Go to full page →

အခန်း ၁၀—အကြံဉာဏ်လိုအပ်ချိန်ဝယ် AH1Burm 79

သမ္မာကျမ်းမှအကြံဉာဏ်ကိုရယူပါ - ဘုရားသခင်ကိုယ်တော်တိုင် ဖွဲ့စည်း၍ တည်ထောင်ထားတော်မူသောကြောင့် ထိမ်းမြားမင်္ဂလာသည် သန့်ရှင်းသောစည်းကမ်းနည်းလမ်းဖြစ်၍ ယင်းထိမ်းမြားမင်္ဂလာကိုပြုကြ သောအခါ တစ်ကိုယ်ကောင်းစိတ်မျိုးဖြင့် မပြုသင့်ကြပေ။ ထိမ်းမြားမင်္ဂလာ ပြုရန်ကြံရွယ်ထားကြသောသူတို့သည် ယင်းကိစ္စ၏အရေးကြီးပုံကို ဣန္ဒြေ ရှိစွာဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းဖြင့်လည်းကောင်း စဉ်းစား၍ သူတို့ ကျင့်သုံးနေသောလမ်းစဉ်သည် ဘုရားသခင်၏အလိုတော်နှင့်ညီညွတ် သည်ကိုသိရှိရန် ကိုယ်တော်ရှင်အထံတော်မှ အကြံဉာဏ်ကိုရယူဖို့သင့်ပေသည်။ ဤအချက်နှင့်ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ၌ ပေးထား သောညွှန်ကြားချက်ကို သေချာစွာစဉ်းစားဆင်ခြင်သင့်ပေသည်။ ကျမ်းစာ ထဲ၌ဖော်ပြပါရှိသောညွှန်ကြားချက်များနှင့် ညီညွတ်စေလိုသောထက်သန်သည့် ဆန္ဒဖြင့် ကျင်းပသောထိမ်းမြားမင်္ဂလာမျိုးကို ဘုရားသခင်သည် နှစ်သက် တော်မူသည်။ AH1Burm 79.1

ငြိမ်သက်စွာအမှားအမှန်ကိုပိုင်းခြားဝေဖန်၍လည်းကောင်း၊ စိတ် အေးအေးဖြင့်စဉ်းစားဆုံးဖြတ်ခြင်းဖြင့်လည်းကောင်း ဆင်ဆင်ခြင်ခြင်ပြုလုပ် ရမည်အကြောင်းအရာသည် ထိမ်းမြားမင်္ဂလာကိစ္စဖြစ်သည်။ သမ္မာကျမ်းစာ ကိုအကြံပေးအနေဖြင့် အသုံးပြုရမည့်အချိန်သည် လိင်ချင်းမတူသောလူသား နှစ်ဦးအား ရာသက်ပန်ချည်နှောင်ပေးမည့်ကိစ္စမဆောင်ရွက်မီအချိန်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ခေတ်စားနေသောသဘောတရားမှာ သက်ဆိုင်သော ကာယကံရှင်နှစ်ဦး၏စိတ်အတွင်းခံစားချက်များသာလျှင် လမ်းညွှန်ဖြစ်သည်။ ထိုကြောင့် အများအားဖြင့် ချစ်ရေးကိုသာဦးစားပေး၍ ယင်းကိုဦးစားကြိုးကိုင် စေသောကြောင့် များစွာသောအိမ်ထောင်များမပျက်စီးသင့်ဘဲ ပျက်စီးပြိုလဲ ရသည်။ ဤနေရာ၌လူငယ်လူရွယ်တို့သည် အခြားအကြောင်းအရာများထက် ဤထိမ်းမြားမင်္ဂလာကိစ္စနှင့်ပတ်သက်လာလျှင် သူတို့အနေဖြင့် အမှားအမှန် ပိုင်းခြားဝေဖန်မှုကို ငြင်းပယ်ကြသည်။ ထိမ်းမြားရေးပြဿနာက သူတို့အား ပြုစားထားသကဲ့သို့ဖြစ်နေသည်။ သူတို့ကိုယ်ကိုဘုရားသခင်အားအပ်နှံထား ခြင်းမရှိကြသော သူတို့၏အာရုံငါးပါးတို့သည် ချုပ်နှောင်ထားခြင်းခံရ၍ သူတို့၏အစီအစဉ်များကို အခြားသောသူတို့ဝင်ရောက်နှောင့်ယှက်မည်ကို စိုးရိမ်သည့်အလား၊ ပုန်းလျှိုးကွယ်လျှိုးရှေ့သို့တိုးသွားလျက်ရှိကြသည်။ AH1Burm 79.2

