Go to full page →

ခရစ်ယာန်ဘဏ္ဍာစိုးအရာ၏သတင်းစကား EvBur 311

ပြောင်းလဲသူတိုင်းကိုသွန်သင်ပါ - ပြောင်းလဲသောသူတိုင်း ဘုရားသခင် ၏တောင်းဆိုသောဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများနှင့်ပတ်သက်သည့် အလင်းတရား ရရှိကြရလိမ့်မည်။ ဘုရားသခင်ထံမှ မိမိရရှိသောလယ်မြေများနှင့် သူပေး ထားသောအရာဟူသမျှတို့အပေါ် လူတို့အားဝမ်းမြောက်ပျော်ရွှင်ခြင်းကိုတွေ့ ရခြင်းအားဖြင့် ဘုရားသခင်နှစ်သက်တော်မူသည်။ သို့သော် ဧမာနွေလ မင်းသားလေး၏သွေးစွန်းသောအလံတော်အောက်၌ မတ်တတ်ထနေကြသော သူအားလုံးတို့နှင့်အတူ ဘုရားကိုမှီခိုခြင်းနှင့် ဘုရားအပေါ်တာဝန်ရှိခြင်းကို သူ၏ဘဏ္ဍာတော်သို့ သူ၏ပိုင်ဆိုင်မှုအဖြစ် တိကျသည့်အစိတ်အပိုင်းကို ပြန်လည်၍ပေးအပ်ရန် အထူးသဘောတူညီချက်တစ်ခုကိုပြုလုပ်ခဲ့သည်။ ဤအရာသည် မိမိ၏တပည့်တော်များတို့နှင့်မခွဲခွာမီ ဘုရားသခင်၏သားတော် ခရစ်တော်မှ သူ၏စေခိုင်းချက်ကိုပြည့်စုံစွာဆောင်ရွက်နိုင်ရန် သာသနာ့လုပ်ငန်း အတွက် ပံ့ပိုးရမည့်ရင်းနှီးမြှုပ်နှံငွေဖြစ်သည်။ Manuscript 123, 1898. [Ev 249.3] EvBur 311.1

ကယ်တင်ခြင်း၏သံကြိုး၌လူတိုင်းအသက်တစ်ခုစီဖြစ်သည် - ဘုရားသခင်၏ သားတစ်ယောက်ဖြစ်လာသောသူသည် ယခုမှစ၍ လောကကြီးအားကယ်ရန် ဆွဲချထားသည့်ကယ်တင်ခြင်းသံကြိုးကွင်းဆက်တစ်ခုစီကဲ့သို့ မိမိကိုယ်ကိုသိရှိ ရမည်ဖြစ်ပြီး ခရစ်တော်နှင့်သူ၏ကရုဏာစီမံကိန်းထဲ၌ သူနှင့်အတူပျောက်ဆုံး သူများကိုရှာဖွေ၍ ကယ်တင်ကြရမည်ဖြစ်သည်။ Ministry of Healing. P 105, (1905). [Ev 250.1] EvBur 312.1

သာသနာပြုများတို့၏တာဝန် - အမှန်တရားသို့သင်ခေါ်ဆောင်လာသော သူတို့အား မိမိတို့၏ဘုရားသခင်အပေါ်မှီခိုခြင်း၏အသိအမှတ်ပြုသည့်အနေ ဖြင့် ဘုရားသခင်၏ဘဏ္ဍာတိုက်ထဲသို့ မိမိတို့၏ဆယ်ဖို့တစ်ဖို့ကိုယူဆောင် လာရန်သွန်သင်ခြင်းသည် သင်၏တာဝန်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်ပစ္စည်းကို ပြန်လည်ပေးအပ်ရမည့်သူတို့၏တာဝန်ကို သူတို့ကောင်းမွန် စွာနားလည်သင့်သည်။ ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးအပ်ခြင်းအမိန့်သည် ရှင်းလင်းစွာဖော်ပြထားလျက်ရှိပြီး အရေးမထားဘဲဆင်ခြင်ပေးရန်အကြောင်း လုံးဝမရှိပါ။ အကယ်၍ဤနေရာ၌ ယုံကြည်သူအသစ်များကိုသွန်သင်ရန် သင်ပျက်ကွက်ပါက အရေးအကြီးဆုံးသောအလုပ်တစ်ခုကိုဆောင်ရွက်ရန် သင်ပျက်ကွက်ခြင်းဖြစ်သည်။ Letter 51, 1902. [Ev 250.2] EvBur 312.2

