Go to full page →

သင်းအုပ်ဆရာဆိုင်ရာဇဝံဧဂလိသတင်းဟောကြားခြင်းလုပ်ငန်း EvBur 445

ယုံကြည်သူအသစ်များကို စောင့်ရှောက်ခြင်း - အမှန်တရားကိုလူတို့လက်ခံ ကြသောအခါ၊ ကျွန်ုပ်တို့သည် သူတို့အပေါ်မည်သည့်ဝန်ထုပ်မျှမထားဘဲ သူတို့ကိုချန်ထားပြီး အခြားနေရာသို့ထွက်ခွာသွားခြင်းမပြုရပါ။ သူတို့ကို စောင့်ရှောက်ကြရမည်။ ဝိညာဉ်အပေါ်ဝန်ထုပ်အဖြစ်ထားကာသယ်ဆောင်ပြီး ဘဏ္ဍာစိုးကဲ့သို့ သူတို့အတွက်တာဝန်ယူရမည်။ ထိုနောက် လူတို့ကိုသင်စကား ပြောသကဲ့သို့ လူတိုင်းအားသူတို့၏ဝေစုအလိုက် သင့်လျော်သည့်အစာကိုကျွေး ရမည်။ သို့သော် အစာပေးနိုင်သောအဆင့်၌ သင်ရှိလိုသောစိတ်ရှိရမည်။ Manuscript 13, 1888. [Ev 345.2] EvBur 445.2

ငါ၏သိုးကလေးများကို ကျွေးမွေးလော့ - ပေတရုအား သခင်ယေရှုပြောခဲ့ သည်မှာ၊ “သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကိုတည်ကြည် စေလော့” ဟုပြောခဲ့ပါသည်။ သူရှင်ပြန်ထမြောက်ပြီး မတက်ကြွသွားမီအချိန် ၌ သူ၏တပည့်ပေတရုအား “ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလော” ဟုမေးပါသည်။ ပေတရုက “ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏” ဟုပြန်ဖြေသောအခါ ယေရှုက၊ “ငါ၏သိုးသငယ်ကိုကျွေးမွေးလော့ ဟုပြောလိုက်ပါသည်။ [Ev 345.3] EvBur 446.1

ဤအရာသည် ပေတရုအတွက်လုပ်ရမည့်အလုပ်တစ်ခုဖြစ်လာသည်။ သို့သော်ငြားလည်း ပေတရု၌အတွေ့အကြုံနည်းပါးနေ၍၊ ယုံကြည်ခြင်း၌နုနယ် သေးသောသိုးတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်လော့ဟူသောအရာကို သင်ယူ ရသောအချိန်မတိုင်မီအထိ သူ့အနေဖြင့် ခရစ်ယာန်အသက်ကာ၌ပြည့်စုံစေ ဖို့ရန် စွမ်းဆောင်နိုင်သောသူတစ်ယောက်မဖြစ်ခဲ့သေးပါ။ ကြီးမြတ်သောကြည့်ရှု စောင့်ရှောက်မှု၊ အလွန်စိတ်ရှည်ခြင်းနှင့်ဇွဲလုံ့လရှိခြင်း၊ သင့်လျော်သောသွန်သင် မှုများကို လျစ်လျူရှုသောသူတို့ကိုသွန်သင်ခြင်း၊ အသုံးဝင်ပုံနှင့်တာဝန်ဝတ္တရား ရှိခြင်းတို့ကို သမ္မာကျမ်းစာတော်မြတ်ထဲမှဖွင့်ပြကာ သူတို့ကိုပညာပေးခြင်း စသည့်အရာအလုံးစုံတို့သည် ပေတရုအတွက်တောင်းဆိုမှုများဖြစ်လာပါတော့ သည်။ ယနေ့ခေတ်အသင်းတော်တို့ထဲတွင် ဤလုပ်ဆောင်ချက်တို့ကိုပြီးမြောက် စေရမည့်အရာများပင်ဖြစ်သည်။ သို့မဟုတ်ပါက လူသိရှင်ကြားထောက်ခံ ပြောဆိုရမည့်အမှန်တရားသည် အတွေ့အကြုံတစ်ခုကို မကြီးထွားမဖွံ့ဖြိုးစေ သောအဖြစ်သို့ရှိလာကာ စုံစမ်းနှောင့်ယှက်ခြင်းနှင့်လိမ်ညာလှည့်စားမှုဆီသို့သာ ပြသသွားပေလိမ့်မည်။ ပေတရုကိုပေးလိုက်သောတာဝန်သည် ဓမ္မအမှုတော် ဆောင်ယောက်တိုင်းနီးပါးထံသို့ ပြန်လည်ခံယူရန်ရောက်ရှိလာသင့်ပါသည်။ ထပ်ခါထပ်ခါပင်“ငါ့သိုးတို့ကိုကြည့်ရှုလော့” ဟူသော သိုးထိန်းတို့လုပ်ဆောင် ရမည့် သခင်ခရစ်တော်၏အဖန်တလဲလဲပြောဆိုသံကိုကြားနေရပါသည်။ [Ev 346.1] EvBur 446.2

