ခရစ်ယာန်ဆရာဝန်များနှင့်သူနာပြုဆရာမများ - ဘုရားသခင်သည် ခရစ်ယာန် ဆရာဝန်များနှင့်သူနာပြုဆရာမများတို့အား နှုတ်ကပတ်တော်ဟောပြောသူတို့နှင့် အတူလက်တွဲအလုပ်လုပ်ကိုင်ကြရန် ဆုံးဖြတ်ထားပါသည်။ ဆေးသာသနာပြု လုပ်ငန်းသည် ဧဝံဂေလိသာသနာလုပ်ငန်းနှင့်ပေါင်းစည်းထားရပါမည်။ Medical Ministry, p. 240. (1908) [Ev 543.3] EvBur 713.3
လုကာ၏ပုံပမာတစ်ခု - ယနေ့ကျွန်ုပ်တို့၏အလုပ်ထဲ၌ နှုတ်ကပတ် တော်၏သာသနာ့လုပ်ငန်းသည် ဆေးသာသနာ့လုပ်ငန်းနှင့်ပေါင်းစည်းရပါမည်။ “ချစ်ရသောသမားတော်ကြီး” ဟု လုကာအခေါ်ခံရပါသည်။ ပေါလု သည် သူ့အားသမားတော်တစ်ဦးအဖြစ်ကြားသိရသောကြောင့် အတူအလုပ် တစ်ခုကိုသူ့အားဘုရားသခင်ပေးအပ်ရန် ပေါလုသူ့ကိုရှာခဲ့ပါသည်။ ပေါလု သည် မိမိ၏အလုပ်၌ သူ၏ပါဝင်ကူညီမှုကိုရရှိခဲ့ပါသည်။ နောက်ပိုင်း၌ သူ့ကိုဖိလိပ္ပိမြို့၌ထားခဲ့ပါသည်။ ထိုနေရာ၌ လုကာသည် နှစ်ပေါင်းများစွာ နေထိုင်ပြီး ဆရာဝန်တစ်ဦးအဖြစ်နှင့် ဧဝံဂေလိဆရာတစ်ဦးအဖြစ် အလုပ် တာဝန်နှစ်ခုကိုထမ်းဆောင်ခဲ့ပါသည်။ သူသည် အမှန်ပင်ဆေးသာသနာပြု တစ်ဦးဖြစ်ခဲ့ပါသည်။ သူ့တာဝန်ကိုသူဆောင်ရွက်ခဲ့ပြီး လူနာများအပေါ် ဘုရားသခင်၏တန်ခိုးသက်ရောက်ရန် ဘုရားရှင်ထံတောင်းခံခဲ့ပါသည်။ သူ၏ ဆေးအတတ်ပညာသည် လူတို့၏စိတ်ထဲသို့ ဧဝံဂေလိသတင်းစကားရောက်ရှိ နိုင်ရန် လမ်းဖွင့်ပေးခဲ့ပါသည်။ သူ့အတွက်တံခါးများစွာပွင့်လာပြီး တစ်ပါး အမျိုးသားတို့ထံသို့ ဧဝံဂေလိသတင်းစကားဟောပြောရန် အခွင့်အရေးရရှိစေ ခဲ့ပါသည်။ [Ev 544.1] EvBur 714.1
တပည့်တော်များဆောင်ရွက်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ဆောင်ရွက်နိုင်ရန် ဘုရားသခင်၏အစီအစဉ်ဖြစ်ပါသည်။ အကောင်းဆုံးကုသသူနှင့်ဆက်သွယ် ခြင်းအားဖြင့် ကမ္ဘာပေါ်၌ကြီးမားသောကောင်းမှုကို ကျွန်ုပ်တို့ပြုလုပ်နိုင်မည် ဖြစ်သည်။ ဧဝံဂေလိလုပ်ငန်းသည် အပြစ်ဖြေဆေးတစ်ခုတည်းသာဖြစ်သည်။ ခရစ်တော်၏သက်သေခံများအဖြစ် ၎င်း၏တန်ခိုးကို ကျွန်ုပ်တို့သက်သေခံ ကြရမည်။ ဒုက္ခရောက်သူများတို့ကို ကယ်တင်ရှင်ထံသို့ကျွန်ုပ်တို့ပို့ဆောင်ကြ ရမည်။ သူ၏ပြောင်းလဲပေးနိုင်သောကျေးဇူးတော်နှင့် အံ့ဖွယ်သောအလုပ်၏ တန်ခိုးသည် ဝိညာဉ်များစွာတို့ကို အမှန်တရားသို့ပို့ဆောင်နိုင်ပါလိမ့်မည်။ သူ၏ကုသခြင်းတန်ခိုးသည် ဧဝံဂေလိသတင်းစကားနှင့်ပေါင်းစည်းလိုက်ခြင်း