ပို၍လွယ်ကူစွာချဉ်းကပ်နိုင်သောအဖွဲ့တစ်ဖွဲ့ - ထိုနောက် သာ၍လွယ်ကူစွာ ချဉ်းကပ်နိုင်သော အခြားအဆင့်တစ်ခုရှိပါသည်။ အများသောသူတို့သည် အချမ်းသာဆုံးသူတို့ထက် တန်ဖိုးရှိသည်။ အကြောင်းမှာ ချမ်းသာသောသူ တို့သည် ဂုဏ်သိက္ခာ၏စည်းမျဉ်းများကို ကြပ်တည်းစွာလိုက်လျှောက်ခြင်း ဖြင့် သူတို့၏ကြွယ်ဝခြင်းအားလုံးကို ရရှိခဲ့ခြင်းမဟုတ်ပါ။ ငွေကြေးများရရှိ ပိုင်ဆိုင်ရန် စည်းကမ်းချိုးဖောက်ခြင်းမရှိ၊ တိကျစွာရိုးသားသောသူများရှိကြ ပါသည်။ ဤအဆင့်အတန်း၌ရှိသောသူတို့သည် အကယ်၍အမှန်တရားကို သူတို့အားဟောပြောပါက သူတို့လက်ခံကြမည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ စိတ်ချရသောအမှုဆောင်များဖြစ်နိုင်ပါလိမ့်မည်။ ဘုရားသခင်ပေးသောဉာဏ် ဖြင့် အမှုဆောင်တစ်ဦးသည် ၎င်းနည်းဖြင့်အမှုတော်ကိုဆောင်ရွက်ပြီး ဤအဖွဲ့များကို ခရစ်တော်ယေရှု၌အတူဆွဲယူလိမ့်မည်။ Manuscript 66, 1894. [Ev _564.1] EvBur 742.1
သူတို့ ကိုမည်သို့ ချဉ်းကပ်နိုင်မည်နည်း - ထိုနောက် သာမန်လူများကို မည်ကဲ့သို့ချဉ်းကပ်နိုင်မည်နည်း။ ခရစ်တော်သည် နိုင်ငံ၏ဂုဏ်သိက္ခာအမြင့် ဆုံးသောသူတို့နှင့် ကြိုးစားပြီးလုပ်ဆောင်ခဲ့ပါသည်။ သို့သော် သူ့ကိုထိုသူတို့ လက်မခံကြပါ။ သူတို့အားသူသည် အမှန်တရားပြောသောကြောင့်ဖြစ်သည်။ သူတို့သည် မိမိတို့၏ကိုယ်တိုင်ဘုရားတရားကြည်ညိုခြင်း၏မြင့်သောအတွေး အခေါ်ရှိကြသည်။ သူတို့ကိုသွန်သင်၍မရပါ။ သူတို့သင်ယူခြင်းခံရန်မဟုတ် ဘဲ၊ သူတစ်ပါးကိုသာသွန်သင်ရန် သူတို့၏အလုပ်ဖြစ်သည်ဟု သူတို့ထင် ကြသည်။ သို့သော် ဆင်းရဲသားများနှင့်ပတ်သက်၍ နှုတ်ကပတ်တော်သက်သေ ခံသည်မှာ၊ “လူအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော် ကိုနားထောင်ကြသည်။” “အိုဘုရားသခင်၊ ဆင်းရဲသောသူတို့အဖို့ ကျေးဇူး တော်အားဖြင့်ပြင်ဆင်တော်မူ၏။” “ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက် စရာသတင်းကိုကြားပြောသောသူတို့သည် အတိုင်းမသိများကြ၏။” Manu- script 125, 1897. [Ev 564.2] EvBur 743.1
သူတို့၏စိတ်နှလုံးသည်ခရစ်တော်ဖြည့်စွက်ပေးသည် - ခရစ်တော်လုပ်ဆောင် သကဲ့သို့ ကျွန်ုပ်တို့လုပ်ဆောင်ကြပါက၊ အချိန်တိုအတွင်း ကျွန်ုပ်တို့များစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် သူ၏သွန်သင်ခြင်းအမူအရာ အပေါ် အကျိုးကျေးဇူးဖြင့်ရောင်ပြန်ဟပ်နိုင်မည်ဖြစ်သည်။ သူ၏ပုံစံသည် ရှင်းလင်း၊ လွယ်ကူ၊ ပြည့်စုံခြင်းရှိသည်။ သူ၏ပုံပမာများကို ပရိသတ်များ အလွန်ရင်းနှီးကျွမ်းဝင်နေသောအရာများမှယူ၍ပြောဆိုသည်။ သဘာဝအရာ များမှ ထာဝရအရေးကြီးသောအမှန်တရားများကိုပုံဖော်ခြင်းအားဖြင့် ကောင်းကင် နှင့်မြေကြီးကိုဆက်သွယ်ပေးပါသည်။ Manuscript 24, 1903. [Ev 565.1] EvBur 743.2