ဘုရားသခင်၏သိုးစုကိုထိန်းသိမ်းကြည့်ရှုရမည့် ဧဝံဂေလိဓမ္မဆရာ ၏တာဝန်များကို ပေတရုထံသို့ပြောဆိုလိုက်သည့်စကားများတို့သည် သူ့ရှေ့ ၌ဖော်ပြထားလျက်ရှိသည်။ Letter 3, 1992. [Ev 346.2] EvBur 447.1

သိုးစုကိုအစာကြွေးခြင်း - ဧဝံဂေလိသာသနာ့လုပ်ငန်း၌ရှိနေကြသော ညီအစ်ကိုတို့၊ ဘုရားသခင်၏သိုးစုကို ကျွန်ုပ်တို့အစာကျွေးကြပါစို့။ လူတိုင်း ၏စိတ်ထဲသို့ အားပေးခြင်းနှင့်စိတ်ချမ်းမြေ့ခြင်းကိုယူဆောင်ပေးကြပါစို့။ ကျွန်ုပ် တို့ညီအစ်ကိုမောင်နှမများတို့၏မျက်စိကို နှစ်သက်ဖွယ်ရာမကောင်းသောလူတိုင်း နီးပါး၏စိတ်ထဲ၌ရှိနေသည့်စာရိတ္တမျိုးမှနေ၍ လှသောအဆင်းနှင့်ပြည့်စုံပြီး လူတစ်သောင်းတို့တွင် အထွတ်အမြတ်ဖြစ်တော်မူသောခရစ်တော်ထံသို့ကြည့် ရန် သူတို့ကိုသွန်သင်ကြပါစို့။ [Ev 346.3] EvBur 447.2

ဘုရားသခင်သည် တန်ဖိုးရှိသည့်အမှန်တရား၏ဘဏ္ဍာကို လူတို့အား ဖြစ်ပြီး ကြည်လင်သန့်ရှင်းသောခွက်ဖလားထဲ၌ ၎င်းအသီးကိုထည့်၍ လူတို့ အပ်နှံထားပါသည်။ ဤဘဏ္ဍာများတို့ကို လှပသောအသီးနှင့်နှိုင်းယှဉ်ရမည် သည် ဝမ်းမြောက်စွာဖြင့်အသီးကိုလက်ခံရယူပြီး ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှားစေရန်အတွက် လူတို့အားပေးရမည်။ Manuscript 127, 1902. [Ev346.4] EvBur 447.3