ဖြင့် အရေးကြုံရာကာလ၌ အောင်မြင်ခြင်းကိုပေးပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် စိတ်နှလုံးထဲ၌အလုပ်လုပ်မည်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့တွေ့ရှိရလိမ့်မည်။ အထူးနားလည်သဘောပေါက် ခြင်း၌ ဖျားနာသူများကိုကုသခြင်းသည် ကျွန်ုပ်တို့၏အလုပ်ဖြစ်သည်။ [Ev 544.2] EvBur 714.2
ကုန်ဆုံးသွားသောအချိန်သည် ခရစ်တော်၏ခွဲခွာချိန်၌ပေးခဲ့သော ကတိတော်ကို မပြောင်းလဲစေပါ။ တပည့်တော်များတို့နှင့်အတူ သူရှိခဲ့သကဲ့ သို့ ယနေ့သူကျွန်ုပ်တို့နှင့်အတူရှိနေပြီး “အဆုံးတိုင်အောင်” ကျွန်ုပ်တို့နှင့်အတူ ရှိမည်ဖြစ်ပါသည်။ ခရစ်တော်ချမှတ်ခဲ့သောအမိန့်မှာ လူတို့၏အစီအစဉ်တစ်ခု ပြီးတစ်ခု၌ ကြီးမားသောဆရာထံမှရရှိသောသူတို့၏တန်ခိုးအာဏာဖြင့် ဧဝံဂေလိ သတင်းစကားကိုကြွေးကြော်ရမည်ဖြစ်ပါသည်။ Letter 134, 1903. [Ev 544.3] EvBur 715.1
ဆရာဝန်များအားဖြင့်လူထုပရိသတ်တို့ကိုပို့ချခြင်း - ဆရာဝန်နှင့်ဘာသာ ရေးဆရာနှစ်မျိုးသောစွမ်းရည်ရှိသူတစ်ယောက်သည်- ဝိညာဉ်ကယ်တင်ခြင်း၌ အကျိုးရှိစွာလုပ်ကိုင်ဆောင်ရွက်နိုင်ပေလိမ့်မည်။ ဘား ကောင်းသောစကားများပြောဆိုခြင်းကို “ဘုရားသခင်ပြောသည်မှာ” ဟူသော စကားဖြင့် အထောက်အကူပြုလျက်ပြောဆိုခြင်းဖြင့် ကယ်တင်ခြင်းသြဇာကို ရရှိနိုင်ပေလိမ့်မည်။ ဆရာဝန်တစ်ဦးသည် မိမိကိုယ်ကိုအဖွဲ့အစည်းအမျိုးမျိုး ရှေ့၌စကားပြောရန် သူတစ်ပါးဖိတ်ခေါ်ခြင်းကိုလိုလားကြောင်းဖော်ပြပါက ဖိတ်ခေါ်ခြင်းခံရပါလိမ့်မည်။ ဆရာတစ်ဦးအဖြစ် ဆရာဝန်တစ်ဦးသည် နှုတ်ကပတ်တော်ကိုလွတ်လပ်စွာဟောပြောနိုင်ရန်အတွက် မိမိ၏အခွင့်အရေး ကို စောင့်မျှော်နိုင်မည်ဖြစ်ပါသည်။ Letter 4, 1910. [Ev 544.4] EvBur 715.2
သာသနာ့သူနာပြုဆရာမများတို့ ၏ထူးဆန်းသောအခွင့်အရေးများ - နေရာတိုင်း၌ အမှန်တရားဟောပြောသောနေရာများတွင် အစ၌ဆင်းရဲသောသူများထံ ဧဝံဂေလိ တရားကိုဟောပြောပြီး လူနာများကိုကုသရန် စိတ်အားထက်သန်စွာကြိုးစား ဆောင်ရွက်သင့်ကြပါသည်။ ဤအလုပ်ကိုသစ္စာရှိစွာဖြင့်ဆောင်ရွက်ကြပါက ဝိညာဉ်ပေါင်းများစွာကို အသင်းတော်ထဲသို့ခေါ်ဆောင်လာနိုင်မည်ဖြစ်သည်။ [Ev _545.1] EvBur 715.3
