Go to full page →

အပိုင်း (၆)—အိမ်ဂေဟာသစ် AH1Burm 161

အခန်း ၁၉—နေအိမ်သစ်ထူထောင်ထားရှိအပ်သောနေရာ AH1Burm 163

နေအိမ်တည်ဆောက်ရန်နေရာကိုရွေးချယ်ရာတွင် လမ်းညွှန် အခြေခံသဘောတရား - နေအိမ်ထူထောင်ဆောက်လုပ်ရန်နေရာကိုရွေးချယ် ရာတွင် ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏အိမ်ထောင်သားများကို ဝန်းရံထားမည့်ကျင့်ဝတ်နှင့် ဘာသာရေးဆိုင်ရာသြဇာသက်ရောက်မှုများကို ဦးစားပေးစဉ်းစားကြရန် ဘုရားသခင်အလိုရှိတော်မူသည်။ AH1Burm 163.1

ကျွန်ုပ်တို့၏ဝိညာဉ်ရေးဆိုင်ရာတိုးတက်မှုကို အကောင်းဆုံးအထောက် အကူပြုမည့် လူ့အသိုက်အဝန်းကိုရွေးချယ်၍ ကျွန်ုပ်တို့လက်လှမ်းမီသော အထောက်အကူရရှိသမျှကိုအရယူ၍ ဝိညာဉ်ရေးတိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်ရမည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်သို့သွားရာလမ်း၌ လျှောက်လိုက်ရာ ကျွန်ုပ်တို့၏တိုးတက်မှုကို ခက်ခဲနိုင်သမျှခက်ခဲအောင် စာတန်သည်ပြုလုပ်လိမ့်မည်။ ကျွန်ုပ်တို့သည် ခဲရာခဲဆစ်အခြေအနေများကို ရင်ဆိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် အများသောသူတို့သည် သူတို့ စိတ်ကြိုက်ပတ်ဝန်းကျင်များကို မရရှိနိုင်ကြပေ။ သို့ရာတွင် ခရစ်ယာန် စာရိတ္တအဆောက်အအုံကိုဆောက်လုပ်ရာတွင် ကျွန်ုပ်တို့သွားရောက်နေထိုင် မပြုမိရန် သတိပြုရကြမည်။ အကယ်၍ တာဝန်အရ ယင်းနေရာများတွင် သွားရောက်နေထိုင်ရကြမည်ဆိုလျှင် ကျွန်ုပ်တို့အထူးသတိဝီရိယကြီးစွာထား ရှိ၍ ကျွန်ုပ်တို့ခရစ်တော်၏ကျေးဇူးတော်အားဖြင့် ညစ်ညမ်းမှုများနှင့်မရှိစေ ရန် ဆုတောင်းလျက်နေကြရမည်။ AH1Burm 163.2

အရာဝတ္ထုခပ်သိမ်းတို့အား အရှိအရှိတိုင်းတန်ဖိုးထား၍ ရာသက်ပန် တည်တံ့မည့်အရာဖြစ်သော တန်ဖိုးအရှိဆုံးအရာများကိုရယူရန်၊ အတတ်နိုင် ဆုံးကြိုးပမ်းကြရန် ဧဝံဂေလိတရားတော်က သင်ကြားထားသည်။ နေအိမ် ကိုတည်ထောင်ဆောက်လုပ်ရန် တာဝန်ရှိသူများအတွက် ဤသင်ခန်းစာသည် အထူးလိုအပ်သောသင်ခန်းစာဖြစ်သည်။ သူတို့သည် အမြင့်မားဆုံးသော ရည်စူးချက်မှ အနည်းငယ်မျှပင်လွဲဖယ်သွားခြင်းမပြုအပ်ပေ။ AH1Burm 163.3

နေအိမ်တည်ထောင်ဆောက်လုပ်ရန်နေရာကို ရွေးချယ်သောအခါ အထက်ပါရည်စူးချက်အရ ဆောင်ရွက်ရန်မမေ့ပါနှင့်၊ စည်းစိမ်ချမ်းသာ တိုးတက်ရေး၊ ခေတ်ဆန်ရေး (သို့မဟုတ်) ရပ်ကွက်၏ထုံးတမ်းစဉ်လာများ နှင့်ရင်ပေါင်တန်းရေးများ စသောမက်မောမှုတို့၏ချုပ်ကိုင်မှုကို မခံကြပါနှင့်။ ရိုးသားခြင်း၊ စင်ကြယ်ခြင်း၊ ကျန်းမာခြင်းနှင့်စစ်မှန်သောတန်ဖိုးရှိခြင်းတို့ကို ဆောင်ကြဉ်းပေးမည့်အရာများကို စဉ်းစားဆင်ခြင်ပါ။ AH1Burm 164.1