မိသားစုတိုင်းကိုလည်ဖတ်ပါ - သိုးစု၏သိုးထိန်းကဲ့သို့ ဓမ္မဆရာသည် သိုးများနှင့်သိုးကလေးများတို့ကို စောင့်ရှောက်ရမည်။ လမ်းလွဲ၍ပျောက်နေ သောသိုးများတို့ကိုရှာဖွေ၍ သိုးခြံထဲသို့ပြန်လည်ယူဆောင်လာရမည်။ သူသည် အိမ်ထောင်မိသားစုတိုင်းထံသို့ အလည်အပတ်ပြုသင့်သည်။ အိမ်သူအိမ်သား များတို့၏ဧည့်ဝတ်ကိုပျော်ရွှင်စွာခံယူရမည့် ဧည့်သည်တစ်ဦးကဲ့သို့မဟုတ်ဘဲ အိမ်ထောင်အတွင်းရှိ အိမ်သူအိမ်သားတိုင်းတို့၏ဝိညာဉ်ရေးအခြေအနေကို လေ့လာရမည်။ သူကိုယ်တိုင်၏နှလုံးသားထဲ၌ ဘုရားသခင်၏မေတ္တာနှင့် ပြည့်ဝလျက်ရှိနေရမည်။ ထိုနောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့် ယဉ်ကျေး သိမ်မွေ့သောအပြုအမူအားဖြင့် လူတိုင်း၏စိတ်ကိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး မိဘများ၊ သားသမီးများအားလုံးတို့ကို တောင်းပန်ခြင်း၊ သတိပေးခြင်း၊ ခြင်းနှင့် လိုအပ်သည့်အရာများအတွက် အောင်မြင်စွာဆောင်ရွက်သွားနိုင်လိမ့် မည်။ Signs of the Times, Jan. 28, 1886. [Ev 346.5] EvBur 448.1

စိတ်နှလုံးနှင့်နီးကပ်စွာနေပါ - သင်၏ညီအစ်ကိုများထံသို့ နီးကပ်စွာ ချဉ်းကပ်ပါ။ သူတို့အတွက်ရှာဖွေပါ။ သူတို့ကိုကူညီပါ။ သူတို့အခက်အခဲ များ၏ခံစားချက်များနှင့်အတူခံစားလျက် သူတို့၏စိတ်နှလုံးများနှင့်နီးကပ်စွာ ချဉ်းကပ်ပါ။ သို့မှသာ ကျွန်ုပ်တို့၏အားနည်းသောယုံကြည်ခြင်းမှ နားမလည် မိသားစုများတို့၏မိသားစုဝင်များတို့ကို ဝိညာဉ်များအကျိုးအတွက်လုပ်ဆောင် နိုင်သည့်ကျွန်ုပ်တို့၏အောင်မြင်ခြင်းများကို ရရှိပါလိမ့်မည်။ ဤအိမ်ထောင် နိုင်သည့်လုပ်ငန်းတချို့ကို စီစဉ်ပေးသင့်သည်။ အပြန်အလှန်မေတ္တာနှင့် ယုံကြည်စိတ်ချမှုသည် ဘုရားသခင်နှင့်အတူလုပ်ကိုင်ဆောင်ရွက်သောသူမျာ ဖြစ်ကြရန် သူတို့အတွက်စိတ်ဓာတ်ခွန်အားကိုပေးလိမ့်မည်။ Manuscript 42, 1898. [Ev 347.1] EvBur 448.2

ဆူးများကိုနုတ်ပစ်ပြီးစွန့် ပစ်လိုက်ရမည် - ခရစ်ယာန်များဟု မိမိကိုယ်ကို ကြပြီး ဘုရားတရားကိုင်းရှိုင်းခြင်းကို ပြုစုပျိုးထောင်ရန်အတွက် အချိန်မပေး ပြောဆိုနေကြသောသူများစွာတို့သည် လောကအရာများကိုသာလျှင် အာရုံစိုက် နိုင်ကြပါ။ သူတို့သည် စစ်မှန်သောဘာသာရေးကို ပထမအရေးကြီးသော လည်း အကယ်၍ ခရစ်တော်နှင့်မတူသောအကျင့်စာရိတ္တမျိုးကို အောင်မြင် အရာအဖြစ်ဂရုမပြုကြပါ။ လူတစ်ယောက်သည် အမှန်တရားရရှိပုံပေါ်သော် ခြင်းမရှိပါကဤဆူးများသည်ကြီးထွားလာပြီး အားကောင်းလာကာ တန်ဖိုး ရှိသည့်ဝိညာဉ်တော်၏ကျေးဇူးတရားများကို ဖျက်ဆီးလိုက်မည်ဖြစ်ပါသည်။ နှလုံးထဲ၌ရှိသောဆူးများကိုနုတ်ပစ်ပြီး စွန့်ပစ်လိုက်ရပါမည်။ အကြောင်းမှာ အကောင်းနှင့်အဆိုးတစ်ချိန်ထဲ၌ အတူတူစိတ်နှလုံးထဲတွင်ကြီးထွား၍မရပါ။ မသန့်ရှင်းသောလူသား၏အားနည်းခြင်းများနှင့်ဆန္ဒများတို့သည် ခရစ်ယာန် ကြီးထွားခြင်းအတွက် အဟန့်အတားများဖြစ်သောကြောင့် အသက်တာမှစွန့်ပစ် လိုက်ရပါမည်။ Letter 13, 1902. [Ev 347.2] EvBur 448.3

