လဟာပြင်အစည်းအဝေးများအားဖြင့် တချို့တို့ ကိုချဉ်းကပ်နိုင်ခြင်း - မြို့ကြီး များတို့၌ အလုပ်ပို၍ရှိရမည်။ လဟာပြင်စည်းဝေးများအားဖြင့် လူတို့ထံသို့ အကောင်းဆုံးချဉ်းကပ်နိုင်သောနေရာများရှိပါသည်။ ဤအလုပ်မျိုးကို လူများ စွာလုပ်ဆောင်နိုင်သော်လည်း ထိုသူတို့သည် ဖြောင့်မတ်ခြင်း၏လက်နက်စုံ ကို ဝတ်ဆင်ကြရမည်။ ကျွန်ုပ်တို့အားလုံးတို့သည် ကျွန်ုပ်တို့၏အလုပ်၌ ပျော့ညံ့လွန်းလှပါသည်။ ထိုကြောင့် လူ့ကျင့်ဝတ်မှန်ကန်ခြင်းနှင့် ကျွမ်းကျင် လိမ္မာသောအသိတရားရှိရန် လိုအပ်ပါသည်။ Special Testimonies, “An Appeal for Missions” p. 15. (1898) [Ev 586.2] EvBur 772.4
လှုပ်ရှားနေသောလူအုပ်ကြီး၏ပြဿနာ - ဤလဟာပြင်အစည်းအဝေးများ ကို ရံဖန်ရံခါကျင်းပနိုင်ပြီး အထူးသင့်လျော်သောအခြေအနေများ၌ကျင်းပခြင်း သည် လူတို့ထံသို့အကောင်းဆုံးချဉ်းကပ်နိုင်သောနည်းလမ်းဖြစ်သည်။ သို့သော် ပုံမှန်အဖြစ်ကျင်းပခြင်းသည် မျှော်လင့်သလောက်အကျိုးရရှိမည်မဟုတ်ပါ။ လုပ်ဆောင်သူသည် သူ၏လုပ်ငန်းကို အပြည့်အဝလုံခြုံမှုပေးနိုင်မည်မဟုတ် ပါ။ အမှတ်မထင်ပြောဆိုခြင်း၊ သို့မဟုတ် ဟောပြောခြင်းတစ်ခုသည် အတွေး လမ်းကြောင်းတစ်ခုထဲသို့ စိတ်ကိုအခြားသောသြဇာသက်ရောက်မှုထက်ပိုရရှိ ပြီး လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ပါလိမ့်မည်။ Gospel Workers, pp. 339, 340. (1892) [Ev 586.3] EvBur 773.1
လဟာပြင်စည်းဝေးများ၌အမှုထမ်းသူသည် လူတိုင်းအားခရစ်တော် ယေရှု၌ ပြည့်စုံခြင်းရှိစေရန်ဟောပြောပြီး လုပ်ငန်းကိုပေါင်းစည်းကာ ပြီးမြောက်အောင်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ တစ်ခါတစ်ရံဤလုပ်ငန်း၏ ဆောင်ရွက်ပုံအားဖြင့် ကောင်းကျိုးကြီးမားစွာရရှိနိုင်မည်ဖြစ်သည်။ သို့သော် လက်တွေ့အားဖြင့် လူတို့ထံချဉ်းကပ်ဟောပြောလုပ်ဆောင်နိုင်ရန် အခြားသော နည်းလမ်းကိုအသုံးပြုခြင်းသည် ပို၍ကောင်းပါလိမ့်မည်။ Letter 2, 1885. [Ev 587.1] EvBur 773.2
မီးပုံနားအိမ်ထောင်မိသားစုနှင့်ကိုယ်ပိုင်အိမ်များအတွင်း လူအနည်းငယ် စုဝေးကြသည့်နေရာများ၌ ခရစ်တော်၏အကြောင်းကိုဟောပြောခြင်းသည် လဟာပြင်၌တရားဟောပြောခြင်း၊ လှုပ်ရှားနေသောလူစုလူဝေးကြီးနှင့် ခန်းမ ဆောင်များ၊ သို့မဟုတ် ဘုရားကျောင်းများအထဲ၌ဟောပြောခြင်းများတို့ထက် မကြာခဏယေရှုထံသို့ ဝိညာဉ်များတို့ကိုပို၍အောင်မြင်စွာပို့ဆောင်နိုင်ပါသည်။ Gospel Workers, p. 193. (1915) [Ev 587.2] EvBur 773.3
