Go to full page →

ပျောက်ဆုံးသူများကိုရှာဖွေခြင်း EvBur 602

လူတိုင်းအိမ်သို့ ကျမ်းစာယူဆောင်သွားခြင်း - ကျမ်းစာသည် သိမ်းဆည်း ထားရန်မဟုတ်ပါ။ လူတိုင်း၏အိမ်သို့သယ်ဆောင်သွားရမည်ဖြစ်ပြီး ၎င်း၏ အမှန်တရားကို လူတိုင်း၏ခွဲခြားတတ်သောစိတ်၌ ဖော်ပြပေးရမည်။ အမှန်တရား ဟောပြောသောအခါ မှန်သည်၊ မမှန်သည်ကိုသိရှိလိုသည့် မြင့်မြတ်သော ဗေရိမြို့သားများကဲ့သို့ မိမိတို့အတွက် ကျမ်းစာကိုနေ့စဉ်ရှာဖွေနေသောပုဂ္ဂိုလ် များရှိကြသည်။ ခရစ်တော်ပြောခဲ့သည်မှာ၊ “ကျမ်းစာအားဖြင့် ထာဝရအသက် ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏ သက်သေဖြစ်၏။” ကမ္ဘာ့ကယ်တင်ရှင်ယေရှုသည် ကျွန်ုပ်တို့အားကျမ်းစာကိုဖတ်ရှုရန်သာမဟုတ်၊ “ရှာဖွေရန်” အတွက်ပြောခဲ့ ပါသည်။ ဤအရာသည် ကြီးမား၍အရေးကြီးသောအလုပ်ဖြစ်ပြီး ကျွန်ုပ်တို့ အားတာဝန်အပ်နှံထားကာ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးခံစား ကြရမည်ဖြစ်သည်။ ခရစ်တော်၏အမိန့်တော်ကိုနာခံခြင်းအားဖြင့် အကျိုးကို ခံစားကြရမည်ဖြစ်သည်။ နှုတ်ကပတ်မှဖော်ပြသောအလင်းနောက်သို့ သစ္စာ ရှိစွာလျှောက်လိုက်ခြင်းဖြင့် သူနှစ်သက်သည့်အထူးအမှတ်အသားများနှင့် ဂုဏ်ပြုလိမ့်မည်။ Counsels on Sabbath School Work, p. 84. (1889) [Ev 461.4] EvBur 602.2

အတူတကွစုရုံးရန်အဖျားမှစောင့်ဆိုင်းနေသည် - တစ်ကမ္ဘာလုံးရှိအမျိုးသား၊ အမျိုးသမီးများ ကောင်းကင်သို့တောင့်တောင့်တတမျှော်ကြည့်လျက်နေသည်။ ဆုတောင်းချက်များ၊ မျက်ရည်များနှင့်စုံစမ်းမေးမြန်းခြင်းများတို့သည် အလင်း၊ ကျေးဇူးတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်များအတွက် တောင့်တလျက်ရှိသော ပုဂ္ဂိုလ်များတို့မှ ပေါ်လျက်နေကြသည်။ Acts of the Apostles, p. 109. (1911) [Ev 462.1] EvBur 603.1

ပျောက်ဆုံးသူများကိုရှာဖွေခြင်း - ဤအလုပ်သည် စိတ်ဆုံးဖြတ်ရမည့် အလုပ်ဖြစ်သည်။ သင်ရှိရာတိုင်းပြည်တစ်လျှောက်လုံး၌ ပျောက်သောသိုးများ ရှိနေကြသည်။ သင်သည် ပျောက်သောသိုးကိုရှာဖွေ၍ ကယ်တင်ရလိမ့်မည်။ သူတို့ကိုယ်ကိုမည်ကဲ့သို့ပြုပြင်ရန် သူတို့မသိကြပါ။ Letter 189,1899. [Ev 462.2] EvBur 603.2

