ဖောက်ပြန်မှုကိုကာကွယ်ခြင်း - နုနယ်သောပြောင်းလဲသူများတို့ကိုပညာ ပေးရာ၌ အထူးဂရုပြုသင့်သည်။ မှားယွင်းသောဟောပြောခြင်း၊ မှားသောလမ်း တို့သည် ပျော့ပျောင်းသောစကား၊ ချိုသာသောစကားနှင့် လှည့်ဖြားသော နောက်သို့လိုက်ပါသွားခြင်းမရှိရန် သူတို့ကိုစွန့်ထားခြင်းမပြုရပါ။ ဝိညာဉ်များ စကားများအားဖြင့် သွေးဆောင်ရာသို့လိုက်ပါသွားခြင်းမရှိစေရန် ကင်းစောင့် တို့သည် အမြဲစောင့်ရှောက်မှုပြုစေပါ။ ခရစ်တော်မိန့်မှာခဲ့သည့်အရာအားလုံး ကို သစ္စာရှိစွာဖြင့်သွန်သင်ပါ။ ခရစ်တော်ကိုလက်ခံသမျှသောသူတိုင်းအား ကျွန်ုပ်တို့၏ကမ္ဘာပေါ်၌ အမှုတော်ပြီးစီးရေးအတွက် ကြီးမားသောအမှုတော် အစိတ်အပိုင်းတချို့တို့၌ ပါဝင်လုပ်ဆောင်နိုင်ရန်သင်တန်းပို့ချပါ။ Letter 279. 1905. [Ev 367.1] EvBur 475.2
အသင်းဝင်အသစ်များဖောက်ပြန်ရသည့် အကြောင်းရင်း - ကြိုးစားလုပ်ဆောင် ခြင်းနှင့်ဇွဲလုံ့လဖြင့်လေ့လာခြင်းအားဖြင့်သာ တည်မြဲသောအသိတရားကိုရရှိ နိုင်ပြီး ထိုအမှန်တရား၏တန်ခိုးသည် အသစ်ပြောင်းလဲသူများအားလုံးတို့ အပေါ်သက်ရောက်မှုရှိသင့်သည်။ စည်းမျဉ်းတစ်ခုကဲ့သို့ အမှန်တရားသို့ ပြောင်းလဲလာသူများတို့အား ကျွန်ုပ်တို့ဟောပြောသည့်အခါ သူတို့သည် ကျမ်းစာကိုကြိုးစားရှာဖွေသူများမဟုတ်ခဲ့ပါ။ အကြောင်းမှာ ရေပန်းစားသော အသင်းတော်များ၌ နှုတ်ကပတ်တော်ကို အမှန်တကယ်လေ့လာသူနည်းပါး လှသည်။ လူတို့သည် ဓမ္မဆရာကိုသာလျှင်အမှီပြုပြီး သူတို့အတွက်ရှာဖွေ သောကျမ်းစာကိုကြားရပြီး သူတို့၏သွန်သင်ပြသသောအရာကို ရှင်းလင်းပြ ခြင်းကိုသာနားထောင်ကြသည်။ [Ev 367.2] EvBur 475.3
အများသောသူတို့သည် အမှန်တရား၏အခြေခံစည်းမျဉ်းများကို နားလည်ရန် နက်စွာတူးဖော်ရှာဖွေခြင်းမပြုကြပါ။ ထိုကြောင့် လူတို့ဆန့်ကျင် လာသောအခါ၊ မိမိတို့၏ယုံကြည်ချက်ကိုထိန်းသိမ်းထားသော ငြင်းခုံခြင်းများ နှင့်အချက်အလက်များကို သူတို့မေ့ပျောက်သွားကြပါသည်။ အမှန်တရားကို ယုံကြည်ရန် သူတို့သည်ပို့ဆောင်ခြင်းခံရသော်လည်း အမှန်တရားသည် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝသွန်သင်မှုမခံရခြင်း၊ သို့မဟုတ် ခရစ်တော်ကိုသိကျွမ်းခြင်း၌ အချက်အလက်တစ်ခုပြီးတစ်ခု မခံယူခဲ့ရခြင်း အားဖြင့်ကျဆင်းသွားပြီး သူတို့အားပထမဦးစွာဆန္ဒတောင်းဆိုချက်များအပေါ် ကြောင့်ဖြစ်သည်။ မကြာခဏသူတို့၏ဘုရားတရားကြည်ညိုခြင်းသည် ပုံသဏ္ဌာန် စိတ်လှုပ်ရှားခဲ့စဉ်ကြားရသည်နည်းတူ ကြားရခြင်းမရှိတော့ဘဲ ဝိညာဉ်ရေး၌ သူတို့သည် သေသွားကြပါသည်။ GW, p. 368. (1915). [Ev 367.3] EvBur 476.1
ဖောက်ပြန်သူများတို့နှင့်ဆက်ဆံခြင်း - အထူးလုပ်ငန်းတစ်ခုကိုထမ်းဆောင် ရန်အတွက် ဘုရားသခင်စေလွှတ်သောသူတို့သည် ထူးခြားသောအယူအဆ ရှိသူများနှင့် မှားယွင်းမှုများကိုပြစ်တင်ဆုံးမရန် ခေါ်ယူခြင်းခံရလိမ့်မည်။ သူတို့သည် လူတိုင်းအား သမ္မာကျမ်းစာ၌ပါရှိသည့်မေတ္တာတရားကိုကျင့်သုံး ပြီး ယေရှုခရစ်၌ကဲ့သို့သောအမှန်တရားကို ဟောကြားသင့်သည်။ တချို့သော သူတို့သည် အမှန်တရားကိုဆန့်ကျင်ရာ၌ အလွန်မှပင်စိတ်အားထက်သန်ကြ လိမ့်မည်။ သို့သော် သူတို့၏အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲဖော်ပြခြင်း၊ သူတို့၏မကောင်းသောအကျင့်ဓလေ့များကိုထောက်ပြခြင်းတို့အားဖြင့် သူတို့ အပေါ်စိတ်ရှည်သည်းခံခြင်းကိုပြသရမည်။ “ထိုနောက် တချို့တို့သည် သူတို့သည် ကြောက်ရွံ့ခြင်းကြောင့် မီးထဲမှသူတို့အားဆွဲထုတ်ကယ်ယူနိုင်ခြင်း မေတ္တာတရားရှိခြင်း၊ ထူးခြားသောအရာကိုပြုလုပ်ခြင်းရှိကြပြီး အခြားသော နှင့် မိမိတို့၏ဝတ်လုံများ ဇာတိစိတ်ဖြင့်ညှိစွန်းခြင်းကိုပင် မုန်းတီးခြင်းရှိကြ ပေလိမ့်မည်။” [Ev 368.1] EvBur 476.2
အသင်းတော်သည် ပြုပြင်၍မရသောသူတို့ကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်ရန်တာဝန်ရှိသည်။ ဤအရာသည် ရင်နှစ်ဖွယ်ဆောင်ရွက်ရမည့် တာဝန်တစ်ခုဖြစ်သည်။ အမှန်တကယ်ဝမ်းနည်းဖွယ်ရာလုပ်ဆောင်ရမည့်လုပ်ငန်း ဖြင့် မှားယွင်းသူအားကယ်တင်ရန် လမ်းစမရှိတော့သည့်အထိ ဆောင်ရွက် တစ်ခုဖြစ်သောကြောင့် ပြုပြင်ရမည့်ပြုပြင်ခြင်းနည်းလမ်းတိုင်းကိုအသုံးပြုခြင်း သွားသင့်ပါသည်။ [Ev 368.2] EvBur 477.1