အပြစ်ဖော်ပြဆုံးမခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်း - သင်းအုပ်ဆရာလုပ်ရ မည့်အလုပ်တစ်ခုမှာ၊ အပြစ်ဖော်ပြဆုံးမခြင်းနှင့်တိုက်တွန်းနှိုးဆော်ခြင်းကို စိတ်ရှည်စွာဖြင့်ယုံကြည်ခံယူချက်နှင့်အညီ၊ နှုတ်ကပတ်တော်အရဟောပြောပြီး ချွတ်ယွင်းနေသည့်အရာများကိုပြသရပါမည်။ အကယ်၍ ခရစ်တော်နောက် သို့လိုက်သောသူတို့၏အကျင့်စာရိတ္တ၌ လိုအပ်သည့်အရာတစ်စုံတစ်ခုရှိပါက ဓမ္မဆရာ၏စိတ်ထဲ၌ ဝန်ထုပ်အမှန်ရှိသင့်ပြီး၊ ဘုရားသခင်၏အမွေခံများအပေါ် သခင်တစ်ပါးကဲ့သို့မဟုတ်ဘဲ လူသားတို့အားအမြဲပေးအပ်ထားသောတာဝန် ဖြင့် လူတို့၏စိတ်ကိုအကောင်းဆုံးဆက်ဆံကြရပါမည်။ Manuscript 13, 1888, [Ev 347.3] EvBur 449.1

ဥပုသ်နေ့ စည်းဝေးကိုမကြာခဏကျမ်းစာသင်တန်းတစ်ခုပြုလုပ်ပါ - အသင်းတော် ၏သင်းအုပ်ဆရာများအဖြစ်ဆောင်ရွက်သော ဓမ္မဆရာများတို့သည် တရား ဟောခြင်းကိုလျှော့ပြီး တစ်ဦးချင်းကြိုးစားဆောင်ရွက်ခြင်းကိုပြုလုပ်ရန် မကြာခဏ ကျွန်ုပ်အားပြောဆိုနေပါသည်။ ကျွန်ုပ်တို့၏လူတို့အား ဥပုသ်နေ့တိုင်းတရား အတွေးမဝင်သင့်ပါ။ မကြာခဏတရားဟောချက်များကိုကြားရသောသူတို့သည် ဟောချက်တစ်ခုကို သူတို့နားထောင်ရန်လိုအပ်ကြောင်း သူတို့၏စိတ်ထဲ၌ အမှန်တရားကို ရှင်းလင်းပြတ်သားစွာဟောပြောခြင်းကိုကြားရသည့်တိုင် အနည်းငယ်သာသင်ယူရရှိပါသည်။ အကျိုးပို၍ရရှိမည့်အရာမှာ အကယ်၍ မကြာခဏဥပုသ်နေ့အစည်းအဝေးများကို သမ္မာကျမ်းစာလေ့လာသည့်အတန်း တစ်ခုအသွင်ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ ကျမ်းစာအမှန်တရားကို ရိုးရိုးဖြင့် လွယ်ကူစွာနားလည်ပြီး ကယ်တင်ခြင်း၏စည်းမျဉ်းများကိုဆုပ်ကိုင်နိုင်ရန် စိတ်ဝင်စားသည့်အမူအရာဖြင့် ဟောပြောရပါမည်။ Letter 192, 1906. [Ev 348.1] EvBur 449.2