မြောက်မြားစွာသောသူတို့သည် အန္တရာယ်များသောဆိပ်ကမ်းအတွင်း ရွက်တိုက်သွားလျက်ရှိသည်။ သူတို့သည် ရေကြောင်းပြတစ်ဦးလိုအပ်လျက် ရှိသည်။ သို့ရာတွင် သူတို့အနေဖြင့် အလွန်ပင်လိုအပ်နေသောအကူအညီ ကိုလက်ခံရန် မထီလေးစားလုပ်နေကြသည့်အကြောင်းမှာ သူတို့၏ယုံကြည် ခြင်းနှင့်ပျော်ရွှင်ခြင်းကို ပျက်စီးဆုံးပါးစေမည့် ဖုံးကွယ်နေသောကျောက်ဆောင် ကို သူတို့၏ရွက်သင်္ဘောငယ်ကလေးသည် ဝင်တိုက်လုနီးပါးဖြစ်သည်ကို မသိဘဲ သူတို့ပိုင်ရွက်သင်္ဘောငယ်ကို သူတို့ကိုယ်တိုင်လမ်းပြပို့ဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယူဆနေကြသည်။ နှုတ်ကပတ်တော်တည်းဟူသော သမ္မာကျမ်းစာ ကို စေ့စေ့ရှာဖွေဖတ်ရှုသောသူများမဟုတ်လျှင် သူတို့၏ယခုဘဝနှင့် တမလွန် ဘဝအတွက်ပါ သူတို့ကိုယ်တိုင်ဝမ်းမြောက်ခြင်းနှင့် အခြားသူတို့၏ဝမ်းမြောက် ခြင်းကိုပါ ဖျက်ဆီးမည့်မဟာအမှားတော်ကြီးများကို ကျူးလွန်မိကြမည် ဖြစ်သည်။ AH1Burm 80.1

မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဆုတောင်းဖို့လိုအပ် ခြင်း - အမျိုးသားအမျိုးသမီးတို့သည် ထိမ်းမြားမင်္ဂလာပြုရန်မကြံရွယ်မီ၊ တစ်နေ့လျှင် နှစ်ကြိမ်ကျဆုတောင်းပတ္ထနာပြုသောအလေ့အထရှိလျှင် ထိမ်းမြားမင်္ဂလာပြုရန်ကြံရွယ်သောအခါ တစ်နေ့လျှင်လေးကြိမ်ကျဆုတောင်း ပတ္ထနာပြုသင့်ကြပေသည်။ ထိမ်းမြားမင်္ဂလာဆိုသည်မှာ သင်တို့၏ယခုဘဝနှင့် တမလွန်ဘဝအပေါ်သြဇာသက်ရောက်၍ ထိခိုက်မည့်ကိစ္စဖြစ်သည်။ AH1Burm 80.2

ကျွန်ုပ်တို့ခေတ်၏ထိမ်းမြားမင်္ဂလာအများနှင့် ယင်းတို့ကိုကျင်းပပုံ ကျင်းပနည်းတို့က ယင်းတို့အားနောက်ဆုံးကာလ၏ နိမိတ်လက္ခဏာတစ်ရပ် ဖြစ်စေလေသည်။ အမျိုးသားအမျိုးသမီးတို့သည် သူတို့စိတ်ကြိုက်လုပ်ကိုင် ရန် အလွန်ပင်ခေါင်းမာကြသောကြောင့် သူတို့၏အစီအစဉ်များတွင် ဘုရားသခင်ကိုနေရာမပေးဘဲချန်လှပ်ထားကြသည်။ ဘာသာရေးသည် ဤ အရေးပါအရာရောက်လှသော ထိမ်းမြားမင်္ဂလာကိစ္စနှင့်မဆိုင်သည့်အလား ယင်းကိုဘေးဖယ်ထားကြသည်။ AH1Burm 80.3

