ဘုရားရှင်အားကူညီရန်ထွက်လာကြပါ - ကျွန်ုပ်၏နောက်ဆုံးသောရူပါရုံ၌ ဥရောပမြောက်ပိုင်းရှိ လုပ်ငန်းအရေးကြီးကြောင်း ကျွန်ုပ်အားပြသခဲ့သည်။ ဘုရားသခင်သည် မစ်တာမက်ထစင်အား လူတို့၏စိတ်ကိုထိတွေ့ရန် သက်သေခံချက်တစ်ခုကိုပေးသည်။ သို့သော် လုပ်ငန်းမှာစတင်ရုံမျှသာဖြစ် သည်။ အမြော်အမြင်ရှိရှိ ဆက်ကပ်လုပ်ဆောင်ခြင်းဖြင့် အမှန်တရားသိရှိခြင်း သို့ ့ ဝိညာဉ်ပေါင်းများစွာကိုပို့ဆောင်နိုင်လိမ့်မည်။ သာသနာ့နယ်မြေထဲ၌ ကိုယ်ကျိုးစွန့်သူများ၊ ဘုရားကြောက်ရွံ့သည့်အမှုဆောင်များစွာရှိသင့်ကြပြီး ဝိညာဉ်အတွက်လုပ်ဆောင်ကြသောသူတို့သည် တရားစီရင်သောနေ့၌ စာရင်း ရှင်းကြရပါလိမ့်မည်။ [Ev 419.1] EvBur 546.1
ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်ရှိညီအစ်ကိုများတို့သည် မိမိတို့၏နိုင်ငံ တွင်းရှိ မိမိတို့၏နိုင်ငံသူနိုင်ငံသားများတို့အတွက် ဆောင်ရွက်သင့်သလောက် မဆောင်ရွက်ကြကြောင်း ကျွန်ုပ်အားဖော်ပြခဲ့သည်။ အမှန်တရားကိုသူတို့ရရှိ သည်နှင့်တစ်ပြိုင်တည်း သူတို့၏စိတ်ထဲ၌ သာသနာပြုစိတ်ဓာတ်ရှင်သန်ကာ မှားယွင်းသောအမှောင်ထုထဲရှိ မိမိတို့၏ညီအစ်ကိုများအတွက် လုပ်ဆောင် သင့်ကြသည်။ သူတို့သည် မိမိတို့၏တာဝန်ကိုမဆောင်ရွက်၊ မိမိတို့၏နိုင်ငံ အတွက်ဆောင်ရွက်ရန် သူတို့အားဘုရားသခင်တောင်းဆိုနေလျက်နှင့် အများ သောသူတို့သည် အမေရိကန်နိုင်ငံမှ မိမိတို့၏အကူအညီများတို့၏အကူအညီ ကိုသာ မျှော်လင့်လျက်နေကြသည်။ အကယ်၍ သူတို့ဆန္ဒရှိကြပါက၊ ယခု ဆောင်ရွက်သည်ထက် ပို၍များစွာဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ဤညီအစ်ကို များတို့သည် အတ္တစိတ်ကိုအောင်မြင်ကြရမည်ဖြစ်ပြီး ဘုရားသခင်နှင့်မိမိတို့၏ ပြည်သူပြည်သားများတို့အတွက် ဆောင်ရွက်ရမည့်တာဝန်ကိုသိရှိရန် နိုးကြား ဖို့လိုအပ်နေသည်။ သို့မဟုတ် ဝိညာဉ်များတို့ကိုကယ်တင်ရာ၌ တန်ဆာပလာ ဖြစ်ရန် ဘုရားသခင်၏ဘဏ္ဍာထဲသို့ မိမိတို့၏ငွေကြေးများလုံခြုံခြင်းနှင့် မိမိတို့၏ပါးနပ်စွာကိုယ်တိုင်ကြိုးစားခြင်း၏တန်ဖိုးရှိသည့် ခံစားရမည့်အကျိုးကို ဆုံးရှုံးကြရမည်ဖြစ်သည်။ EvBur 546.2