တစ်အိမ်မှတစ်အိမ်သို့ သွားရောက်လုပ်ကိုင်ဆောင်ရွက်ကြသောသူတို့ သည် သသနာ့လုပ်ငန်းအတွက် လုပ်ငန်းများစွာကိုလုပ်ဆောင်ရန် အခွင့် အရေးများကိုတွေ့ရှိရလိမ့်မည်။ သူတို့သည် ဖျားနာသူများအတွက်ဆုတောင်း ပြီး မိမိတို့၏တန်ခိုးရှိသမျှဖြင့် သူတို့၏ခံစားရသောဒုက္ခကိုပျောက်ကင်းစေ ရန် ဆောင်ရွက်သင့်ကြသည်။ သူတို့သည် နိမ့်ကျသော၊ ဆင်းရဲသော၊ ဖိနှိပ်ခြင်းခံရသောသူတို့၏အထဲ၌ အမှုထမ်းသင့်သည်။ ကျွန်ုပ်တို့သည် မိမိ တို့၏အာဟာရတပ်မက်ခြင်းကိုထိန်းချုပ်နိုင်ရန်ခွန်အားမရှိဘဲ ဒုက္ခရောက်၍ အမအစကင်းမဲ့နေသူများတို့အတွက် ဆုတောင်းပေးသင့်ကြသည်။ ကယ်တင် ခြင်းရရှိရန် စိတ်နှလုံးထဲ၌စိတ်ပါဝင်စားမှုနိုးကြွနေသောသူတို့အတွက် ကျွန်ုပ် တို့သည် စိတ်ပါဝင်စားစွာကြိုးစား၍လုပ်ဆောင်ကြရပါမည်။ ကိုယ်ကျိုးမငဲ့ သော ကြင်နာခြင်း၏ဆောင်ရွက်မှုများအားဖြင့်သာ အများသောသူတို့ကို ကျွန်ုပ်တို့အောင်မြင်နိုင်မည်ဖြစ်ပါသည်။ သူတို့၏ကိုယ်ခန္ဓာလိုအပ်ချက်ကို ဦးစွာဖြည့်ဆည်းပေးရလိမ့်မည်။ သူတို့သည် ကျွန်ုပ်တို့၏ကိုယ်ကျိုးမဲ့မေတ္တာ ၏အထောက်အထားကိုတွေ့မြင်ရသည်နှင့် သူတို့အတွက်ခရစ်တော်၏မေတ္တာ ကိုယုံကြည်ရန် ပို၍လွယ်ကူပါလိမ့်မည်။ [Ev 545.2] EvBur 716.1
ဤအလုပ်အတွက် သာသနာ့သူနာပြုဆရာမများ ဆောင်ရွက်ရန်အသင့် လျော်ဆုံးဖြစ်ပါသည်။ သို့သော် အခြားသူများတို့နှင့်အတူ ပါဝင်ဆောင်ရွက် သင့်ကြသည်။ ဤပုဂ္ဂိုလ်များတို့အနေဖြင့် အထူးသူနာပြုပညာနှင့် သင်တန်းမရရှိ ခဲ့ကြသော်လည်း အကောင်းဆုံးအမူအရာဖြင့်လုပ်ဆောင်ခြင်းကို မိမိတို့၏ အမှုဆောင်ဖက်သူနာပြုဆရာမများတို့ထံမှ သင်ယူနိုင်ပါသည်။ Testimonies, vol. 6, pp. 83, 84. (1900) [Ev 545.3] EvBur 716.2
သာ၍ အဆင့်မြင့် သောသူတို့ ထံသို့ ချဉ်းကပ်ခြင်း - အခြားသာမန်အမှုဆောင် များတို့ထက် အထူးအရည်အချင်းရှိသောဆရာဝန်များတို့သည် ကြီးသောမြို့ ကြီးများတို့၌ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သင့်ကြသည်။ သူတို့ သည် သာ၍အဆင့်အတန်းရှိသူများတို့ထံသို့ သွားရောက်ချဉ်းကပ်လုပ်ဆောင် သင့်ကြပါသည်။ [Ev 545.4] EvBur 717.1