စွဲလမ်းမှုသည်အကြံဉာဏ်ကိုနားမထောင်သောအခါ - လူနှစ်ဦး တို့သည် တစ်ဦးနှင့်တစ်ဦးအသိကျွမ်းဖြစ်လာကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး တပ်မက်စွဲလမ်းလာကြသည်။ ထိုကြောင့် တစ်ဦးကိုတစ်ဦး လောကဝတ်ပျူငှာခြင်းအားဖြင့် အချိန်ကုန်လွန်စေသည်။ ဆင်ခြင်နိုင်သော သတ္တိသည် ပျက်ပြယ်သွား၍ သူတို့၏အမှားအမှန်ဝေခွဲပိုင်းခြားနိုင်သော သတ္တိသည်လည်း ပြိုကွဲသွားလေသည်။ မည်သည့်အကြံဉာဏ် (သို့မဟုတ်) ထိန်းချုပ်ပေးမှုကိုမျှလက်မခံဘဲ ဘယ်ကဲ့သို့သောအကျိုးသက်ရောက်မှု ရှိလင့်ကစား သူတို့စိတ်ကြိုက်ကိုသာ အတင်းအကျပ်ပြုလုပ်ကြသည်။ ယင်း၏သွားရာလမ်းကို အဆုံးတိုင်အောင်သွားသောရောဂါတစ်ခုခု (သို့မဟုတ်) ကူးစက်သောရောဂါကဲ့သို့ သူတို့ကိုအုပ်စီးထားသောစွဲလမ်းမှုသည် ယင်း၏ လုပ်ငန်းကို အပြီးတိုင်အောင်ဆောင်ရွက်လိမ့်မည်ဖြစ်သည်။ ရပ်ဆိုင်းလိုက် သည်ဟူ၍ မရှိပေ။ AH1Burm 81.1

တစ်ဦးနှင့်တစ်ဦးချစ်ခင်စုံမက်နေကြသော ကာယကံရှင်နှစ်ဦးတို့သည် အိမ်ထောင်ပြုကြသည်ရှိသော် ရာသက်ပန်ပျော်ရွှင်မှုကို ရရှိဖို့သာရှိသည်ဟု ယူဆကြသောပုဂ္ဂိုလ်များ သူတို့၏ပတ်ဝန်းကျင်၌ရှိကောင်းရှိကြလိမ့်မည်။ သို့ရာတွင် တောင်းပန်ခြင်းများနှင့်တိုက်တွန်းခြင်းများတို့သည် ခရီးမရောက် ပေ။ ထိုကဲ့သို့ထိမ်းမြားမင်္ဂလာပြုခြင်းကြောင့် ဘုရားသခင်၏အမှုတော်၌ ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာကိုခံစားရမည့် သူ၏အသုံးဝင်မှုသည် ပျက်စီးသွားလိမ့်မည်။ သို့ရာတွင် အကျိုးအကြောင်းတင်ပြချက်နှင့် ဖျောင်းဖျ ပြောဆိုခြင်းတို့ကိုလည်း နားမထောင်ဘဲနေသည်။ အတွေ့အကြုံများသော အမျိုးသားအမျိုးသမီးတို့၏နည်းပေးလမ်းပြပြောဆိုမှုတို့သည်လည်း အကျိုး သက်ရောက်ခြင်းမရှိပေ။ သူတို့၏အလိုဆန္ဒများကို ပို့ဆောင်ပေးသော ဆုံးဖြတ်ချက်ကို ဘာသာတစ်ခုကမျှပြောင်းလဲနိုင်စွမ်းမရှိပေ။ သူတို့သည် ဆုတောင်းစည်းဝေးတွင်လည်းကောင်း၊ ဘာသာရေးဆိုင်ရာကိစ္စအဝဝတို့တွင် လည်းကောင်း စိတ်ဝင်စားခြင်းမရှိတော့ပေ။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးက တပ်မက်ခြင်းဖြင့်သာ အချိန်ကိုကုန်လွန်စေကြသည်။ ဘဝအသက်တာဆိုင်ရာ တာဝန်များသည် မမျှလောက်သောကိစ္စအလား လျစ်လျူရှုထားကြသည်။ AH1Burm 81.2