အသင်းတော်အသစ် ကို လမ်းပြခြင်း - အဖွဲ့ငယ်ကလေးများကိုထူထောင် သော အမှုဆောင်တစ်ဦးသည် ၎င်းသူထူထောင်ထားသောအဖွဲ့ငယ်ကလေးများ ကို စနစ်တကျဆက်လက်၍ မိမိ၏လုပ်အားအားဖြင့်သော်လည်းကောင်း၊ ကြေးငွေအားဖြင့်သော်လည်းကောင်း ပြုစုခြင်းမရှိဘဲ ယုံကြည်ခြင်း၌အသစ် ရောက်ရှိလာသောသူများတို့အတွက် မကောင်းသောအမြင်နှင့်ပုံသက်သေကို တွေ့မြင်ခံစားခြင်းမည်သည့်အခါမျှမဖြစ်စေသင့်ပါ။ [Ev 250.3] EvBur 312.3

ညသခင့်အတွက်တတ်နိုင်သမျှအရာအားလုံးကို ဘုရားသခင်ကောင်းချီး ပေးခဲ့သည့်အလျောက် ဘုရားသခင်အတွက်ဆောင်ရွက်နိုင်ရန် အသင်းသား သစ်များကို သင်ကြားပေးသင့်သည်။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ မိမိတို့၏ဝင်ငွေထဲမှ ဆယ်ပုံတစ်ပုံကို တရားမျှတစွာသူပြန်၍တောင်းဆိုပြီး ၎င်းအတိုင်းလိုက်လျှောက်ခြင်းမပြုသောသူတို့အား သူ၏ဥစ္စာကိုလုယူသောသူ ဟူ၍သတ်မှတ်ကာ ထိုသူတို့အပေါ်သို့ ဘုရားသခင်၏ကောင်းချီးမင်္ဂလာ သက်ရောက်ရန် သူတို့မျှော်လင့်၍မရပါ။ အသင်းတော်ထဲ၌ ဆင်းရဲနွမ်းပါး သူများတို့အားဖြင့် ဖွဲ့စည်းထားသည့်တိုင် ဤစွန့်ကြဲခြင်းစနစ်ကို သေချာစွာ ရှင်းပြပြီး ၎င်းစီမံကိန်းအတိုင်း စိတ်ပါဝင်စားစွာလိုက်လျှောက်ကြရမည်။ ဘုရားသခင်သည် မိမိ၏ကတိတော်များကိုပြည့်စုံစေနိုင်သည်။ သူ၌မကုန် မခန်းနိုင်သောအရင်းအမြစ်များရှိပြီး သူ၏အလိုတော်ပြည့်စုံစေရန် လူအားလုံး ကိုအသုံးပြုလျက်ရှိသည်။ ထိုနောက် သစ္စာရှိစွာဖြင့် ဆယ်ဖို့တစ်ဖို့ကို မိမိ ၏သားသမီးများတို့ပြန်လည်ပေးအပ်ခြင်းကို သူတွေ့မြင်ရသောအခါ သူသည် မကြာခဏသူ၏ကောင်းသောပြင်ဆင်မှုဖြင့်လမ်းဖွင့်ပေးပြီး သူတို့၏ပစ္စည်း ဥစ္စာကို တိုးတက်များပြားစေပါသည်။ ဘုရားသခင်ကောင်းချီးပေးထားသည့် သေးငယ်သောအရာအပေါ် ဘုရားသခင်၏အစီအစဉ်ကိုလိုက်လျှောက်သော သူတို့အတွက် မိမိတို့ဆက်ကပ်သည့်အတိုင်း ပြန်လည်၍ရရှိကြမည်ဖြစ်သည်။ Gospel Workers, pp. 222, 223. (1915). [Ev 250.4] EvBur 313.1

ကောင်းကင်မိတ်သဟာယဖွဲ့ခြင်း၏စမ်းသပ်ခြင်း - ကျွန်ုပ်တို့၏ကောင်းကင်ဘုံ မှအဖသည် ကျွန်ုပ်တို့အားဆုကျေးဇူးများကိုချပေးပြီး တချို့ကိုပြန်လည်၍ တောင်းဆိုရခြင်းသည် ကျွန်ုပ်တို့ထာဝရအသက်ဆုကျေးဇူးနှင့်ထိုက်တန်သည် မထိုက်တန်သည်ကို သိရှိရန်စမ်းသပ်ခြင်းဖြစ်သည်။ Testimonies, vol. 3, P. 408. (1875) [Ev 251.1] EvBur 313.2

