ကာလီဖိုးနီးယားပြည်နယ်ရှိမြို့များ - ကာလီဖိုးနီးယားပြည်နယ်၌ အံ့ဩ ဖွယ်လျစ်လျူရှုထားသောအလုပ်ကို ဆောင်ရွက်ရန်ရှိသည်။ ဤအလုပ်ကို ကြာမြင့်စွာဆိုင်းငံ့ထားခြင်းမပြုဘဲ ဆောင်ရွက်ကြပါစို့။ အမှန်တရားကိုဟော ပြောရန် တံခါးဖွင့်ထားလျက်ရှိသည်နှင့်အညီ ဝင်ရောက်လုပ်ဆောင်ရန် အဆင်သင့်ရှိကြပါစို့။ တချို့သောလုပ်ငန်းကို စန်ဖရန်စစ္စကိုမြို့ကြီး၌ဆောင်ရွက် လျက်ရှိသော်လည်း နယ်မြေကိုလေ့လာသည်အခါ အစပြုဆောင်ရွက်လျက်ရှိ နေသေးသည်ကိုသာ ကျွန်ုပ်တို့ရှင်းလင်းစွာတွေ့မြင်ရပါသည်။ ကောင်းမွန်စွာ စည်းရုံးသောကြိုးစားမှုများဖြင့် ဤမြို့၏နေရာအနှံ့အပြားတို့နှင့် အုတ်လင်း (Oakland) မြို့ကိုပါ မြန်နိုင်သရွေ့ မြန်အောင် ဝင်ရောက်လုပ်ကိုင်သင့်ကြ သည်။ စန်ဖရန်စစ္စကိုမြို့၏ဆိုးသွမ်းမှုကို ကျွန်ုပ်တို့နားမလည်ပါ။ ဤမြို့၌ ကျွန်ုပ်တို့၏အလုပ်သည် ကျယ်ပြန့်၍နက်ရှိုင်းရလိမ့်မည်။ ဝိညာဉ်များစွာကို ကယ်တင်ရန် ဘုရားသခင်တွေ့ မြင်လျက်ရှိသည်။ 7T, p. 110, (1902) [Ev 403.2] EvBur 524.3
ကျွန်ုပ်တို့သည် စန်ဖရန်စစ္စကို၊ အုတ်လင်းနှင့်ကာလီဖိုးနီးယား ပြည်နယ်ရှိ အခြားမြို့ကြီးများတို့၌အလုပ်ကို ကျွန်ုပ်တို့၏ တန်ခိုးအားလုံးဖြင့် တည်ထောင်ရန် မဆောင်ရွက်ဘဲနေကြရမည်လား။ ဤမြို့များတို့တွင် ထောင်ပေါင်းများစွာ ကျွန်ုပ်တို့၏အနီးအနား၌နေထိုင်ကြသောသူတို့သည် နည်းလမ်းများစွာဖြင့် ကူညီမှုကိုလိုအပ်လျက်ရှိသည်။ တပည့်တော်များတို့အား ယေရှုခရစ်တော်ပြောခဲ့သည့် “သင်တို့သည် လောက၏အလင်းဖြစ်ကြ၏” ဆိုသည့်အချက်ကို ဧဝံဂေလိသတင်းစကားဆောင်ရွက်နေကြသည့် ဓမ္မအမှ ဆောင်များ နားလည်ကြပါစေ။ Manuscript 79, 1900. [Ev 403.3] EvBur 525.1
အနောက်ပိုင်းဒေသတောစခန်းအစည်းအဝေးများ - သေချာစွာဆောက်လုပ် ထားသော တောစခန်းအစည်းအဝေးများကို စန်ဖရန်စစ္စကိုကဲ့သို့သောမြို့ ကြီး များတို့၌ ကျင်းပသင့်သည်။ အကြောင်းမှာ မကြာမီဤမြို့များတို့အပေါ် ဘုရားသခင်၏တရားစီရင်ခြင်းအောက်၌ကျရောက်ကာ ဒုက္ခခံရကြလိမ့်မည်။ မှတ်ချက်- ၁၉ဝ၂ ခုနှစ်တွင်ရေးသားထားခဲ့သည်။ စန်ဖရန်စစ္စကိုနှင့်အုတ်လင်း မြို့တို့သည် သောဒုံနှင့်ဂေါမောရမြို့များကဲ့သို့ ဘုရားသခင်၏အမျက်တော် သည် ၎င်းတို့အပေါ်သို့သက်ရောက်လိမ့်မည်။ Manuscript 114, 1902. [Ev 403.4] EvBur 525.2