ခရစ်တော်၏ရိုးသားခြင်းကို လေ့လာပါ - ကယ်တင်ရှင်သည် “ဆင်းရဲသား တို့အား ဧဝံဂေလိသတင်းစကားကိုဟောပြောရန်” လာခဲ့သည်။ သူ၏သွန်သင် ခြင်းအထဲ၌ အလွယ်ကူဆုံးသောအသုံးအနှုန်းနှင့် အရှင်းလင်းဆုံးသောပုံပမာ များတို့ကို သူအသုံးပြုပါသည်။ ထိုကြောင့် နှုတ်ကပတ်တော်ပြောခဲ့သည်မှာ၊ “လူအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကိုနားထောင် ကြသည်။” ဤအချိန်၌ သူ၏အလုပ်ကိုလုပ်ရန်ရှာဖွေသောသူတို့သည် သူပေး ခဲ့သောသင်ခန်းစာများအထဲ၌ ပို၍လေးနက်သောအမြင်ရှိရန်လိုသည်။ Min- istry of Healing, p. 443. (1905) [Ev 565.2] EvBur 743.3
ဘုရားသခင်၏လူသည်အဓိကအားဖြင့် သာမန်လူများဖြစ်သည် - ဘုရားသခင် ၏လူများသည် အဓိကအားဖြင့် ဤလောက၏ဆင်းရဲသား သာမန်လူများ ဖြစ်ကြသည်။ အခေါ်ခံရသူများအထဲ၌ ပညာရှိများ၊ တန်ခိုးကြီးသူများ၊ မြင့်မြတ်သူများ အများမပါပါ။ ဘုရားသခင်သည် “လောက၏ဆင်းရဲသား များတို့ကို ရွေးချယ်ခဲ့သည်။” “ဆင်းရဲသားတို့သည် ဝမ်းမြောက်စရာသတင်း ကိုကြားရကြ၏။” တစ်ဘက်၌၊ ချမ်းသာသောသူများတို့သည် အခေါ်ခံရပါ သည်။ သူတို့သည် ခေါ်ဖိတ်ခြင်းခံရသော်လည်း ခေါ်ဖိတ်ခြင်းကိုလက်မခံ ကြပါ။ သို့သော် ဆိုးသွမ်းသောဤမြို့ကြီးများတို့အထဲ၌ နှိမ့်ချသောသူများ နှင့်ယုံကြည်စိတ်ချရသောသူများဖြစ်ကြသည့် ဘုရားသခင်၏လူများစွာရှိပါ သည်။ Manuscript 17, 1898. EvBur 744.1
အကယ်၍ဘုရားသခင်၏အလင်းကိုမြတ်နိုးပါက - ဘုရားသခင်၌ဇာတ်မရှိ ပါ။ လူမျိုးနွယ်အားလုံးကို သူခွဲခြားခြင်းမပြုပါ။ ဝိညာဉ်အားလုံးကို သူတန်ဖိုး ထားသည်။ ဝိညာဉ်ကယ်တင်ခြင်းအတွက်လုပ်ဆောင်ခြင်းသည် အမြင့်ဆုံး ဂုဏ်ရှိသော ထိုက်တန်သည့်အလုပ်အကိုင်တစ်ခုဖြစ်သည်။ မည်သည့်လုပ်ငန်း မဆိုလုပ်ဆောင်ရခြင်း၊ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ မည်သည့်အဆင့် အတန်းရှိသူတို့ထံ၌ အမှုတော်တွင်လုပ်ကိုင်ရခြင်းသည် အရေးကိစ္စမဟုတ်ပါ။ ပါ။ အသိတရားမည်မျှပင်နည်းပါးသော်လည်း ရိုးသားဖြူစင်စိတ်အားထက်သန် ဘုရားသခင်၏မျက်မှောက်၌ ဤခွဲခြားမှုများသည် မှန်သောတန်ဖိုးကိုမထိခိုက် ပြီး ကြေကွဲသောနှလုံးသားရှိသောဝိညာဉ်သည် ဘုရားသခင်၏ရှေ့မှောက်၌ တန်ဖိုးရှိပါသည်။ သူ၏ကိုယ်တိုင်သင်္ကေတတံဆိပ်ကို လူတို့အပေါ်၌သူ ထားရှိပြီး သူတို့၏အဆင့်အတန်းအပေါ်၊ သူတို့၏ဥစ္စာပစ္စည်းအပေါ်၊ သူတို့ ၏ထင်ပေါ်ကျော်ကြားခြင်းအပေါ် စီရင်ခြင်းမပြုဘဲ ခရစ်တော်၌သူတို့၏ တစ်လုံးတစ်ဝတည်းအပေါ်ရှိခြင်းအားဖြင့် စီရင်ခြင်းကိုပြုပါမည်။ သူသည် ပညာမရှိသူ၊ ဝိုင်းပယ်ခြင်းခံရသူ၊ ကျွန်တစ်ဦးပင်ဖြစ်နေသော်လည်း သူသည် အကယ်၍မိမိ၏အခွင့်အရေးများကို အကောင်းဆုံးအသုံးပြုခြင်း၊ ဘုရားရှင်မှ ပေးထားသောအလင်းကို မြတ်နိုးခြင်းရှိပါက လိုအပ်သည့်အရာအားလုံးကို သူဆောင်ရွက်လိမ့်မည်။ လောကသည် သူ့အားပညာနည်းပါးသူခေါ်မည် ဖြစ်သော်လည်း ဘုရားသခင်သည် သူ့အားပညာရှိပြီးကောင်းသောသူဟု ခေါ်မည်ဖြစ်ကာ၊ သူ၏နာမည်စာရင်းကို ကောင်းကင်စာစောင်များအထဲ၌ စာရင်းသွင်းထားပေလိမ့်မည်။ ကောင်းကင်၌သာမက၊ မြေကြီးပေါ်၌လည်း ဘုရားသခင်သည် သူ့အားဂုဏ်ပြုရန် သင့်လျော်စေလိမ့်မည်။ Gospel Workers, P. 332. (1915) [Ev 566.1] EvBur 744.2