ်ထားအားဖြင့် ခင်ပွန်းတို့၏ဝန်ထုပ်များကို ကူညီထမ်းဆောင် ၍ ဘုရားသခင်အတွက်သားသမီးတို့အား သွန်သင်ပေးခြင်းအားဖြင့်လည်း ကောင်း ဆောင်ရွက်နေကြသောအမျိုးသမီးများသည် သာသနာပြုဆရာများ ပင်ဖြစ်ကြသည်။ AH1Burm 324.2

ဘာသာရေးဆိုင်ရာလုပ်ဆောင်မှုတို့သည် အိမ်ထောင်အားကြည့်ရှု ထိန်းသိမ်းရသောတာဝန်ကိုမပယ်ဖျက်စေသင့်ပေ — မိခင်အနေဖြင့်ဖြစ်စေ၊ ဇနီးအနေဖြင့်ဖြစ်စေ သင်တို့၏တာဝန်ကိုလျစ်လျူရှုလျက် သင်၏လက် ထဲသို့ အခြားသောလုပ်ငန်းတစ်ခုခုကိုအပ်နှင်းပေးရန် ဘုရားသခင်အား တောင်းဆိုလျှင် ကိုယ်တော်ရှင်သည် မိမိကိုယ်တိုင်တော်ကိုဆန့်ကျင်ဘက် ပြု၍ လုပ်ကိုင်တော်မူမည်မဟုတ်သည်ကို တထစ်ချမှတ်ထားပါ။ အိမ်ထောင် ၌ဆောင်ရွက်ရမည့်ဝတ္တရားများကို ကိုယ်တော်ရှင်သည် သင့်အားညွှန်ပြ ထားတော်မူသည်။ သင့်အားအပ်နှင်းထားသောအလုပ်အကိုင်ထက် ပိုမို ကြီးကျယ်၍ ပိုမိုသန့်ရှင်းမြင့်မြတ်သောအလုပ်အကိုင်ရှိသေးသည်ဟူသော သဘောထားမျိုးထားရှိလျှင် သင်သည် လှည့်ဖြားမှုကိုခံနေရလေပြီ။ သင်၏ အိမ်ထောင်၌ သစ္စာရှိစွာဆောင်ရွက်လုပ်ကိုင်၍ သင်နှင့်ရင်းရင်းနှီးနှီးနီးစပ် လျက်ရှိသော သူတို့၏ဝိညာဉ်အတွက်တာဝန်ကိုထမ်းဆောင်လျှင် သင်သည် ခရစ်တော်အတွက်အမှုတော်ထမ်းရန် ပိုမိုကျယ်ပြန့်သောနေရာဌာနတို့တွင် အံဝင်ခွင်ကျဖြစ်လိမ့်မည်။ သို့ရာတွင် အိမ်ထောင်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သောသူတို့သည် အခြားသောဝိညာဉ်များအတွက် ဆောင်ရွက်ရန် အဆင်သင့်မဖြစ်သည်ကို တထစ်ချမှတ်ထားပါ။ AH1Burm 324.3