ပျိုရွယ်သည့်အမျိုးသားများ မိမိတို့၏နိုင်ငံ၌သာသနာပြုများဖြစ်ကြ ရန် ပညာသင်ယူသင့်ကြပြီး၊ အမှောင်ထဲရှိသူများကို အမှန်တရားသင်ကြား ရမည်။ ဥရောပတိုက်၌ စာပေများကိုပုံနှိပ်ထုတ်ဝေသင့်သည်။ သို့သော် လက်ရှိအချိန်၌ ဒိန်းမတ်၊ ဆွီဒင်နှင့်နော်ဝေးရှိ အမှန်တရားကိုယုံကြည်သူ အားလုံးတို့သည် အေးအေးဆေးဆေးနေကြပြီး စိတ်ဆန္ဒအလွန်နည်းပါးနေ သည်။ ဤအကြောင်းကြောင့် အမေရိကန်ပြည်မှ မိမိတို့၏ညီအစ်ကိုများ ကြခြင်းကြောင့် မိမိတို့၏ရန်ပုံငွေများကိုမဆုံးရှုံးစေရန် ထိန်းသိမ်းထားကြပါ ဆောင်ရွက်သကဲ့သို့ သူတို့သည်လည်း စိတ်ပါဝင်စားစွာ မိမိတို့၏နိုင်ငံသား များအတွက်ဆောင်ရွက်ကြရန် သူတို့ကိုကျွန်ုပ်တောင်းဆိုပါသည်။ ဤညီအစ်ကို များတို့သည် ဘုရားသခင်၏အမှုတော်တွင် မဆိုင်းမတွပါဝင်ရန် ဘုရားသခင် အလိုရှိနေပါသည်။ The Advent Review Supplement, Feb. 6, 1879. [Ev 419.3] EvBur 547.1
အကျင့်ဓလေ့များနှင့်ရိုးရာများကွဲပြားသော်လည်း လူ့သဘာဝအတူတူပင်ဖြစ်သည် - ကျွန်ုပ်တို့အမေရိကန်၌ပြုသကဲ့သို့ ဤနေရာ၌လည်း ထိုနည်းတူသင်တို့ပြုရ ကြမည်။ သင်တို့၏နယ်မြေအဖွဲ့အစည်းများနှင့် အခြားအထောက်အကူပစ္စည်း များတို့ကိုယူဆောင်ကာ များသောအားဖြင့် ထုတ်ဝေသောစာပေများတချို့နေရာ များ၌ အောင်မြင်မှုများစွာရှိပုံမပေါ်သည့်တိုင် ၎င်းအတိုင်းသင်ဆောင်ရွက်ရ မည်။ အမေရိကန်၌ ထိုဗဟုသုတများကို ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရသည်။ သို့သော် ခြားနားသောလူတန်းစားများထံသို့ ကျွန်ုပ်တို့မည်သည့်တိုးတက်မှုကိုမျှမပြုလုပ် နိုင်သေးမီ တစ်ခါတစ်ရံ ဤပုံနှိပ်ထုတ်ဝေသောစာပေများကို ကျွန်ုပ်တို့ အဆက်မပြတ်ပို့ပေးလျက်ရှိပါသည်။ [Ev 420.1] EvBur 547.2
ဤနိုင်ငံ၌ခြားနားသောပုံစံတစ်ခုဖြင့် အလုပ်ကိုဆောင်ရွက်ရမည်ဟု ကျွန်ုပ်တို့အားပြသခဲ့ပြီး ခြားနားသောလမ်းတစ်ခုဖြင့်လုပ်ဆောင်ရန် ဘုရားရှင် ထံမှတန်ခိုးတစ်ခုဖြင့်သင်ဆောင်ရွက်ရန် သင့်အားနှိုးဆော်ရပါလိမ့်မည်။ ထိုနောက် ညီအစ်ကိုမက်သစင်နှင့်ဩစင်တို့သည် သင့်အားဤနေရာရှိအမှ တော်အတွက်မစသောအခါ ဤလုပ်ဆောင်နေသည့်နည်းကို ယခုဖယ်ရှား လိုက်ပြီး