တရားဟောချက်များထက်ပို၍လိုအပ်သည် - ဓမ္မဆရာတစ်ဦးသည် ဓမ္မအမှု ကိုဆောင်သောသူဖြစ်သည်။ အကယ်၍သင်၏အလုပ်ကို တရားဟောရန်အတွက် သာ သင်သတ်မှတ်ပါက ဘုရားသခင်၏သိုးစုကိုထိခိုက်စေလိမ့်မည်။ အကြောင်း မှာ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ခြင်းကို သူတို့လိုအပ်သောကြောင့်ဖြစ်သည်။ သင်၏ဟောပြောခြင်းကိုတိုစေပါ။ ရှည်လျားသောတရားဟောချက်သည် သင်နှင့်တရားနာသူတို့ကိုပါ မောပန်းစေပါသည်။ အကယ်၍ဓမ္မဆရာများ သည် မိမိတို့၏တရားဟောချက်ကို တစ်ဝက်ဖြတ်လိုက်ပါက ပို၍ကောင်းပြီး၊ ကိုယ်တိုင်အလုပ်ကိုဆောင်ရွက်ရန် ပို၍ခွန်အားနှင့်အချိန်ကိုရရှိပါလိမ့်မည်။ မိသားစုများထံသို့အလည်အပတ်ပြုပါ။ သူတို့နှင့်အတူဆုတောင်းပါ။ သူတို့ နှင့်အတူစကားပြောပါ။ သူတို့နှင့်အတူကျမ်းစာလေ့လာပါ။ သူတို့အတွက် သင်ကောင်းမွန်စွာအမှုဆောင်နိုင်မည်ဖြစ်သည်။ သူတို့၏တိုးတက်မှုအတွက် သင်ရှာကြံခြင်းနှင့် ကျန်းမာသောခရစ်ယာန်များအဖြစ် သူတို့အားသင်ဖြစ်စေ လိုကြောင်း အထောက်အထားများကိုသူတို့အားပေးပါ။ Manuscript 8a, 1888. [Ev 348.2] EvBur 450.1

မေတ္တာအမွှေးအကြိုင်၏ခွက်ကိုသယ်ဆောင်ခြင်း - ဘုရားသခင်၏အမှုဆောင် များတို့သည် မိမိတို့၏စိတ်နှလုံးသားထဲ၌ အရည်ပျော်သည့်ယေရှု၏မေတ္တာကို လိုနေသည်။ ဓမ္မဆရာတိုင်းတို့သည် လူတစ်ဦးကဲ့သို့ လူတို့အထဲမှာနေစေပါ။ သူ့အားကောင်းသောနည်းစနစ်ဖြင့် တစ်အိမ်မှတစ်အိမ်သို့သွားပြီး အမြဲကောင်းကင် ၏မေတ္တာအမွှေးအကြိုင်လေထု၏ခွက်ကိုသယ်ဆောင်စေပါ။ သူတစ်ပါး၏ ဝမ်းနည်းခြင်းများ၊ အခက်အခဲများ၊ ပြဿနာများကို ကြိုတင်နားလည်ပေး ပါ။ အဆင့်အတန်းအနိမ့်အမြင့်မရွေး၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းတို့၏ ဝမ်းမြောက်ခြင်းနှင့်စောင့်ရှောက်ခြင်းထဲ၌ပါဝင်ပါ။ Letter 50, 1897. [Ev 348.3] EvBur 450.2

ကလေးများအတွက်တရားဟောခြင်း - သင့်လျော်သောအခွင့်အရေးရှိသည့် အချိန်တိုင်း၌ ခရစ်တော်မေတ္တာ၏ပုံပြင်ကို ကလေးများတို့အား ထပ်ခါတလဲ ပြောပေးပါ။ တရားဟောချက်တိုင်း၌လည်း သူတို့အတွက်အကျိုးရှိသည့်အချက် များကို အချိန်အနည်းငယ်ယူပြီးအသုံးပြုသွားပါ။ ဤလူငယ်လေးများအတွက် ခရစ်တော်၏အစေခံသည် ထာဝရတည်မြဲသောမိတ်ဆွေများအဖြစ် ပြုလုပ်ပေ လိမ့်မည်။ ထိုနောက်သူတို့သည် သမ္မာကျမ်းစာ၏အသိတရားကို ပို၍ထက်မြက် စွာနားလည်ခြင်း၌ ကူညီမစရမည့်အခွင့်အရေးကို မဆုံးရှုံးစေရပါ။ ဤအရာ ပါလိမ့်မည်။ အကယ်၍ကလေးငယ်များတို့သည် အစောဆုံးဘုရားသခင်၏ သည် ကျွန်ုပ်တို့ထင်သည်ထက် ပို၍မာရ်နတ်၏လှည့်ဖြားမှုကို တားဆီးနိုင် နှုတ်ကပတ်တော်အမှန်တရားများနှင့် အကျွမ်းတဝင်ဖြစ်ပါက ဘုရားတရား မရှိသောသူတို့၏ရန်ကိုကာကွယ်နိုင်ခြင်းနှင့် ရန်သူကို “ကျမ်းစာလာသည် ကား” ဖြင့်ရင်ဆိုင်နိုင်ကြပေလိမ့်မည်။ Gospel Workers, p. 208. (1915) [Ev 349.1] EvBur 451.1