သင်တို့၏အိမ်ထောင်၊ သင်တို့၏ခင်ပွန်းများနှင့်သားသမီးတို့ကို လျစ်လျူရှုထားရန် ဘုရားသခင်သည် သင်တို့အားခေါ်တော်မူသည်မဟုတ် ပေ။ ကိုယ်တော်ရှင်သည် ဘယ်သောအခါမျှ ယင်းကဲ့သို့ဆောင်ရွက်တော် မူခြင်းမရှိပေ။ ဘယ်အခါမျှဆောင်ရွက်တော်မူလိမ့်မည်မဟုတ်ပေ။ သင်တို့၏ အဖိုးထိုက်သောသိုးစုငယ်ကလေးနှင့် ကင်းကွာနေရသောအလုပ်မျိုးကို ဘုရားသခင်သည် သင်တို့အားပေးထားတော်မူသည်ဟု ဘယ်သောအခါမျှ မယူဆပါလေနှင့်။ မသင့်လျော်သောအပေါင်းအသင်းရောင်းရင်းတို့နှင့် ပေါင်းသင်းဆက်ဆံ၍ မိခင်အပေါ်ရိုသေလေးစားမှုမထားခြင်းအားဖြင့် အကျင့် ဖောက်ပြန်စေရန် သားသမီးတို့ကိုလွှတ်မထားပါနှင့်။ ယင်းကဲ့သို့လွှတ်ထား ခြင်းသည် သင်၏အလင်းကိုမှားယွင်းစွာထွန်းလင်းနေစေခြင်းဖြစ်သည်။ ထို့ပြင်မက သင်တို့၏သားသမီးတို့အား ဘုရားသခင်၏အလိုတော်နှင့် ညီလျော်စွာကြီးထွားစေ၍ နောက်ဆုံး၌ကောင်းကင်နိုင်ငံတော်သို့ ဝင်စားနိုင် သောအခြေအနေသို့ ပို့ဆောင်ပေးရမည့်ကိစ္စကို သင်တို့၏ပေါ့လျော့မှုကြောင့် ပိုမိုခဲယဉ်းလေသည်။ ဘုရားသခင်သည် သင်တို့၏သားသမီးများကို ဂရုစိုက် တော်မူသောကြောင့် သင်တို့သည် သင်တို့ကိုယ်ကို ဘုရားသခင်၏သားသမီး ဟုခေါ်ဆိုလျှင် သင်တို့၏သားသမီးတို့ကိုလည်း သင်တို့ဂရုစိုက်ကူရမည် ဖြစ်သည်။ AH1Burm 325.1

သားသမီးများတို့၏ပထမအရွယ်များတွင် သူတို့သည် အကောင်း ဟူသမျှဘက်သို့စိတ်ယိုင်နေစေရန် မိခင်တို့အနေဖြင့် . အမြဲတမ်းလုပ်ကိုင် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်နေခြင်းနှင့်ဆုတောင်းခြင်းများ ပြုလုပ်ပေးရမည့် ခချိန်ဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းကိုအဆက်မပြတ်စေရ။ မိခင်များ အနေဖြင့် သာသနာပြုလုပ်ငန်းကိုလုပ်ကိုင်နိုင်စေရန် မိခင်များမျက်နှာစုံညီ စည်းဝေးကိုတက်ရောက်ခြင်းများနှင့် အပ်ချုပ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းများကိုပြုလုပ်ရန် စေခိုင်းခြင်းကိုခံရပေမည်။ သို့ရာတွင် သင်တို့ မရှိခိုက် သင်တို့၏သားသမီးများကို သစ္စာရှိစွာဖြင့်လည်းကောင်း၊ အရည် အချင်းပြည့်ပြည့်ဖြင့်လည်းကောင်း သင်ကြားပြသနိုင်သောပုဂ္ဂိုလ်များထားရှိ ရန် စီစဉ်၍မရနိုင်လျှင် သင်တို့အနေဖြင့် ဘယ်နည်းနှင့်မျှလျစ်လျူရှုနိုင်သော အခြားအလုပ်တစ်ခုကို ဘုရားသခင်က သင်တို့အားပေးထားကြောင်းကို သင်တို့က ယင်းစေခိုင်းချက်ကိုအဖြေပေးရန် သင်တို့၏တာဝန်ဖြစ်သည်။ သင်တို့၏သားသမီးငယ်များကို သင်ကြားပြသဆုံးမသြဝါဒပေး၍ ဘုရားသခင် ၏အလိုတော်နှင့်ညီလျော်သောအခြေအနေ၌ ရပ်တည်နေစေရန် မဆောင်ရွက် နိုင်လောက်အောင် အချိန်ကုန်လူပန်းစေမည့်အခြားအလုပ်များကို သင်တို့ သည်လုပ်ကိုင်ခြင်းမပြုနိုင်ပေ။ ခရစ်တော်နှင့်လက်တွဲဆောင်ရွက်သောပုဂ္ဂိုလ် အနေဖြင့် သင်တို့သားသမီးများကို ကိုယ်တော်ထံသို့ယူဆောင်လာသောအခါ သူတို့သည်စည်းကမ်းသေဝပ်၍ သွန်သင်ဆုံးမခြင်းခံရပြီးသူများဖြစ်ရကြမည်။ AH1Burm 326.1

