ဝိညာဉ်အောင်မြင်ခြင်း၌ယုံကြည်သူအသစ်များကိုပညာပေးခြင်း - တစ်နေရာမှ ရပါမည်။ အမှန်တရား၌ရပ်တည်သောသူတို့ကို အသင်းတော်ထဲသို့ဖွဲ့စည်း တစ်နေရာသို့လည်ပတ်ခြင်းပြုရပါမည်။ အသင်းတော်တစ်ခုပြီးတစ်ခုထူထောင် လိုက်ပြီး ဓမ္မဆရာသည် အခြားအရေးကြီးသည့်သာသနာ့နယ်မြေများသို့ သွားရောက်လုပ်ဆောင်ရပါမည်။ [Ev 353.3] EvBur 457.1
အသင်းတော်ဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ဓမ္မဆရာအနေဖြင့် အသင်းဝင်များတို့ကိုအလုပ်လုပ်စေရမည်။ အောင်မြင်စွာမည်ကဲ့သို့လုပ်ဆောင် ရမည်ကိုလည်း သူတို့ကိုသွန်သင်ပါ။ [Ev 353.4] EvBur 457.2
ဧဝံဂေလိသတင်းစကား၏တန်ခိုးသည် ဖွဲ့စည်းထားသောအဖွဲ့ငယ် များအပေါ်သို့သက်ရောက်ပြီး အမှုတော်အတွက် သူတို့ကိုထိုက်တန်စေပါလိမ့် မည်။ ယုံကြည်သူအသစ်တချို့တို့သည် ဘုရားသခင်၏တန်ခိုးတော်နှင့်ပြည့်ဝ ကြီးစွာဖြင့် သူတို့လုပ်ဆောင်ကြမည်ဖြစ်ပြီး၊ မိမိညီအစ်ကိုများတို့အား အားနည်း တစ်မဟုတ်ချင်းအမှုတော်ထဲ၌ဝင်ရောက်လုပ်ကိုင်ကြလိမ့်မည်။ လုံ့လဝီရိယ စေမည့်ကြင်နာမဲ့ဝေဖန်မှုမျိုးတို့ကို ပြုလုပ်ကြမည်မဟုတ်ပါ။ သူတို့၏တစ်ခု တည်းသောဆန္ဒသည် အမှန်တရားကို နေရာတိုင်းသို့သယ်ဆောင်ရန်ဖြစ်သည်။ Testimonies, vol. 7, p. 20. (1902) [Ev 354.1] EvBur 457.3
ဘုရားရှင်အပေါ်တာဝန်ရှိခြင်းကိုလူတို့ အားလေးနက်စေပါ - အခြားသူများတို့ ၏ကယ်တင်ခြင်းအတွက် ကိုယ်စီတာဝန်နှင့်ကိုယ်စီလုပ်ဆောင်မှုကို ယုံကြည် ခြင်းသို့အသစ်ရောက်ရှိလာသူတို့အား ပညာပေးရမည်။ ကိုယ်စီယုံကြည်ခြင်း သည် လှုပ်ရှားမှုရှိရမည်ဖြစ်ပြီး လေ့ကျင့်ယူရမည်။ ကိုယ်စီသန့်ရှင်းခြင်းကို ပျိုးထောင်ရမည်ဖြစ်ပြီး ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်နှိမ့်ချခြင်းသည် ကျွန်ုပ်တို့၏လက်တွေ့အသက်တာ၌ ဖြစ်ပေါ်စေရမည်။ လုပ်ငန်းသည် လူသား ကိုယ်စားလှယ်တိုင်း၏စိတ်နှလုံးထဲ၌ သေချာလေးနက်စွာရှိစေရမည်။ [Ev 354.2] EvBur 458.1
အမှန်တရားကိုလက်ခံယုံကြည်သောသူတို့သည် သေခြင်းသို့ပို့ဆောင် စေနိုင်သည့် တစ်ကိုယ်ကောင်းဆန်ခြင်း၏သြဇာနှင့် ၎င်း၏စွန်းထင်းခြင်းနှင့် ဖျက်ဆီးခြင်းတန်ခိုးကိုပြသကြရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူသား ကိုယ်စားလှယ်တို့အပေါ်သက်ရောက်ရမည်။ သက်ရောက်ခြင်းမရှိပါက သူတို့ ၏စိတ်နှင့်ဆုံးဖြတ်ချက်ကို