လေ့လာရန်အခွင့်အလမ်းရှာယူခြင်း — ထိုးဖောက်သောမြို့ကြီးတိုင်း၌ လုပ်ငန်း တည်တံ့ရန် ခိုင်မာသောအုတ်မြစ်ချရပါမည်။ ဘုရားသခင်၏နည်းစနစ်ကို လိုက်လျှောက်ကြရမည်။ တစ်အိမ်မှတစ်အိမ်သို့သွားရောက်ခြင်းအားဖြင့်သော် လည်းကောင်း၊ မိသားစုများကို ကျမ်းစာသင်ပေးခြင်းအားဖြင့်သော်လည်း ကောင်း၊ အမှန်တရားရှာဖွေသူများတို့ထံ အမှုဆောင်များဝင်ရောက်ချဉ်းကပ် နိုင်မည်ဖြစ်သည်။ နှုတ်ကပတ်တော်ဖွင့်ပြခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်ခြင်း တိုးတက်ရန်လေ့ကျင့်ပေးခြင်းတို့အားဖြင့် လူတို့အားဘုရားသခင်၏နည်းလမ်း ကို သင်ပေးရမည်။ Testimonies, vol. 7, p. 38. (1902) | EvBur 603.3

ရိုးသားသောဝိညာဉ်များကိုရှာဖွေခြင်း - ကျွန်ုပ်တို့၏မြို့ကြီးများ၌ ကျွန်ုပ် တို့၏လူများအထဲတွင် ရိုးသားသောဝိညာဉ်များအတွက် သတင်းစကားယူဆောင် သွားရန်နှင့် သူတို့ကိုရွေးထုတ်ရန် ကျွန်ုပ်အကောင်းဆုံးဆောင်ရွက်ရမည်။ ကျွန်ုပ်တို့ပြသခဲ့သောအရာဖြင့် ဘုရားသခင်မနှစ်သက်ပါ။ လက်တွေ့ဝင်ရောက် လုပ်ကိုင်ခြင်းမရှိသေးသောမြို့ကြီးများစွာရှိသေးသည်။ ကျွန်ုပ်တို့၏မြို့ကြီးရှိ မြို့သူမြို့သားများတို့ကိုသတိပေးခြင်းအလုပ်၌ ပါဝင်ကြသောသူတို့သည် ခရစ်တော်ထံဝိညာဉ်များကိုကယ်တင်နိုင်မည့်ပညာကို ရရှိပါလိမ့်မည်။ အကယ်၍ အမှန်တရားကိုသူတို့ရှေ့၌ ပညတ်တစ်ခုပေါ်တစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း ကြိုးစားပြီး ဖော်ပြခြင်းမရှိပါက သူတို့မည်ကဲ့သို့ပြောင်းလဲနိုင်ကြမည်နည်း။ [Ev 463.1] EvBur 604.1

အမှုဆောင်များတို့သည် အမှန်တရား၌ခိုင်မြဲလျက်ရှိသောအသင်းတော် များရှိရာသို့ကြိမ်ပေါင်းများစွာသွားလာလည်ပတ်ကာ အချိန်ကိုအသုံးမပြုသင့် ပါ။ အမှန်တရားကိုဟောပြောခြင်း၊ ရှင်းပြခြင်းမပြုရသေးသော နေရာမြောက်မြား စွာရှိနေသေးပါသည်။ Letter 8, 1909. [Ev 463.2] EvBur 604.2

စိတ်ဝင်စားသောအိမ်များသို့ အမှုဆောင်အပို့ခံရခြင်း - အလင်း၊ ဘုရားသခင် ၏နှုတ်ကပတ်တော်အလင်းသည် လူတို့လိုအပ်နေသောအရာဖြစ်သည်။ အကယ်၍ နှုတ်ကပတ်တော်၏ဆရာများဆန္ဒရှိပါက ဘုရားသခင်သည် သူတို့ကိုလူတို့နှင့်ခင်မင်ရင်းနှီးစေရန် ပို့ဆောင်တော်မူလိမ့်မည်။ အမှန်တရား ကိုလိုအပ်၍ဆန္ဒရှိသူများတို့၏အိမ်သို့ သူတို့ကိုဘုရားသခင်ပို့ဆောင်ပြီး ပျောက်သောသိုးများကိုရှာဖွေသောအလုပ်၌ပါဝင်သော ဘုရားသခင်၏အစေခံ များကဲ့သို့ သူတို့၏ဝိညာဉ်ရေးစိတ်စွမ်းအားနိုးကြားလာပြီး ခွန်အားနှင့်ပြည့်ဝ လာမည်ဖြစ်သည်။ Review and Herald, Dec, 29, 1904. [Ev 463.3] EvBur 604.3