ပါးနပ်စွာနှင့် ထပ်ခါတလဲပြောဆို ရန်အချက်တစ်ခု - ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသွန်သင်သောဆရာများအနေဖြင့် လူတို့သည် မိမိတို့၏ တာဝန်ကိုမသိ၊ သူတို့နှင့်ပတ်သက်သော ဘုရားသခင်၏အလိုတော်ကို နားမလည်ဘဲ ခလုတ်တိုက်၍ ထာဝရပျက်စီးခြင်းသို့မရောက်ကြစေရန် ဘုရားသခင်၏အကြံပေးချက်အားလုံးတို့ကို တစ်ခုမကျန်သူတို့အား သင်ကြား ပို့ချပေးရမည်။ [Ev 251.2) EvBur 314.1

မည်သူမျှဆယ်ဖို့တစ်ဖို့ပေးခြင်းအပေါ်သစ္စာရှိခြင်းနှင့် ပြတ်သားစွာ သွန်သင်ခြင်းကိုလျစ်လျူမရှုကြပါစေနှင့်။ မိမိ၏ပိုင်ဆိုင်သောအရာကဲ့သို့ ဘုရားသခင်တောင်းဆိုခြင်းကို သွန်သင်စေကြပါ။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေ များအားဖြင့် ဘုရားသခင်၏ပိုင်ဆိုင်မှုကိုလုယူသောသူတို့အား ဘုရားသခင် ချီးမွမ်းမည်မဟုတ်ပါ။ ဘုရားသခင်ပိုင်ဆိုင်သောအရာကိုပြန်ပေးရန် သူတို့၏ တာဝန်ဖြစ်ကြောင်း လူတို့ရှေ့၌မကြာခဏပြသရန်လိုသည်။ ပထမဦးဆုံး အမှန်တရားကို သစ္စာရှိစွာဟောပြောသောသူသည် ဤကိစ္စကိုပြောဆိုစေပြီး ဤအကြောင်းအရာကိုစိတ်ဝင်စားသောသူတို့အားလည်း ဤပြတ်သားသော ဆယ်ဖို့တစ်ဖို့ပေးရန် ဘုရားသခင်၏တောင်းဆိုချက်ကိုလိုက်လျှောက်စေပါ။ အမှုဆောင်များတို့သည် အမှန်တရားတစ်မျိုးတည်းကို တစ်သဘောတည်းဖြင့် ဘုရားသခင်၏တောင်းဆိုချက်အားလုံးတို့ကို လူသားများတို့လိုက်လျှောက်ရန် တောင်းဆိုနေကြောင်း လူတို့အားတွေ့ မြင်စေပါ။ [Ev 251.3] EvBur 314.2

သို့သော် အမှုဆောင်များတို့သည် သတိကြီးစွာထားရှိပြီး မွေးကင်းစ ကလေးကဲ့သို့ ယုံကြည်သူအသစ်များကို မာသောအစာဖြင့်မကျွေးစေရဘဲ နှုတ်ကပတ်တော်နို့ရည်စစ်ကိုသာတိုက်စေပါ။ သင်၏ကိုယ်တိုင်ဆန္ဒနှင့်အတွေး အခေါ်များကို အမှန်တရားနှင့်ရောနှောခြင်း၊ ဘုရားသခင်၏ပညတ်တော်ကို ရှေးရိုးဓလေ့ထုံးစံများနှင့် ထင်မြင်ယူဆချက်များနှင့်ဖုံးကွယ်လိုက်ခြင်းဖြင့် မည်သည့်အခါမျှမပြုလုပ်ရပါ။ ယေရှုခရစ်၌ရှိသောအမှန်တရားကို လူတို့၌ ရှိစေပါ။ Manuscript 39, 1895. [Ev 252.1] EvBur 314.3

