Go to full page →

ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းတရားဟောချက် EvBur 207

လွယ်ကူသောစကား၊ ရှင်းလင်းသောဖော်ပြချက် - ဧဝံဂေလိပိုက်ကွန်ကို သင်မည်ကဲ့သို့အသုံးပြုရမည်ကိုသင်ယူရန် ဘုရားရှင်အလိုရှိသည်။ ဤအတတ် ပညာကိုသင်ယူရန် လူများစွာတို့၌လိုအပ်နေသည်။ သင်၏အလုပ်၌အောင်မြင် ခြင်းရရှိရန် သင်၏ပိုက်ကွန်အကွက်များ၊ သင်အသုံးပြုသောနှုတ်ကပတ်တော် များ သင်နှင့်နီးကပ်စွာရှိရမည်ဖြစ်ပြီး လွယ်ကူစွာအဓိပ္ပါယ်ခွဲခြားတတ်စေရ မည်။ ထိုနောက် ပိုက်ကွန်ထဲသို့အများဆုံးဆွဲယူပါ။ အချက်ကျအောင်ပြုလုပ် ပါ။ သင်၏သရုပ်ဖော်ခြင်းများကို ကိုယ်တွေ့ အထောက်အထားများဖြင့် တင်ပြပါ။ လူတစ်ဦး၏အသိဉာဏ်သည် မည်ရွေ့မည်မျှကြီးမားစေကာမူ၊ သူတစ်ပါးတို့နှင့်ဆက်သွယ်မှုမပြုနိုင်ပါက မည်သို့မျှအကျိုးမပြုနိုင်ပါ။ သင်၏ သူတစ်ပါးစိတ်ကိုထိခိုက်အောင်ပြောဆိုနိုင်သည့်ကရုဏာသံ၊ ၎င်း၏လေးနက် သောခံစားချက်တို့သည် စိတ်နှလုံးများထဲ၌ ၎င်း၏တန်ခိုးသြဇာသက်ရောက် ခြင်းရှိလိမ့်မည်။ သင်၏တပည့်များကို ဘုရားသခင်ထံ မိမိတို့၏ကိုယ်ကို အပ်နှံရန်တောင်းဆိုပါ။ [Ev 174.4] EvBur 207.1

သင်၏ရှင်းပြချက်များကိုရှင်းလင်းစေပါ။ အကြောင်းမှာ ရှင်းပြချက် များကို နားမလည်သောသူများစွာရှိနေကြောင်း ကျွန်ုပ်သိသည်။ သင်၏စကား ကို သန့်ရှင်းသောဝိညာဉ်တော်အားပြုပြင်ပေးစေပြီး၊ မကောင်းသောအရာများ မှသန့်ရှင်းပေးစေပါ။ ကလေးများကိုပြောသကဲ့သို့ပြောပါ။ အကြောင်းမှာ အများသောသူတို့သည် အသက်အရွယ်အားဖြင့်ကြီးသော်လည်း မိမိတို့၏ နားလည်မှုသည် ကလေးကဲ့သို့သာရှိနေသောကြောင့်ဖြစ်သည်။ [Ev 175.1] EvBur 207.2

စိတ်အားထက်သန်စွာဆုတောင်းခြင်း၊ လုံ့လဝီရိယနှင့်ကြိုးစားခြင်း အားဖြင့်ဟောပြောရန် သင့်လျော်သောစကားကို သင်ရရှိလိမ့်မည်။ ဤသင် ရရှိသည့်သင့်လျော်သောစကားလုံးတိုင်းကိုလည်း ရှင်းစွာပြောဆိုနိုင်ခြင်းပါဝင် ပြောဆိုလိုသောကိစ္စများအတွက် တန်ခိုးပါစွာ၊ ထိရောက်စွာပြောဆိုနိုင် လိမ့်မည်။ တချို့သောသူတို့သည် လျင်မြန်စွာစကားပြောတတ်သည်။ စကား တစ်လုံးပြီးတစ်လုံး လျင်မြန်စွာပြောသောကြောင့် သူတို့၏ပြောဆိုသောအကြောင်း အရာ၏ထိရောက်မှုကိုပျောက်သွားစေသည်။ သင်ပြောသောအရာထဲ၌ ခရစ်တော် ၏စိတ်ဓာတ်နှင့်အသက်တာကိုထည့်သွင်းပါ။ ကြားနာရသောသူများအတွက် ကယ်တင်ခြင်းသို့ပို့ဆောင်သော ဘုရားသခင်၏တန်ခိုးတော်ပါရှိလိမ့်မည်။ ဧဝံဂေလိသတင်းစကားကို ရိုးစင်းစွာဖြင့်ဟောပြောပါ။ Counsels to Teachers, pp. 253-255. (1913) [Ev 175.2] EvBur 207.3

တရားဟောချက်ပြင်ဆင်ခြင်း၌အာရုံပြုခြင်း - အမှန်တရားဟောပြောခြင်း သည် အရေးကြီးသောကိစ္စအပြည့်ပါရှိပြီး အကယ်၍လူထုပရိသတ်ရှေ့၌ ဤဟောပြောချက်များကို သေချာစွာစဉ်းစား၍ပြင်ဆင်ခြင်း၊ အကယ်၍တိုတုတ် ပြီး အကြောင်းအရာပြည့်စုံစွာပါဝင်ခြင်း၊ အကယ်၍ခရစ်တော်၏စိတ်ဓာတ် သည် ပြောဆိုမှုများနှင့်အတူပါရှိခြင်းရှိပါက မည်သူမျှအမှောင်ထဲ၌ကျန်ရှိနေ မည်မဟုတ်ပါ။ ဝိညာဉ်ခွန်အားမရရှိပါဟုလည်း ရေရွတ်ပြောဆိုမည့်သူများ ရှိမည်မဟုတ်ပါ။ အကျိုးကျေးဇူးသည် ဟောပြောသူနှင့်ကြားနာသူနှစ်ဘက် စလုံး၏ပြင်ဆင်မှုအပေါ် များစွာမူတည်လျက်ရှိသည်။ EvBur 208.1