ဆယ်ဆပိုလာသောအရှိန်အဟုန်ဖြင့် - အကယ်၍ ယခုတရားဟောခြင်း၏ အချိန်တစ်ဝက်ကို တစ်အိမ်မှတစ်အိမ်သို့လည်ပတ်ခြင်းလုပ်ငန်းကိုပေးလိုက် ပါက ကောင်းသောအကျိုးများရရှိသည်ကို တွေ့ ရပေလိမ့်မည်။ လူတို့နှင့် အမှုဆောင်များရင်းနှီးခြင်းရှိကြမည်ဖြစ်သောကြောင့် ကောင်းကျိုးများစွာရရှိ မည်ဖြစ်သည်။ မိသားစုများတို့ထံ တိတ်တဆိတ်လည်ပတ်ခြင်းဖြင့် အချိန် ကိုအသုံးပြုပြီး ဆုတောင်းခြင်း၊ ဘုရားနှင့်စကားပြောခြင်း၊ ကျေးဇူးတော်ချီးမွမ်း ခြင်းနှင့် နှုတ်ကပတ်တော်ကိုရှင်းပြခြင်းများပြုသောအခါ မကြာခဏလူထုတရား ပွဲထက် ပို၍ကောင်းကျိုးကိုရရှိစေပါလိမ့်မည်။ ကြိမ်ပေါင်းများစွာ စိတ်နှလုံး ထဲအရှိန်အဟုန်ဆယ်ဆစွဲမှတ်ရခြင်းမှာ တစ်ဦးချင်းဆန္ဒတောင်းခံခြင်းများသည် အခြားလုပ်ဆောင်မှုများထက် သာလွန်သောကြောင့်ဖြစ်သည်။ EvBur 605.1

ဤနည်းဖြင့် မိသားစုထံလည်ပတ်ခြင်းသည် တစ်ဦးချင်းဆီသို့စကား ပြောခြင်းဖြစ်သည်။ အိမ်သားများတို့သည် သူတို့ကြားရသောအမှန်တရားများ ကို သူတို့၏အိမ်နီးနားချင်းသို့ သူတို့ဝေငှနိုင်ရန် အမှတ်တမဲ့စုရုံးခြင်းဖြစ်မည် မဟုတ်ပါ။ သူတို့ကိုယ်တိုင်စိတ်အားထက်သန်စွာ၊ ကြင်နာသောစိုးရိမ်ကြောင့်ကြ မှုဖြင့်စကားပြောပါသည်။ သူတို့၏ကန့်ကွက်ချက်များကို လွတ်လပ်စွာဖော်ပြ ခွင့်ပြုပြီး ဤကန့်ကွက်ချက်များတို့သည် “ဘုရားသခင်မိန့်တော်မူသည်ကား” နှင့်တုံ့ပြန်နိုင်ပါသည်။ အကယ်၍ ဤအလုပ်ကိုနှိမ့်ချသောစိတ်နှင့်ဆောင်ရွက် ပါက ဘုရားသခင်၏မေတ္တာတော်ဖြင့်ပြည့်ဝသော သူတို့၏စိတ်နှလုံးသားများ အားဖြင့်ပြောဆိုသောစကားများတို့သည် ပြည့်စုံပေလိမ့်မည်။ “နှုတ်ကပတ်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ ၏။” Letter 95, 1896. [Ev 463.4] EvBur 605.2

လူတချို့တို့သည်ချဉ်းကပ်၍မရပုံပေါ်သည် - ဘုရားသခင်အတွက် အမှုထမ်း သောသူတို့သည် ချဉ်းကပ်၍မရသောသူတချို့တို့ကို တွေ့ရှိရလိမ့်မည်။ သူတို့သည် မိမိတို့၏ကိုယ်ပိုင်ယုံကြည်ခြင်းနှင့်ဝတ်ပြုခြင်းကို ဝင်ရောက်စွက်ဖက် သောကြောင့် ခံစားရပုံပေါ်ပြီး ဘုရားသခင်နှင့်အတူလုပ်ဆောင်သောအမှုဆောင် များကို ကြည်ဖြူခြင်းမရှိကြပါ။ ဤအမှုဆောင်များတို့သည် မိမိကိုယ်ကို အားကိုးခြင်းမပြုဘဲ ယေရှုကိုသာကြည့်ပြီး ဘုရားရှင်၏နှုတ်ကပတ်တော်မှ ညွှန်ကြားချက်များကို သတိအာရုံဖြင့်နာခံလိုက်လျှောက်ကြရမည်။ Letter 5, 1896. [Ev 464.1] EvBur 605.3