အခြားတန်ခိုးမှထိန်းချုပ်သွားပေလိမ့်မည်။ ဘုရားသခင်နှင့်စေလွှတ်တော်မူသော ယေရှုခရစ်တော်အားသိကျွမ်းခြင်းသည် ဝိညာဉ်အတွက်တစ်ခုတည်းသောမျှော်လင့်ရာဖြစ်သည်။ ဝိညာဉ်တိုင်းအား ဘုရားသခင်၏အကြောင်းကို ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်းပေါ်မှာတစ်နည်း သင်ကြားပို့ချရမည်။ မိမိသခင်အတွက်ဆောင်ရွက်ရန် လုပ်ငန်း၌ပါဝင်ခြင်းအတွက် မိမိတစ်ဦးစီ၏ တာဝန်ကိုနားလည်ရမည်ဖြစ်ပြီး ဝိညာဉ်များတို့ကိုသေခြင်းမှလွတ်မြောက်ရန် ကယ်တင်ခြင်းလုပ်ငန်း၌ဆောင်ရွက်ရမည်ကို သူသည် မည်သူဖြစ်ကြောင်းနှင့် မည်သူ့ကိုကယ်ရမည်ဖြစ်ကြောင်း သိရှိရန်လိုအပ်ပါသည်။ Manuscript 25, 1899. [Ev 354.3] EvBur 458.2
နှစ်ခြင်းမင်္ဂလာခံယူရန်သစ္စာဆိုခြင်းများ- ဝိညာဉ်ကို အောင်မြင်ရန်ကတိပြုခြင်း - ဘုရားသခင်၏လူတို့သည် ကြီးမားသောရိတ်သိမ်းရန် လယ်ပြင်၌လုပ်ငန်းတိုင်း အပေါ်မြင့်မြတ်၍ရက်ရောသောကြင်နာခြင်းရှိသည့် ခံစားချက်ရှိကြရမည်။ သူတို့၏နှစ်ခြင်းမင်္ဂလာခံယူစဉ်ပြုခဲ့သောကတိသစ္စာများအားဖြင့် သူတို့သည် ကိုယ်ကျိုးစွန့်လျက်ကြိုးစားကာ ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းကို အခက်ခဲ ဆုံးနေရာတွင်လုပ်ဆောင်ခြင်းအတွက် အားပေးမှုပြုကြသည်။ ယုံကြည်သူတိုင်း အပေါ်သို့ ဘုရားသခင်သည် အကူအညီကင်းမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသူတို့အား ကြိုးစား၍ကယ်တင်ရမည့်တာဝန်ကိုပေးထားပါသည်။ Australasian Union Conference Record, June 1, 1903. [Ev 354.4] EvBur 458.3
စစ်မှန်သောပြောင်းလဲသူ သည် အခြားသူ များအတွ က် လု ပ် ဆောင် လိ မ့် မည် - ကောင်းမြတ်သောကျေးဇူးတရားသည် အသစ်ပြောင်းလဲသောဝိညာဉ်အထဲ၌ တိုးပွားလျက်ရှိသည်။ ရရှိသည့်ကျေးဇူးတရားတိုးပွားခြင်းကိုပေးပြီး တောင်းဇလား အောက်၌ဝှက်ထားခြင်းပြုရန်မဟုတ်၊ အခြားသူများအတွက် အကျိုးပြုရန်ဝေငှ ရပါမည်။ စစ်မှန်သည့်ပြောင်းလဲသူတစ်ဦးသည် မှောင်မိုက်ထဲ၌ရှိသော အခြား လူတို့ကိုကယ်ရန်လုပ်ဆောင်လိမ့်မည်။ စစ်မှန်သည့်ပြောင်းလဲသူတစ်ဦးသည် ယုံကြည်ခြင်းအားဖြင့်လက်လှမ်းမီသရွေ့ အခြားသူများကိုတစ်ဦးပြီးတစ်ဦး ကယ်တင်သွားလိမ့်မည်။ ဤကဲ့သို့လုပ်ဆောင်သောသူတို့သည် ဘုရားသခင် ၏ကိုယ်စားလှယ်တော်သားသမီးများဖြစ်ကြပါသည်။ သူတို့သည် ဘုရားသခင် ကြီးမားသောလုပ်ငန်းခွင်၌ အပါအဝင်ဖြစ်ကြပြီး၊ မာရ်နတ်နှင့်သူ၏ ကိုယ်စားလှယ်များမှ သူတို့၏ခြေအောက်၌ ဖျက်ဆီးခြေမှုန်းခဲ့သော ဘုရားသခင် ၏ပညတ်တော်၌ပါရှိသည့် စစ်မှန်သောဥပုသ်နေ့ကို ပြန်လည်၍မှားယွင်းနေ သောနားရက်နေရာကို အမှန်ပြန်၍ပြုပြင်ရန်ဖြစ်သည်။ Letter 29, 1900, [Ev 355.1] EvBur 459.1