လျစ်လျူရှုထားသောအလုပ်တစ်ခု - ကျွန်ုပ်တို့သည် ကမ္ဘာသို့သတိပေး သောသတင်းစကားကိုပေးရမည်။ ကျွန်ုပ်တို့၏အလုပ်ကို မည်ကဲ့သို့ဆောင်ရွက် နေကြပါသနည်း။ ညီအစ်ကိုတို့၊ သင်တို့သည် သူတစ်ပါး၏စိတ်ကိုကြည်နူး စေသောအကြောင်းအရာကိုသာဟောပြောပြီး တချို့သောအရာများကိုချန်လှပ်၍ ထားပါသလား။ သင့်နောက်သို့လိုက်ရန်နှင့် သူတစ်ပါးတို့အားလည်းပြောပြ ရန်လိုအပ်နေသည့် ဆယ်ဖို့တစ်ဖို့ပေးခြင်းအပေါ်သစ္စာရှိရမည့်အကြောင်းကို သင်ပြောပြပါသလား။ ဤလုပ်ငန်းသည် ဓမ္မဆရာ၏လုပ်ငန်းဖြစ်ပါသည်။ သို့သော် ၎င်းအကြောင်းအရာကိုသင်ချန်လှပ်ထားသောကြောင့် ဝမ်းနည်းဖွယ် ဖြစ်ပါသည်။ ဓမ္မအမှုဆောင်သည် မိမိညီအစ်ကိုများ စိတ်မချမ်းသာစရာဖြစ် မည်စိုးရိမ်သောကြောင့် လူတို့သည် ဘုရားသခင်၏ဥစ္စာကိုလုယူကြပြီး အမှား ကိုပြုလုပ်နေကြခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များကို သစ္စာမရှိသောဘဏ္ဍာစိုးများ ဟု ဘုရားသခင်ခေါ်သည်။ Review and Herald, July 8, 1884 [Ev 252.2] EvBur 315.1

ဆယ်ဖို့ တစ်ပို့ ၌သစ္စာရှိခြင်း - လုံလောက်သည့်ငွေကြေး - ဘဏ္ဍာရေးဌာန သို့ ဘုရားသခင်၏အစီအစဉ်အရ၊ မိမိတို့ဝင်ငွေရှိသမျှအပေါ် တိကျစွာ ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးအပ်ကြပါက ဘုရားသခင်၏လုပ်ငန်းကို ရှေ့သို့ တိုးတက်အောင်ဆောင်ရွက်ရန် ငွေလုံလောက်စွာရှိပေလိမ့်မည်။ Testimonies, vol. 5, p. 150. (1882) [Ev 252.3] EvBur 315.2

သာသနာလုပ်ငန်းအတွက်အလှူကောက်ခံခြင်း - ဘုရားသခင်၏ပြင်ဆင်မှု အထဲ၌ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ကြသောသူတို့သည် ကြိုးစား ပြီးလုပ်ဆောင်မှု၏နည်းစနစ်ဟောင်းထဲသို့ အသစ်သောအသက်ကိုသွင်းကာ အသစ်သောစီမံကိန်းများ၊ အသစ်သောနည်းစနစ်များအားဖြင့် အသင်းသူအသင်း သားများတို့၏စိတ်ဝင်စားမှုကိုနှိုးဆွပေးပြီး ကမ္ဘာသို့ဧဝံဂေလိတရားရောက်ရှိရန် စုပေါင်းကြိုးစားလုပ်ဆောင်ကြသည်။ မယုံကြည်သောသူများတို့ထံသတင်းစကား ရောက်ရှိရန်အတွက် အသစ်သောစီမံကိန်းတစ်ခုသည် သာသနာလုပ်ငန်းအတွက် အလှူခံထွက်ခြင်းအစီအစဉ်ဖြစ်ပါသည်။ လွန်ခဲ့သောမကြာမီနှစ်များအတွင်း မျိုး ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း ထင်း နေရာများစွာတို့၌ အောင်မြင်ကြောင်းကိုတွေ့ရှိရပြီး လူများစွာတို့အတွက် ကောင်းချီးမင်္ဂလာဖြစ်စေသည့်အပြင်၊ အသင်းတော်ဘဏ္ဍာထဲသို့ ငွေများစွာ တိုး၍ရရှိစေပါသည်။ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသောသူတို့သည် ဘုရား မယုံကြည်သောသူများတို့အထဲ၌ တတိယကောင်းကင်တမန်သတင်းစကား တိုးတက်မှု၌ ပါဝင်ရခြင်းကြောင့် သူတို့၏စိတ်ဝင်စားမှုသည်တက်ကြွလာပြီး တချို့သောသူတို့သည် စိတ်နှလုံးနှင့်အသက်တာကိုပြောင်းလဲခြင်းပေးနိုင်သော တန်ခိုးကြီးသည့်အမှန်တရားကို ပို၍ရှာဖွေလေ့လာကြပါသည်။ လူတန်းစား အမျိုးမျိုးထံသို့ သတင်းစကားရောက်ရှိပြီး ဘုရားသခင်၏ဘုန်းတော်နှင့်နာမ တော်ကို ထင်ရှားစေပါသည်။ Counsels on Stewardship, pp. 190, 191. [Ev 252.4] EvBur 315.3