အခြားနည်းလမ်းတစ်ခုဖြင့် သင်စတင်တွေးတောလုပ်ဆောင်နိုင်ပေ လိမ့်မည်။ ထိုကြောင့် သင်လုပ်နိုင်သည်ဟု သင်ထင်သည်ထက်ဆယ်ဆမက သင်ဆောင်ရွက်နိုင်ပေလိမ့်မည်။ သို့သော် မယုံကြည်မှုများ ဤနေရာ၌ရှိ နေပြီး ဤနည်းဖြင့်မည်ကဲ့သို့မျှမပြုလုပ်နိုင်ပါဟု သင်ပြောနိုင်သကဲ့သို့ သင်ဆောင်ရွက်နိုင်ပါသည်ဟူ၍လည်း သင်ပြောနိုင်ပါသည်ညီအစ်ကိုတို့။ [Ev 420.2] EvBur 548.1
အကျင့်ဓလေ့များနှင့်ရိုးရာများသည် အမေရိကန်နှင့်ဤနေရာ၌ ကွဲပြား ခြင်းရှိသော်လည်း လူ့သဘာဝအားဖြင့် အတူတူပင်ထိုနေရာကဲ့သို့ဖြစ်ပြီး မိမိ စိတ်ထဲ၌ အမှန်တရားစွဲကိုင်ထားသောညီအစ်ကိုတို့သည် အကယ်၍ မည်ကဲ့သို့အလုပ်လုပ်ဆောင်ရန် လိုအပ်သည့်ပညာကိုရရှိပါက လုပ်ဆောင် လိုသောဆန္ဒရှိကြပါလိမ့်မည်။ ထိုကြောင့် ညီအစ်ကိုတို့၊ သုံးနာရီမက တစ်ည ပြီးတစ်ည ကျွနု်ပ်အိပ်၍မပျော်ဘဲ ဥရောပတိုက်ရှိအလုပ်ကိုစဉ်းစားကာ ဤအကြောင်းကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်နားလည်သောအခါ၊ ကျွန်ုပ်စိတ်ကို ထိန်းချုပ်နိုင်ရန်ပင် ခက်ခဲလျက်ရှိပုံပေါ်နေပါသည်။ [Ev 420.3] EvBur 548.2
သင့်အတွက်ဘုရားရှင်မည်သည့်အရာပြုလုပ်လိုသည်ကို ကျွန်ုပ်တွေ့ ခဲ့ရပါသည်။ သို့သော် သင့်ယုံကြည်ခြင်းအတိုင်း ဘုရားရှင်ပြုလုပ်ပေးပါလိမ့် မည်။ ထိုကြောင့် သင့်ယုံကြည်ခြင်းတက်ကြွရန် ကျွန်ုပ်တို့အလိုရှိပြီး သင့်အတွေးအခေါ်ကျယ်ပြန့်ခြင်းရှိရန်နှင့် အမှန်တရားယုံကြည်သော သင်တို့ အားလုံးအပေါ် အလုပ်ဝန်ထုပ်ကျရောက်ခြင်းရှိပါစေသော။ Manuscript, 1886. [Ev 421.1] EvBur 548.3
ကိုပင်ဟက်ရန် (Copenhagen) အတွက်ကျယ်ပြန့်သောစီမံကိန်းများ - အကယ်၍ ကြွယ်ဝပြီးလှပသော ကိုပင်ဟက်ဂန် (Copenhagen) မြို့၌ လူတို့အားအမှန်တရားကိုဟောပြောရန် သင့်လျော်သည့်အခန်းတစ်ခန်းမျှမရှိ ပါက ဗက်လင်မြို့၌ ယေရှု၏မိခင်အတွက် မည်သည့်အခန်းမျှမရှိဘဲ နွားစားခွက်ထဲ၌ကယ်တင်ရှင်မွေးဖွားခြင်းကို ကျွန်ုပ်တို့အားသတိရစေပါသည်။ [Ev 421.2] EvBur 549.1