ယခုပင်ကျွန်ုပ်သတိပြုမိသော သူတစ်ပါးပြောဆိုခဲ့သည့်စကားအနည်း ငယ်ကို ဤနေရာ၌ကျွန်ုပ်ပြန်၍ပြောဆိုလိုပါသည်။ “ရှည်သောတရားဟော ချက်ကို ကျွန်ုပ်အမြဲသိသည်ဟု တစ်ပတ်အတွင်းအမြဲလိုလိုနေသောအသင်း တော်မှ အသင်းသားတစ်ဦးပြောခဲ့သည်။ သေချာစွာလေ့လာသောအခါ၊ သူဟောပြောသောအရာများသည် အနေတော်ပင်ဖြစ်သည်။ သို့သော် ၎င်းသွန်သင်ချက်များအထဲ၌ ကြားနာရသူများအတွက် မေ့ပျောက်သွားရန် မလွယ်ကူသလောက်ဖြစ်သည်။ သို့သော် ပြင်ဆင်ရန်အချိန်မရှိသောအခါ သူ၏တရားဟောချက်များသည် သဘာဝမကျသော ရှည်လျားသည့်တရား ဟောချက်များဖြစ်သွားပြီး စိတ်ထဲ၌မည်သည့်အချက်အလက်များကိုပင် မှတ်မိ မှတ်သားနိုင်ရန် မလွယ်ကူသည်ကိုတွေ့ ရပါသည်။” [Ev 176.1] EvBur 208.2

အဆိုသင်မည်မျှကြာရှည်စွာတရားဟောလေ့ရှိသနည်းဟု စွမ်းဆောင်နိုင် သောဓမ္မဆရာတစ်ဦးအမေးခံရသည်။ “ကျွန်တော်သေချာစွာပြင်ဆင်မှုပြုသည့် အခါ နာရီဝက်ဟောပါသည်။ ကောင်းကောင်းပြင်ဆင်မှုမပြုရသည့်အခါ တစ်နာရီကြာကြာဟောပါသည်။ သို့သော် ပြင်ဆင်ခြင်းမရှိဘဲ တရားပလ္လင် ပေါ်တက်ပြီးဟောရသည့်အခါ ကျွန်တော်စိတ်ကြိုက်ဟောချင်သလိုဟောပြီး မည်သည့်အချိန်၌အဆုံးသတ်ရမည်ကို ကျွန်တော်မသိတော့ပါ။” [Ev 176.2] EvBur 209.1

ဤနေရာ၌တန်ခိုးပါသောအဆိုအမိန့်တစ်ခုရှိသေးသည်။ စာရေးဆရာ တစ်ဦးပြောခဲ့သည်မှာ၊ “ကောင်းသောသိုးထိန်းတစ်ဦးသည် သူ၏လက်ဆွဲ အိတ်ငယ်လေးထဲ၌ သူ၏ခွေးစားချင်သလောက်မုန့်လုံလောက်စွာရှိသည်။ နည်းနည်း၊ များများ၊ အနေတော် အစရှိသဖြင့် သူ၏ခွေးအားကျွေးရမည့် သူ၏စိတ်အားထက်သန်မှုသည် သူ့ခွေးအပေါ်မူတည်ပါသည်။ သူ့အိတ်ထဲ၌ မုန့်အပြည့်ရှိခြင်းသည် သူ၏စိတ်ထဲ၌အသုံးဝင်သောအသိပညာရှိနေခြင်းဖြစ် သည်။ သူ၏သိုးစုများကို ဝိညာဉ်ခွန်အားပြည့်၀စွာကျွေးမွေးရန် သူသည် အမြဲအဆင်သင့်ရှိရမည်။ Letter 47, 1886. [Ev 176.3] EvBur 209.2

ဝိညာဉ်အစာကြွေးခြင်းကိုကာကွယ်ခြင်း - “ကျွန်ုပ်နာရီဝက်ထက်ပိုပြီးတရား မဟောလိုပါ” ဟုသစ္စာရှိပြီး စိတ်အားထက်သန်သည့်တရားဟောဆရာတစ်ဦး အတွက် မိမိပြင်ဆင်မှုမရှိသောတရားဟောချက်ကို မည်သည့်အခါမျှမဟော ပြောခဲ့ပါသည်။ ဤတရားဟောဆရာသည် မိမိ၏တရားနာပရိသတ်များတို့ သည် ဝိညာဉ်ရေးအစာကြေရန်အတွက်အားနည်းကြသည်။ အကယ်၍ သူတို့ ကြားလိုသောသူဖြစ်သည်။ ထိုနောက် သူပြောခဲ့သည်မှာ၊ “တချို့သောသူတို့ လက်ခံနိုင်သောအချိန်၌ တရားဟောချက်ကိုရပ်လိုက်ရမည့်အစား နောက်ထပ် နာရီဝက်ဆက်လက်ဟောကြားခြင်းဖြင့် သူတို့အတွက်မည်သည့်အကျိုးမျှမရှိ သည့်ပြင် ပထမနာရီဝက်၌ ဟောပြောခဲ့သောအကြောင်းအရာကိုပါ မေ့ပျောက် သွားမည်ဖြစ်ပါက ကျွန်ုပ်အတွက်ဝမ်းနည်းစရာပင်ဖြစ်ပါလိမ့်မည်။” Letter 47, 1886. [Ev 176.4] EvBur 209.3

သင်၏ရှည်လျားသောဟောပြောချက်ကိုအတိုချုံးလိုက်ပါ - တချို့သောသင်၏ ရှည်လျားစွာဟောပြောခြင်းကို အကယ်၍သုံးပိုင်းပိုင်းလိုက်ပါက လူတို့အတွက် ပို၍ထိရောက်ပေလိမ့်မည်။ လူတို့သည် များစွာလက်ခံနိုင်စွမ်းမရှိပါ။ သူတို့ ၏စိတ်ထဲ၌ပင် သဘောပေါက်မည်မဟုတ်ပါ။ သူတို့အတွက်တစ်ကြိမ်တည်း တွင် များစွာဟောပြောခြင်းအတွက် မောပန်းခြင်းနှင့်ရှုပ်ထွေးခြင်းကိုဖြစ်စေ လိမ့်မည်။ ရှည်လျားသောတရားဟောချက်၏သုံးပုံနှစ်ပုံတို့သည် ပျောက်သွား မည်ဖြစ်ပြီး ဟောပြောသူအနေဖြင့်လည်း အားအင်ကုန်ခန်းသွားမည်ဖြစ်သည်။ ဤနေရာ၌ အမှားပြုမိသောဓမ္မအမှုဆောင်များစွာရှိသည်။ သူတို့အတွက် ကောင်းကျိုးမရှိပါ။ သူတို့၏ဦးနှောက်ပင်ပန်းပြီး ဘုရားသခင်အတွက်လေးလံ သောဝန်ထုပ်ကိုထမ်းနေရခြင်း၊ ခက်ခဲမှုကိုရင်ဆိုင်နေရခြင်းသာဖြစ်သည်။ [Ev 176.5] EvBur 210.1

