Go to full page →

ဧဝံဂေလိအမှုဆောင်နှင့်မိမိ၏အဖွဲ့မှ EvBur 71

ဧဝံဂေလိလုပ်ငန်းနှင့် ဧဝံဂေလိအမှုဆောင်များ - ကယ်တင်ရှင်မကြာမီကြွ လာမည့်အကြောင်း သတိမပေးရသေးသည့် ထောင်ပေါင်းများစွာသောမြို့များ ရှိနေရာ၊ အနည်းငယ်သောမြို့၌သာ အလုပ်လုပ်နေရခြင်းအကြောင်းကို ကျွန်ုပ် စဉ်းစားသောအခါ ပျက်စီးနေသည့်ဝိညာဉ်များအတွက် ခရစ်တော်၏မေတ္တာ ၌ ဝိညာဉ်ဖြင့်ပြည့်ဝသောပုဂ္ဂိုလ်များ သွားရောက်၍လုပ်ကိုင်စေလိုသောဆန္ဒ ကျွန်ုပ်၌ဖြစ်ပေါ်လာပါသည်။ [Ev 69.3] EvBur 71.1

ကျွန်ုပ်စိတ်ထဲ၌လွန်စွာလှုပ်ရှားလျက်ရှိသည်။ မြို့တိုင်း၌ဆောင်ရွက် ရန်အလုပ်ရှိသည်။ အမှုထမ်းများတို့သည် ကျွန်ုပ်တို့၏မြို့ကြီးများသို့သွားပြီး တရားပွဲများကျင်းပရကြမည်။ ဤစည်းဝေးများ၌ စွမ်းရည်အရှိဆုံးပုဂ္ဂိုလ်များကို စေခိုင်းလျက် အမှန်တရားတန်ခိုးဖြင့်ကြွေးကြော်ရလိမ့်မည်။ ဆုကျေးဇူးအမျိုးမျိုး ရရှိသူများကို ယူဆောင်လာရမည်။ [Ev 69.4] 55 EvBur 71.2

စနစ်သစ်များကိုအသုံးပြုရမည်။ မိမိတို့နေသည့်နေရာ၌ လိုအပ်သော အချိန်များတွင် ဘုရားရှင်၏လူများနိုးကြားရကြမည်။ ယခင်အချိန်ကကဲ့သို့ ဆောင်ရွက်ခဲ့သည်နည်းတူ အသက်မပါသည့်နည်းဖြင့်ဆောင်ရွက်ခဲ့သူများ မဟုတ်သောပုဂ္ဂိုလ်များကို အချိန်အခါမရွေး မိမိ၏အမှုတော်၌အသုံးပြုရန် ဘုရားရှင်၌ရှိသည်။ [Ev 70.1] EvBur 71.3

အလင်းတရားသည် ထွန်းလင်းသောမီးအိမ်တစ်လုံးသဖွယ် ကျွန်ုပ် တို့၏မြို့ကြီးများအထဲသို့ရောက်ရှိရလိမ့်မည်။ ဤအလုပ်အတွက် ဘုရားသခင် သည် ဝန်ထမ်းများကိုပေါ်ထွက်လာစေပြီး၊ ဘုရားသခင်၏ကောင်းကင်တမန် များ သူတို့၏ရှေ့၌သွားလိမ့်မည်။ မည်သူမျှဘုရားသခင်တာဝန်ပေးထားသော သူများကို မဆီးတားကြနှင့်။ သူတို့အားဆောင်ရွက်ရန်အလုပ်ကို ဘုရားရှင် ပေးပြီး၊ သတင်းစကားကိုကြားနာသူများ ယုံကြည်ပြောင်းလဲရန် တန်ခိုးများစွာ ဖြင့်ဟောကြားစေပါ။ Review and Herald, Sept. 30, 1902. [Ev 70.2] EvBur 71.4

ခွန်အားကြီးသောပုဂ္ဂိုလ်များလိုအပ်သည် - ဤကိစ္စကိုဆင်ခြင်ရန် ဓမ္မ ညီအစ်ကိုများကို ကျွန်ုပ်ခေါ်ဖိတ်ပါသည်။ ခွန်အားကြီးသူများကို ကြီးမားသော ဌာနများ၌လုပ်ဆောင်ရန် တာဝန်ပေးကြပါစို့။ Manuscript 25, 1908. [Ev 70.3] EvBur 72.1

