ပို၍အားထုတ်မှုဖြင့် ရှေ့သို့တိုးတက်ခြင်း - ကြီးမား၍နောက်ဆုံးသောဒုက္ခ ကာလသို့ ကျွန်ုပ်တို့နီးကပ်နေပြီး ရှေ့သို့ယခုဆောင်ရွက်ရမည့်လုပ်ငန်းကို တိုး၍ကြိုးစားလုပ်ဆောင်ကြရမည်။ အကြောင်းမှာ ကျွန်ုပ်တို့၏လုပ်ဆောင် ရမည့်လုပ်ငန်းကို ခက်ခဲမှုများဖြင့်တိုး၍မိမိ၏တန်ခိုးရှိသမျှဖြင့် မာရ်နတ် လုပ်ဆောင်လျက်ရှိခြင်းကြောင့်ဖြစ်သည်။ မတရားမှု၊ လှည့်ဖြားမှုမျိုးစုံဖြင့် လူသားတို့၏ဝိညာဉ်ကို မိမိ၏လက်ဝယ်ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်လျက်ရှိ သည်။ ဓမ္မအမှုဆောင်များနှင့် ကျွန်ုပ်တို့၏သာသနာပြုသမားတော်ကြီးများတို့ ကို ရှေ့သို့သာချီတက်ရန် ကျွန်ုပ်အားပြောဆိုရန်တာဝန်ပေးအပ်ပါသည်။ ခြေလှမ်းတိုင်းတွင် မိမိကိုယ်ကိုဆက်ကပ်ကာ ရှေ့သို့သာကြိုးစားလုပ်ဆောင် ကြရန်ဖြစ်သည်။ Letter 38, 1908. [Ev , 30.2]. EvBur 21.1
အချိန်ပြွန်းရန်မရှိ - ကျွနု်ပ်တို့အချိန်ဖြုန်းရန်မရှိပါ။ အဆုံးသို့ရောက် လုနီးပြီ။ တစ်နေရာမှတစ်နေရာသို့ အမှန်တရားကိုဝေငှရန်လမ်းကြောင်းကို မကြာမီလက်ယာဘက်၊ လက်ဝဲဘက်တို့၌ အန္တရာယ်များဖြင့်တားဆီးခြင်းခံ ရပါလိမ့်မည်။ ဘုရားရှင်၏အမှုဆောင်များတို့၏လမ်းခရီးတိုင်းကို ဟန့်တား မည်ဖြစ်သောကြောင့် မည်သည့်အရာကိုမျှမပြုနိုင်တော့သည့်ကာလသို့မရောက်မီ ယခုဆောင်ရွက်နိုင်သည့်အချိန်တွင် ဆောင်ရွက်ကြရမည်။ ကျွန်ုပ်တို့၏လုပ်ငန်း ကိုသေချာစွာသုံးသပ်ပြီး တတ်နိုင်သမျှအမှုတော်လုပ်ငန်းတိုးတက်ရန် အားသွန် ခွန်စိုက်ဓမ္မတိုက်ပွဲကိုဆင်နွှဲကြရပါမည်။ [Ev , 30.3]. EvBur 21.2
ကျွန်ုပ်အားဘုရားရှင်ပေးသောအလင်းမှ မှောင်မိုက်၏တန်ခိုးများသည် အောက်ခြေမှပြင်းထန်သောအင်အားဖြင့်လုပ်ဆောင်နေပြီး၊ မသမာသောနည်းလမ်း ဖြင့် ယခုအိပ်ပျော်နေသောသူတို့ကို ဝံပုလွေမှမိမိ၏အစာသဖွယ် မာရ်နတ် သည် ကြိုးစားလုပ်ဆောင်နေကြောင်း ကျွန်ုပ်သိရှိရပါသည်။ ကျွန်ုပ်တို့၌ ပြောကြားရန် ယခုသတိပေးသတင်းစကားများရှိနေပြီး၊ ယခုကျွန်ုပ်တို့ဆောင်ရွက် ရမည့်လုပ်ငန်းကို လုပ်ဆောင်ကြရမည်။ မကြာမီကျွန်ုပ်တို့ထင်သည်ထက် လုပ်ငန်းသည် ပို၍ခက်ခဲလာမည်ဖြစ်သည်။ အလင်းလမ်းကြောင်းအတိုင်း လျှောက်လိုက်ရန်၊ ခေါင်းဆောင်ယေရှုအားမျက်ခြည်မပြတ်ရန်နှင့် အောင်မြင် ခြင်းရရှိသည့်တိုင် သည်းခံကြိုးစားအားထုတ်လျက်လုပ်ဆောင်ကြရန် ကျွန်ုပ် တို့အား ဘုရားရှင်ကူညီမစပါလိမ့်မည်။ Testimonies, vol. 6, p. 22, (1900) [31.1]. EvBur 22.1
