လွယ်ကူသောသင်ခန်းစာများအားဖြင့် - အာဝဇ္ဇန်းရွှင်ခြင်းမဟုတ် - အမြင့်ဆုံး ရည်ရွယ်ချက်ဖြင့် အာဝဇ္ဇန်းကောင်းကောင်းတရားဟောပြောသောသူသည် ကြားနာရသူတို့အတွက် သူ၏အပြောကောင်းခြင်းဖြင့် ရောနှောလျက်ရှိသော အမှန်တရားကို မေ့ပျောက်သွားစေသည်။ စိတ်လှုပ်ရှားခြင်းပြီးဆုံးသွားသော အခါ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိမိတို့၏စိတ်ထဲ၌ပျောက်ကွယ် သွားခြင်း၊ သို့မဟုတ် ကြားနာရသူများ နားလည်မှုမရရှိခြင်းတို့ကိုဖြစ်စေ ကြောင်း တွေ့ရှိရပါသည်။ သူတို့သည် ဓမ္မဆရာ၏အာဝဇ္ဇန်းကောင်းကောင်း ဖြင့် အံ့သြဖွယ်အသုံးအနှုန်းများဖြင့် ပြောဆိုပေလိမ့်မည်။ သို့သော် ဆုံးဖြတ် ချက်ပေးနိုင်သည့်အဆင့်အထိသို့မရောက်ပါ။ သူတို့သည် တရားဟောချက် ကို ဇာတ်လမ်းတစ်ခုကဲ့သို့ပြောဆိုပြီး တရားဟောဆရာအနေဖြင့် ဇာတ်ဆောင် မင်းသားတစ်ဦးသဖွယ်ဖြစ်ပေလိမ့်မည်။ သူတို့သည် တစ်ပုံစံတည်းသောတရာ ကြသောအခါ စိတ်ထိခိုက်မှုနှင့် ဝိညာဉ်အတွက်အာဟာရဓာတ်မရရှိကြဘဲ ဟောပြောခြင်းကို တစ်ဖန်လာရောက်နားထောင်ကြမည်ဖြစ်သော်လည်း ပြန်သွား ပြန်သွားကြမည်ဖြစ်ပါသည်။ [Ev 279.1] EvBur 352.1
လှလှပပပြောဆိုခြင်းနှင့် အဓိပ္ပါယ်မပါရှိသည့် ချောမောသောစကား များတို့ကိုပြောရန်မလိုအပ်ပါ။ ကျွန်ုပ်တို့ဓမ္မဆရာများတို့သည် တန်ဖိုးရှိသော အမှန်တရားကို ပရိသတ်များနားလည်သဘောပေါက်နိုင်သောနည်းဖြင့် ဟောပြော ကြရမည်။ Gospel Workers, pp. 153, 154. (1915) [Ev 279.2] EvBur 352.2
စည်းဝေးတိုင်း၌မဆုံးဖြတ်ရသေးသောဝိညာဉ်များရှိ - ပရိသတ်များအထဲ၌ ချီတုံချတုံလုပ်နေသူများ၊ ဘုရားထံသို့လုံးလုံးဆွဲဆောင်ခြင်းခံရလုနီးပါးသူများ ရှိကြပါသည်။ ဆုံးဖြတ်ချက်ကို ယခုအချိန်နှင့်ထာဝရကာလအတွက် လုပ်တော့ မည်ဖြစ်သည်။ သို့သော် မကြာခဏဖြစ်တတ်သည့်အချက်မှာ ဟောပြော သောဓမ္မဆရာအနေဖြင့် မိမိ၏စိတ်ထဲ၌ အမှန်တရားသတင်းစကား၏ဝိညာဉ် နှင့်တန်ခိုးမပါသောကြောင့် ချိန်ခွင်လျှာအလယ်၌ရှိသောဝိညာဉ်များကို တိုက်ရိုက် ဖိတ်ခေါ်၍မရပါ။ အကျိုးသက်ရောက်မှုသည် ယုံကြည်သောသူတို့၏နှလုံးသား ထဲ၌ နက်ရှိုင်းသောခံစားမှုမရှိသောကြောင့် ခရစ်တော်ကိုလက်ခံရန်အတွက် ခံစားချက်လျော့နည်းစွာဖြင့် သူတို့သည် စည်းဝေးမှပြန်လည်ထွက်ခွာသွား ကြပါသည်။ သူတို့သည် ပို၍ကောင်းသောအခွင့်အရေးကို စောင့်ဆိုင်းနေ ကြသော်လည်း သူတို့မည်သည့်အခါမျှမလာကြတော့ပါ။ Testimonies, vol.4, P. 447. (1880) [Ev 279.3] EvBur 352.3
တချို့သောသူတို့ သည် သူတို့၏နောက်ဆုံးသောတရားဟောချက်ကိုနားထောင်သည် - ဖြစ်ပြီး တချို့သောသူတို့သည် သူတို့၏စိတ်ထဲ၌ အမှန်တရား၏ကွင်းဆက် တချို့သောသူတို့သည် နောက်ဆုံးသောတရားဟောချက်ကိုသာ ကြားရမည် ကိုလက်တွေ့ အာရုံပြုခြင်း မည်သည့်အခါမျှပြန်လည်၍နေရာရရှိခြင်းရှိမည် မဟုတ်ပါ။ ၎င်းရွှေကဲ့သို့တန်ဖိုးရှိသည့် အခွင့်အရေးဆုံးရှုံးခြင်းသည် ထာဝရ ဆုံးရှုံးခြင်းဖြစ်ပါသည်။ ခရစ်တော်နှင့်သူ၏ရွေးနုတ်ခြင်းမေတ္တာသည် အမှန် တရား၏သင်္ကေတနှင့်ဆက်သွယ်ရာ၌ ချီးမြှင့်ခြင်းခံရပါက သူ့ဘက်၌သူတို့ အားဆွဲယူနိုင်ပေလိမ့်မည်။ Testimonies, vol. 4, p. 394. (1880) [Ev 280.1] EvBur 353.1
တရားဟောချက်တိုင်း၌ဆန္ဒ တောင်းခံခြင်းတစ်ခု - သန့်ရှင်းသောဝိညာဉ်တော် သူ့အပေါ်၌ပါရှိခြင်း၊ ဝိညာဉ်များအတွက် သူ့အားဝန်ထုပ်စိတ်ကိုပေးခြင်းပြု သူသည် လူထုပရိသတ်များတို့အား ခရစ်တော်သည် အပြစ်သားတို့ ပါက၊ ၏တစ်ဦးတည်းသောခိုလှုံရာဖြစ်ကြောင်း ဟောပြောခြင်းမပြု၊ စိတ်ပါစွာဖြင့် သူတို့၏စိတ်ထဲ၌ရောက်ရှိရန် တောင်းဆိုခြင်းမပြုဘဲ အိမ်ပြန်ခွင့်ပြုမည်မဟုတ် ပါ။ ဘုရားသခင်၏နေ့ရက်ကြီးရောက်ရှိသည့်တိုင်အောင် ဤကြားနာရသူ တို့အား မည်သည့်အခါမျှပြန်လည်၍တွေ့ ဆုံရကြမည်မဟုတ်ဟု သူခံစားသင့် ပါသည်။ Testimonies, vol. 4, p. 316. (1879) [Ev 280.2] EvBur 353.2
ဟောပြောသောအခါတိုင်း၌ လူတို့သည် မိမိတို့၏အပြစ်များကို စွန့်ပစ်၍ ခရစ်တော်ထံသို့လာသည့်တိုင် စိတ်ပါစွာအနူးအညွတ်တောင်းပန် သင့်ကြသည်။ Testimonies, vol. 4, p. 396. (1880) [Ev 280.3] EvBur 354.1