စွမ်းရည်အမျိုးမျိုး - ကျွန်ုပ်တို့၏တဲအစည်းအဝေးများ၌ သူတစ်ပါး တို့၏ကောင်းသောစိတ်ဝင်စားမှုကိုရယူနိုင်သည့် ဟောပြောနိုင်သူများရှိရမည်။ လူတစ်ဦး၏စွမ်းရည်သည် မည်ရွေ့မည်မျှကောင်းစေကာမူ၊ လိုအပ်ချက်ကို လုံလောက်စွာမပေးနိုင်ပါ။ စွမ်းရည်အမျိုးမျိုးရှိသူများတို့ကို ဤကဲ့သို့သော အစည်းအဝေးများသို့ ခေါ်ဖိတ်အသုံးပြုရမည်။ Manuscript 104, 1902. [Ev 70.4] EvBur 72.2

ဒုတိယလူသည်ကောင်းသောရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ် - ဘုရားသခင်သည် မိမိ၏အမှုတော်ကို ကောင်းမွန်ခိုင်ခံ့စွာဆောင်ရွက်နိုင်ရန် ပုံစံများချထားသည်။ နေရာသစ်တစ်ခုကိုဝင်ရောက်ထိုးဖောက်ရန် ငွေကြေးများလိုအပ်ပါသည်။ သို့သော် လုပ်ငန်းကိုကူညီမည့်ဒုတိယပုဂ္ဂိုလ်တစ်ဦးအတွက် ကုန်ကျမည့်မြှုပ်နှံ ငွေသည် အကျိုးပေးမည်ဖြစ်သည်။ ဤကိစ္စကိုဆောင်ရွက်ရန် ကျွန်ုပ်ခံစား ရခြင်းသည် လွန်စွာအရေးကြီးသောကြောင့်ဖြစ်သည်။ သူ၏အလိုတော်နှင့်အညီ ဆောင်ရွက်နိုင်သောစိတ်ဓာတ် သင်တို့အထဲ၌ရှိရန် ကျွန်ုပ်ဆုတောင်းပါသည်။ EvBur 72.3

လူထုကြီးကို ဆွဲ ဆောင် နို င်ခြင်း - တချို့သောဓမ္မဆရာများတို့အား ဘုရားသခင်သည် လူထုကြီးကိုဆွဲဆောင်မှုပြုနိုင်သော စွမ်းရည်ပေးထားသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောစိတ်ဖြင့် သူတို့သည် အမှုတော်ကိုဆောင်ရွက် သောအခါ သူတို့၏ကြိုးစားမှုအားဖြင့် လူသားများတို့၏နှလုံးသားများထဲ၌ သန့်ရှင်းသောဝိညာဉ်တော်သည် နက်ရှိုင်းစွာအလုပ်လုပ်စေပါသည်။ [Ev 71.1] EvBur 72.4

ကင်းစောင့်များတို့ကိုနိုးရန် ကျွန်ုပ်အားတာဝန်ပေးထားပါသည်။ အရာ ခပ်သိမ်းအဆုံးသို့ရောက်လုပြီ။ ယခုအချိန်သည် လက်ခံရန်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မဆရာများနှင့်နယ်ဥက္ကဌများတို့အား မိမိတို့၏စွမ်းရည်အားဖြင့် လူဦးရေများသောမြို့ကြီးများ၌ အမှန်တရားကိုဟောပြောစေကြပါစို့။ ရိုးသားစွာ ကြိုးစားလုပ်ဆောင်ခြင်းဖြင့် စိတ်နှလုံးအရည်ပျော်စေလိမ့်မည်။ ခိုင်မာသော သတင်းစကားကို သင်သည်ယခုအချိန်၌ဟောပြောသောအခါ သင်၏စိတ်နှလုံး ထဲ၌မှတ်သားရမည်မှာ သင့်ကိုယ်တိုင်၏စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ် တော်တန်ခိုးအားဖြင့် ပျော့ပျောင်းလာပြီး၊ ဝိညာဉ်များကိုရရှိပါလိမ့်မည်။ မြို့တွင်းရှိလူထုပရိသတ်ရှေ့၌ မတ်တတ်ထသောအခါ ဘုရားသခင်သည် သင်၏အကူအညီဖြစ်ကြောင်း သတိရပါ။ ၎င်းနောက် သူချပေးသောကောင်းချီး မင်္ဂလာအားဖြင့် သင်ဟောပြောသောသတင်းစကားတို့သည် ကြားနာရသော သူတို့၏စိတ်နှလုံးသားများကို ထိတွေ့ စေလိမ့်မည်။ Manuscript 53, 1910. [Ev 71.2] EvBur 72.5