လုပ်ငန်းအတွက်အချိန်ကိုတိုစေမည် - စန်ဖရန်စစ္စကိုမြို့ သည် ပြင်းထန် စွာတရားစီရင်ခြင်းကိုခံရသော်လည်း အုတ်လင်းမြို့သည် ကရုဏာများစွာ ခံစားရသောကြောင့် သက်သာရာရခဲ့ပါသည်။ ဤနေရာများတို့၌ အမှု ထမ်းဆောင်ရန် အချိန်ကိုတိုတောင်းစေလိမ့်မည်။ ထိုကြောင့် ယခုအချိန်တွင် သူတို့အတွက် ဘုရားသခင်၏သတင်းစကားကို သူတို့ရှိသည့်အရပ်၌ ကြိုးစား အားထုတ်ဟောပြောရမည့် အရေးကြီးသောအချိန်ကာလဖြစ်ပါသည်။ Manuscript 25, 1908. [Ev 404.1 EvBur 525.3
စန်ဖရန်စစ္စကိုအမှုဆောင်များအတွက်သတိပေးချက်တစ်ခု - စန်ဖရန်စစ္စကိုမြို့၌ တိုးတက်နေသည့်လုပ်ဆောင်ခြင်းသည် ကောင်းသောလုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ခြေလှမ်းတိုင်းတွင် သတိဖြင့်ဆုတောင်းလျက် လုပ်ဆောင်ကြရမည်။ အကြောင်းမှာ အမှုဆောင်များအတွက်ရှုပ်ထွေးမှုနှင့် ဒုက္ခဖြစ်စေမည့်အရာ များစွာရောက်ရှိလာပေလိမ့်မည်။ ကျွန်ုပ်၏ညီအစ်ကိုတို့၊ သင်တို့အတွက် ကျွန်ုပ်အားဘုရားသခင်ပေးသောသတင်းစကားမှာ၊ “ဆုတောင်းလျက်စောင့်နေ ကြလော့။” ဘုရားသခင်၏အမှုတော်၌ သင်သည် အမှန်တရားကိုထိခိုက်စေ မည့် အဟန့်အတားမဖြစ်စေရန်သတိပြုပါ။ သင်၏ယုံကြည်ခြင်းကို ရိုးသား သောစကားများအားဖြင့် ဆင်ခြင်ပြောဆိုပါ။ ဘုရားသခင်၏အမှုတော်အတွက် အဟန့်အတားမဖြစ်စေရန် သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးတော်ကို မြတ်နိုးပါ။ လမ်းကြောင်းယိမ်းယိုင်ခြင်းမရှိစေရန် သင်၏ခြေအတွက်ဖြောင့် သောလမ်းခရီးများကိုပြုလုပ်ပါ။ Manuscript 105, 1902. [Ev 404.2] EvBur 526.1