လောကီနည်းစနစ်ကို ရှောင်ပါ - ယနေ့ကျွန်ုပ်တို့၏အသင်းတော်များ၌ ညစာစားပွဲများ၊ ဈေးပွဲများ၊ ကခုန်ခြင်းများနှင့်ပွဲလမ်းသဘင်များအားဖြင့် စားသောက်ပျော်ရွှင်မြူထူးခြင်းများတို့ကို အသုံးပြုကြခြင်းသည် အသင်းတော် ဘဏ္ဍာထဲသို့ ငွေကြေးများကိုကောက်ခံရရှိရန်ရည်ရွယ်သည့်အနေဖြင့် အားပေး မှုကိုပြုလုပ်ကြပါသည်။ ဤနည်းသည် ဆက်ကပ်မှုမပါသော ဇာတိစိတ်ဓာတ် ဖြင့် ငွေရရှိရေးကိုသာဖန်တီးသည့်နည်းဖြစ်သည်။ [Ev 253.1] EvBur 316.1

လူငယ်လူရွယ်သက်ကြီးရွယ်အိုများအပေါ် သြဇာကျဆင်းစေသည့် ဤအသင်းတော်၌ ယိုယွင်းခြင်းများ၊ အပျော်ကျူးခြင်းများနှင့်ပွဲလမ်းသဘင် များတို့မှ အသင်းတော်၏ရန်ပုံငွေရှာယူခြင်းသည် မှန်၊ မမှန်ရှင်းလင်းစွာမြင်တွေ့ ပြီး မှန်ကန်စွာရပ်တည်ကြပါစို့။ ဤအရာများကို မြင့်မြတ်ခြင်းရှိသည့်ဝတ်ရုံ အပေါ် ထားရှိခွင့်လုံးဝမပြုသင့်ခြင်းသည် အသင်းတော်၏ရည်ရွယ်ချက်များ အတွက် အသုံးပြုရန်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့သောအလှူများသည် အနာအဆာရှိပြီး ချို့တဲ့သောကြောင့် ဘုရားသခင်အတွက်ကျိန်ခြင်းသာလျှင် ဖြစ်စေမည်။ ၎င်းအရာတို့သည် ဝိညာဉ်များတို့၏အဖိုးများဖြစ်သည်။ အသင်း တော်၏ရည်ရွယ်ချက်များအတွက်ငွေရရှိရန် ဤပွဲလမ်းသဘင်များ၊ ကခုန် ခြင်းများ၊ ကံစမ်းမဲနှိုက်ထီထိုးခြင်းများ၊ ဈေးပွဲများနှင့်စည်းစိမ်ယစ်မူးသည့်ပွဲ များတို့ကို တရားပလ္လင်ပေါ်မှကာကွယ်ခြင်းပြုကြရလိမ့်မည်။ ဤအရာတစ်ခု နှင့်မျှ ပါဝင်ပတ်သက်ခြင်းမရှိပါစေနှင့်။ အကယ်၍ ကျွန်ုပ်တို့ပါဝင်ပြုလုပ် ကြပါက ဘုရားသခင်၏နှစ်သက်ခြင်းသည် ကျွန်ုပ်တို့အပေါ်သို့သက်ရောက် မည်မဟုတ်ပါ။ ဤအာဟာရမက်မောခြင်း၊ သို့မဟုတ် ဇာတိစိတ်၏ပျော်ရွှင် မြူးထူးခြင်းများဖြင့် ခရစ်တော်နောက်လိုက်သောသူတို့အား သူတို့၌ဘုရားသခင် အပ်နှံထားသောငွေကြေးကိုပေးလှူရန် ဆွဲဆောင်မှုအဖြစ်တောင်းခံခြင်းအစီအစဉ် ကို အကြံမပြုရပါ။ အကယ်၍ ခရစ်တော်ကိုချစ်သောစိတ်ဖြင့် စေတနာ ထက်သန်စွာပေးခြင်းမပြုပါက၊ ပေးလှူသောအလှူငွေနှင့်ဝတ္ထုပစ္စည်းများကို ဘုရားသခင်လက်ခံမည်မဟုတ်ပါ။ Counsels on Stewardship, pp. 201, 202. (1878). EvBur 316.2