မြို့တွင်းသာသနာလုပ်ငန်းပို၍ခက်ခဲလာခြင်း - ဤမြို့ကြီးများအတွင်း မာရ်နတ်၏ကိုယ်စားလှယ်များတို့သည် မည်မျှတွင်ကျယ်စွာအဖျက်အဆီး လုပ်ဆောင်နေကြောင်း ကျွန်ုပ်တို့မသိပါ။ ယခုအမှန်တရားသတင်းစကားကို လူတို့ထံသို့ယူဆောင်ရန် တစ်နေ့တခြားပို၍ခက်ခဲလာပါသည်။ သစ်ဆန်း၍ အစွမ်းသတ္တိမျိုးစုံဖြင့်ပေါင်းစည်းလျက် လူတို့အတွက်လိမ္မာပါးနပ်စွာလုပ်ဆောင် ကြရပါမည်။ Medical Ministry, p. 300. 1909. [Ev , 31.2]. EvBur 22.2
အာမြို့ကြီးများအတွက်အမှုဆောင်ရန်ကောင်းသောအချိန်လွန်သွားပြီ - ကြီးမားသော အလုပ်ကိုဆောင်ရွက်ကြရမည်။ ဘုရားအမှုတော်၌ပါဝင်သောသူတို့အားပြောဆို ရန် ဘုရားရှင်၏ဝိညာဉ်တော်မှ ကျွန်ုပ်ကိုနှိုးဆော်သည်မှာ ကျွန်ုပ်တို့သတင်း စကားကို မြို့ကြီးများသို့ယူဆောင်ရန် ကောင်းသောအချိန်လွန်သွားပြီ၊ ဤ လုပ်ငန်းကိုမဆောင်ရွက်ကြရသေးပါ။ အချိန်ကာလကိုရွေးနုတ်ရန် ကျွန်ုပ်၌ ကြီးလေးသောဝန်ထုပ်တစ်ခုရှိနေကြောင်း ခံစားနေရပါသည်။ Manuscript 62, 1903. [31.3]. EvBur 22.3
အေးချမ်း၍ကောင်းမွန်သောအချိန်ကာလ၌ အသင်းတော်မှလုပ်ဆောင် ရန်ပျက်ကွက်ခဲ့သည့်အလုပ်ကို လွန်စွာခက်ခဲ၍ စိတ်ဓာတ်ကျဖွယ်ရာအကောင်း ဆုံးနှင့် တားမြစ်ခြင်းမျိုးစုံရှိနေသောအခြေအနေမျိုး၌ လုပ်ဆောင်ရပါလိမ့်မည်။ Testimonies, vol. 5, p. 463, (1885) Ev, 31.4. EvBur 23.1
ဘုရား၏ဝိညာဉ်တော်တဖြည်းဖြည်းရုပ်သိမ်းသွားခြင်း - ကျွန်ုပ်တို့နေထိုင်လျက် ရှိသောနေ့ရက်များသည် တည်ငြိမ်၍အရေးကြီးသောအချိန်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ကမ္ဘာပေါ်မှတဖြည်းဖြည်းအမှန်ပင်ရုပ်သိမ်း သွားပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကိုငြင်းပယ်သူများအပေါ် ကပ်နှင့် တရားစီရင်ခြင်းကျရောက်လျက်ရှိနေပါသည်။ ကုန်းနှင့်ပင်လယ်မှဘေးဒုက္ခများ၊ မတည်မငြိမ်သည့်အဖွဲ့အစည်းများ၊ စစ်ပွဲ၏သတိပေးချက်များတို့သည် ကြောက်မက်ဖွယ်သောသတိပေးချက်များဖြစ်သည်။ အကြီးမားဆုံးပေါ်ပေါက် လာမည့်အဖြစ်အပျက်များ နီးကပ်လာခြင်းကို ၎င်းတို့မှကြိုတင်၍ဟောကိန်း ထုတ်ထားလျက်ရှိသည်။ [Ev , 31.5]. EvBur 23.2