လူသားတို့၏လုပ်ဆောင်ချက်ကိုသာ တွေ့ရှိရသောနေရာမျိုး၌ လည်းကောင်း၊ တွေ့ ရသောရှုခင်းနှင့်ကြားရသောအသံဗလံတို့သည် ဒုစရိုက် ကိုအားပေးအားမြောက်ပြုနေရာမျိုး၌လည်းကောင်း၊ စိတ်ပင်ပန်းခြင်းနှင့် စိုးရိမ်ကြောင့်ကြမှုဖြစ်စေသော ရုန်းရင်းဆန်ခတ်ဖြစ်သောနေရာမျိုး၌လည်း ကောင်း၊ နေအိမ်ဆောက်လုပ်နေထိုင်ခြင်းမပြုဘဲ ဘုရားသခင်၏လက်ရာ တော်များကို တွေ့မြင်နိုင်သောနေရာများတွင်နေထိုင်ရာ သဘာဝဓမ္မကြီး၏ လှပခြင်းနှင့် ငြိမ်သက်သာယာခြင်းတို့၌ စိတ်ဝိညာဉ်၏ငြိမ်သက်သာယာမှု ကိုရှာပါ။ မျက်စိများအားစိမ်းလန်းစိုပြည်သောလယ်ကွက်များ၊ သစ်ပင်အုပ်ငယ် များနှင့် တောင်ကုန်းတောင်တန်းများကို တွေ့ မြင်ပါလေစေ။ မြို့၏ဖုန်မှုန့် မြူမှုန့်များ၊ မီးခိုးများတို့ဖြင့် ပိတ်မှောင်မနေသော မိုးကောင်းကင်ကိုမော်ကြည့် ၍ ကောင်းကင်မှအားဖြည့်သောလေကောင်းလေသန့်ကိုရှူရှိုက်ပါ။ AH1Burm 164.2

စံပြပထမအိမ်ဂေဟာ - ကျွန်ုပ်တို့ပထမဆုံးမိဘနှစ်ပါးတို့၏အိမ် ဂေဟာသည် လောကကြီးတွင်နေထိုင်ရန် ထွက်ခွာသွားကြသောသူတို့၏ သားစဉ်မြေးဆက်တို့အတွက် စံပြအိမ်ဖြစ်ရမည်။ ဘုရားသခင်ကိုယ်တော် တိုင် လက်တော်ဖြင့်လှပအောင်ပြုပြင်ပေးတော်မူသော ယင်းပထမအိမ်ဂေဟာ သည် ထွန်းတောက်ဆန်းကြယ်သော နန်းတော်ကြီးမဟုတ်ပေ။ ဝါကြွား တတ်သောလူသားတို့သည် လှပ၍တန်ဖိုးကြီးသောအဆောက်အအုံများကို ဆောက်လုပ်၍ သူတို့လုပ်ကိုင်သမျှတို့တွင် ဂုဏ်ယူတတ်ကြသည်။ သို့ရာ တွင် ဘုရားသခင်သည် အာဒံအားဥယျာဉ်တစ်ခုထဲတွင် နေရာချထားပေး တော်မူခဲ့သည်။ ယင်းသည် အာဒံ၏အိမ်ဂေဟာလည်းဖြစ်သည်။ အပြာရောင် မိုးကောင်းကင်သည် ယင်းအိမ်ဂေဟာ၏အမိုးဖြစ်သည်။ လှပတင့်တယ်ရှုချင် စဖွယ်သောပန်းများနှင့် စိမ်းလန်းစိုပြည်သော မြက်ပင်များပေါက်ရောက် လျက်ရှိသော ဘူမိကမ္ဗလာမြေမွေ့ ရာကြီးသည် ယင်းအိမ်ဂေဟာ၏ ကြမ်းပြင် ကြီးဖြစ်သည်။ လှပပေါက်ရောက်နေသောသစ်များ၊ အရွက်ထူထပ်သော သစ်ခက်တို့သည် ယင်းအိမ်ဂေဟာ၏တန်ဆာဆင်အပ်သော နဖူးစည်းလည်း ဖြစ်သည်။ ယင်းအိမ်ဂေဟာ၏နံရံများကို ပြိုင်ယှဉ်သူကင်းသည့် ပန်းချီဆရာ ကြီးဖြစ်တော်မူသော ဘုရားသခင်၏မွမ်းမံခြယ်လှယ်ထားတော်မူသော အလှပဆုံးသဘာဝဓမ္မကြီးဖြစ်သည်။ သန့်ရှင်းသောတူစုံမောင်နှံတို့၏ ပတ်ဝန်းကျင်တွင်ရှိသော ရာသက်ပန်သင်ခန်းစာမှာကား စစ်မှန်သောပျော်ရွှင် မှုကို ကိုယ်တော်ရှင်ဖန်ဆင်းထားတော်မူသောအရာများမှတစ်ဆင့် ဘုရားသခင် နှင့်မိတ်သဟာယဖွဲ့ခြင်းတွင် တွေ့မြင်ခြင်းဖြစ်သည်။ လူသားတို့သည် ပကတိမဟုတ်၊ လူလုပ်သောအရာများကိုအာရုံမပြုဘဲ ပိုမိုရိုးသားသောစိတ် သဘောထားများကိုမွေးမြူလျှင် သူတို့ကိုဖန်ဆင်းတော်မူရာတွင် ဘုရားသခင် ၏ရည်စူးချက်နှင့် များစွာနီးကပ်လာကြလိမ့်မည်။ ဝါကြွားမှုနှင့်ကြီးမြတ် ထင်ပေါ်လိုသောဆန္ဒတို့သည် မည်သည့်အခါမျှကျေနပ်မှုကိုမပေးပေ။ သို့ရာ တွင် စစ်မှန်သောဉာဏ်ပညာရှိသောသူတို့သည် ဘုရားသခင်ကလူတိုင်းအား ကမ်းလှမ်းထားတော်မူသောဝမ်းမြောက်ရွှင်လန်းမှုတည်ရာဌာနများတွင် တည်တံ့ခိုင်မြဲသောဟာဒယရွှင်ဆေးကို တွေ့ ရှိကြလိမ့်မည်။ AH1Burm 164.3