သားသမီးများတို့၏အကျင့်စာရိတ္တပျက်ပြားမှုအတွက် မိခင်များတို့ သည် တာဝန်အရှိဆုံးဖြစ်သည်။ မိမိတို့၏သားသမီးများအား ကြည့်ရှု ထိန်းသိမ်းစောင့်ရှောက်သွန်သင်ဆုံးမခြင်းကို ဟန့်တားထားမည့် မည်သည့် သာသနာဆိုင်ရာလုပ်ငန်းကိုမဆို မိခင်အနေဖြင့်လက်မခံသင့်ပေ။ မိခင်အနေ ဖြင့် အကောင်းဆုံးလုပ်ကိုင်နိုင်သောအလုပ်သည် သူမ၏သားသမီးများကို သွန်သင်ဆုံးမခြင်းဖြစ်သည်။ AH1Burm 326.2

သွန်သင်ဆုံးမပဲ့ပြင်မှုအတွက် မိခင်အပေါ်၌အမှီတံကဲပြုနေသော သူတို့အတွက် အချိန်ယူလုပ်ကိုင်ဆောင်ရွက်ပေးခြင်းအားဖြင့် မိခင်သည် အသင်းတော်အား အကောင်းဆုံးသောအကူအညီကိုပေးနိုင်သည်။ AH1Burm 327.1

ပိုမိုကျယ်ပြန့်သောသာသနာလုပ်ငန်းအတွက်ရည်မှန်းလုပ်ကိုင် ခြင်းသည်အချည်းနှီးဖြစ်သည် - အချို့သောမိခင်များသည် သူတို့လုပ်ကိုင် ဆောင်ရွက်ရမည့် ရိုးရိုးဖြစ်သောတာဝန်များကိုလျစ်လျူရှု၍ သာသနာပြု ဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်ရန် လိုလားကြသည်။ သားသမီးများကို လျစ်လျူရှုထားကြ၏။ အိမ်ထောင်သည် ပျော်ရွှင်သာယာချမ်းမြေ့မှုမရှိ။ ဆူပူငေါက်ငေါ်ခြင်းနှင့်ညည်းညူခြင်းတို့သည် မကြာခဏဖြစ်ပေါ်လာကြ သည်။ ထိုကြောင့် သားသမီးတို့အနေဖြင့် အိမ်ထောင်သည် နေထိုင်စရာ မကောင်းဆုံးသောနေရာဖြစ်သည်ဟူသော စိတ်ဓာတ်မျိုးဖြင့်ကြီးထွားလာကြ သည်။ ထိုကြောင့်သူတို့သည် မိမိတို့အိမ်ထောင်မှထွက်ခွာသွားရမည့်အချိန် ကို စောင့်စားမျှော်လင့်နေကြလျက် အိမ်ထောင်၏ဆုံးမပဲ့ပြင်ခြင်းနှင့် မိခင် တို့၏ကြင်နာသောအကြံဉာဏ်များကိုမရရှိဘဲ ပြင်ပလောကကြီးထဲသို့ဝင်သွား ပြန်လျှင်လည်း စိတ်မပါ့တပါဖြင့်ဝင်ရောက်သွားကြသည်။ AH1Burm 327.2

ဤနုနယ်သောနှလုံးသားတို့ကို မိမိတို့နှင့်ချည်နှောင်ထား၍ သူတို့ အားမှန်ကန်စွာလမ်းပြပို့ဆောင်မှုကိုပေးမည်ဟူသော ရည်စူးချက်ကိုထားသင့် သောမိဘတို့သည် ဘုရားသခင်ကသူတို့အား ပေးကမ်းထားသောအခွင့်အရေး များကို ဖြုန်းတီးပစ်၍ သူတို့ဘဝအသက်တာ၏အရေးပါအရာအရောက်ဆုံး ဖြစ်သော တာဝန်များကိုကျောခိုင်းလျက် ပိုမိုကျယ်ပြန့်သောသာသနာပြု ဆိုင်ရာလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် အချည်းနှီးမျှော်မှန်းရော်ရမ်း ကြိုးပမ်းလျက်ရှိကြသည်။ AH1Burm 327.3