အမှန်တရားသည် ဂုဏ်ပုဒ်နှင့်အလုပ်အားဖြင့် ရေပန်းစားသောတရား ပလ္လင်များပေါ်မှ ဟောကြားသည့်အမှားများနှင့်များစွာခြားနားပြီး လူတို့ရှေ့၌ ပထမအကြိမ်ဟောကြားသောအခါ လူတို့အားလွှမ်းမိုးလုမတတ်ဖြစ်သည်။ ၎င်းသည် မာကျောသောအသားကဲ့သို့ဖြစ်သောကြောင့် ဉာဏ်အမြော်အမြင် ပြည့်စုံစွာဖြင့် ခွဲခြားဝေဖန်ကြရမည်။ လူတချို့တို့သည် အတွေးအခေါ်တစ်ခု ကို လျင်မြန်စွာရိပ်မိနိုင်သော်လည်း အခြားသူတချို့တို့သည် ဟောကြားသော ခြေလှမ်းတိုင်း၌ကပ်တိုင်ရှိနေပြီး ကြီးမားသည့်ပြောင်းလဲမှုကိုပြုရမည့်အကြောင်း ပါရှိသည့်သစ်လွင်၍အံ့သြဖွယ်သောအမှန်တရားများပါရှိပါသည်။ သူတို့အား သင်ဟောပြောသော ဤအံ့ဖွယ်အမှန်တရားသတင်းစကားကို ကောင်းမွန်စွာ နားလည်ရန် သူတို့ကိုအချိန်ပေးပါ။ [Ev 177.1] EvBur 210.2

တရားဟောပြောသူများတို့သည် မိမိတို့နှင့်အတူ လူတို့၏နားလည် မှုနှင့်သနားခြင်းများကို ကြိုးစား၍ယူဆောင်သွားသင့်သည်။ လူတို့မလိုက်နိုင် သည့် မြင့်လွန်းသောအရာများကိုမပြောပါနှင့်။ အမှန်တရားကိုအချက်ကျကျ တစ်ခုပြီးတစ်ခု၊ ဖြည်းညင်းစွာဖြင့်ရှင်းလင်းစွာပြောပြီး လိုအပ်သည့်အရေးကြီး သောအချက်အနည်းငယ်ကိုသာ ပရိသတ်များ၏သခင်ယေရှုအားဖြင့်သေချာ သောနေရာ၌ ခိုင်မြဲစွာသံမှိုရိုက်ထားသကဲ့သို့ပြောဆိုပါ။ အကယ်၍ အဆုံးသတ် သင့်သောနေရာ၌အဆုံးသတ်ပြီး တစ်ကြိမ်တည်းမှာပင်ထပ်မံ၍သူတို့ကိုမပြော ပါက သူတို့နားလည်မည်ဖြစ်ပြီး သူတို့အတွက်အကျိုးရှိမည်ဖြစ်သည်။ ထိုနောက် သူတို့အနေဖြင့် ပို၍နားထောင်လိုစိတ်ရှိမည်ဖြစ်ပြီး သူတို့၏စိတ် ဝင်စားခြင်းသည် ဆက်လက်တည်ရှိမည်ဖြစ်သည်။ Letter 39, 1887. [Ev 177.2] EvBur 210.3

စိတ်ဝင်စားစွာပြောဆိုနိုင်သောသူတစ်ဦး၏ဂုဏ်သတင်း - သင်၏စိတ်အား ထက်သန်မှုဟူသရွေ့ကို သင်၏အလုပ်ထဲ၌တတ်နိုင်သမျှထားရှိပါ။ သင်၏ ရှိသည်။ ပထမတစ်ခုအနေဖြင့် သင်သည် သူတစ်ပါးအတွက်စိတ်ဝင်စားဖွယ် ဟောပြောသောအချက်များကိုတိုစေပါ။ ဤကဲ့သို့ပြုရခြင်းအကြောင်းရင်းနှစ်ခု ဂုဏ်သတင်းကျော်ကြားသော တရားဟောဆရာတစ်ဦးဖြစ်ရန်ဖြစ်သည်။ ဒုတိယ အချက်အနေဖြင့် သင်၏ကျန်းမာခြင်းကိုထိန်းသိမ်းနိုင်ရန်ဖြစ်သည်။ Letter 112, 1902. [Ev 177.3] EvBur 211.1

လန်းဆန်းသောအတွေးအခေါ်ပါရှိသည့်တရားဟောချက်များ - သင်၏ရှည်လျား သောဟောပြောခြင်းအားဖြင့် ပရိသတ်များတို့ကို မည်သည့်အခါမျှမငြီးငွေ့စေ နှင့်ခွန်အားကို ကျွန်ုပ်တို့၏ပြောဆိုသောအချက်တိုင်း၌ ကျွန်ုပ်တို့၏ဆန့်ကျင် ကျွန်ုပ်၏ညီအစ်ကိုများကို တိုသောတရားများဟောကြရန်နှင့် မိမိတို့၏အချိန် သူများကိုအောင်မြင်ရန် အမှန်တရား၏အရေးကြီးသောအချက်များကို ရှင်းလင်း စွာဖြင့်ဟောပြောကြရပါမည်။ အမှုတော်လုပ်ငန်းနှင့်အဆက်အသွယ်ရှိသူအားလုံး တို့သည် လန်းဆန်းသောအတွေးအခေါ်များကိုထားရှိရမည်။ ထိုနောက် သင်၏ ပါးနပ်မှုနှင့်အမြော်အမြင်အားဖြင့် တတ်နိုင်သမျှသင်၏တရားနာပရိသတ်များ တို့သည် သင်၏လုပ်ငန်းကိုစိတ်ဝင်စားခြင်းရှိရန် သူတို့အားလုံးကိုခေါ်ဆောင် ပါနှင့်။ နှစ်ပေါင်းများစွာဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်ဆောင်ရွက်နေပြီး၊ ရမည်။ Letter 48, 1886. [Ev 178.1] EvBur 211.2

အမှန်းကို စိတ်နှလုံးနှင့် ထိတွေ့စေပါ - ပြောဆိုသောအချက်ဟူသမျှ တို့၌ အမှန်တရား၏အသုံးပြုပုံသည် စိတ်နှလုံးကိုထိတွေ့ မှုရှိစေပါ။ ကြားရ သူတိုင်းနားလည်ကြပြီး ယောက်ျား၊ မိန်းမ၊ လူငယ်လူရွယ်များအားလုံး ဘုရားရှင်၌နိုးကြားထကြွခြင်းရှိစေပါ။ Testimonies to Ministers, p. 258. (1896) [Ev 178.2] EvBur 212.1