ကိုယ်တော်ရှင်၏သားတော်အတွက် လောကဆိုင်ရာအိမ်ကို ဘုရားသခင်ရွေးချယ်တော်မူခြင်း - လူသားတို့အတွက် အကြီးကျယ်ဆုံး အလုပ်ကို အပြီးဆောင်ရွက်တော်မူရန် ယေရှုရှင်သည် ဤလောကသို့ကြွလာ တော်မူခဲ့သည်။ ဘဝအသက်တာ၏အမွန်မြတ်ဆုံးသောအကျိုးကျေးဇူးများကို ရရှိစေရန်၊ ဘယ်ကဲ့သို့နေထိုင်ရမည်ကို ကျွန်ုပ်တို့အားပြသရန် ကိုယ်တော်ရှင် သည် ဘုရားသခင်၏သံတမန်အနေဖြင့် ကြွလာတော်မူသည်။ အနန္တတန်ခိုးရှင် ခမည်းတော်ဘုရားသည် ကိုယ်တော်၏သားတော်အတွက် မည်သည့် အခြေအနေများကို ရွေးချယ်ချမှတ်တော်မူသနည်း။ ဂါလိလဲတောင်ကုန်းများ တွင် လူသီးခြားနေသောအိမ်ဂေဟာ၊ ရိုးသား၍ကိုယ်ကိုလေးစားမှုရှိသော အလုပ်အကိုင်ဖြင့် သက်မွေးဝမ်းကျောင်းရှာသောအိမ်ထောင်၊ ရိုးသားစွာ နေထိုင်ခြင်း၊ နေ့စဉ်ဘဝအသက်တာ၏ရုန်းကန်မှုကို ရင်ဆိုင်ရသောအိမ်ထောင်၊ ကိုယ်ကိုအနစ်နာခံခြင်း၊ ခြိုးခြံစွာနေထိုင်ခြင်း၊ သည်းခံ၍ဝမ်းမြောက်စွာ တာဝန်ကိုထမ်းခြင်း၊ မယ်တော်ထံတွင် ကျမ်းစာစာလိပ်ဖွင့်၍ သင်ကြား နာယူမှတ်သားခြင်း၊ စိမ်းလန်းစိုပြည်သောတောင်ကြားအရပ်တွင် ဆိတ်ငြိမ် သောအရုဏ်တက်ချိန်နှင့်နေဝင်ဆည်းဆာအချိန်၊ သဘာဝ၏ဓမ္မ၏သန့်ရှင်း ဆောင်ရွက်မှုများ၊ ဖန်ဆင်းခြင်းနှင့်ဘုရားသခင်စောင့်ရှောက်တော်မူခြင်းကို လေ့လာခြင်း၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရခြင်း၊ ဤအရာများသည် ယေရှုရှင်၏နုပျိုသောဘဝအသက်တာတော်တွင် အခြေအနေများနှင့်အခွင့်အရေး များဖြစ်သည်။ AH1Burm 165.1