အဘယ်ကြောင့်အသစ်ပြောင်းလဲသူတချို့တိုးတက်မှုမရှိကြပါသနည်း — နှိမ့်ချ၍၊ ရိုးသားသောစိတ်နှလုံးသားဖြင့် ကိုးစားမှုရှိကြသောသူများတို့သည် ကောင်းကင် ကို ဆောင်ရွက်ကြပေလိမ့်မည်။ အိမ်၌သူတို့၏လုပ်ဆောင်သောအလုပ်၊ ပေါ်ရှိဘုရားသခင်၏ကောင်းကင်တမန်များတို့အား ဝမ်းမြောက်စေမည့်လုပ်ငန်း အိမ်နီးချင်းများနှင့်အသင်းတော်၌သူတို့၏လုပ်ဆောင်သောအလုပ်တို့သည် ထာဝရကာလအတွက် ကြီးမားစွာသောအကျိုးကိုဖြစ်စေလိမ့်မည်။ ၎င်းမှာ ဤအလုပ်ကို နုနယ်သည့်ပြောင်းလဲသူများတို့၏ဗဟုသုတရှိသူတို့မှ မွန်မြတ် သည့်အရာများထဲ၌ သေးငယ်သည့်အရာထက်ပို၍မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ကလေးများကဲ့သို့အမြဲဖြစ်၍ နို့ဖြင့်အမြဲတိုက်ကျွေး ရန်လိုပြီး မည်သည့်အခါမျှစစ်မှန်ကြေခဲသောဝမ်းမြောက်ဖွယ်အစာကို မစား နိုင်ကြသောကြောင့်ဖြစ်သည်။ Letter 61, 1895. [Ev 355.2] EvBur 459.2
အမှုဆောင်ခြင်းဖြင့်ယုံ ကြည်ခြင်းခိုင်မြဲခြင်း - ဝိညာဉ်များပြောင်းလဲလာ သည်နှင့်တစ်ပြိုင်နက် သူတို့အားအမှုတော်၌ပါဝင်လုပ်ဆောင်စေပါ။ သူတို့၏ စွမ်းရည်ရှိသည်နှင့်အလျောက် ဆောင်ရွက်ကြသောအခါ သူတို့၏ယုံကြည် ခြင်းသည် သန်မာထွားကြိုင်းလာလိမ့်မည်။ ၎င်းသည် တန်ခိုးသြဇာများတို့နှင့် ရင်ဆိုင်ရခြင်းကြောင့် မိမိတို့၏ယုံကြည်ခြင်းခိုင်မြဲလာခြင်းဖြစ်သည်။ သူတို့ ၏စိတ်နှလုံးသားထဲ၌ အလင်းရောင်တောက်ပလာသည်နှင့်အညီ ၎င်းရောင်ခြည် များကို သူတို့မှတစ်ဆင့်ပျံ့နှံ့စေပါ။ အသစ်ပြောင်းလဲလာသူများတို့ကိုသင်ကြား ပေးပြီး ခရစ်တော်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းဖြင့် ခရစ်တော်ကိုကမ္ဘာမှ သိရှိစေရန် သူ၏သက်သေခံများဖြစ်စေပါ။ [Ev 355.3] EvBur 460.1
မည်သူမျှငြင်းခုံခြင်းကိုမပြုသင့်ကြဘဲ သူတို့သည် ယေရှု၏မေတ္တာ ပုံပြင်ကို ရိုးသားစွာပြောသင့်ကြသည်။ သူတို့အားလုံးတို့သည် မိမိတို့၏ ယုံကြည်ခြင်းအတွက် နှုတ်ကပတ်တော်ကိုအမြဲတစေလေ့လာရှာဖွေသင့်ကြပြီး သူတစ်ပါးမေးမြန်းလာသောအခါ၊ “မိမိတို့၏မျှော်လင့်ခြင်းအကြောင်းကို : နှိမ့်ချကြောက်ရွံ့ခြင်းဖြင့်” ပြန်လည်၍ဖြေဆိုနိုင်ရန် ဖြစ်သည်။ [Ev 356.1] EvBur 460.2