လူငယ်လူရွယ်တို့သည် သက်ကြီးဝါကြီးသူတို့၏အသိပညာကို လိုအပ်ကြသည် - ထိမ်းမြားမင်္ဂလာမှစိတ်ဆင်းရဲမှုအမျိုးမျိုးဖြစ်ပေါ်တတ် မှုကြောင့် လူငယ်လူရွယ်တို့သည် အဘယ်ကြောင့်အသိပညာရှိအောင် မကြိုးပမ်းကြသနည်း။ သက်ကြီးဝါကြီးသူတို့ထံမှ အကြံဉာဏ်ကိုရယူရန်မလို ဟု ဘာကြောင့်သူတို့ယူဆကြသနည်း။ ကူးသန်းရောင်းဝယ်ရေးကိစ္စတွင် လူတို့သည်များစွာ သတိထားကြသည်။ အရေးပါအရာရောက်သော လုပ်ငန်း တစ်ခုခုကိုမလုပ်ကိုင်မီ သူတို့သည် သူတို့လုပ်ငန်းအတွက် လိုအပ်သော ပြင်ဆင်မှုကိုပြုလုပ်ကြသည်။ သူတို့လုပ်ငန်းအောင်မြင်မှုရရှိစေရန် များစွာ သောအချိန်ကြေးငွေတို့ကိုအသုံးပြု၍ သေချာစွာလေ့လာမှုကိုပြုလုပ်ကြသည်။ AH1Burm 82.1

နောင်လာနောက်သားတို့နှင့်တမလွန်ဘဝကိုပါထိခိုက်မှုရှိသော ထိမ်းမြားမင်္ဂလာကိစ္စကို ဘယ်မျှလောက်ပိုမိုသောသတိဝီရိယဖြင့် ဆောင်ရွက် သင့်ပါသနည်း။ ယင်းကဲ့သို့ဖြစ်မည့်အစား ထိမ်းမြားမင်္ဂလာကိစ္စကိုပြက်ချော် စွာဖြင့်လည်းကောင်း၊ ပေါ့ဆစွာဖြင့်လည်းကောင်း၊ စိတ်ဇောတိုက်တွန်းမှု အားဖြင့်လည်းကောင်း၊ တပ်မက်သောစိတ်ဖြင့်လည်းကောင်း၊ ပညာမျက်စိ အမြင်မရှိဘဲလျက်လည်းကောင်း၊ စိတ်အေးလက်အေးဆင်ဆင်ခြင်ခြင်မရှိဘဲ လျက်လည်းကောင်း ဆောင်ရွက်ကြသည်။ ဤအခြေအနေအတွက်တစ်ခု တည်းသောဖြေရှင်းချက်မှာ စာတန်သည် လောကဆင်းရဲဒုက္ခနှင့်ပျက်စီးခြင်း များကျရောက်ဖြစ်ပျက်နေသည်ကိုတွေ့ လို၍ ဝိညာဉ်များကိုလှောင်အိမ်၌ချုပ် ထားရန် ယင်းထိမ်းမြားမင်္ဂလာတည်းဟူသော ပိုက်ကွန်ကိုအသုံးပြုလေသည်။ စဉ်းစားဆင်ခြင်တိုင်းထွာမှုမရှိသောသူတို့သည် ဤလောကနှင့်တမလွန်ဘဝ တို့မှ သူတို့အိမ်ထောင်များတွင် ပျော်ရွှင်မှုနှင့်စိတ်ချမ်းသာမှုများဆုံးပါးရ သည်ကို စာတန်သည်သဘောကျလျက်ရှိသည်။ AH1Burm 82.2