ကလေးဆက်ကပ်ခြင်း - သိုးခြံထဲရှိတန်ဖိုးရှိသောသိုးကလေးများကို ဓမ္မ ဆရာများအနေဖြင့် အားပေးရန်မမေ့ကြပါစေနှင့်။ ကောင်းကင်ဘုရင်ခရစ်တော် ပြောခဲ့သည်မှာ၊ “ထိုသူငယ်တို့ကိုရှိစေတော့။ ငါ့ထံသို့လာသည်ကိုမဆီးတား ကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။” ကလေး များကို ခရစ်တော်သည် ဆရာကြီးများထံသို့စေလွှတ်ခြင်းမပြုပါ။ ဖာရိရှဲများ တို့ထံသို့မပို့ဆောင်ပါ။ အကြောင်းမှာ၊ ထိုပုဂ္ဂိုလ်များတို့သည် သူတို့အား မိမိတို့၏အကောင်းဆုံးသောမိတ်ဆွေကိုငြင်းပယ်ရန် သွန်သင်မည်ကိုသူသိသည်။ ခရစ်တော်ထံသို့ မိမိတို့၏ကလေးများကိုယူဆောင်လာကြသောမိခင်များတို့သည် ကောင်းမွန်စွာပြုလုပ်ခဲ့ကြသည်။ “ထိုသူငယ်တို့ကိုရှိစေတော့။ ငါ့ထံသို့လာသည် ကိုမဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံ ဖြစ်၏” ဟူသည့်ကျမ်းချက်ကိုသတိရပါ။ ယခုမိခင်များတို့သည် မိမိတို့၏ သားသမီးများကို ခရစ်တော်ထံသို့ပို့ဆောင်စေပါ။ ဧဝံဂေလိဓမ္မဆရာများတို့သည် ကလေးငယ်များတို့ကို မိမိတို့၏လက်ထဲ၌ကိုင်ပြီး၊ ခရစ်တော်၏နာမအားဖြင့် ကောင်းချီးပေးစေပါ။ ငယ်ရွယ်သောကလေးများတို့ကို အသိမ်မွေ့ဆုံးသော မေတ္တာစကားဖြင့်ပြောဆိုစေပါ။ အကြောင်းမှာ ယေရှုသည် သိုးခြံထဲရှိသိုး ကလေးများတို့ကို မိမိ၏လက်ထဲ၌ချီဆောင်ကာ ကောင်းချီးပေးခဲ့ပါသည်။ Review and Herald, March 24, 1896. [Ev 349.2] EvBur 451.2