သေးငယ်၍မထင်ရှားသောဤခန်းမဆောင်များတို့သည် လုံခြုံ၍ အကောင်းဆုံးသောနေရာများဖြစ်မည်ကိုယုံကြည်ရန် ကျွန်ုပ်အတွက်မဖြစ်နိုင် ပါ။ ၎င်းပြင် လူဦးရေသုံးသိန်းနှစ်ထောင်ရှိမြို့ကြီးတွင် မြေအောက်ခန်းတစ်ခု ထဲ၌ လူနှစ်ရာဆန့်ပြီး ထိုင်ခုံတစ်ဝက်သာရှိသည့်အတွက် လူအများစုမှာ မတ်တတ်ရပ်ပြီးသတင်းစကားကိုနားထောင်ကြရမည်ဖြစ်သည်။ ညီအစ်ကိုများ မစရန် ဘုရားသခင်ပို့ဆောင်သည့်အခါ အကုန်အကျခံပြီး၊ လူတို့ထံသို့သတင်း စကားဟောကြားရန် ကြိုးစားသင့်ကြသည်။ ဤသတင်းစကားကို ကမ္ဘာသို့ ဟောကြားကြရမည်။ သို့သော် ကျယ်ပြန့်သောအတွေးအခေါ်နှင့်စီမံကိန်းများ မရှိပါက ကြီးမားသောအောင်မြင်ခြင်းကို သူတို့တွေ့ ရှိကြရမည်မဟုတ်ပါ။ [Ev 421.3] EvBur 549.2
ပို၍ဆင်းရဲနွမ်းပါးသူများတို့အတွက် ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်သင့် ကြသည့်အခါ သူတို့အတွက်ကိုသာ ဦးတည်၍လုပ်ဆောင်ကြရမည်မဟုတ် ပါ။ ကျွန်ုပ်တို့၏စီမံကိန်းများကို ဤလူတန်းစားများတို့အတွက်သာ စီမံထား ရမည်ဟု မထင်သင့်ပါ။ စွမ်းရည်ရှိသူများလိုအပ်လျက်ရှိသည်။ အသိတရား ပို၍ရှိသူများတို့ကို လုပ်ငန်းထဲသို့ ပို၍ခေါ်ဆောင်လာနိုင်ပြီး မိမိတို့၏စွမ်းရည် ကို ဘုရားရှင်ထံဆက်ကပ်ပြီး သူ၏ဝိညာဉ်အားဖြင့် သန့်ရှင်းစေသမျှကာလ ပတ်လုံး လုပ်ငန်းပို၍ပြည့်စုံမည်ဖြစ်ပြီး ကမ္ဘာ့ရှေ့မှောက်၌ ပို၍မြင့်မားစွာ ရပ်တည်နိုင်ပါလိမ့်မည်။ များသောအားဖြင့် လူတို့သည် သတိပေးစကားကို ငြင်းပယ်ကြပေလိမ့်မည်။ သို့သော် အမှန်တရားကို အဆင့်မြင့်၍ပညာရှိသူ များနှင့် ဆင်းရဲနွမ်းပါး၍စာမတတ်သောလူတန်းစားနှစ်မျိုးစလုံးတို့ထံသို့ သယ်ဆောင်ကြရပါလိမ့်မည်။ Historical Sketches, pp. 183, 184. (1886) [Ev 421.4] EvBur 549.3
ဆွီဒင်ခန်းမဆောင်ပြဿနာ - အိုရီဘရို (Orebro) နှင့် ကိုပင်ဟက်ဂန် (Copenhagen) ၌ အကယ်၍ကျွန်ုပ်တို့ညီအစ်ကိုများမှ လူတို့ကိုစုရုံးနိုင်မည့် သင့်လျော်သောခန်းမဆောင်ရရှိပါက သတင်းစကားကိုလူတို့ကောင်းမွန်စွာ ကြားနာကြရလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သို့သော် များစွာမျှော်လင့် ထားခြင်းမရှိသောကြောင့် များစွာမရရှိကြပါ။ လူအများမကြားနာလိုသော အမှန်တရားကို လူပေါင်းတစ်ရာဆန့်သည့်မြေအောက်ခန်းကလေးထဲသို့ တရား နာရန်ခေါ်ဖိတ်ခြင်းပြုပါက