မိဘနှစ်ပါးတို့၏ဝါရင့်သောဆုံးဖြတ်ချက်ကို တန်ဖိုးထား သင့်သည် - သားသမီးတို့သည် သူတို့မိဘများ၏အကြံဉာဏ်နှင့် ဆုံးဖြတ်ချက်ကိုဂရုမစိုက်ဘဲ သူတို့၏ဆန္ဒနှင့်ယိမ်းယိုင်မှုများနှင့်သာ ညှိနှိုင်းလုပ်ကိုင်ရမည်လား။ အချို့သောသားသမီးတို့သည် သူတို့မိဘတို့၏ ဆန္ဒ (သို့မဟုတ်) စိတ်ကြိုက်ကို သူတို့၏စိတ်ထဲသို့ မထည့်။ မိဘတို့၏ ဝါရင့်သောဆုံးဖြတ်ချက်ကိုလည်း ဂရုမစိုက်ကြပေ။ တစ်ကိုယ်ကောင်းစိတ် (သို့မဟုတ်) အတ္တစိတ်သည် သားသမီးများဆိုင်ရာ မေတ္တာတရားကို မဖော်ထုတ်နိုင်ရန် သူတို့၏စိတ်နှလုံးတံခါးများကို ပိတ်ထားလိုက်သည်။ ပဉ္စမပညတ်တစ်ခုတည်းသာလျှင် ကတိတော်တစ်ခုပူးတွဲပါလာသည်။ သို့ရာတွင် ယင်းပညတ်တော်အပေါ် ပေါ့ပေါ့ဆဆသဘောထား၍ ချစ်သူ ၏တောင်းဆိုချက်ကိုလိုက်လျောရင်း ပညတ်တော်ကိုလုံးဝလျစ်လျူရှုထား လိုက်ကြသည်။ မိခင်၏မေတ္တာကိုမထီလေးစားပြု၍ ဖခင်၏ကြည့်ရှုပြုစုခြင်းကို ငြင်းပယ်ခြင်းတို့သည် လူငယ်လူရွယ်တို့ကျူးလွန်နေကြသော အပြစ်ဒုစရိုက် ဖြစ်သည်။ AH1Burm 83.1

ဤထိမ်းမြားမင်္ဂလာကိစ္စနှင့်ပတ်သက်၍ မဟာအမှားတော်ကြီးတစ်ခု သည်ကား အသက်နုပျို၍ အတွေ့ အကြုံနည်းသောလူငယ်လူရွယ်တို့သည် သူတို့၏ချစ်ရေးကြိုက်ရေးကိစ္စတွင် အနှောင့်အယှက်မရှိစေလိုကြ။ အဘယ် သူတစ်ဦးတစ်ယောက်မျှဝင်ရောက်ရှုပ်ထွေးခြင်းမပြုစေလိုကြပါ။ အကယ်၍ ရှုထောင့်အမျိုးမျိုးမှကြည့်ရှုသင့်သောအကြောင်းအရာရှိလျှင် ယင်းအကြောင်း သည် ထိမ်းမြားမင်္ဂလာကိစ္စပင်ဖြစ်သည်။ သူတစ်ပါးတို့အတွေ့အကြုံ၏ အကူအညီနှင့် နှစ်ဦးနှစ်ဘက်သောသူတို့အနေဖြင့် ယင်းကိစ္စကို စိတ်အေးအေး ဖြင့်လည်းကောင်း၊ သေချာဂနစွာဖြင့်လည်းကောင်း ချင့်ချိန်ခြင်းတို့သည် အမှန်တကယ်လိုအပ်သောကိစ္စများဖြစ်သည်။ မြောက်မြားစွာသောသူတို့က ယင်းကိစ္စကိုပေါ့ပေါ့ဆဆကိုင်တွယ်ကြသည်။ ဘုရားသခင်နှင့်ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေသောမိဘတို့ကို တိုင်ပင်ကြပါ။ လူငယ်လူရွယ်အပေါင်းတို့၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ထံဆုတောင်းကြပါ။ AH1Burm 83.2

ဘုရားတရားရှိသောမိဘများကိုယုံမှတ်လွှဲအပ်ပါ - သင်တို့၏ မိဘတို့သည် ဘုရားတရားရှိသောပုဂ္ဂိုလ်များဖြစ်လျှင် သူတို့ထံမှအကြံဉာဏ်ကို တောင်းယူပါ။ သင်တို့၏မျှော်မှန်းချက်များနှင့်အကြံအစည်များကို သူတို့ အားရင်ဖွင့်ပါ။ သူတို့၏ဘဝအတွေ့ အကြုံများမှ သင်ခန်းစာများကိုရယူပါ။ AH1Burm 84.1

