Go to full page →

သက်ကြီးရွယ်အိုများအတွက်လုပ်ဆောင်ခြင်း EvBur 582

အမှန်တရားအတွက်စောင့်နေခြင်း - ဥပုသ်နေ့နှင့်အခြားအကြောင်းအရာ အားလုံးဖြစ်သည့် အမှန်တရားကိုသိရှိရန်လိုအပ်သော သက်ကြီးရွယ်အိုများ ရှိသော်လည်း အနည်းငယ်ကိုသာအမှုဆောင်များမှ သူတို့ကိုအမှန်တရားသို့ ပို့ဆောင်နိုင်ခြင်းသည် အံ့သြဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ သူတို့ ပြောကြသည်မှာ၊ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဆုတောင်းလျက်ရှိသည်။ နှုတ်ကပတ်တော်မှအကြောင်းအရာများစွာပြောရန်ရှိသည်ကို တရားဟောဆရာ များကျွန်ုပ်တို့ကိုမပြောပြ၊ မရှင်းပြခြင်းကို ကျွန်ုပ်တို့သိရသည်။ ဤအရာ အနည်းငယ်ကိုသိရသော်လည်း အလင်းနှင့်အမှန်တရားထဲ၌ ကျွန်ုပ်တို့ဝမ်းမြောက် ပါသည်။ သူတို့၏ပျော်ရွှင်ခြင်းသည် ပြည့်ဝပုံပေါ်သည်။ Letter 18, 1898. [Ev 446.3] EvBur 582.1

ပြောင်းလဲချိန်၌အသက်တာအစပြုသည် - အောက်ပါအဖြစ်အပျက်ကို ကျွန်ုပ် “အနှစ် (၇ဝ)၊ သို့မဟုတ် (၈၀) အရွယ်ပုဂ္ဂိုလ်တစ်ဦး၊ တစ်ကြိမ်က ဘုရားသခင် ၏ကရုဏာအထိမ်းအမှတ်အဖြစ် ကျွန်ုပ်ထံသို့ရောက်ရှိလာသည်။ အသက် မည်မျှရှိကြောင်း ကျွန်ုပ်သူ့ကိုမေးလိုက်သည်။ ကျွန်ုပ်ကိုခဏကြည့်လိုက်ပြီး သူ၏ပါးပြင်မှမျက်ရည်စီးကျကာ တုန်ယင်သောအသံဖြင့် “ကျွန်ုပ်အသက် (၂) နှစ်ရှိပြီဟုပြောလိုက်သည်။” ကျွန်ုပ်အံ့အားသင့်ပြီး ဆက်၍သူပြောခဲ့သည် မှာ၊ “လွန်ခဲ့သော (၂) နှစ်၌ သူသည် လူသေတစ်ဦးကဲ့သို့ ကျွန်ုပ်အသက်ရှင် ခဲ့သည်။ ခရစ်တော်အားဖြင့် ဘုရားသခင်၌ကိန်းအောင်းသောအသက်တာကို မတွေ့ခဲ့ရမချင်း မည်ကဲ့သို့သောအသက်တာဖြင့် အသက်ရှင်ရမည်ကို ကျွန်ုပ် တစ်ခါမျှမသိခဲ့ရပါ” ဟုသူပြောခဲ့ပါသည်။ Letter 160, 1903. [Ev 447.2] EvBur 582.2