လွ ယ် ကူ စွာနားလည် သဘောပေါက် ခြင်း - လွယ်ကူစွာနားလည်ရန် နှုတ်ကပတ်တော်ကိုသာဟောပြောပါ။ မိမိတို့၏မျှော်လင့်ခြင်း၊ ထာဝရအသက် ၏ဗဟိုဖြစ်သည့် ယေရှုခရစ်တော်ထံသို့ လူတို့ကိုယခုဆောင်ယူလာပါ။ သူတို့အားဘုရားသခင်၏နှုတ်ကပတ်တော်သို့ခေါ်ဆောင်လာသောအခါ ၎င်းကို ရိုးစင်းသောနည်းဖြင့်ဟောပြောမည်ဆိုလျှင် တရားမျိုးစေ့ကြီးပွားလာလိမ့်မည်။ ထိုနောက် မကြာမီအသီးအနှံကိုရိတ်သိမ်းရလိမ့်မည်။ အစေ့စိုက်ပျိုးခြင်းသည် သင်၏လုပ်ငန်းဖြစ်ပြီး၊ အစေ့ပြန့်ပွားခြင်းသည် ဘုရားသခင်၏လှပသောအလုပ် ဖြစ်သည်။ Letter 34, 1896. [Ev 178.3] EvBur 212.2

ဟောပြောခြင်းတိုင်းတွင် လက်တွေ့ဘုရားဝတ်၌မွေ့လျော်ခြင်း - လွန်ခဲ့သော အနှစ်နှစ်ဆယ်ကထက် ယခုအချိန်၌လူတို့၏စိတ်နှလုံးများကို ဆွဲဆောင်ရန် ပို၍ခက်သည်။ ပြောင်းလဲခြင်းအချေအတင်စကားများကို အကောင်းဆုံးပြောဆို ကြလိမ့်မည်။ သို့သော် အပြစ်သားများတို့သည် အမြဲလိုပင်ကယ်တင်ခြင်းနှင့် ဝေးနေကြပုံပေါ်ကြောင်းတွေ့ ရပါသည်။ ဓမ္မဆရာများတို့သည် ယုံကြည်ခြင်း အကြောင်းဆိုင်ရာ တရားဟောချက်များကို တစ်ခုနောက်တစ်ခုမဟောသင့် တော့ပါ။ လက်တွေ့ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုသာ ဟောပြောသောစကား တိုင်း၌ပေါ်လွင်သင့်ပါသည်။ Review and Herald, April 23, 1908. EvBur 212.3

သားသတင်းစကား၏စစ်မှန်သောအရာများကို ဟောပြောခြင်း - ထူးခြားသောအခါ သမယတစ်ခု၌ သရုပ်ဆောင်မင်းသား Betterton သည် ဆရာတော်ဘုန်းကြီး Dr. Sheldon နှင့် အတူစားသောက်လျက်နေကြစဉ်၊ ဆရာတော်သည် သရုပ်ဆောင်မင်းသားအား၊ “မင်းသားကြီး၊ ခင်ဗျားစိတ်ကူးနဲ့ပြောတဲ့အရာ တွေဟာ တန်ခိုးနဲ့ပြည့်၀ပြီး ပရိသတ်တွေကိုသိပ်ပြီးဆွဲဆောင်နိုင်တာဘာကြောင့် လဲ” ဟုမေးပါသည်။ ထိုအခါမင်းသားပြန်၍ပြောသည်မှာ၊ “ဆရာတော်ကြီး၊ အကြောင်းကတော့ ရှင်းရှင်းလေးပါပဲ။ စိတ်အားထက်သန်မှုရဲ့ တန်ခိုးပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့စင်မြင့်ပေါ်ရောက်တဲ့အခါ စိတ်ကူးနဲ့ပြောတဲ့ အရာတွေကို အမှန်တကယ်ဖြစ်သလို စိတ်အားထက်သန်မှုနဲ့အစစ်အမှန်လို ကျွန်တော်တို့ပြောကြတဲ့အတွက်ဖြစ်ပါတယ်။ ခင်ဗျားတို့ကတော့ တရားပလ္လင် ပေါ်မှာ စစ်မှန်တဲ့အရာတွေကိုစိတ်ကူးယဉ်တဲ့အရာလိုပြောကြပါတယ်” ဆိုပြီး ပြန်ဖြေလိုက်ပါသည်။ Counsels to Teachers, p. 255. (1913) Ev 179.1] EvBur 212.4

ညှိနှိုင်းခြင်းမရှိ - ကျွန်ုပ်တို့သည် ကမ္ဘာပေါ်ရှိလူတို့အား အမှန်တရား ပြောကြားရာ၌ တွန့်ဆုတ်ခြင်း၊ တောင်းပန်တိုးလျှိုးခြင်းပြုရန်မလိုပါ။ လျှို့ဝှက် ခြင်းကိုရှုတ်ချရမည်။ လူတို့နှင့်ကောင်းကင်တမန်များကိုရင်ဆိုင်ရန် သင်၏ အရောင်များ (ကောင်းသောကိုယ်ကျင့်တရားများ) ကိုထင်ရှားစေပါ။ ခရစ်တော် ကိုမြော်လင့်သော သတ္တမနေ့အသင်းဝင်များတို့သည် မှားယွင်းသောအရာများ တို့နှင့် ညှိနှိုင်း၍သဘောတူညီခြင်းမပြုကြောင်း လူတို့ကိုနားလည်စေပါ။ သင်၏ယူဆချက်များနှင့်ယုံကြည်ခြင်းတွင် ယိမ်းယိုင်ခြင်းအနည်းငယ်ကိုမျှ မပေါ်လွင်စေရပါ။ လောကီသားတို့သည် ကျွန်ုပ်တို့၌မည်သည့်မျှော်လင့်စရာ များရှိနေကြောင်းကို သိခွင့်ရစေပါ။ Manuscript 16, 1890. [Ev 179.2] EvBur 213.1

ကျွန်ုပ်တို့ ၏ကမ္ဘာလုံးဆိုင်ရာသတင်းစကား - ကျွန်ုပ်တို့သည် ဘုရားသခင် ၏အခြေခံအမှန်တရားများ၏ယုံကြည်ခြင်း၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသည်။ ကျွန်ုပ်တို့၌ကမ္ဘာလုံးဆိုင်ရာသတင်းစကားတစ်ခုရှိသည်။ ဘုရားသခင်၏ပညတ် တော်နှင့် ယေရှု၏သက်သေခံခြင်းများသည် ကျွန်ုပ်တို့၏လုပ်ငန်းဝန်ထုပ်ကြီး ဖြစ်သည်။ Letter 37, 1887. [Ev 179.3] EvBur 213.2