ဆုံးဖြတ်ချက်အတွက်တောင်းဆိုခြင်း - ကျွန်ုပ်တို့၏စခန်းအစည်းအဝေး များ၌ ဝိညာဉ်ရေးပြန်လည်နိုးကြားခြင်းအတွက် ကြိုးစားဆောင်ရွက်မှုအလွန် ပင်နည်းပါးလှသည်။ ဘုရားကိုရှာခြင်း၌လည်း အလွန်နည်းလှသည်။ နိုးကြား ခြင်းအစီအစဉ်များကို စည်းဝေးအစမှအဆုံးတိုင်အောင် ပြုလုပ်သင့်ကြသည်။ လူတို့နိုးကြားခြင်းရှိရန်အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ချပြီး ကြိုးစား လုပ်ဆောင်သင့်သည်။ သင်၌ကောင်းကင်မှလာသော အံ့သြဖွယ်ရာသတင်း စကားရှိသောကြောင့် သင်၏စိတ်အားထက်သန်ခြင်းကို လူအပေါင်းတို့အား တွေ့ မြင်စေပါ။ ခရစ်တော်သည် မိမိ၏တရားစီရင်ခြင်းနှင့်တကွ ပြန်လည် ကြွလာမည့်အကြောင်း၊ ရှင်ဘုရင်များနှင့်အုပ်ချုပ်ရေးသမားများ၊ ချမ်းသာ ကြွယ်ဝသူများနှင့်တန်ခိုးအာဏာရှိသူများ မည်သူမဆို မကြာမီရောက်ရှိလာ မည့် ဤတရားစီရင်ခြင်းကိုရှောင်ရှား၍မရကြောင်း လူတို့အားပြောကြပါ။ စည်းဝေးရုပ်သိမ်းချိန်တိုင်း၌ ဆုံးဖြတ်ချက်တောင်းခံသင့်သည်။ Testimonies, vol. 6, pp. 64, 65. (1900) [Ev 280.4] EvBur 354.2
ဥပုသ် နေ့အမှန်တရားကိုရဲရင့်စွာဟောပြောခြင်း - ယခုအချိန်၌ မှန်သော ဥပုသ်နေ့ကို လူတို့ထံသို့ ကလောင်အားဖြင့်သော်လည်းကောင်း၊ အသံအား (၄) ပါးတစ်ပါးနှင့် စောင့်ရှောက်သောသူတို့အား ဂရုမပြုငြင်းပယ်ကြသကဲ့သို့ ဖြင့်သော်လည်းကောင်း ပြောကြားကြရမည်။ ပညတ်တော် (၁၀) ပါး၏ သစ္စာရှိသောလူနည်းစုတို့သည် တိတ်ဆိတ်စွာနေရမည့်အချိန်မဟုတ်ဘဲ ဘုရားသခင်၏ပညတ်တော်ကို တတိယကောင်းကင်တမန်သတင်းစကားရေး သားထားသည့် “ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ ၌သည်းခံစရာအကြောင်းရှိ၏” ဗျာဒိတ် ၁၄း၁၂ နှင့်အညီ အောင်လံတံခွန် ဖြန့်ခြင်းအားဖြင့် ချီးမြှောက်ကြရလိမ့်မည်။ [Ev 281.1] EvBur 354.3
အမှန်တရားကိုမဝှက်ထားရပါ။ ငြင်းပယ်ခြင်း၊ တုပခြင်း၊ ပြောင်းလဲ ခြင်းမပြုရပါ။ ပွင့်လင်းစွာလုံးလုံးလျားလျားဝန်ခံပြီး ရဲရင့်စွာဟောပြောကြရ မည်။ Letter 3, 1890. [Ev 281.2] EvBur 355.1