ခရစ်တော်သည် မည်သည့်အခါမျှအမှားနှင့်သဘောတူညီချက်မပြုလုပ် ခဲ့ပါ။ ဘုရားသခင်အစေခံများတို့၏နှလုံးသားထဲ၌ မှားယွင်းသူများတို့အား မေတ္တာနှင့်သနားခြင်းစိတ်ရှိပြီး ပျောက်သောသိုး၏ပုံပမာပုံဆောင်ထားသကဲ့သို့ ။ ဖြစ်ရမည်။ သို့သော် အပြစ်အတွက်သူတို့၌ပျော့ညံ့သောစကားလုံးများမရှိရ ပါ။ အစစ်မှန်ဆုံးသောမိတ်သဟာယဖွဲ့ခြင်းကိုပြသကာ သူတို့သည် ဘက်လိုက် ခြင်းနှင့်ယောင်ဆောင်ခြင်းကင်းစွာဖြင့် အမှားကိုပြုပြင်ရမည်။ ယေရှုသည် အပြစ်နှင့်ပြည့်ဝ၍ ညစ်ညမ်းသောခေတ်တွင်နေထိုင်ခဲ့သည်။ သူသည် လူတို့ အားသတိမပေး၊ ပြုပြင်ဆုံးမခြင်း၊ ကယ်တင်ခြင်းစီမံကိန်းနှင့်အညီမပြုလုပ်ရ မချင်း ဤလောကနှင့်သူသည် ငြိမ်သက်ခြင်းမရရှိပါ။ Letter 12, 1890. [Ev 368.3] EvBur 477.2
ဘုရားသခင်၏လမ်းနှင့်အညီမှားယွင်းမှုကိုပြေရှင်းခြင်း - ဘုရားသခင်သည် အသင်းတော်များအထဲ၌ ပျင်းရိစွာလုပ်ဆောင်ခြင်းကိုမနှစ်သက်ပါ။ သူ၏ ဘဏ္ဍာစိုးများတို့သည် ဆုံးမခြင်းနှင့်ပဲ့ပြင်ခြင်းတို့ကို မှန်ကန်စွာနှင့်သစ္စာရှိစွာ လုပ်ဆောင်ရန် သူမျှော်လင့်လျက်ရှိသည်။ သူတို့သည် ဘုရားသခင်မှပေး သော မိမိတို့၏အတွေးအခေါ်နှင့် စိတ်ကူးပေါက်သောအရာများမဟုတ်သည့် နှုတ်ကပတ်တော်စည်းမျဉ်းများအပြင် မှားယွင်းသောအရာကိုဖယ်ရှားပစ်ရမည်။ မည်သည့်ကြမ်းတမ်းသောနည်းလမ်းများကို အသုံးမပြုရပါ။ မတရားသော ကတိုက်ကရိုက်စိတ်ကူးရသလိုပြုလုပ်သောအရာမဖြစ်စေရပါ။ အသင်းတော် ၏မသန့်ရှင်းသောစာရိတ္တကို ကြိုးစား၍သန့်ရှင်းစေရာ၌ ဘုရားသခင်၏ နည်းလမ်းအတိုင်း ဆောင်ရွက်ကြရမည်။ ဘက်လိုက်ခြင်း၊ ယောင်ဆောင်ခြင်း မရှိစေရပါ။ အပြစ်များကိုပြုလုပ်သောသူတို့အား အခြားသူများတို့၏ပြုလုပ် သောအပြစ်ထက်နည်းသည်ဟုသဘောထားပြီး၊ မျက်နှာသာပေးခြင်းမပြုရပါ။ အို၊ ကျွန်ုပ်တို့အားလုံး သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံခံယူခြင်းကို မည်မျှ လိုအပ်လျက်ရှိပါသနည်း။ ထိုကြောင့် ခရစ်တော်၏စိတ်သဘောကြင်နာခြင်း၊ မေတ္တာတရားနှင့်သနားခြင်းကရုဏာဖြင့် အပြစ်သားများအတွက် မေတ္တာပြ ကာ တစ်ကြိမ်တည်းတွင်အပြစ်ကိုလုံးလုံးလျားလျားမုန်းတီးခြင်းဖြင့် အမြဲ လုပ်ဆောင်ကြရပါလိမ့်မည်။ Manuscript 8a, 1888. [Ev 368.4] EvBur 477.3
အမှားများကို ပေါလုမည်ကဲ့သို့ ပြုပြင်သနည်း - ယုံကြည်သူများတို့၏အဖွဲ့ အစည်း၌ ပြိုင်ဆိုင်ခြင်းများသည် ဘုရားသခင်၏အလိုတော်နှင့်မညီပါ။ ၎င်းတို့သည် ပင်ကိုယ်ဇာတိနှလုံးသား၏အရည်အသွေးများမှ ပေါ်ပေါက်လာ သောအကျိုးရလဒ်ဖြစ်သည်။ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်းနှင့် စည်းလုံးမှုမရှိခြင်းကို ဖြစ်ပေါ်စေသည့်လူအားလုံးတို့အတွက် ပေါလု၏စကားများမှာ သင့်လျော် လှပါသည်။ “ညီအစ်ကိုတို့၊ အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြော သကဲ့သို့ သင်တို့အားဟောပြောရသောအခွင့်မရှိဘဲ ဇာတိပကတိလူတို့အား လည်းကောင်း၊ ခရစ်တော်၌သူငယ်ကလေးတို့အားလည်းကောင်း ဟောပြော သကဲ့သို့ဟောပြောရ၏။ ယခုတိုင်အောင်သင်တို့သည် ခဲဖွယ်စားဖွယ်ကိုမကြေ နိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း သင်တို့ သည်မကြေနိုင်ကြသေး။” ဤနေရာ၌ ပေါလုသည် မိမိတို့၏အခွင့်အရေး များ၊ အခွင့်ကောင်းအခါကောင်းများတို့နှင့် တိုးတက်မှုအချိုးအစားမကိုက်ညီ သည့်ပုဂ္ဂိုလ်များတို့အား ပြောဆိုခြင်းဖြစ်ပါသည်။ ကြားနာရသောရှင်းလင်း သည့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့သည် သယ်ဆောင်နိုင်စွမ်း ရှိသင့်ကြသော်လည်း သူတို့၏အခြေအနေမှာ တပည့်တော်များတို့အား ခရစ်တော်ပြောခဲ့သည့်အခါကကဲ့သို့ရှိနေပါသည်။ “သင်တို့အားငါပြောစရာ စကားအများရှိသော်လည်း သင်တို့သည်ယခုမခံနိုင်ကြ။” သူတို့သည် ဝိညာဉ် ရေးအသိတရား၌များစွာတိုးတက်ရန်သင့်ပြီး နှုတ်ကပတ်တော်၏သာ၍မြင့်မား သောအမှန်တရားကိုနားလည်ကာ လိုက်လျှောက်နိုင်ရမည်ဖြစ်သော်လည်း သူတို့သည် သန့်ရှင်းခြင်းမရှိကြပါ။ သူတို့သည် မိမိတို့၏ဘိုးဘေးဘီဘင် အစဉ်အလာများတို့မှ ဖယ်ရှားပစ်ခြင်းကိုခံရမည်ဖြစ်ပြီး အမှားပြုတတ်သော အမူအကျင့်များတို့ကိုပျိုးထောင်ခဲ့ခြင်းတို့ကို မေ့ပျောက်ခဲ့ကြရန်နှင့် ပင်ကိုယ် ဇာတိစိတ်၏အရည်အသွေးများတို့ကို မြတ်နိုးခြင်းမရှိကြရန်ဖြစ်သည်။ EvBur 478.1