ဝိညာဉ်နိုးကြားခြင်းအတွက် ဟောပြောခြင်း - နောင်တရကြပါ၊ နောင်တရ ကြပါဟူသောသတင်းသည် တောထဲ၌နှစ်ခြင်းဆရာယောဟန်အားဖြင့် ကြွေးကြော် သောသတင်းစကားဖြစ်သည်။ လူတို့အတွက် ခရစ်တော်၏သတင်းစကားသည် “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့် မည်” လုကာ ၁၃း၅။ ထိုကြောင့် နေရာတိုင်း၌ရှိကြသောလူသားများနောင်တ ရရန်အတွက် တမန်တော်များတို့အားဟောပြောရန် ဘုရားရှင်သည် အမိန့် ပေးခဲ့ပါသည်။ [Ev 179.4] EvBur 213.3

ယနေ့ဘုရားသခင်သည် မိမိ၏အစေခံများကို ကျွန်ုပ်တို့၏ဧဝံဂေလိ အယူဝါဒအဟောင်းဖြစ်သည့် အပြစ်အတွက်ဝမ်းနည်းကြပါ။ နောင်တရ၍ မိမိတို့၏အပြစ်များကို ဝန်ချတောင်းပန်ကြပါဟူသောသတင်းစကားကိုဟော ပြောရန်အလိုရှိသည်။ ကျွန်ုပ်တို့သည် ခေတ်ဟောင်းတရားဟောချက်များ၊ ခေတ်ဟောင်းဓလေ့ထုံးစံများ၊ ဣသရေလပြည်၌ ခေတ်ဟောင်းမိဘများကို အလိုရှိသည်။ အပြစ်သားတစ်ဦးသည် ဘုရားသခင်၏ပညတ်တော်ကိုကျူးလွန် သူတစ်ဦးဖြစ်ကြောင်းနှင့် ဘုရားသခင်ထံနောင်တရပြီး သခင်ယေရှုခရစ်ကို ယုံကြည်လာသည်အထိ ကျွန်ုပ်တို့သည်ကြိုးစားကာ စိတ်အားထက်သန်စွာ ပညာသားပါပါဖြင့်လုပ်ဆောင်ကြရမည်။ Undated Manuscript 111. [Ev 179.5] EvBur 214.1

နှစ်သိမ့်ခြင်း၊ တန်ခိုးနှင့်ပြည့်ဝသောဟောပြောခြင်း - သင်သည် ဧဝံဂေလိ သတင်းစကားကို ရှင်းလင်းစွာနားလည်သဘောပေါက်သင့်သည်။ ဘာသာရေး အသက်တာသည် မှောင်မိုက်ခြင်းနှင့်ဝမ်းနည်းခြင်းအသက်တာမဟုတ်ပါ။ ခရစ်တော်နှင့်တူသောဂုဏ်သိက္ခာရှိခြင်းနှင့် သန့်ရှင်းသောလေးနက်မှုပေါင်းစည်း ထားသော ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းအသက်တာဖြစ်သည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်အားဖြင့် သံသယစိတ်၊ ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်စရာအန္တရာယ်ကျရောက်တော့မည်ဟုထင်ခြင်းတို့ကို မြတ်နိုးရန်အား မပေးပါ။ ဤအရာများသည် စိတ်နှလုံးသက်သာခြင်းကိုမပေးပါ။ ချီးကျူး ခြင်းထက်ပြစ်တင်ခြင်းကိုပြုရပါမည်။ ကျွန်ုပ်တို့သည် ပြော၍မကုန်သော ဝမ်းမြောက်ခြင်းနှင့် ဘုန်းတော်ပြည့်ဝခြင်းရှိရမည်။ ကျွန်ုပ်တို့၏ပျင်းရိခြင်းကို ဖယ်ရှားလိုက်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပို၍အမြဲလေ့လာရပါ လိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုအစဉ် လိုအပ်ပါက၊ အကယ်၍ဝိညာဉ်တော်ပါရှိခြင်းဖြင့် အစဉ်ဟောပြောလိုပါက ယခုအချိန်ပင်ဖြစ်ပါသည်။ Manuscript 6, 1888. [Ev 180.1] EvBur 214.2

ကျေနပ်အားရဖွယ်လက်ရှိအမှန်တရားသတင်းစကား - ယခု၊ ယခုပင် ကျွန်ုပ် တို့သည် ယုံကြည်စိတ်ချခြင်းနှင့်တန်ခိုးဖြင့် လက်ရှိအမှန်တရားကိုကြွေးကြော် ဟောပြောရပါလိမ့်မည်။ ဝမ်းနည်းစရာတီးလုံးမျိုးကိုမတီးပါနှင့်၊ ဈာပနအခမ်း အနားသီချင်းမျိုးကိုမဆိုပါနှင့်။ Letter 311, 1905. [Ev 180.2] EvBur 215.1

ကြီးမားသောပျက်စီးဆုံးရှုံးမှုအပေါ်မည်ကဲ့သို့ ဟောပြောရမည်နည်း - စွန့်ပစ်ခြင်း ခံရသောသူများကို မြှင့်တင်ပေးပါ။ ကြီးမားသောပျက်စီးဆုံးရှုံးခြင်းများကို ဝမ်းနည်းဖွယ်ကောင်းချီးမင်္ဂလာများကဲ့သို့ ပူဆွေးခြင်းများကို ကရုဏာများ ကဲ့သို့သဘောထားပါ။ စိတ်ပျက်ဖွယ်ရာကောင်းသောနေရာ၌ မျှော်လင့်ခြင်း ရုတ်တရက်ပေါ်ထွက်လာစေရန်လုပ်ဆောင်ပါ။ Testimonies, vol. 7, p. 272. (1902) ([Ev 180.3] EvBur 215.2

ကတိုက်ကရိုက်ပြုလုပ်ခြင်းကြောင့် မကောင်းသောဟောပြောခြင်းမျာကိုဖြစ်စေသည် - အရာတစ်ခုမှအခြားတစ်ခုသို့ ကတိုက်ကရိုက်ပြုလုပ်ရသောအခါဖြစ်စေ၊ သင်၌ လုပ်ဆောင်စရာများစွာရှိသောကြောင့် ဘုရားသခင်နှင့်စကားပြောရန်အချိန်မရှိ သောအခါဖြစ်စေ၊ ရှိနေပါက သင်၏လုပ်ငန်း၌တန်ခိုးရရှိရန် သင်မည်ကဲ့သို့ မျှော်လင့်မည်နည်း။ ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များမှ နှေးကွေး၍အသက်မပါ သောတရားများကိုဟောပြောရခြင်း၏အကြောင်းရင်းမှာ သူတို့သည် လောက နှင့်ဆိုင်သောအရာအမျိုးမျိုးအားဖြင့် မိမိတို့၏အချိန်နှင့်အာရုံကို ဆွဲဆောင်ခွင့် ပြုခြင်းကြောင့်ဖြစ်သည်။ Testimonies, Vol. 7, p. 251. (1902) [Ev 180.4] EvBur 215.3