အမှန်တရားကိုသင်ကြားရန် လူယောက်ျားနှင့်လူမိန်းမများ - ပညာရှိသောဆရာ များ နှုတ်ကပတ်အမှန်တရားကိုသင်ကြားရန် သင့်လျော်သောလူယောက်ျား နှင့်လူမိန်းမများတို့သည် ကျွန်ုပ်တို့၏ မြို့များ၌လိုအပ်လျက်ရှိသည်။ ဤအမှန် တရားများတို့ကို သန့်ရှင်းသောဂုဏ်သိက္ခာနှင့်ဖြူစင်သောရိုးသားမှုဖြင့်ဟော ကြားကြပါစို့။ Review and Herald, Jan. 25, 1912. [Ev 71.3] EvBur 73.1

နယ်လှည့်ဓမ္မဆရာပေါလု - ပေါလု၏အသက်တာသည် ခက်ခဲကြမ်းတမ်း သောလုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ခဲ့သည်။ တစ်မြို့မှတစ်မြို့ သို့၊ တစ်နိုင်ငံ မှတစ်နိုင်ငံသို့ သူသည်လိုက်သွားပြီး ကပ်တိုင်၏အကြောင်းကိုဟောပြောလျက် ဝမ်းမြောက်ဖွယ်ဧဝံဂေလိတရားသို့ လူအပေါင်းတို့ကိုပြောင်းလဲစေပြီး၊ အသင်း တော်များကိုထူထောင်ခဲ့သည်။ Gospel Workers, pp. 58, 59. (1915) [Ev 71.4] EvBur 73.2

သန်မာ၍ရဲရင့်သောအမှုဆောင်များ - အားနည်းသူများ၊ သို့မဟုတ် အသက် ကြီးသူများတို့ကို ကြမ်းတမ်း၍ ကျန်းမာခြင်းနှင့်မညီညွတ်သည့်နေရာ၊ လူဦးရေ ထူထပ်သောမြို့များတို့၌ အမှုထမ်းခြင်းတာဝန်ကိုမပေးသင့်ပါ။ ဆက်ကပ်ခြင်း လိုအပ်သည့်နေရာများ၌ မလိုအပ်ပါက သူတို့ကိုအမှုထမ်းခြင်းတာဝန်မပေး သင့်ပါ။ လုံခြုံသောနေရာရှိပါက အမှန်တရားယူဆောင်သော ကျွန်ုပ်တို့၏ ညီအစ်ကိုများကို ကျန်းမာခြင်းနှင့်မညီညွတ်သည့်နေရာ၊ ဆူညံ၍ရှုပ်ထွေးမှ ရှိသည့်နေရာ၌ နေထိုင်ခြင်းအခွင့်မပြုသင့်ပါ။ Ev71.5] EvBur 73.3

ခက်ခဲသောမြို့များအတွင်း အမှုထမ်းသောသူတို့အား တတ်အားသရွေ့ အားပေးမှုဟူသမျှကိုပေးသင့်သည်။ သူတို့အားကြင်နာမှုကင်းမဲ့သောဝေဖန်မှ များကို သူတို့၏ညီအစ်ကိုများထံမှမခံစားစေပါနှင့်။ မှားယွင်းသောမှောင်မိုက် ထဲ၌ အမှန်တရားအလင်းကိုအစပြုယူဆောင်သွားသော ဘုရားရှင်၏အမှုတော် ဆောင်တို့အား ကျွန်ုပ်တို့ပြုစုကြရမည်။ Letter 168, 1909, [Ev 72.1] EvBur 74.1