သားသမီးတို့သည် သူတို့၏မိဘများနှင့်ပိုမိုရင်းနှီးလျှင် သူတို့၏ ဝမ်းမြောက်ခြင်းများနှင့်ဝမ်းနည်းခြင်းများကို ယုံယုံကြည်ကြည်ဖြင့်ပြောပြလျှင် သူတို့၏အနာဂတ်ရေးတွင် ဦးနှောက်ခြောက်စရာများစွာတို့ကို ရှောင်ရှား နိုင်ပေလိမ့်မည်။ မည်သည့်လမ်းစဉ်မှန်ကန်ကြောင်းနှင့်ပတ်သက်၍ ခေါင်းရှုပ် နေလျှင် ယင်းကိစ္စကိုအရှိတိုင်း သူတို့မိဘများထံတွင်တင်ပြ၍ အကြံဉာဏ် ကိုတောင်းယူပါ။ သားသမီးတို့ ရင်ဆိုင်ရမည့်အန္တရာယ်များကိုညွှန်ပြရန် ဘုရားတရားရှိသောမိဘတို့ထက် တော်သင့်သေးသောသူရှိပါသေးသလား။ သားသမီးတို့၏ထူးခြားသော စိတ်နေသဘောထားကို မိဘတို့လောက်နား မလည်သောသူရှိသေးသလား။ ခရစ်ယာန်ဖြစ်သောသားသမီးတို့သည် လောက ဆိုင်ရာကောင်းချီးမင်္ဂလာတိုင်းထက် သူတို့၏ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေ သော မိဘတို့၏မေတ္တာနှင့်သဘောတူညီချက်တို့ကို ရိုသေလေးစားကြမည်။ မိဘများအနေဖြင့် သားသမီးတို့အားကိုယ်ချင်းစာနာပြီး ဘုရားသခင်သည် သူတို့အားကာကွယ်စောင့်ထိန်းလမ်းပြပို့ဆောင်ရန် သူတို့အတွက်သူတို့နှင့် အတူ ဆုတောင်းပတ္ထနာပြုနိုင်ကြသည်။ အခြားအရာအားလုံးတို့ထက် သူတို့ အားဘယ်အခါမျှမမေ့လျော့သော မိတ်ဆွေကြီးနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တော် မူသောယေရှုရှင်ကို ညွှန်ပြနိုင်သည်။ AH1Burm 84.2

လူငယ်လူရွယ်တို့၏စုံမက်ခြင်းတို့ကို မိဘတို့ကလမ်းညွှန်ပေးရန် - လူငယ်လူရွယ်တို့သည် သူတို့နှင့်သင့်လျော်သောသူတို့ကိုသာ ရွေးချယ် မေတ္တာမျှစေရန် မိဘတို့အနေဖြင့် သူတို့၏စုံဖက်ခြင်းတို့ကိုလမ်းညွှန်ပေးရန် တာဝန်ရှိကြောင်းသိရှိကြရမည်။ သားသမီးတို့သည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှစတင်၍ စင်ကြယ်မြင့်မြတ်လျက်ကောင်းသောအရာနှင့် မှန်ကန် သောအရာတို့ကိုအာရုံပြုစေရန် မိဘတို့သည် မိမိတို့ကိုယ်တိုင်၏ဆုံးမသြဝါဒ ဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ကျေးဇူး တော်အကူအညီအားဖြင့်လည်းကောင်း သူတို့၏အကျင့်စာရိတ္တများကိုပြုပြင် ပေးရန် တာဝန်ရှိကြောင်းကိုသိရှိကြရမည်ဟူသောအရာသည် တူသောအရာ ကိုဆွဲဆောင်သည်။ တူသောအရာသည် တူသောအရာကိုနှစ်သက်သည်။ သမ္မာတရား၊ ဖြူစင်ခြင်းနှင့်ကောင်းမြတ်ခြင်း စသောပါရမီများကို နှစ်သက် သောစိတ်သဘောမျိုးကို စောစောကတည်းက သွတ်သွင်းထားပေးပါလေ။ ထိုသို့ပြုလျှင် လူငယ်လူရွယ်တို့သည် ယင်းအကျင့်သီလရှိသောသူတို့၏ အသိုက်အဝန်းတွင် ကျင်လည်ရန်ကြိုးပမ်းလိမ့်မည်။ AH1Burm 85.1

ဣဇာက်၏စံနမူနာ - မိဘတို့၊ သားသမီးများ၏အနာဂတ် ပျော်ရွှင်မှုအတွက် စီမံဖန်တီးပေးရမည့်တာဝန်ကို မိဘတို့အနေဖြင့် ဘယ်အခါ မျှမျက်ခြည်မပြတ်သင့်ပေ။ ဖခင်ကြီး၏ဆုံးဖြတ်ချက်ကို သားဣဇာက်က ရိုသေလေးစားခြင်းသည် နားထောင်တတ်သောဘဝအသက်တာမျိုးကို မြတ်နိုးစေသည့် သင်ကြားပို့ချမှု၏ရလဒ်ဖြစ်သည်။ AH1Burm 85.2