အသင်းတော်အား သင်တို့အကောင်းဆုံးပေးနိုင်သောဆေးသည် တရားဒေသနာဟောပြောခြင်းမဟုတ်ပါ။ သူတို့အတွက်အလုပ်ကိုစီမံပေးခြင်း ဖြစ်သည်။ အလုပ်အတွက်စီမံပေးပါက စိတ်ဓာတ်ကျသူများ မိမိတို့၏စိတ်ကျ ခြင်းကိုမေ့ပျောက်သွားခြင်း၊ အားနည်းသူများခွန်အားရှိလာခြင်း၊ ပညာမဲ့သူ များပညာရှိလာခြင်းနှင့် ခရစ်တော်ကဲ့သို့ လူတိုင်းအမှန်တရားကိုဟောပြော ရန် အဆင်သင့်ရှိကြပေလိမ့်မည်။ မိမိထံသို့လာသောသူတိုင်းအား ကတိပြု ခဲ့သည့် ခရစ်တော်၌ပျက်ကွက်ခြင်းမရှိသောကူညီသူတစ်ဦးအား သူတို့တွေ့ရှိ ကြလိမ့်မည်။ Review and Herald, June 25, 1895. [Ev 356.2] EvBur 460.3
လှုပ်ရှားခြင်းမှဝိညာဉ်ခွန်အားပြည့်ဝလာခြင်း၏ဆက်စပ်မှု - ခရစ်တော်ထံ ဝိညာဉ်များကိုပို့ဆောင်ခြင်းအလုပ်၌ ယုံကြည်၍စိတ်ဝင်စားစွာအကောင်းဆုံး ပါဝင်လှုပ်ရှားဆောင်ရွက်သောသူတို့သည် ဝိညာဉ်ရေးနှင့်ဘုရားဝတ်၌မွေ့လျော် ခြင်းတွင် အကောင်းဆုံးတိုးတက်ကြီးပွားသောသူများဖြစ်သည်။ သူတို့၏ အတွက် ပြုလုပ်သောနည်းလမ်းများဖြစ်သည်။ နက်ရှိုင်းသောဘာသာရေး၌ ကြိုးစားလှုပ်ရှားဆောင်ရွက်ခြင်းသည် မိမိတို့၏ဝိညာဉ်ရေးကိုတိုးတက်စေရန် ဆုံးရှုံးခြင်း၏အန္တရာယ်သည် . ကျယ်ပြန့်စွာရရှိသောအရာများမှဖြစ်သည်။ ဤကဲ့သို့မဖြစ်သင့်ချေ။ ရှည်လျားသောတရားကြားနာရမည့်အစား ယုံကြည် ခြင်းသို့အသစ်ပြောင်းလဲသူများတို့အား လိမ္မာပါးနပ်စွာပညာပေးရမည့်နည်းလမ်း ရှိပါသည်။ ဝိညာဉ်ရေးလုပ်ငန်းအချို့တို့၌ တစ်စုံတစ်ခုလုပ်ဆောင်ရန် သူတို့ အားတာဝန်ပေးခြင်းအားဖြင့် သူတို့၏အချစ်ဦးသည်လျော့နည်းသွားခြင်းမရှိ ပို၍တိုးပွားလာမည်ဖြစ်သည်။ သူတို့သည် အသင်းတော်အပေါ်မှီခိုပြီး အသင်းတော်၏ပံ့ပိုးမှုကိုခံယူရမည်မဟုတ်ကြောင်းသိစေပါ။ သူတို့ကိုယ်တိုင် စွမ်းရည်မျိုးစုံတို့နှင့်အညီ လုပ်ငန်းအမျိုးမျိုးတို့၌ပါဝင်လုပ်ဆောင်နိုင်ကြပြီး ၏ခိုင်ခံ့သောအုတ်မြစ်အပေါ်၌သာ တည်ရှိစေရမည်။ သူတို့သည် မိမိတို့၏ အသင်းတော်အတွက် ဘုရားသခင်နှင့်ပို၍နီးကပ်နိုင်ရန် မိမိတို့ကိုယ်ကိုအသုံးခံ နိုင်ကြကာ နည်းလမ်းအမျိုးမျိုး၌ အသင်းတော်၏ပြင်ပရှိတန်ဆာပလာများ အပေါ်လှုပ်ရှားဆောင်ရွက်ခြင်းအားဖြင့် အသင်းတော်အပေါ်အကျိုးပြုသော