ကတိထားသောပြည်တော်၌တောရွာအိမ်ဂေဟာများ - ကတိ ထားသောပြည်တော်တွင် မှန်ကန်သောအကျင့်စာရိတ္တများပုံသွင်းမှုအတွက် သင့်လျော်သောအခြေအနေများတွင် တောထဲ၌အစပြုခဲ့သောစည်းကမ်းကို ဆက်လက်၍ကျင့်သုံးသွားသည်။ လူတို့သည် မြို့ကြီးများတွင် ပြွတ်သိပ်၍ မနေထိုင်ကြဘဲ အိမ်ထောင်တိုင်းသည် ကိုယ်ပိုင်မြေရှိရာ ကျန်းမာမှုအပြည့် အဝဖြင့်နေထိုင်ရသော ကောင်းချီးမင်္ဂလာကို ခံစားရကြသည်။ AH1Burm 166.1

ယောဟန်စာရိတ္တအပေါ်ပတ်ဝန်းကျင်၏ထိခိုက်မှု - ခရစ်တော် ရှေ့တော်ပြေးဖြစ်သောယောဟန်သည် သူ့ရှေးဦးပညာသင်ကြားမှုကို သူ့မိဘ များထံမှရရှိခဲ့ပါသည်။ သူသည် တောတွင်း၌အကြာဆုံးနေထိုင်ခဲ့သည်။ မြို့ကြီးပြကြီးများ၏ပျော်ရွှင်မှုများနှင့် စည်းစိမ်များကိုစွန့်၍ တောတွင်း၌ ချို့တဲ့စွာနေထိုင်ရသောဘဝကြမ်းကို ရွေးချယ်ခဲ့လေသည်။ ဤနေရာတွင် သူ့ပတ်ဝန်းကျင်သည်သူရိုးသား၍ ကိုယ်ကိုငြင်းပယ်သောအကျင့်ဓလေ့များ နှင့် အခါအခွင့်သင့်လေသည်။ လောကဆူပူမှုများနှင့်နှောင့်ယှက်ဖျက်ဆီးမှု များကင်းလွတ်သောကြောင့် သူသည်တောထဲတွင် သဘာဝ၏သင်ခန်းစာ များ၊ ဗျာဒိတ်များနှင့် ဘုရားသခင်၏စောင်မကြည့်ရှုခြင်းတို့ကို လေ့လာ နိုင်ကြသည်။ သူငယ်စဉ်တောင်ကျေးကလေးဘဝမှအစပြု၍ သူ့ရှေ့တွင် သူဆောင်ရွက်ရသောအမှုတော်ကိုထားရှိခဲ့၍ သူ့အနေဖြင့်သန့်ရှင်းသောအပ်နှင်း မှုကိုလက်ခံလေသည်။ သူ့အတွက်ကန္တာရ၏ဆိတ်ညံမှုသည် မယုံသင်္ကာ ရှိခြင်း၊ မယုံကြည်မှုနှင့်မသန့်ရှင်းခြင်းတို့ဖြင့် ပြည့်နှက်နေသော လူ့အသိုက် အဝန်းမှ ကင်းလွတ်ခွင့်ရရှိလေသည်။ စုံစမ်းနှောင့်ယှက်ခြင်းကိုခံနိုင်ရန် သူ့ခွန်အားကိုသူမယုံကြည်ဘဲ အပြစ်ကြီးမားသည့် သူ့အသိတရားပျောက် ကင်းသွားမည်ကိုစိုးရိမ်သောကြောင့် အပြစ်ဒုစရိုက်နှင့်တွေ့ထိရင်ဆိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။ AH1Burm 166.2

အခြားလူကြီးလူကောင်းများဆင်ခြေဖုံးအိမ်ဂေဟာများတွင် မွေးဖွားကြီးပြင်းလာခြင်း - ခေတ်အမျိုးမျိုးတွင် အတော်ဆုံးနှင့်အမြင့် မြတ်ဆုံးသောပုဂ္ဂိုလ်မြောက်မြားစွာသည် ယောဟန်ကဲ့သို့ တောတွင်းကြီးပြင်း လာသူများဖြစ်ခဲ့ကြသည်။ အာဗြဟံ၊ ယာကုပ်၊ ယောသပ်၊ မောရှေ၊ ဒါဝိဒ် နှင့်ဧလိရှဲတို့၏ကိုယ်ရေးရာဇဝင်များကိုဖတ်ကြည့်ပါ။ ယုံကြည်အားထားရ၍ တာဝန်ကြီးသောရာထူးများ၊ တာဝန်ယူထမ်းဆောင်ကြသော နောင်တစ်ခေတ် ပုဂ္ဂိုလ်ကြီးများတို့၏ဘဝမှတ်တမ်းများကို လေ့လာကြည့်ပါ။ AH1Burm 167.1