အမှန်တရားကိုယုံကြည်သည်ဟုဆိုသော အပြစ်ကျူးလွန်သူတချို့ မပါဘဲ ပြစ်မှားသူတို့ကိုဆုံးမရန် တမန်တော်အတွက်မဖြစ်နိုင်ပါ။ စိတ်ကို နူးညွှတ်စေသည့်သက်သေခံချက်သည် ကောင်းကျိုးမပေးနိုင်ပါ။ အကြောင်း မှာ သူတို့သည် သူတို့၏ဝိညာဉ်ရေးအသိတရားပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။ မနာလိုစိတ်ရှိခြင်း၊ မကောင်းသတင်းပြောဆိုခြင်းနှင့်စွပ်စွဲခြင်းတို့ သည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်လုပ်ဆောင်ခြင်းတံခါးကိုပိတ်ထား ခြင်းကြောင့်ဖြစ်သည်။ ပေါလုသည် ဝမ်းမြောက်စွာဖြင့် သာ၍မြင့်ရာအရပ် နှင့် ပို၍ခက်ခဲသောအမှန်တရားအပေါ်ရပ်တည်ကာ အင်အားကြွယ်ဝသည့် အမှန်တရားများဖြင့် သွန်သင်ဆုံးမသော်လည်း သူ၏သွန်သင်ပို့ချခြင်းသည် မရပါ။ ၎င်းအချိန်အတွက် လိုအပ်သည့်အမှန်တရားကို သူတို့အားဆုပ်ကိုင် သူတို့၏ မနာလိုစိတ်များကို တိုက်ရိုက်ဆန့်ကျင်ခြင်းကြောင့် သူတို့လက်ခံ၍ ထားနိုင်စေရန် မွန်မြတ်နက်နဲသောဘုရားဝတ်၌မွေ့လျော်ခြင်းကို ပြောဆို၍ မရပါ။ အစာကြေညက်စေနိုင်သောအစာအိမ်အတွက် အခက်အခဲမပြုနိုင်သည့် နို့ရည်ကဲ့သို့သောသင်ခန်းစာများကို တမန်တော်တို့သည် ရွေးချယ်ကြရမည်။ နက်နဲခက်ခဲသောအရာများကို ပြောဆိုခြင်းမပြုရပါ။ အကြောင်းမှာ ထိုအကြောင်း အရာများတို့ကို နားထောင်သောသူတို့အတွက် နားလည်မှုလွဲခြင်းနှင့်မဆီလျော် ခြင်းဖြစ်သည့်အတွက် ပို၍လွယ်ကူသောနှုတ်ကပတ်တော်အမှန်တရားများကို လိုအပ်သည့် နုနယ်သောပြောင်းလဲသူများသို့သာ ဟောပြောရမည်။ [Ev 370.1] EvBur 479.1
ခရစ်တော်အားဖြင့် ဘုရားသခင်အတွက်သန့်ရှင်းခြင်းသည် ခရစ်ယာန် များအတွက် လိုအပ်သောအရာဖြစ်သည်။ အကယ်၍ အသင်းတော်ထဲ၌ မှားယွင်းမှုများရှိပါက မဆိုင်းမတွဖြေရှင်းကြရမည်။ တချို့သောသူတို့ကို ပြင်းထန်စွာဆုံးမရပါလိမ့်မည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် မှားယွင်းသူတို့ အတွက် အကျိုးမယုတ်စေပါ။ ဝိညာဉ်၏သစ္စာရှိသောသမားတော်ကြီးသည် ရောဂါထပ်မံ၍မဖြစ်ပေါ်ရန် နက်စွာဖြတ်တောက်မှုကိုပြုရပါသည်။ ဆုံးမခြင်း ပြုပြီးသည့်နောက် နောင်တရခြင်းနှင့်အပြစ်ဝန်ချခြင်းလိုက်လာကာ ဘုရားသခင် သည် အခမဲ့ခွင့်လွှတ်ပြီး၊ ကုသပျောက်ကင်းစေလိမ့်မည်။ အပြစ်ဝန်ချခြင်း ပြုသည့်အခါတိုင်း ဘုရားရှင်အမြဲခွင့်လွှတ်လျက်ရှိပါသည်။ Review and Herald, Dec. 11, 1900. [Ev 370.2] EvBur 480.1