ပွဲကျင်းပခြင်းနှင့် ပျော်ရွှင်ခြင်းအားဖြင့်လာဘ်ထိုးခြင်း - ပွဲကျင်းပခြင်းနှင့် ပျော်ရွှင်ခြင်း၏ကြိုးစားလာဘ်ထိုးခြင်းများတို့ကိုအသုံးပြုခြင်းဖြင့် ခရစ်တော် နောက်သို့လိုက်ကြသောသူများတို့မှ ဧဝံဂေလိတရားကိုဟောကြားရန်အတွက် ပံ့ပိုးရမည့် သန့်ရှင်းခြင်းနှင့်ထာဝရစဉ်းစားဆင်ခြင်ခြင်းများ၏တန်ခိုးသည် သူတို့၏စိတ်နှလုံးတံခါးကိုမဖွင့်ပေးရခြင်းသည် ဝမ်းနည်းဖွယ်ရာအချက်ဖြစ် ပါသည်။ ဤဆွဲဆောင်မှုများတို့သည် သန့်ရှင်း၍ ထာဝရအရာများတို့အတွက် ပေးကမ်းစွန့်ကြဲခြင်း၏အလုပ်၌ ပါဝင်ရန်သြဇာအရှိန်အဟုန်မရှိဘဲ အောင်ပွဲ ခံခြင်းမှာ အမှန်တကယ်ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ [Ev 254.1] EvBur 317.1

တောထဲ၌ရန်ပုံငွေရှာဖွေခြင်းတွင် မောရှေ၏အစီအစဉ်သည် ကြီးမား များကိုလည်း မောရှေမပြုလုပ်ခဲ့ပါ။ ပျော်ရွှင်မြူးထူးခြင်း၊ ကခုန်ခြင်းအစီအစဉ် စွာအောင်မြင်ခဲ့သည်။ အတင်းအဓမ္မပြုလုပ်ခြင်းမရှိခဲ့ပါ။ ကြီးကျယ်သောပွဲ များသို့ လူတို့ကိုခေါ်ဖိတ်ခြင်းမပြုလုပ်ခဲ့ပါ။ တော၌ဘုရားသခင်၏တဲတော် ကိုဆောက်လုပ်ရန် ကံစမ်းမဲနှိုက်ထီထိုးခြင်း အစရှိသောအစီအစဉ်များပြုလုပ် ခြင်းအားဖြင့် လိုအပ်သည့်ငွေကြေးများကိုမရယူခဲ့ပါ။ ဣသရေလလူတို့အား မိမိတို့၏အလှူဒါနများကိုယူဆောင်လာကြရန် ဘုရားသခင်သည် မောရှေကို အမိန့်ပေးခဲ့ပါသည်။ လူတိုင်း၏စိတ်ထဲမှ စေတနာမေတ္တာဖြင့်လှူဒါန်းသော အလှူများကိုသာ မောရှေလက်ခံခဲ့သည်။ ဤစေတနာဖြင့်ပေးလှူသောအလှူ များတို့သည် များလွန်းသောကြောင့် လုံလောက်ပြီဟုမောရှေကြေညာခဲ့ရပါ သည်။ သူတို့၏ပေးကမ်းခြင်းကိုရပ်တန့်လိုက်ရပါသည်။ အသုံးပြုရန်လိုအပ် သည်ထက်ပိုလျှံလျက်ရှိသောကြောင့်ဖြစ်သည်။ Counsels on Stewardship, p. 203. (1874) [Ev 254.2] EvBur 317.2