အားနည်းသောဟောပြောခြင်းများကိုရှောင်ပါ - တို၍ရှင်းလင်းပြီးအချက်များ ပါရှိသည်။ မတိကျသောအရာအားလုံးကိုရှောင်ရှားပါ။ အကျိုးကြီးမားစွာရရှိ လိမ့်မည်။ စည်းဝေးသို့သင်မတက်ရောက်မီ စာရေးခြင်းအားဖြင့်သော်လည်း ကောင်း၊ အခြားကိစ္စများအားဖြင့်သော်လည်းကောင်း ဘုရားသခင်သည် သင်၏ခွန်အားများကိုကုန်ခန်းရန် မပြုလုပ်စေလိုပါ။ အကြောင်းမှာ သင်၏ မောပန်းသောစိတ်ကြောင့် လူတို့ကိုမပြည့်စုံသောဟောပြောခြင်းများကိုသာ ဟောပြောလိမ့်မည်။ သင်၏လုပ်ငန်း၌ လန်းဆန်းသစ်လွင်သောခွန်အားကို အသုံးပြုပါ။ သင့်ကြိုးစားမှုတိုင်းတို့၌ မပြည့်မစုံသောပြောဆိုခြင်း၊ လုပ်ဆောင် ခြင်းမျိုးကို အနည်းငယ်ကိုမျှလူတို့ကိုမတွေ့ မြင်စေပါနှင့်။ [Ev 181.1] EvBur 215.4

အကယ်၍ကိစ္စတစ်ခုခုကြောင့် သင်မောပန်းပြီးအားအင်ကုန်ခန်းနေ ပါက ခရစ်တော်၏နာမကိုထောက်ပြီး ဟောပြောခြင်းမပြုပါနှင့်။ သင့်အစား မောပန်းခြင်း၊ အားနည်းခြင်းမရှိသူကို တိုတိုတုတ်တုတ် အချက်ကျကျဟော ပြောခိုင်းခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းပြုလုပ်ရန်ခိုင်းပါ။ သို့သော် ညံ့ဖျင်းသောဟောပြောခြင်းကိုမပြုလုပ်ပါနှင့်။ ပရိသတ်အားလုံးတို့သည် ယုံကြည် သူများသာဖြစ်ပါက ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် အန္တရာယ်နည်းမည်ဖြစ် သည်။ သို့သော် အမှန်တရားကိုမယုံကြည်သောသူများတို့ရှေ့၌ ဟောပြော ရမည်ဖြစ်ပါက၊ ဟောပြောသူသည် မိမိကိုယ်ကိုဤလုပ်ငန်းအတွက်ပြင်ဆင် ရလိမ့်မည်။ အေးအေးဆေးဆေးပျင်းရိဖွယ်ဟောပြောခြင်းမပြုရဘဲ ရှင်းလင်း စွာဖြင့်အချက်တစ်ခုပြီးတစ်ခု တိကျစွာဟောပြောခြင်းအားဖြင့် သူဟောပြော သောအချက်များကို သူကိုယ်တိုင်ကောင်းမွန်စွာနားလည်ကြောင်း ပရိသတ် များရှေ့၌ပေါ်လွင်လိမ့်မည်။ Letter 48, 1886. [Ev 181.2] EvBur 216.1

အတုအပတန်ဆာဆင်ခြင်းများ - ဧဝံဂေလိဓမ္မအမှုဆောင်များကို ဘုရားသခင် ခေါ်သောအခါ မိမိတို့၌ရှိသည်ထက် ပို၍အတုအပကိုဆင်မြန်းလျက် လူတို့ ရှေ့၌ပြသရန်၊ လူတို့၏ချီးမြှောက်ခြင်း၊ သြဘာပေးခြင်းကိုခံရရန်၊ ပညာရှိ၍ အပြောကောင်းသူတစ်ဦးဖြစ်ကြောင်း သူတစ်ပါးသိစေရန်အတွက်မဟုတ်ပါ။ အမှုဆောင်၏ရည်ရွယ်ချက်သည် သမ္မာကျမ်းစာကိုစေ့စေ့စပ်စပ်ရှာဖွေလေ့လာ ပြီး ဘုရားသခင်နှင့်မိမိစေလွှတ်တော်မူသောယေရှုခရစ်တော်ကို သိရှိသင့်သမျှ သိရန်အတွက်ဖြစ်ပါစေ။ ဓမ္မအမှုဆောင်များတို့သည် ခရစ်တော်ကိုပို၍ရှင်းလင်း စွာသိရှိပြီး သူ၏ဝိညာဉ်ကိုရရှိသောအခါ၊ ရိုးစင်းသောအမှန်တရားဖြစ်သည့် ခရစ်တော်သည် ကျွန်ုပ်တို့၏ယုံကြည်ဟောပြောချက်၏အချုပ်အခြာဖြစ်ကြောင်း သူတို့သည် ပို၍တန်ခိုးကြီးစွာဖြင့် ဟောပြောနိုင်လိမ့်မည်။ Review and Herald, March 24, 1896. EvBur 216.2

“အာဝဇ္ဇန်းရွှင်သော တရားဟောချက်များ - ဓမ္မအမှုဆောင်သည် လင်္ကာ ကဗျာရွတ်ဆိုခြင်းနှင့် စိတ်ကူးယဉ်မှုဖြင့် ဆန်းပြားသောတင်ဆက်မှုများတို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး၊ လူတို့ကိုအထက်အရပ်သို့ခေါ်ဆောင်နိုင်ခြင်းဖြင့် လူတို့ ၏ခံစားမှုကိုကျေနပ်စေပြီး စိတ်ကူးယဉ်ခြင်းကိုပြည့်ဝစေမည်ဖြစ်သော်လည်း လူတို့၏ရိုးရိုးအသက်တာဘဝ၏ဗဟုသုတကို အကျိုးမပြုနိုင်ခြင်း၊ နေ့စဉ် လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်းနှင့် မိမိတို့အတွက်အိမ်သို့ယူဆောင် သွားရမည့် စိတ်ဝင်စားဖွယ်အရေးအကြီးဆုံးအမှန်တရားများကို မရရှိကြပါ။ ချက်ချင်းလိုအပ်ချက်များ၊ လက်ရှိစုံစမ်းခြင်းများ၊ လိုအပ်သောလက်ရှိအမအစ နှင့်ခွန်အား၊ မေတ္တာဖြင့်အလုပ်လုပ်သောယုံကြည်ခြင်းနှင့် ဝိညာဉ်ကိုဖြူစင်စေ ခြင်းများတို့ကို ကျွန်ုပ်တို့၏နေ့စဉ်လျှောက်လှမ်းရမည့် လက်တွေ့ ခရစ်ယာန် အသက်တာဘဝအတွက် စစ်မှန်သောတန်ခိုးသြဇာမပါ သောစကားများအားဖြင့် ရရှိနိုင်ခြင်းမရှိပါ။[Ev 182.1] EvBur 217.1