ဇိအုန်၏ဒုက္ခပေးသူများ - ကျွနု်ပ်တို့၏အသင်းတော်များအတွင်းပြုပြင် သည့်အလုပ်ကို ဟန့်တားသောအမှန်တရားကို ယုံကြည်သူတို့ရှိကြသည်။ သူတို့သည် ကယ်တင်ခြင်းကားဘီးများတို့၏လည်ပတ်ခြင်းကိုခတ်ထားသည့် ထိပ်တုံးများဖြစ်ကြသည်။ ဤလူတန်းစားသည် မကြာခဏဒုက္ခပေးတတ်သည်။ သံသယရှိခြင်းများ၊ မနာလိုစိတ်များနှင့်မသင်္ကာခြင်းများတို့သည် တစ်ကိုယ် ကောင်းစိတ်၏အသီးများဖြစ်ပြီး သူတို့၏ပင်ကိုယ်ဗီဇစိတ်ကို ရစ်ပတ်လျက် ရှိပုံပေါ်သည်။ ဤလူတန်းစားတို့၏နာမည်ကို “အမြဲအသင်းတော်၏ညည်းတွား သူများ ́ ဟု ကျွန်ုပ်အမည်ပေးလိုပါသည်။ သူတို့သည် အသင်းတော်ကို ဓမ္မဆရာနှစ်ဦးထက်ပို၍ဒုက္ခပေးနိုင်ပါသည်။ သူတို့သည် အသင်းတော်အတွက် အခွန်အတုတ်တစ်ခုနှင့် ခရစ်တော်၏ဓမ္မအမှုတော်ဆောင်များအတွက် ဝန်ထုပ် ကြီးတစ်ခုဖြစ်ပါသည်။ ယုံမှားသံသယရှိခြင်း၊ မနာလိုခြင်းနှင့်မှန်းဆခြင်း လေထုထဲ၌ သူတို့နေထိုင်ကြပါသည်။ ခရစ်တော်၏သံတမန်များတို့သည် အချိန်များစွာယူပြီး ဆိုးသွမ်းသောသူတို့၏အလုပ်ကိုဖြေရှင်းခြင်း၊ အသင်း တော်ထဲ၌ ညီညွတ်ခြင်းနှင့်စည်းလုံးခြင်းကိုပြန်လည်ရရှိရန်ဆောင်ရွက်ခြင်းတို့ ကို ပြုလုပ်ရန်လိုအပ်ပါသည်။ ဘုရားသခင်၏အစေခံများအတွက် ဤအလုပ် ကိုဆောင်ရွက်ရန် ရဲရင့်ခြင်းနှင့်ခွန်အားလိုအပ်ပြီး သူတို့၌ဆောင်ရွက်ရမည့် ပျက်စီးခြင်းသို့ ဝိညာဉ်များမရောက်ရှိရန် ကယ်တင်ရမည့်တာဝန်ကိုထိပါးစေ ပါသည်။ ဤဇိအုန်၏ဒုက္ခပေးသူများတို့ကို မိမိတို့၏လုပ်ရပ်များအတိုင်း ဘုရားသခင်မှအဖိုးအခပေးသွားပေလိမ့်မည်။ [Ev 370.3] EvBur 480.2