ဧဝံဂေလိသာသနာ့လုပ်ငန်းများလုပ်ဆောင်ကြသော ဆေးသာသနာ ပြုများတို့သည် မိမိတို့၏ဓမ္မအမှုတော်လုပ်ငန်းဆောင်ရွက်ကြသောအမှုဆောင် များတို့ကဲ့သို့ ဆောင်ရွက်နေကျဖြစ်သည်။ ဓမ္မအမှုဆောင်လုပ်ငန်းနှင့်ပေါင်းစည်း သည့် ဤကဲ့သို့သောဆေးကုသခြင်းလုပ်ငန်းသည် ဆင်းရဲသောလူတန်းစား များတို့အထဲ၌သာ လုပ်ကိုင်ဆောင်ရွက်ရန် ကန့်သတ်ခြင်းမပြုရပါ။ အဆင့် အတန်းသာ၍မြင့်သောလူတန်းစားတို့ကို အံ့သြဖွယ်မျက်ကွယ်ပြုထားကြပါ သည်။ အဆင့်သာ၍မြင့်သောလူတန်းစားများအထဲ၌ အမှန်တရားကိုလက်ခံ မည့်သူများစွာရှိနေပါသည်။ အကြောင်းမှာ တည်ငြိမ်၍အဆင့်မြင့်သော ဧဝံဂေလိတရား၏အကျင့်စာရိတ္တကို ကျွန်ုပ်တို့၏သတင်းစကားသည် ဆောင်နေ သောကြောင့်ဖြစ်သည်။ စွမ်းအားအပြည့်အဝဖြင့် အမှုတော်ထဲသို့ဝင်ရောက် လုပ်ကိုင်ကြမည့် အရည်အချင်းရှိပုဂ္ဂိုလ်အနည်းငယ်သာရှိမည်မဟုတ်ပါ။ ဘုရားသခင်ပေးသောစွမ်းရည်ကိုအသုံးပြုခြင်းသည် သူတို့အနေဖြင့် ပေးကမ်း သူများသာမက သုံးစွဲသူများလည်းဖြစ်ကြပေလိမ့်မည်။ [Ev 546.1] EvBur 717.2
သစ္စာရှိသောဆရာဝန်နှင့်ဓမ္မဆရာသည် အလုပ်တစ်မျိုးတည်း၌ပါဝင် လုပ်ကိုင်နေကြပါသည်။ သူတို့သည် စည်းလုံးစွာဖြင့်လုပ်ကိုင်သင့်ကြပါသည်။ သူတို့အတူတကွအကြံရယူကြရလိမ့်မည်။ သူတို့၏ညီညွတ်ခြင်းအားဖြင့် သူတို့ သည် အပြစ်သားများကိုကယ်ရန် ဘုရားသခင်စေလွှတ်သော တစ်ပါးတည်း သောသားတော်ကိုယုံကြည်ရန် သက်သေခံနိုင်ကြပေလိမ့်မည်။ Manuscript 79, 1900. [Ev 546.2] EvBur 717.3
ဆရာဝန်၏ဝိညာဉ် ရေးသာသနာ့လုပ်ငန်း - စစ်မှန်သောဆေးကုသသော သာသနာ့လုပ်ငန်းသည် အထူးသဖြင့်ဝိညာဉ်ရေးအလုပ်တစ်ခုဖြစ်သည်။ ဆုတောင်းပေးခြင်းနှင့် လက်များတင်ခြင်းတို့ပါဝင်ပါသည်။ ထိုကြောင့်သူ့ကို ဧဝံဂေလိဓမ္မဆရာကဲ့သို့ သန့်ရှင်းစွာသူ၏အလုပ်အတွက် သူ့ကိုသီးသန့်ထား သင့်ပါသည်။ သာသနာပြုဆရာဝန်များတို့၏တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းခံရသောသူတို့သည် သီးသန့်ခွဲခြားထားခံရသောသူများဖြစ်ရမည်။ ဤကဲ့သို့ပြုခြင်းအားဖြင့် ဆေးရုံမှထွက်သွားပြီး မိမိကိုယ်ပိုင်အလုပ်ကိုလုပ်လို သောသွေးဆောင်ခြင်းမှလွတ်မြောက်ရန် တွန်းလှန်နိုင်သည့်ခွန်အားကိုရရှိလိမ့် မည်။ အမှုဆောင်ကို မိမိတာဝန်မှနုတ်ထွက်လိုသောအတ္တစိတ်ရှိစေရန် ခွင့်မပြု သင့်ပါ။ ကျွန်ုပ်တို့သည် အရေးကြီးသောတာဝန်များကိုထမ်းဆောင်နေရသော အချိန်၊ ဆက်ကပ်သောအလုပ်ကိုဆောင်ရွက်နေရသောအချိန်၌ အသက်ရှင် နေကြရပါသည်။ ဘုရားသခင်ကို လုံ့လဝီရိယနှင့်နားလည်သဘောပေါက် စွာဖြင့်ရှာကြပါစို့။ Manuscript 5, 1908. EvBur 718.1