ဓမ္မအမှုဆောင်သည် သူ၏စိတ်ကူးယဉ်သော အာဝဇ္ဇန်းကောင်းခြင်း ဖြင့် ဘုရားသခင်၏သိုးစုကိုကျွေးမွေးရာ၌ ကြီးမားသောအရာများကိုပြုလုပ် နိုင်သည်ဟု ထင်မည်ဖြစ်သည်။ ကြားနာရသောသူများအနေဖြင့် ဤလှပ သောရည်ရွယ်ချက်များကို တစ်ခါမျှမကြားခဲ့ရခြင်း၊ လှပသောဘာသာစကား ဖြင့် အမှန်တရားကိုတန်ဆာဆင်ခြင်းများကို သူတို့တစ်ခါမျှမမြင်ခဲ့ရခြင်းနှင့် ဘုရားသခင်၏အကြောင်းကို သူတို့ရှေ့၌ကြီးမားသည်ဟုတွေ့မြင်ရသည့်တင်ဆက် သို့သော် အကြောင်းရင်းနှင့်ဖြစ်ပျက်မှုကိုသုံးသပ်ကြည့်သောအခါ ဤပီတိ ခြင်းကြောင့် သူတို့၏စိတ်လှုပ်ရှားမှုပွင့်လင်းလာသည်ဟု ခံစားရပါသည်။ သောမနဿဖြစ်ရခြင်း၏ခံစားချက်သည် စိတ်ကူးယဉ်အာဝဇ္ဇန်းရွှင်သောဟော ပြောတင်ဆက်ခြင်းအားဖြင့်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းအထဲ၌ အမှန် တရားပါရှိမည်ဖြစ်ပါသည်။ သို့သော် များသောအားဖြင့် ၎င်းတို့သည် ကြားနာရသူများတို့၏နေ့စဉ်အသက်တာတိုက်ပွဲအတွက် သူတို့ကိုအကာအကွယ် ပေးနိုင်မည့်ဝိညာဉ်အစာမဟုတ်ပါ။ Manuscript 59, 1900. [Ev 182.2] EvBur 217.2

ဘေးပန်းအကြောင်းအရာများကိုထည့်သွင်းခြင်း - သူတို့သည် အရေးမကြီး သောအရာအားလုံးကို အလင်းတစ်ခုတည်း၌ သေချာစွာမမြင်နိုင်သည့်အတွက် သီးခြားနေခြင်းသည် အခွင့်အရေးတစ်ခုဟု ညီအစ်ကိုတို့မခံစားသင့်ကြပါ။ အကယ်၍ သူတို့သည် အခြေခံကျသောအမှန်တရားများအပေါ် သဘောတူ ကြပါက သေးငယ်၍အမှန်အရေးကြီးသောကိစ္စများနှင့်ပတ်သက်၍ သူတို့သည် ခွဲခြားခြင်းနှင့်ဆန့်ကျင်ခြင်းမပြုသင့်ကြပါ။ အရာအားလုံးသည် အရေးအလွန် ကြီးသောအပြစ်ဒဏ်မရှိဟု ရှုပ်ထွေးသောမေးခွန်းများအပေါ်အမှီပြုနေခြင်းသည် လွန်စွာအရေးကြီးသော ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် စိတ်နှလုံးကို အမှန်တရားများထံမှဝေးကွာသွားစေရာရောက်သည်။ ညီအစ်ကို များတို့သည် အများအားဖြင့် မိမိတို့ကိုယ်တိုင်နားမလည်သောဘေးပန်းအကြောင်း အရာများ၊ ကယ်တင်ခြင်းအတွက်မလိုအပ်သောအမှန်တရားဖြစ်သည်ဟု သူတို့ မသိသောအချက်အလက်များတို့ကို တွန်းအားပေးခြင်း၌ အထူးကိုယ်နှုတ် စောင့်စည်းသင့်ကြသည်။ EvBur 218.1

တချို့သောမထင်ရှားသည့်အရာ၊ အရေးမကြီးသောအချက်၊ ကောင်းစွာ ဖော်ပြခြင်းမရှိ၊ သို့မဟုတ် ကယ်တင်ခြင်းအတွက်မလိုအပ်သည့်အရာများထံသို့ လူတို့၏စိတ်ကိုပြောင်းလဲလိုက်ခြင်းသည် ရန်သူမာရ်နတ်၏အကြံအစည်ဖြစ် ကြောင်း ကျွန်ုပ်အားပြသသည်။ ဤလုပ်ရပ်သည် အမှန်တရား၏သန့်ရှင်း ခြင်းကို တစ်သဘောတည်းရှိစေရန် ရှာဖွေသင့်သောသူတချို့တို့အတွက် သူတို့ ၏လေ့လာရှာဖွေခြင်းနှင့်ထင်မြင်ယူဆချက်ကြောင့် ပို၍မထင်မရှားစေခြင်းနှင့် ရှုပ်ထွေးစေခြင်းကိုဖြစ်စေပြီး လက်ရှိအမှန်တရားကိုပျက်စီးစေသည်။ Undated Manuscript 111. [Ev 182.4] EvBur 218.2

ခိုင်မာသောအမှန်တရားကိုဟောပြောပါ - အကယ်၍ ကျွန်ုပ်တို့သည် စိတ်ကို လက်လွတ်စပယ်ထားပြီး ထိန်းချုပ်ထားခြင်းမရှိပါက ခရစ်တော်ကို မိမိတို့ ၏မျှော်လင့်ရာအဖြစ်ထားရှိသူများ၊ အမှန်တရားကိုရိုးသားစွာခင်တွယ်သူများနှင့် အမှန်တကယ်အရေးမကြီးသောအကြောင်းအရာများအပေါ် ဆန့်ကျင်သည့် ယူဆချက်ရှိသူများတို့အနေဖြင့် အငြင်းပွားရန်မရေတွက်နိုင်သော ခြားနားချက် များစွာရှိပေလိမ့်မည်။ ဤမဖြေရှင်းနိုင်သည့်မေးခွန်းများကို အများရှေ့၌တင်ပြ ဆွေးနွေးဖြေရှင်းသင့်ခြင်း၊ သို့မဟုတ် အကယ်၍တစ်ဦးတည်းတာဝန်ယူဖြေရှင်း လိုပါက အငြင်းပွားခြင်းမရှိစေဘဲ တိတ်တဆိတ်ဖြင့်ဖြေရှင်းသွားသင့်ပါသည်။ [Ev 183.1] EvBur 219.1