ဧည့်သည်များအတွက်ဥပုသ်နေ့ တရားဟောချက်များ - ပညာရှိများ၊ တိုင်းပြည် အစီအစဉ်၌ပါဝင်ဝတ်ပြုကိုးကွယ်ကြသောအခါ၊ ဓမ္မဆရာသည် ပညာသားပါ ခေါင်းဆောင်များနှင့်ဂုဏ်သရေရှိသောသူများတို့သည် ဝတ်ပြုကိုးကွယ်ခြင်း သောတရားဟောချက်ကိုဟောရန် စဉ်းစားပြီးဟောမည်ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်ပါက ကမ္ဘာ့အကြီးဆုံးဆရာ၏ဟောပြောခဲ့သောသင်ခန်းစာများကို ဟောပြောရမည့် တန်ဖိုးရှိသည့်အခွင့်အရေးကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့နေထိုင်သောတိုင်းပြည်ရှိ လူအားလုံးတို့သည် ခရစ်တော်နှင့်သူ၏ ကပ်တိုင်ပေါ်အသေခံခြင်းအကြောင်းကို ပို၍လေ့လာရန်လိုအပ်သည်။ ခရစ်တော် အပေါ်၌ အခြေခံပြု၍တည်ဆောက်ခြင်းမရှိသော ဘာသာရေးဗဟုသုတဟူသန္ဓေ သည် တန်ဖိုးမဲ့များသာဖြစ်သည်။ ဤပညာရှိ၍ထက်မြက်သောပုဂ္ဂိုလ်များတို့ သည် ကျမ်းစာမှဖော်ပြသောကယ်တင်ခြင်းစီမံကိန်းကို ပို၍ရှင်းလင်းစွာနားလည် ရန်လိုအပ်သည်။ အမှန်တရားကိုရှင်းလင်းပြတ်သား၍ တန်ခိုးပါစွာသူတို့အား ဟောပြောကြပါစို့။ အကယ်၍ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် သူတို့အားအာရုံပြု ဆွဲဆောင်နိုင်ခြင်းမရှိပါက သူတို့သည် မည်သည့်အခါမျှကောင်းကင်အရာ များကို စိတ်ဝင်စားမည်မဟုတ်ပါ။ လူထုပရိသတ်တိုင်းတို့၌ ကျေနပ်မှုမရှိ ဖုဂ္ဖုဂ္ဂိုလ်များရှိနေပါသည်# ဥပုသ်နေ့တိုင်းခ် သူတို့မည်ကဲ့သို့ကယ်တင်ခြင်း ရနိုင်မည့်အကြောင်း၊ ခရစ်ယာန်များမည်ကဲ့သို့ဖြစ်လာရမည့်အကြောင်းကို သောပုဂ္ဂိုလ်များရှိနေပါသည်။ ဥပုသ်နေ့တိုင်း၌ သူတို့မည်ကဲ့သို့ကယ်တင်ခြင်း ရှင်းလင်းပြတ်သားစွာကြားလိုကြသည်။ သူတို့အတွက်အရေးတကြီးကြားလို သောအရာမှာ အပြစ်သားတစ်ဦးဘုရားရှေ့၌ မည်ကဲ့သို့ရပ်တည်ရမည်နည်း ဟူသည့်အချက်ဖြစ်သည်။ ကယ်တင်ခြင်းလမ်းကို သူတို့အားရိုးရှင်းစွာ ကလေး တစ်ဦးအားရှင်းလင်းပြောပြသကဲ့သို့ပြောရပါမည်။ ယေရှုကို အပြစ်သားများ တို့၏တစ်ခုတည်းသောမျှော်လင့်ရာကဲ့သို့မြှောက်တင်ပါ။ Manuscript 4, 1893. [Ev 350.1] EvBur 452.1

ဖတ်ရှုခြင်းနှင့်လေ့လာခြင်းအလုပ်ကိုလျစ်လျူရှုခြင်း - သင်းအုပ်ဆရာတစ်ဦး ခွန်အားအတွက် တစ်ဦးတည်းရှာဖွေလေ့လာခြင်း၌ဆက်ကပ်အချိန်ယူခြင်းမရှိ ၏တာဝန်များကို မကြာခဏအရှက်ကင်းမဲ့စွာလျစ်လျူရှုထားခြင်းမှာ မိမိ၏ သောကြောင့်ဖြစ်သည်။ သင်းအုပ်ဆရာသည် တစ်အိမ်မှတစ်အိမ်သို့ သိုးစု များအထဲ၌လည်ပတ်ခြင်း၊ သွန်သင်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့်ဆုတောင်း ခြင်းများကို အိမ်ထောင်တစ်စုစီတို့၌ပြုလုပ်ကာ သူတို့၏ဝိညာဉ်ရေးကိစ္စအတွက် ရှာဖွေဆောင်ရွက်သင့်ကြသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းစည်းမျဉ်းဥပဒေနှင့် အကျွမ်းတဝင်ဖြစ်ရန်ဆန္ဒရှိသူများတို့ကို လျစ်လျူရှုခြင်းမပြုသင့်ဘဲ အမှန် တရားထဲ၌တည်ရှိရန် သေချာစွာသင်ကြားပို့ချရမည်။ Gospel Workers, p. 337. (1915) [Ev 350.2] EvBur 453.1