ဤပုဂ္ဂိုလ်ကြီးများတို့သည် ဆင်ခြေဖုံးအိမ်ဂေဟာများတွင် မွေးဖွား ကြီးပြင်းလာကြသည်။ သူတို့သည် စည်းစိမ်ဆိုသည်ကိုမသိရှိကြပေ။ သူတို့ ၏လူငယ်ဘဝကို အပျော်အရွှင်များဖြင့် အချိန်ကုန်စေရခဲ့ခြင်းမရှိကြပေ။ အများသောယင်းပုဂ္ဂိုလ်ကြီးများသည် ဆင်းရဲခြင်းနှင့်ခက်ခဲခြင်းများကို ရင်ဆိုင်ရုန်းကန်လာခဲ့ကြရသည်။ သူတို့၏ဘဝဦးပိုင်းတွင် အလုပ်လုပ်ကိုင် ရန် သင်ကြားလေ့လာကြသည်။ လဟာပြင်တွင်ကျင်လည်ခဲ့သော သူတို့၏ လှုပ်ရှားမှုများသောဘဝအသက်တာက သူတို့ကိုအားအင်နှင့်ပြည့်ဝစေ၍ သူတို့၏နဂိုစွမ်းရည်များကို လိုသလိုအသုံးပြုစေရန် အထောက်အကူပြုလေ သည်။ သူတို့ကိုယ်ပိုင်ငွေကြေးနှင့်အင်အားကိုသာ အားကိုးအားထားပြုခဲ့ရ သောကြောင့် သူတို့သည် အခက်အခဲများကိုဆိုင်ပြိုင်တိုက်လှန်၍ ခလုတ် တံသင်းများကိုကျော်နင်းလျက် သူရသတ္တိနှင့်ဇွဲလုံ့လတို့ကို ရရှိခဲ့ကြသည်။ ကိုယ်ကိုကိုယ်အားကိုးခြင်းနှင့် ကိုယ်ကိုချုပ်တည်းခြင်းဆိုင်ရာ သင်ခန်းစာ များကိုလေ့လာသင်ကြားခဲ့ကြသည်။ ယုတ်မာရိုင်းစိုင်းသော အပေါင်းအသင်း များနှင့် အများအားဖြင့်ကင်းလွတ်ခဲ့ကြသောကြောင့် သူတို့သည် သဘာဝ ပျော်ရွှင်မှုများနှင့်သင့်လျော်သောပေါင်းဖော်မှုများဖြင့် ကျေနပ်ခဲ့ကြသည်။ သူတို့၏ဝါသနာများသည်ရိုးသား၍ အကျင့်ဓလေ့များမှာလည်း ခြိုးခြံမှ ပေါ်တွင်အခြေပြုကြသည်။ သူတို့သည် ကျင့်ဝတ်နှင့်ကြီးစွာပြည့်စုံသူများ ဖြစ်၍ စင်ကြယ်ခြင်း၊ ကြံ့ခိုင်ခြင်းနှင့်မှန်ကန်ခြင်း စသောကျင့်ကောင်းသီလ များကို လက်ကိုင်ထား၍ ကြီးပြင်းလာကြသည်။ သူတို့၏ဘဝအသက်တာ ဆိုင်ရာတာဝန်ကိုထမ်းရန် အချိန်ကျရောက်လာသောအခါ သူတို့သည် ကာယ ဗလ၊ ဉာဏဗလကြံ့ခိုင်သောစိတ်သဘောထား၊ စီမံကိန်းရေးဆွဲခြင်းနှင့်စီမံ ကိန်းများကို အကောင်အထည်ဖော်သောသတ္တိ၏မကောင်းမှုတို့ကို မဆုတ်မနစ် တွန်းလှန်ဖြိုဖျက်ခြင်း စသောအရည်အချင်းတို့ဖြင့် ဆောင်ရွက်ကြသောကြောင့် ကမ္ဘာပေါ်တွင် ကောင်းကျိုးပြုနိုင်သောအင်အားကြီးများအနေဖြင့် ရပ်တည် နေကြသည်။ AH1Burm 167.2