တစ်ဖက်စွန်းနှစ်ခုသည်ဆုံးဖြတ်ချက်ကို အခက်အခဲဖြစ်စေသည် - တစ်ဖက် စွန်းနှစ်မျိုးစလုံးကို ရှောင်ရှားရလိမ့်မည်။ တစ်ဖက်စွန်းတစ်မျိုးသည် ဘုရားသခင် ၏အကြံပြုချက်တစ်ခုလုံးကို ပြောဆိုရန်ရှောင်ပြီး သာသနာပြုများတို့၏စိတ်ဓာတ် ကဲ့သို့ ယနေ့ကြွေးကြော်သော “ချမ်းသာမရှိသောအခါ၊ ချမ်းသာချမ်းသာ” ဟုပြောဆိုကြပြီး လူတို့၏ခံစားချက်ကိုဖြစ်ပေါ်စေသော်လည်း စိတ်နှလုံးကို ပြောင်းလဲခြင်းမပေးနိုင်ခြင်းဖြစ်သည်။ [Ev 281.3] EvBur 355.2
ဒုတိယတစ်ဖက်စွန်းမှာ အမြဲတမ်းလူတို့ကိုကြိုးစားအားစိုက်ကာ ခရစ်တော်နှင့်မတူသည့်အမူအရာဖြင့် ကြမ်းတမ်းစွာပြောဆိုပြီး သူတစ်ပါးတို့ ကိုစိတ်ဆိုးစေသည်ဟုထင်ရသည့်လုပ်ဆောင်ခြင်းဖြစ်သည်။ Letter 43, 1886. Ev_281.4] EvBur 355.3
ဓမ္မဆရာဟောကြားခြင်းသည်ဆုံးဖြတ်ချက်ကို အဟန့် အတားဖြစ်စေနိုင်သည် - လွန်ခဲ့သောအချိန်၌ ညီအစ်ကိုတစ်ဦးသည် ကျွန်ုပ်အားကိန်းဂဏန်းဖြင့်ဟော ပြောခဲ့သည်။ သူသည် လူတို့အတွက် အလှပဆုံးသောအသီးအနှံနှင့်ပြည့်နေ သော ပန်းကန်ကိုကိုင်ထားသည်နှင့်တူသည်။ သူ၏အနေအထားနှင့်အမူအရာ ကို မည်သူမျှအလိုမရှိပါ။ ထိုကြောင့် ၎င်းသည် မကြာခဏလူတို့အတွက် သူပေးသောဝိညာဉ်ရေးအမှန်တရားနှင့်တူသည်။ အမှန်တရားများကိုသူဟော ပြောရာ၌ တစ်ခါတစ်ရံဝိညာဉ်မပါသောကြောင့် ကောင်းကင်မှလာသောသတင်း စကားမဟုတ်ပါ။ နှုတ်ကပတ်တော်ကိုဟောပြောသည်။ သွန်သင်ဆုံးမခြင်း များကိုပြုလုပ်သည်။ အတင်းအဓမ္မစွမ်းပကားဖြင့်ပြုလုပ်သောကြောင့် သူတစ်ပါး အတွက် သူ၌ ာအရာဖြစ်သည့် ဤလှပသောအမှန်တရားများထံသို့ လူတို့ ကိုရှောင်ဖယ်သွားစေပါသည်။ [Ev 281.5] EvBur 355.4
သူ၏အပေါ်သို့ ဘုရားသခင်၏ဝိညာဉ်တော်ဆင်းသက်သော ညီအစ်ကို တစ်ဦးကို ကျွန်ုပ်တွေ့ခဲ့သည်။ သူသည် စစ်မှန်သောအမှန်တရားကို ချစ်မြတ်နိုး သူဖြစ်ပြီး အချည်းနှီးသက်သက်သူတောင်းဆိုရရှိခဲ့ခြင်းမဟုတ်ပါ။ ဤမေတ္တာ ကိုချစ်မြတ်နိုးပြီး တိုးပွားအောင်ပြုလုပ်ကာ သူ၏စိတ်နှလုံးထဲ၌စွဲလမ်းလျက် ရှိသည်။ သို့သော် ကျွန်ုပ်တို့၏ညီအစ်ကိုသည် ခရစ်တော်၏သနားခြင်း၊ သိမ်မွေ့ခြင်းနှင့်ချစ်ဖွယ်စိတ်သဘောများကိုဖော်ပြရာ၌ အလွန်အားနည်းနေသူ ဖြစ်သည်။ သူသည် လူတို့၏စိတ်နှလုံးထဲသို့ ရွှေပိုက်လုံးများအားဖြင့် တစ်ဆင့် သွန်းလောင်းရန် သန့်ရှင်းသောဆီကိုလိုနေပါသည်။ ဤဆီသည် သူ၏စိတ် ထဲ၌ပြည့်ဝရန်လိုပြီး ဤဆီကိုသူရရှိသောအခါ ဘုရားသခင်၏ဝိညာဉ်တော် သည် သူ့အပေါ်သို့သက်ရောက်ပါလိမ့်မည်။ Manuscript 120, 1902, Ev 282.1] EvBur 356.1
အလင်းကို ပြင်းထန်စွာငြင်းဆန်ခြင်း - အပြစ်စီရင်ခြင်းကိုဂရုမစိုက်သော အခါ၊ အထောက်အထားကိုငြင်းပယ်သောအခါ၊ လူတို့သည် အတင်းအဓမ္မ ဆန့်ကျင်ခြင်းနှင့် ခိုင်မာသောခုခံခြင်းဘက်၌ ရပ်တည်ကြပါလိမ့်မည်။ Manuscript 13, 1992. [Ev 282.2] EvBur 356.2
ဝိညာဉ်များအတွက်စိတ်ပါစွာလုပ်ဆောင်ခြင်း - သင်သည် ကောင်းကင် စကြဝဠာတစ်ခုလုံးကို အပြည့်အဝမြင်ရသကဲ့သို့ ဝိညာဉ်များ၏ကယ်တင်ခြင်း အတွက်လုပ်ဆောင်ပါ။ ကောင်းကင်ဘုံ၌ရှိသော ကောင်းကင်တမန်တိုင်းတို့ သည် ဝိညာဉ်များ၏ကယ်တင်ခြင်းအတွက်လုပ်ဆောင်ခြင်းအပေါ် စိတ်ဝင်စား လျက်ရှိသည်။ နိုးကြားသင့်သလောက် ကျွန်ုပ်တို့မနိုးကြားကြပါ။ ကောင်းကင် တမန်တစ်ဖွဲ့လုံးသည် ကျွန်ုပ်တို့၏အကူအညီများဖြစ်သည်။ “သင်၏အလယ် ၌ရှိသော သင်၏ဘုရားသည် ခွန်အားကြီးသောသူဖြစ်သည်။ သူကယ်တင် လိမ့်မည်။ ဝမ်းသာခြင်းနှင့်သူသည် သင့်အပေါ်ဝမ်းမြောက်လိမ့်မည်။ သူ၏ မေတ္တာ၌သူခိုနားလိမ့်မည်။ သင့်အပေါ်သီချင်းသီဆိုခြင်းအားဖြင့် ဝမ်းမြောက် လိမ့်မည်။” ထိုကြောင့် ကျွန်ုပ်တို့သည် ရဲရင့်ခြင်းနှင့်ယုံကြည်ခြင်းဖြင့် မလုပ်ဆောင်နိုင်စရာအကြောင်းမရှိပါ။ “ထိုနေ့ရက်၌ ယေရုရှလင်မြို့ကိုပြော လိမ့်မည်။ မကြောက်နှင့်။ ဇိအုန်ကိုလည်းပြောလိမ့်မည်။ သင်၏လက်များ အားမလျော့ပါနှင့်။” ယုံကြည်ခြင်းတစ်ခုတည်းသာရှိကြပါ။ ဆုတောင်းလျက် ယုံကြည်ပါ။ ဘုရားသခင်၏ကယ်တင်ခြင်းကို သင်တွေ့ ရလိမ့်မည်။ Letter 126, 1896. EvBur 356.3