မြင့်မြတ်ဆက်ကပ်၍ ဝိညာဉ်ရေးနှင့်ပြည့်ဝသောအမှုဆောင်တစ်ဦး သည် ကြီးမား၍ခိုင်မာသောအမှန်တရားများကို ကမ္ဘာသို့ဟောပြောရမည့် လေးနက်သောသတင်းစကားဖြစ်ကြောင်း သေးငယ်သည့်ခြားနားချက်ဟူသမျှ ကို ခိုက်ရန်ဖြစ်ပွားစေရန် ဖော်ပြခြင်းမပြုဘဲ လုံလောက်သောအကြောင်းရင်း ကြောင့် လျှို့ဝှက်ထားသင့်ကြောင်း တွေ့မြင်ပေလိမ့်မည်။ ကျွန်ုပ်တို့၏စိတ်ကို မည့်အပေါ်နှင့် ဘုရားသခင်၏ပညတ်တော်အပေါ်ထားရှိစေပါ။ ဤအကြောင်း ကြီးမားသောကယ်တင်ခြင်းလုပ်ငန်းအပေါ်၊ ခရစ်တော်မကြာမီကြွလာတော့ အရာအားလုံးကိုအာရုံပြုခြင်းဖြင့် စဉ်းစားဆင်ခြင်ရန် လုံလောက်သောဝိညာဉ် အစာကို သင်တွေ့ရှိရလိမ့်မည်။ Review and Herald, Sept. 11, 1888. [Ev 183.2] EvBur 219.2

တရားဟောချက်ဝေငှခြင်း၏အသံ - တိုတိုဟောပြောပါ၊ သင်၏အသံကို ထိန်းချုပ်ပါ။ See also pp, 665-670, “The Voice of the Gospel Worker] တတ်နိုင်သမျှ သာယာသောကရုဏာသံဖြင့်ပြောဆိုပြီး ရှည်လျားစွာဟောပြော ခြင်းကြောင့် သင်၏အင်အားကိုကုန်ခန်းစေမည့်အရာကိုရှောင်ရှားပါ။ [Ev 183.3 ] EvBur 219.3

ထိရောက်သောဟောပြောခြင်းများစွာတန်ခိုးအရှိန်ပျောက်ဆုံးရခြင်း သည် သတင်းစကားကိုပြောဆိုခြင်း၏အမူအရာကြောင့်ဖြစ်သည်။ စကားပြော သောသူသည် မိမိကိုယ်ကိုမကြာခဏ ဘုရားသခင်၏စေတမန်တစ်ဦးဖြစ် ကြောင်းနှင့် သူ၏တရားနာပရိသတ်များထဲ၌ ခရစ်တော်နှင့်ကောင်းကင်တမန် များပါရှိကြောင်း မေ့သွားတတ်သည်။ သူ၏အသံသည် စူးရှသောအသံ၊ တံပိုးခရာသံကဲ့သို့ကျယ်လောင်သောအသံမဖြစ်စေရပါ။ အကြောင်းမှာ ငြိမ်သက် သောစိတ်ဓာတ်နှင့်ဝိညာဉ်တော်တန်ခိုးထက် တန်ခိုးသက်ရောက်မှုနည်းခြင်း ကြောင့်ဖြစ်သည်။ အကြီးမားဆုံးသောဆရာ၊ ယေရှုခရစ်တော်သည် သူ၏ ဟောပြောခြင်းများ၌ တည်ငြိမ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ထိမိခြင်းရှိကြောင်း လူသားတိုင်းအမြဲပင်သိရှိခဲ့သည်။ သူသည် အရာခပ်သိမ်းတို့၌ ကျွန်ုပ်တို့၏ ပုံသက်သေဖြစ်သည်။ Letter 47, 1886. [Ev 183.4 EvBur 220.1

ပြင်းထန်သောလက်ဟန်ခြေဟန်ဖြင့်စကားပြောခြင်း - ဘုရားသခင်သည် သင့်အားအမှန်တရားဟောပြောခြင်း၌ သင်၏ဟန်အမူအရာကို မှန်ကန်သော တိုးတက်မှုဖြင့် ပြုလုပ်ရန်ခေါ်တော်မူသည်။ သင့်အားသူတစ်ပါးစိတ်ဝင်စားရန် မလိုပါ။ ဘုရားသခင်၏သားတော်ယေရှုသည် နှုတ်ကပတ်တော်ကိုဟောပြော သကဲ့သို့ သင်သည်လည်း နှုတ်ကပတ်တော်ကိုဟောပြောပါ။ ပြင်းထန်သော လက်ဟန်ခြေဟန်ဖြင့်စကားပြောခြင်းသည် လူတို့၏စိတ်နှလုံးသားထဲ၌ အမှန်တရား၏တန်ခိုးထိရောက်မှုကို လွန်စွာအဟန့်အတားဖြစ်စေပြီး ဘုရားသခင် ၏ဝိညာဉ်တော်တန်ခိုးအရှိန်အဟုန်ပေါ်လွင်ခြင်းများကိုလည်း လျော့နည်းစေ ပါသည်။ ၎င်းတို့သည် ဘုရားသခင်၏လေးနက်သောနှုတ်ကပတ်တော်တန်ခိုး သက်ရောက်မှုကို သန့်ရှင်းသောကောင်းကင်တမန်များမှ လူတို့၏စိတ်နှလုံးထဲ ၌ရှိစေရန်ဆန္ဒရှိခြင်းကို ပျက်စီးစေသည်။ [Ev 184.1] EvBur 220.2

ကျွန်ုပ်၏ညီအစ်ကိုတို့၊ သင့်အတွက်သတင်းစကားတစ်ခုကို ကျွန်ုပ် အားဘုရားသခင်ပေးခဲ့သည်။ ဧဝံဂေလိဓမ္မအမှုဆောင်တစ်ဦးသည် အလွန် လေးနက်၍ သန့်ရှင်းသောအလုပ်၌လုပ်ဆောင်နေရပါသည်။ စည်းဝေးတိုင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောသည့်နေရာတွင် ကောင်းကင်တမန် များရှိပြီး ဤစည်းဝေးများကိုကျင်းပသောသူတို့သည် အရေးတကြီးလေးနက် စွာဖြင့် မိမိ၏သွန်သင်ခြင်းများ၌ ခရစ်တော်ဖော်ပြသကဲ့သို့ဆောင်ရွက်ကြရ မည်။ သမ္မာကျမ်းစာအမှန်တရားကိုတင်ဆက်ဟောပြောခြင်းတိုင်း၌ မှန်သော ပုံစံကိုချထားရမည်။ Letter 366, 1906. [Ev 184.2] EvBur 220.3