လှုပ်ရှားခြင်းနည်းလမ်းများကိုဖြစ်စေလိမ့်မည်။ အသင်းတော်၏ပညာနှင့် အောင်မြင်ခြင်းသည် သူမ၏မျက်နှာသာပေးခြင်းအပေါ် တန်ဖိုးရှိသည့်သြဇာ တစ်ခုကို သက်ရောက်စေသည်။ အသင်းတော်၏အောင်မြင်ခြင်းအတွက် ဆာလံဆရာဆုတောင်းခဲ့သည်မှာ၊ “ဘုရားသခင်သည် အကျွန်ုပ်တို့ကိုသနား ခြင်းကရုဏာစိတ်တော်ရှိသဖြင့် ကောင်းချီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော၊ ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်ကိုသိ၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကယ်တင်တော်မူခြင်းကျေးဇူး ကို ခံရကြပါစေသော။” Letter 44, 1892. [Ev 356.3] EvBur 461.1
ခရစ်ယာန်ကြီးပွားခြင်းထင်ရှားစေလိမ့်မည် - အတ္တစိတ်နှင့်ကိုယ်ကျိုးရှာ ခြင်းကို ရင်ဝယ်ပိုက်ထားခြင်းထက် မည်သည့်အရာမျှဝိညာဉ်လျင်မြန်စွာ ဆုတ်ယုတ်စေသည့်အရာမရှိပါ။ အတ္တစိတ်နှင့်မွေ့လျော်ပြီး ခရစ်တော်အသက် စွန့်ခဲ့သည့်ပုဂ္ဂိုလ်များကို ဂရုမစိုက်သောသူတို့သည် အသက်မုန့်ကိုမစား၊ ကယ်တင်ခြင်းစမ်းရေကိုမသောက်သောသူများဖြစ်ကြသည်။ သူတို့သည် အသီး မသီးသောအပင်ကဲသို့ခြောက်သွေ့ ပြီး အားအင်မရှိသူများဖြစ်ကြသည်။ သူတို့ သည် ဝိညာဉ်ရေးမသန်စွမ်းသူများဖြစ်ပြီး၊ မိမိတို့၏ငွေကြေးများကို ကိုယ်ကျိုး အတွက်သာအသုံးပြုကြသည်။ သို့သော် “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။” [Ev 357.1] EvBur 462.1
ခရစ်ယာန်စည်းမျဉ်းများတို့သည် အမြဲပေါ်လွင်စေရမည်။ ထောင်ချီ သောနည်းလမ်းများဖြင့် အတွင်းမှစည်းမျဉ်းများထင်ရှားစေရပါမည်။ ခရစ်တော် ကိန်းဝပ်သောစိတ်နှလုံးသားသည် မည်သည့်အခါမျှမခန်းခြောက်သောရေတွင်း တစ်တွင်းကဲ့သို့ဖြစ်ပေလိမ့်မည်။ . Review and Herald, Jan. 15, 1895. [Ev 357.2] EvBur 462.2
လုပ်ဆောင်ခြင်းဖြင့်အသင်းတော်ကို အသက်ရှင်စေခြင်း - လူတို့အားအပြစ် သားများပြောင်းလဲစေရန် မိမိတို့၏အသင်းသားများတို့ကို မည်ကဲ့သို့လုပ်ဆောင် ရမည့်အကြောင်း သွန်သင်ပေးခြင်းဖြင့် အသင်းတော်ကိုရှင်သန်စေပါ။ ညီညာ လက်တွဲစုပေါင်းလုပ်ဆောင်ကြရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တစ်ဦးတည်း လုပ်ဆောင်ခြင်းထက် များစွာအကျိုးသက်ရောက်ခြင်းရှိပါလိမ့်မည်။ Review and Herald, April 23, 1908. [Ev 357.3] EvBur 462.3