ဆိုးသွမ်းမှု၏ကိုယ်စားလှယ်များတို့သည် မိမိတို့၏အင်အားများကို စုစည်းလျက် ခိုင်မာစေပါသည်။ နောက်ဆုံးကြီးမားသောအရေးကြုံရာကာလ အတွက် အင်အားဖြည့်ဆည်းလျက်ရှိသည်။ မကြာမီကြီးစွာသောပြောင်းလဲ ခြင်းသည် ဤကမ္ဘာကြီးပေါ်သို့ရောက်ရှိလာပြီး နောက်ဆုံးလှုပ်ရှားမှုများတို့ သည် လျင်မြန်သောအဖြစ်အပျက်များဖြစ်ပါလိမ့်မည်။ Testimonies, vol. 9, p. 11, (1909) [Ev , 32.1]. EvBur 23.3
စစ်တိုက်လိုသောဆန္ဒသည်လူမျိုးအပေါင်းတို့ အားနှိုးဆွပေးခြင်း - ကြောက်မက် ဖွယ်ရာစုံစမ်းခြင်းနှင့်စမ်းသပ်ခြင်းသည် ဘုရားရှင်၏သားသမီးတို့အားစောင့်ကြို လျက်ရှိသည်။ စစ်တိုက်လိုသောဆန္ဒသည် လူမျိုးအပေါင်းနှင့်တိုင်းပြည်များ တို့ကို ကမ္ဘာတစ်ဘက်မှအခြားတစ်ဘက်သို့ လှုံ့ဆော်လျက်ရှိသည်။ Testimonies, vol. 9, p. 17, (1909) [Ev , 32.2]. EvBur 23.4
ခံပွင့်နေသောတံခါးမပိတ်မီ - မြို့ကြီးများ၌ ဧဝံဂေလိသတင်းစကား ဟောကြားရန် ကျွန်ုပ်တို့၏အသင်းတော်များကိုနှိုးဆော်ရန် တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်ုပ်အားညွှန်ကြားလျက်ရှိသည်။ ကြီးမားသောလုပ်ငန်းကိုလုပ်ဆောင်ရန်ရှိ သည်။ ထူထောင်ခဲ့သောအသင်းတော်များ၌သာလျှင်မဟုတ်၊ သတင်းစကား ကိုကောင်းမွန်စွာမကြားသိရသေးသောနေရာများ၌လည်း လုပ်ဆောင်ကြရမည်။ ကျွန်ုပ်တို့၏အလယ်၌ပင် ရပ်ဝေးအရပ်များကဲ့သို့ မယုံကြည်သူတစ်ပါးအမျိုးသား များ များစွာရှိနေပါသည်။ ယခုအချိန်၌ သူတို့ထံသို့ အမှန်တရားသတင်း စကားရောက်ရှိရန် လမ်းပြင်ဆင်ပေးရမည်ဖြစ်ပြီး၊ ဤပွင့်နေလျက်ရှိသော အခွင့်အရေးလမ်းတွင် မဆိုင်းမတွချက်ချင်းလုပ်ဆောင်သင့်ကြသည်။ Ev, 32.3]. EvBur 24.1
ကျွန်ုပ်တို့၏မြို့ကြီးများတို့သည် သတင်းစကားကိုကြားသိရမည်ဟု ကျွန်ုပ်တို့မကြာခဏပြောခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဤညွှန်ကြား ချက်ကိုလိုက်နာရာတွင် မည်မျှနှေးကွေးနေသနည်း။ မြင့်လှသောစင်မြင့်တစ်ခု ပေါ် လက်ကိုဆန့်၍မတ်တတ်ရပ်နေသောပုဂ္ဂိုလ်တစ်ဦးကို ကျွန်ုပ်မြင်ရသည်။ သူသည် နေရာတိုင်းသို့မျက်နှာမူလျက်ပြောဆိုသည်မှာ၊ “ဘုရားသခင်၏သန့်ရှင်း သောပညတ်တော်ကို ဂရုမစိုက်သောဤကမ္ဘာကြီးပျက်စီးနေပြီ၊ ခရစ်တော်ကို မြော်လင့်သောသတ္တမနေ့ဥပုသ်အသင်းသားတို့သည် အိပ်ပျော်နေကြသည် ဟုဖြစ်ပါသည်။ ကြီးမားသောအလုပ်ကို လုပ်ဆောင်ရန်ရှိသည့်အတွက် လုပ်ဆောင်သူများအား ဘုရားရှင်ခေါ်ဖိတ်လျက်ရှိသည်။ အသင်းတော်ထဲ ရောက်ရှိလာပြီး၊ ကယ်တင်ခြင်းရရှိရန် လူအပေါင်းတို့အားပြောင်းလဲစေခြင်း အလုပ်ကို ဆောင်ရွက်ကြရမည်။ လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားရှိလူအပေါင်း တို့ထံ သွားရောက်လုပ်ဆောင်ကြရမည်။ [Ev , 32.4]. EvBur 24.2
မြို့ကြီးများ၌ အမှုထမ်းဆောင်ရမည်။ ဘုရားရှင်စေခိုင်းခဲ့သောတာဝန် အလင်းတရားကိုလိုက်လျှောက်ရာ၌ အလွန်မှပင်ဝေးစွာနောက်ကျကျန်ခဲ့ကြ ပါသည်။ သတင်းစကားအတွက် ယခုပွင့်လျက်နောတံခါးသည် မကြာမီ ပိတ်သွားရန် စည်းမျဉ်းဥပဒေထုတ်ပြန်တော့မည်ဖြစ်သည်။ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်းအကြောင်းနှင့် တရားစီရင်ခြင်းရောက်ရှိလာမည့်အကြောင်းများ ကို လူတို့၏အသိတရားတွင် နှိုးဆွစေရန်လုပ်ဆောင်ရာ၌ အံ့ဩဖွယ်ကောင်း သော ကူညီမှုပြုမည့် ဘုရားသခင်၏ကောင်းကင်တမန်များ အဆင်သင့်စောင့် နေချိန်၌ ယခုကျွန်ုပ်တို့သည် ကြိုးစားလုပ်ဆောင်ရန် နိုးကြားထကြွချိန်တန်ပြီ။ Manuscript 7, 1908. [Ev , 33.1]. EvBur 24.3
လုပ်ဆောင်နိုင်သည့်အချိန်တွင်လုပ်ပါ - ကျွန်ုပ်၏ညီအစ်ကိုတို့၊ လုပ်ဆောင် နိုင်သည့်အချိန်တွင် မြို့ကြီးများထဲသို့ဝင်ရောက်လုပ်ကိုင်ပါ။ ဝင်ရောက်လုပ်ကိုင် ခဲ့သောမြို့ကြီးများ၌ပင် အမှန်တရားသတင်းစကားကို မကြားရသေးသောသူ များစွာရှိနေပါသည်။ ကြားရသူတချို့ပြောင်းလဲခဲ့ကြပြီး တချို့သောသူတို့သည် မိမိတို့၏ယုံကြည်ခြင်း၌ အိပ်ပျော်သွားကြပြီ။ အခြားများစွာသောသူတို့သည် အကယ်၍ ကယ်တင်ခြင်းသတင်းစကားကိုကြားသိရသောအခွင့်အရေးကိုရရှိ ကြပါက လက်ခံကြမည်ဖြစ်သည်။ ဤအရာများတို့သည် ဤလောကကမ္ဘာ ဘုရားသခင်၏အမှုတော်အတွက် ဘုရားရှင်၏စိတ်တော်နှင့်ထိတွေ့ရန် ကျွန်ုပ်တို့၏နောက်ဆုံးသောကြိုးစားလုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်။ Manuscript 7, 1908. [Ev , 33.2]. EvBur 25.1