ဘေးမြို့ပတ်ဝန်းကျင်၊ အုတ်(ခ)လင်း (Oakland) - ကျွန်ုပ်၏နှလုံးသည် နောင်တကြီးစွာဖြင့်ပြည့်ဝလျက်ရှိသည်။ ကျွန်ုပ်ဘယ်နည်းနှင့်မျှ ဖွင့်ဟပြောဆို ၍မရပါ။ ဖက်ထလူးမာ (Petaluma) ကဲ့သို့နေရာများတို့ကို ကျော်လွန်သွား သင့်သည်။ ယုံကြည်သူများတို့ကိုပြောရန် ဓမ္မဆရာတစ်ဦးသည် တစ်ကြိမ် လာရမည်ဖြစ်သော်လည်း လူတို့ရှေ့၌အမှန်တရားကိုဟောပြောရန် မည်သည့် ကြိုးစားခြင်းကိုမျှမပြုကြပါ။ ကျွန်ုပ်၏အသိဉာဏ်ထက်လွန်၍ ဘာကြောင့် ဖက်ထလူးမာ(Petaluma) ကိုလျစ်လျူရှုသင့်ခဲ့ကြပါသနည်း။ စန်ဖရန်စစ္စကို မြို့နှင့်အလွန်နီးကပ်လျက်ရှိသော်လည်း အမှန်တရားကို ထိုနေရာ၌ဟောပြော ရန် အာဖရိကကဲ့သို့ဝေးနေသည်ဟု ကျွန်ုပ်ခံစားနေရပါသည်။ [Ev 404.3] EvBur 526.2
ပတ်လည်တစ်ဝိုက်၌ လုပ်ဆောင်ရန်အလုပ်တစ်ခုရှိသည်။ မျက်နှာချင်းဆိုင်မြို့ စန်ဖရန်စစ္စကိုမြို့နှင့်အုတ်(ခ)လင်းမြို့ တို့အတွင်းနှင့် ၎င်းတို့၏ များတို့၌ လုပ်ဆောင်ကြရမည်။ အို၊ ဝိညာဉ်များပြောင်းလဲရန်အတွက် အချိန် မနှောင်းမီ ကျယ်လောင်စွာကြွေးကြော်ရမည့်ဝိညာဉ်စိတ်ဓာတ်သည် ကျွန်ုပ်တို့ ၏ဓမ္မဆရာများတို့၌ရရှိကြရန် များစွာလိုနေကြောင်း ကျွန်ုပ်တွေ့ရသည်။ Letter 113, 1902. [Ev 404.4] EvBur 526.3
တည်းခိုရာမြို့များတို့ ၌ကွင်းပြင်စည်းဝေးပွဲများဖြင့်ဗဟုသုတရယူခြင်း - တချို့ သောလများအတွက် ကျွန်ုပ်တို့သည် တောဒေသအစည်းအဝေးများကို နာဖာ ချိုင့်ဝှမ်းရှိ စိန့်ဟယ်လီးနား၊ ခက်လစ်ထိုကာနှင့် အခြားနေရာများ၌ကျင်းပရန် စီမံကိန်းဆွဲခဲ့ပါသည်။ ပထမဦးဆုံးတစ်ခုကို တနင်္ဂနွေနေ့၊ ဇွန်လ (၇) ရက်နေ့တွင် ဟော့စပရင်းဖတ်(ခ်)၊ ခက်လစ်ထိုကာ၌ ကျင်းပခဲ့သည်။ နယ်ဌာနချုပ်မှခေါက်ကုလားထိုင်တချို့ကို ကျွန်ုပ်တို့အားငှားခဲ့ပါသည်။ ခက်လစ်ထိုကာအသင်းတော်ရှိ အသင်းဝင်များတို့သည် အမှန်တရားကိုမကြား ရသေးသောသူများထံသယ်ဆောင်ရန် စိတ်အားထက်သန်ကြပြီး စည်းဝေး အတွက်ကောင်းမွန်စွာပြင်ဆင်ပေးခဲ့သည်။ လဟာပြင်စည်းဝေးများသည် ဘုရားကျောင်းထဲ၌ ဝတ်ပြုခြင်းအစီအစဉ်ကိုမတက်ရောက်နိုင်သူများအတွက် အကျိုးရှိသောနည်းလမ်းတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။ ထိုကြောင့် ၎င်းတို့အားဖြင့်သက်သေထူနိုင်ခဲ့ပါသည်။ [Ev 405.1] EvBur 527.1