ကမ္ဘာကြီးအားကောင်းချီးမင်္ဂလာများခံစားစေမည့် ကတိတော်များကို အမွေခံနိုင်သူအဖြစ်ခန့်ထားခြင်းကို ခံ စားရသောအခါ ဣဇာက်သည် ဘုရားသခင်၏ထူးခြားသောဂုဏ်ပြုခြင်းကိုခံရလေသည်။ သို့စေကာမူ၊ သူသည် အသက်လေးဆယ်သို့ရောက်ရှိသောအခါ သူ့ဖခင်ကြီးကသူ့အတွက်ဇနီးလောင်း ရွေးချယ်ပေးရန် ဝါရင့်ပြီးဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသည့် လူယုံတော် ကြီးဖြစ်သောအစေခံကြီးကို ခန့်ထားသောအခါ သူ့ဖခင်၏ဆုံးဖြတ်ချက်ကို သူလက်ခံလေသည်။ ယင်းအစီအစဉ်အရ ထိမ်းမြားမင်္ဂလာဆောင်ကြဉ်းမှု ကြောင့် ကျမ်းစာထဲ၌ဖော်ပြပါရှိသည်အတိုင်း ချမ်းမြေ့သာယာသောဂေဟာ တစ်ခုကို တည်ထောင်နိုင်လေသည်။ “ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့် အမိသေ သောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။” AH1Burm 85.3

ဉာဏ်အမြော်အမြင်ရှိသောမိဘတို့သည် ချင့်ချိန်ဆင်ခြင်တတ် မည် - “သားသမီးတို့၏သဘောထားကိုဂရုမစိုက်ဘဲ မိဘများအနေဖြင့် သူတို့စိတ်ကြိုက်အိမ်ထောင်ဖက်ကို ရွေးချယ်သင့်သလား” ဟု သင်တို့က မေးမြန်းကြသည်။ ကျွန်ုပ်အနေဖြင့်သင်တို့အား မေးသင့်မေးထိုက်သော မေးခွန်းတစ်ခုကိုမေးပါမည်။ မိဘများအနေဖြင့် သူတို့၏သားသမီးများကို ချစ်လျှင် သူတို့၏ပျော်ရွှင်မှုကိုအဓိကအားဖြင့်ထိခိုက်သော ယင်းကိစ္စတွင် သူတို့နှင့်ရှေးဦးစွာညှိနှိုင်းခြင်းမရှိဘဲနှင့် သားသမီးတို့က သူတို့စိတ်ကြိုက် အိမ်ထောင်ဖက်ကိုရွေးချယ်သင့်သလား။ မိဘတို့၏အကြံဉာဏ်နှင့်တောင်းပန် ချက်များကိုဂရုမစိုက်ဘဲ သားသမီးတို့၏စိတ်ကြိုက်အိမ်ထောင်ဖက်ကိုသာ အဓမ္မရွေးချယ်သင့်သလား။ ထိုကဲ့သို့လုံးဝမပြုလုပ်ရဟု ကျွန်ုပ်အနေဖြင့် ပြောပြပါရစေ။ ယင်းကဲ့သို့ ဇွတ်တရွတ်ပြုလုပ်ခြင်းမျိုးကို ပဉ္စမပညတ်တော် ကတားမြစ်ထားသည်။ “သင်၏ထာဝရဘုရားသခင်ပေးသနားတော်မူသော ပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း သင်၏မိဘကိုရိုသေစွာပြု လော့။” ဤပညတ်ချက်တွင် ကတိတော်တစ်ခုပါရှိ၍ ယင်းပညတ်ကို လိုက်နာကျင့်သုံးသောသူတို့အား ယင်းကတိတော်အတိုင်း မုချဆောင်ရွက် ပေးတော်မူလိမ့်မည်။ ဥာဏ်ပညာအမြော်အမြင်ရှိသောမိဘတို့သည် သားသမီးတို့၏လိုအင်ဆန္ဒကိုမထောက်ထားဘဲ သူတို့အတွက်အိမ်ထောင်ဖက် ကို ဘယ်အခါမျှရွေးချယ်လိမ့်မည်မဟုတ်ပေ။ AH1Burm 86.1