လဟာပြင်ချုပ်တည်းခြင်းအစည်းအဝေးများ - ကမ္ဘာကြီး၏မှောင်မိုက်နေသော အစွန်အဖျားထောင့်များတို့၌ ကျွန်ုပ်တို့အမှုတော်ကိုဆောင်ရွက်သင့်သည်။ မကြာခဏ လဟာပြင်၌စုဝေးနေကြသောသူများတို့ရှေ့၌ ကျွန်ုပ်မတ်တတ်ရပ် ပြီး ဟောပြောလေ့ရှိသည်။ ကလေးချီပြီးမတ်တတ်ထကာ တစ်နာရီမျှပင် ကျွန်ုပ်အားနားထောင်နေကြသောမိခင်များကို ကျွန်ုပ်တွေ့ ရပါသည်။ ကျွန်ုပ် ပတ်လည်၌ အမျိုးသား၊ အမျိုးသမီးများဝန်းရံလျက်ရှိသည်။ သူတို့ကိုကျွန်ုပ် မေးပါသည်။ “ယေရှုခရစ်၌အမှန်ယုံကြည်သူဘယ်နှစ်ယောက်ရှိသလဲ၊ ခရစ်ယာန်ဘယ်နှစ်ယောက်ရှိသလဲ၊ ရှိရင်လက်ထောင်ပြပါ။” လက်ထောင်သူ မတွေ့ ရပါ။ ခရစ်တော်ကိုသူတို့မလိုကြဘူးလား၊ အမှန်တရားကိုသူတို့သိရှိ နားလည်ဖို့မလိုကြဘူးလား၊ ချုပ်တည်းခြင်းသင်ခန်းစာများတို့ကို သူတို့သင်ယူ ရန်မလိုအပ်ဘူးလား၊ သူတို့လိုအပ်နေပါသည်။ [Ev 587.3] EvBur 774.1
လူတို့အားကျွန်ုပ်တို့သတိပေးနိုင်သောနေရာ၌ ထနေကြရန် ဘုရားသခင် အလိုရှိသည်။ ချုပ်တည်းခြင်းမေးခွန်းကိုဖြေကြားနိုင်ရန် ကျွန်ုပ်တို့၌သူဆန္ဒရှိ သည်။ မှားယွင်းသောစားသောက်ခြင်းအကျင့်ဓလေ့များအားဖြင့် လူတို့သည် မိမိတို့၏အတွေးအခေါ်နှင့်အသိဉာဏ်တန်ခိုးကို ဖျက်ဆီးနေကြသည်။ ကျွန်ုပ် တို့သည် ပုဆိန်ကိုယူပြီး သူတို့၏အရက်ဆိုင်ကိုဖျက်ဆီးရန်မလိုပါ။ ကျွန်ုပ်တို့ ၌တန်ခိုးသာ၍ကြီးသောလက်နက်ရှိသည်။ ထိုလက်နက်သည် အသက်ရှင်သော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်သည် ကျွန်ုပ် တို့ကို စာတန်မာရ်နတ်မှရှာဖွေဖျက်ဆီးနေသော အလွန်ဆိုးသွမ်းသည့်အရိပ် မှ မိမိ၏လမ်းဖြင့်တိုးဝင်ဖျက်ဆီးပေးသွားပါလိမ့်မည်။ ဘုရားသခင်သည် ခွန်အားကြီးမားပြီး တန်ခိုးနှင့်ပြည့်ဝသည်။ သူတို့၏နှလုံးသို့ သူစကားပြော လိမ့်မည်။ ဤကဲ့သို့သူလုပ်သည်ကို ကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ ဝိညာဉ်များ အမှန်တရားသို့ယူဆောင်ခြင်းခံရသည်ကို ကျွန်ုပ်တို့တွေ့ ခဲ့ရပါသည်။ General Conference Bulletin, April 23, 1901. [Ev 587.4] EvBur 774.2