ရာသီဥတုပူအိုက်သော်လည်း စည်းဝေးသို့တက်ရောက်သူဦးရေများ သည်ကို တွေ့ရပါသည်။ ဘုရားသခင်သည် ကျွန်ုပ်အားစကားပြောရာ၌ များစွာလွပ်လပ်ခွင့်ပေးခဲ့ပါသည်။ စည်းဝေးကိုလူတို့သည် ဝမ်းမြောက်ပျော်ရွှင် စွာတက်ရောက်ကြပုံပေါ်ပြီး လာမည့်ဥပုသ်နေ့နှင့်တနင်္ဂနွေနေ့တို့တွင် ဤနေရာ ၌ပင်စည်းဝေးတစ်ဖန်ကျင်းပမည်ဖြစ်ကြောင်း ချိန်းချက်ထားလိုက်ပါသည်။ ကျွန်ုပ်တို့၏လူတို့သည် တနင်္ဂနွေနံနက်စောစောအချိန်၌စုရုံးလာကြကာ တောအုပ် ကလေးတွင် အတူတကွအချိန်ကိုအသုံးပြုခဲ့ကြသည်။ ပို၍များသောတက်ရောက် သူဦးရေကို ဒုတိယတနင်္ဂနွေနေ့တွင် တွေ့ရှိရပါသည်။ [Ev 405.2] EvBur 527.2
ဆက်လက်၍လဟာပြင်အစည်းအဝေးများကိုကျင်းပသွားရန် ကျွန်ုပ် တို့မျှော်လင့်ကြပါသည်။ ၎င်းအားဖြင့် ပို၍ကောင်းမွန်စွာပြီးမြောက်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အကယ်၍သင့်လျော်သည့်နေရာတစ်ခုကိုတွေ့ရှိရပါက နောက်ထပ်တစ်ခုကို စိန့်ဟယ်လီးနာ အနားတွင်ကျင်းပသွားပေမည်။ [Ev 405.3] EvBur 528.1
မကြာမီကြွလာမည့်ကယ်တင်ရှင်အကြောင်းကို ကျွန်ုပ်တို့အနားရှိလူတို့ အားသတိပေးရန် တတ်နိုင်သမျှအားလုံးလုပ်ဆောင်ရန် ကျွန်ုပ်တို့ဆန္ဒရှိကြ ပါသည်။ အမှန်တရားကို ယခုအချိန်အထိမသိရသေးသောသူတို့အတွက် ကျွန်ုပ်စိတ်ပူပန်လျက်ရှိသည်။ Review and Herald, July 14, 1903. EvBur 528.2
တောင်ပိုင်းကာလီဖိုးနီးယားပြည်နယ်၌ - လော့(စ)အင်ဂျလစ်၌ ဆောင်ရွက် ရန်အလုပ်ရှိသည်။ တောင်ပိုင်းကာလီဖိုးနီးယားပြည်နယ်နှင့်အခြားနေရာများစွာ တို့၌ ကျန်းမာခြင်းနှင့်ဆက်စပ်သည့်လုပ်ငန်းအတွက် ကောင်းသောအခွင့်အရေး များရှိနေပါသည်။ ကျွန်ုပ်တို့၏ဓမ္မဆရာများနှင့်စာပေရောင်းချသူများ ထိုနေရာ တွင်ရှိသင့်ကြပြီး သတင်းစကားဖြန့်ချိရန် သူတို့၏အခွင့်အရေးကိုစောင့်ကြည့် ကာ သူတို့၌အခွင့်အရေးပေါ်ပေါက်လာသောအခါ စည်းဝေးများကိုကျင်းပ ကြရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းစွာနှင့်တန်ခိုးပါစွာ ဟောပြောခြင်းအားဖြင့် နားရှိသောသူများ အမှန်တရားကိုကြားသိစေပါ။ ဟောပြောသူများတို့သည် တောင်ကာလီဖိုးနီးယားပြည်နယ်ရှိ မတူညီသော နေရာများတို့၌ မိမိတို့၏နေရာများကိုရှာဖွေသင့်ပြီး မကြားသိရသေးသော သူများတို့အား ဧဝံဂေလိ၏ယခုခေတ်အမှန်တရားကို ဟောကြားကြရမည်။ Manuscript 105, 1902. [Ev 405.5] EvBur 528.3
လော့(ဖ်)အင်ဂျလစ် - လော့(စ)အင်ဂျလစ်မြို့၌ ဆောင်ရွက်ရမည့် လုပ်ငန်းအရည်အသွေး၊ ကျယ်ဝန်းခြင်းနှင့်ပတ်သက်၍ အထူးသောအလင်းကို ကျွန်ုပ်အားပေးခဲ့သည်။ ကျွန်ုပ်တို့အပေါ် တတိယကောင်းကင်တမန်သတင်း စကားကို တန်ခိုးဖြင့်ဟောပြောရမည့်တာဝန်နှင့်ပတ်သက်ပြီး သတင်းကို ကြိမ်ပေါင်းများစွာ ကျွန်ုပ်အားပေးခဲ့ပါသည်။ Review and Herald, March 2, 1905. [Ev 406.1] EvBur 528.4
ရက်(ဒ)လန်း(ခ)နှင့် ရေးဗာစို က် - အရေးကြီးသောလုပ်ငန်းကို ရက်(ဒ)လန်း(စ)နှင့်ရေးဗာစိုက်တို့၌ ဆောင်ရွက်ရမည်။ ထိုနေရာများတို့၌ အသင်းတော်များတိုးပွားစေရမည်။ အလုပ်ရှေ့သို့တိုးတက်ခြင်းရှိပါစေ။ Letter 193, 1905. [Ev 406.2] EvBur 529.1
အနောက်ပိုင်းမြို့ကြီးများတို့ ၌သတင်းစကား - ကာလီဖိုးနီးယားတောင်ပိုင်းရှိ မြို့များတို့၌ အဆောက်အဦကြီးများကိုဆောက်လုပ်ခြင်း၊ သို့မဟုတ် ဝယ်ယူ ခြင်းသည် မှားယွင်းသောအရာတစ်ခုဖြစ်ပေလိမ့်မည်။ ကြီးကျယ်သောဤအခွင့် အရေးကိုတွေ့ရှိရပုံပေါ်ခြင်းသည် အသိတရားကင်းမဲ့ခြင်း၏လုပ်ရပ်ဖြစ်ပေ လိမ့်မည်။ [Ev 406.3] EvBur 529.2
ယခုအချိန်တွင် ဤမြို့ကြီးများအထဲ၌ ဧဝံဂေလိသတင်းစကားကို ကြွေးကြော်ရမည့် ကြီးမားသောအလုပ်ကိုလုပ်ကြရမည်ဖြစ်သော်လည်း အံ့သြ ဖွယ်ကောင်းလောက်အောင်ပေါ်လွင်စေမည့် ကြီးမားသောအဆောက်အဦများ မည်။ လူတို့သည် ဘုရားသခင်နှင့်နှိမ့်ချစွာအတူလျှောက်လှမ်းရန် ဘုရားရှင် တို့ကိုဆောက်လုပ်ခြင်း၊ ရယူခြင်းမှာ မှားယွင်းသောလုပ်ရပ်တစ်ခုဖြစ်ပေလိမ့် အလိုရှိပါသည်။ သတိပေးသတင်းစကားကို ကြီးမား၍ဆိုးသွမ်းသောမြို့များ တို့၌ ကြွေးကြော်သင့်ကြပါသည်။ Manuscript 30, 1903. [Ev 406.4] EvBur 529.3