ခရစ်တော်၏ဓမ္မအမှုဆောင်များတို့သည် မိမိတို့၏အခြေအနေကို နားလည်မည်ဖြစ်ပါက ဤမာရ်နတ်၏ကိုယ်စားလှယ်များအားဖြင့် သူတို့၏ ကိုဤလောကအား ကြီးမားသည့်နောက်ဆုံးသောကယ်တင်ခြင်းသတိပေး လုပ်ငန်းထဲ၌ဟန့်တားမှုမဖြစ်စေရပါ။ အကယ်၍သူတို့သည် မိမိတို့၏ကိုယ် စကား၏အလုပ်မှ ဆိုင်းငံ့၍နေခဲ့ပါသော် ဤအရာများကိုမေးခွန်းထုတ်ရန်၊ ဝိနည်းရှောင်ရန်၊ ဝေဖန်ရန်လုံလောက်မည်ဖြစ်ပြီး ဘုရားသခင်၏ဓမ္မအမှုဆောင် များတို့ကို အမြဲအလုပ်များစေရန်ထားရှိနိုင်လိမ့်မည်။ အကယ်၍ အသင်းတော် သည် မသန့်ရှင်းသောညည်းတွားမြည်တမ်းသူတို့၏ပုန်ကန်ထကြွလိုသော ခံစားချက်များတို့ကိုတားဆီးရန် ခွန်အားမရှိပါက အသင်းတော်များအထဲ၌ ခွန်အား၊ စည်းလုံးခြင်းနှင့်တန်ခိုးရှိသည့်တန်ဆာပလာများရှိပြီး အသင်းတော် ကိုပို၍ကောင်းမွန်အောင်ပြုလုပ်နိုင်သည့် ရာချီသောဝိညာဉ်များတို့ကိုကယ်တင် ရန် အခွင့်အရေးလက်လွတ်ဆုံးရှုံးခြင်းထက် အသင်းတော်နှင့်ညည်းတွား မြည်တမ်းသူများတို့ကိုစွန့်လွှတ်လိုက်ခြင်းသည် သာ၍ကောင်းမည်ဖြစ်ပါသည်။ [Ev 371.1] EvBur 481.1
ဓမ္မအမှုဆောင်များနှင့်အသင်းတော်များအတွက် အကောင်းဆုံးသော နည်းလမ်းမှာ ဤအပြစ်ရှာသူ၊ ကောက်ကျစ်သောသူတို့ကိုဂရုမစိုက်ဘဲ မိမိ တို့၏ကိုယ်တိုင်မူရင်းအခြေအနေ၌ရှိစေပြီး ကမ်းခြေမှရေနက်ရာသို့ရွှေ့ကာ ဧဝံဂေလိဓမ္မပိုက်ကွန်ကို ငါးအတွက်တစ်ဖန်ပစ်ချခြင်းဖြင့် မိမိတို့အပေါ်ပေးအပ် ထားသောလုပ်ငန်းတာဝန်ကို အကျိုးရှိစွာလုပ်ဆောင်သွားရန်ဖြစ်သည်။ တချို့ သောသူများတို့သည် အမှန်တရားကိုဆုပ်ကိုင်ထားသော်လည်း ပင်ကိုယ်အား ဖြင့် အပြစ်ရှာခြင်းနှင့် ဘုရားသခင်၏အမှုတော်တိုးတက်ရေးအတွက် ရှိသမျှ သောမှောင်မိုက်နှင့်ခက်ခဲမှုအားလုံးကိုဖြစ်စေသောအခါ မာရ်နတ်အားဝမ်းမြောက် ဝမ်းသာစေပါသည်။ ယခုအရေးကြီးသောကာလ၌ ဓမ္မအမှုဆောင်များတို့သည် တစ်ကြိမ်က အမှန်တရား၏အင်အားကိုတွေ့မြင်ခဲ့သူတို့အား လုပ်ငန်းရပ်တန့် ရန်အတွက် သူတို့ကိုထောက်ခံအားပေးခြင်းမပြုရပါ။ သူတို့အနေဖြင့် နယ်မြေ သစ်သို့သွားရောက်အမှုထမ်းစဉ် သူတို့ကိုချုပ်ကိုင်ထားပြီး သူတို့အားမိမိကြွ လာသောအခါ အပြစ်ကင်းမဲ့စွာထိန်းသိမ်းထားနိုင်သော ခရစ်တော်အပေါ်၌ သာ ယုံကြည်သူခရစ်ယာန်များတို့အား ခိုင်မြဲစွာချည်နှောင်ထားသင့်သည်။ The True Missionary, February, 1874. [Ev 371.2] EvBur 481.2