လူအများတက်ရောက်ရန် ကျွန်ုပ်တို့မျှော်လင့်၍ မရပါ။ တန်ဖိုးကြီးမားပြီးအရေးကြီးသော ကျွန်ုပ်တို့၏လုပ်ငန်းကို လူတို့ ရှေ့မှောက်၌ ကျွန်ုပ်တို့မည်ကဲ့သို့ဆောင်ရွက်သည်ကို သူတစ်ပါးအတွက် ထင်ရှားလျက်ရှိသည်။ ကြိုးစားမှုအကန့်အသတ်ရှိသည့်အခါ၊ ကျွန်ုပ်တို့ ဟောကြားသောသတင်းစကားသည် သူတစ်ပါးအတွက်အထင်အမြင်သေး ဖွယ်ရာဖြစ်စေနိုင်ပါသည်။ ထိုကြောင့် မိမိတို့၏ယုံကြည်ခြင်းနည်းပါးခြင်း ဖြင့် ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် တစ်ခါတစ်ရံ မိမိတို့အတွက် မိမိ တို့ကြောင့်သာလျှင် လုပ်ငန်းကိုအခက်အခဲဖြစ်စေကြပါသည်။ Historical Sketches, p. 200. (1886)[Ev 422.1] EvBur 550.1
ဥရောပမြောက်ပိုင်း၏ထင်ရှားသောရိတ်သိမ်းခြင်း - စာဖတ်ရှုခြင်းအားဖြင့် ဥရောပမြောက်ပိုင်းရှိလူအများတို့သည် အမှန်တရားကိုခင်တွယ်ကြကြောင်း ကျွန်ုပ်အားပြသလျက်ရှိသည်။ ဝေစာနှင့်စာပေတချို့ သူတို့လက်ထဲသို့ရောက်ရှိ သွားသောအခါ သူတို့၏စိတ်များသည် အလင်းနှင့်အသိပညာကိုဆာငတ်နေ ကြပြီး သူတို့ဖတ်ရှုခြင်းအားဖြင့် ကျွန်ုပ်အားဖော်ပြလျက်ရှိသည်။ သူတို့၏ စိတ်ဝိညာဉ်တောင့်တမှုပြည့်စုံသွားသည်။ ဘုရားရှင်၏ဝိညာဉ်သည် သူတို့၏ စိတ်နှလုံးကိုပျော့ပျောင်းစေပြီး နှလုံးသားထဲစွဲမှတ်စေသည်။ သူတို့၏မျက်စိ မှ မျက်ရည်များစီးကျလာပြီး နှလုံးသားထဲရှိုက်သံများထွက်ပေါ်လာသည်။ လက်ထဲရှိဝေစာများဖြင့်ဒူးထောက်ကာ သူတို့ကိုဘုရားရှင်ပို့ဆောင်ရန်တောင်း လျှောက်ကြပြီး ဘုရားရှင်ထံမှအလင်းရရှိသကဲ့သို့ သူတို့ကိုမစရန် စိတ်ထက်သန် စွာဆုတောင်းလျက်ရှိကြပါသည်။ တချို့သောသူတို့သည် ဘုရားရှင်ထံမိမိတို့ ကိုယ်ကို ဆက်ကပ်အပ်နှံကြပါသည်။ မရေရာသောအရာများပျောက်ကွယ် သွားပြီး စတုတ္ထပညတ်ဖြစ်သည့် ဥပုသ်နေ့၏အမှန်တရားကို သူတို့လက်ခံ သကဲ့သို့ သူတို့သည် ထာဝရကျောက်ဆောင်ပေါ် အမှန်ပင်မတ်တတ်ရပ်နေ သကဲ့သို့ ခံစားကြရပါသည်။ ဥရောပမြောက်ပိုင်း၌နေထိုင်ကြသောသူများတို့ သည် အမှန်တရား၏အလင်းကိုလက်ခံရန် အဆင့်သင့်ရှိနေကြသည်ဟု ကျွန်ုပ် အားဖော်ပြလျက်ရှိပါသည်။ The Advent Review Supplement, Feb. 6, 1879. [Ev 422.2] EvBur 550.2