ထိုနောက် မည်သည့်ခံစားချက်ကို မယုံကြည်သောသူများတို့၏စိတ် ထဲ၌ဖြစ်ပေါ်စေသနည်း။ ဘုရားသခင်နှုတ်ကပတ်တော်၏သန့်ရှင်းသောစံချိန် သည် မြေပေါ်သို့ကျဆင်းသွားခဲ့ရပါသည်။ ဘုရားသခင်၏နာမတော်နှင့် ခရစ်ယာန်ဂုဏ်သိက္ခာများကို လူတို့အထင်သေးသွားကြပါသည်။ အဆိုးဆုံး သောစည်းကမ်းချက်များတို့သည် နှုတ်ကပတ်တော်နှင့်မညီသောရန်ပုံငွေကောက်ခံ ခြင်းအားဖြင့် အားကောင်းစေသည်။ ဤနည်းသည် မာရ်နတ်၏နည်းလမ်း ဖြစ်သည်။ လူတို့သည် နာဒပ်နှင့်အဘိဟုတို့၏အပြစ်ကို ပြန်လည်၍ပြုလုပ် ကြခြင်းဖြစ်သည်။ သန့်ရှင်းသောမီးအစား ရိုးရိုးမီးကိုသာအသုံးပြုကြခြင်းဖြစ် သည်။ ဤကဲ့သို့သောအလှူဒါနမျိုးကို ဘုရားသခင်လက်မခံပါ။ Ev254.3] EvBur 318.1

ဘုရားသခင်၏ဘဏ္ဍာတော်ထဲသို့ ဤငွေယူဆောင်လာသောနည်းစနစ် အားလုံးတို့သည် ဘုရားသခင်အတွက်ရွံရှာဖွယ်ဖြစ်သည်။ ၎င်းသည် ကြံဖန် ခြင်းအမျိုးမျိုးတို့ကိုလုပ်ရန် စိတ်ထဲ၌ပေါ်ပေါက်လာသည့် မှားယွင်းသော ဝတ်ပြုခြင်းဖြစ်သည်။ မည်မျှမျက်စိကွယ်နေကြခြင်း၊ မည်မျှမိုက်မဲခြင်းသည် ခရစ်ယာန်ဖြစ်သည်ဟု မိမိကိုယ်ကိုပြောနေကြသူများအထဲ၌ရှိနေပါသနည်း။ အသင်းသူအသင်းသားများတို့သည် နောဧအချိန်ကကဲ့သို့ လူတို့ပြုခဲ့ကြသည့် နည်းတူပြုကြပြီး မိမိတို့၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်သာလျှင် ရှိနေကြပါသည်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူများအားလုံးတို့သည် ဤကဲ့သို့သောအပြုအမူများကို ယေရှုခရစ်တော်၏ဘာသာအား အလွဲဖော်ပြခြင်းကဲ့သို့မုန်းတီးကြသည်။ Counsels on Stewardship, p. 205. (1896) [Ev 254.4] EvBur 318.2

လူ၏ဘဏ္ဍာစိုးအရာ - ယခုထက်တိုင် ရွှေပညတ်သို့ပို၍နက်ရှိုင်းသော ကြီးကျယ်ခမ်းနားသည့်အရာတစ်ခုရှိသည်။ ဘုရားသခင်၏များစွာသောကျေးဇူး တော်ဘဏ္ဍာစိုးတစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံရသောသူတိုင်းတို့သည် မသိ နားမလည်ခြင်းနှင့် မှောင်မိုက်ထဲ၌ရှိနေကြသောဝိညာဉ်များကို မိမိ၌ရရှိသော ကျေးဇူးတော်များမှဝေငှရန်ခေါ်ခြင်းခံရပြီး သူတို့၏နေရာ၌ သင်ရှိသကဲ့သို့ပင် သူတို့အပေါ်သင့်ဆန္ဒသည် သူ့အားမိမိရရှိသောကျေးဇူးတော်ကိုဝေငှရမည်။ တမန်တော်ရှင်ပေါလုပြောခဲ့သည်မှာ၊ “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက် ရှိ၏။” သင်သိသောဘုရားသခင်၏မေတ္တာအားလုံးနှင့် သင်ရရှိသောသူ့ကျေးဇူး တော်၏ကြွယ်ဝသောဆုကျေးဇူးများတို့အားဖြင့် ကမ္ဘာပေါ်ရှိအဆင့်အတန်းမရှိ၊ ယုတ်ညံ့ဆုံးသောဝိညာဉ်အပေါ် ဤဆုကျေးဇူးများကို သူ့အားဝေငှရန်သင် ကြွေးတင်လျက်ရှိသည်။ Mount of Blessing, p. 193. (1896) [Ev 255.1] EvBur 319.1