Go to full page →

သာသနာပြုရန်အခြေချမည့်နေရာ EvBur 77

“သင်၏အရပ်ဒေသကိုလေ့လာပါ” - မြို့ကြီးများကိုထိုးဖောက်ပြီး စိတ်ဝင်စား မှုကို ပညာရှိပညာမဲ့လူတန်းစားအားလုံးတို့၌ရှိစေရန်ဖန်တီးပါ။ နွမ်းပါးသော သူများထံသို့ ဧဝံဂေလိသတင်းစကားကိုဟောပြောပါ။ သို့သော် ထိုနေရာ၌ သာရပ်တန့်မသွားစေပါနှင့်။ အထက်တန်းပုဂ္ဂိုလ်များတို့ကိုလည်း ဝင်ရောက် ထိုးဖောက်ရန်လမ်းရှာပါ။ သင်၏အလုပ်ခွင်ကိုလေ့လာပြီး သူတစ်ပါးထံအလင်း ထွန်းလင်းပါ။ ဤလုပ်ငန်းကိုစတင်လုပ်သင့်သည်မှာကြာပြီ။ Testimonies to Ministers, p. 400, (1896) [Ev 74.3] EvBur 77.1

ခန်းမကြီးများအထဲ၌အလုပ်လုပ်ပါ - ခန်းမဆောင်များကိုငှားရမ်းပြီး၊ သတင်း စကားကြားနာရသူများပြောင်းလဲရန် တန်ခိုးနှင့်ဟောပြောပါ။ သြဇာအပြည့်အဝ ဖြင့်ဟောပြောနိုင်သူများနှင့် ခက်ခဲသောနေရာများ၌ အမှန်တရားယူဆောင် ဟောပြောနိုင်သူများကို ဘုရားသခင်ပေါ်ပေါက်စေလိမ့်မည်။ Manuscript 127, 1901. [Ev , 75.1] EvBur 77.2

ကျွန်ုပ်တို့ ၏မြို့များအတွင်းရှိခန်းမဆောင်ကြီးများ - ကျွန်ုပ်တို့၏မြို့ များအထဲ ၌ တတိယကောင်းကင်တမန်သတင်းစကားကို လူသားများ၏နှုတ်ဖြင့်ကြွေးကြော် ဟောပြောနိုင်ရန် ခန်းမဆောင်ကြီးများကို ရယူထားရမည်။ ကျွန်ုပ်တို့၏သတင်း စကားကို ထောင်ပေါင်းများစွာသောသူတို့သည် နှစ်သက်ကြပေလိမ့်မည်။ Letter 35, 1895. [Ev 75.2] EvBur 77.3

ရေပန်းအစားဆုံးခန်းမဆောင်ကြီးများ - မြို့ များကိုသတိပေးစကားဟောပြော နိုင်ရန် ငွေကြေးလိုအပ်ပါလိမ့်မည်။ လူပေါင်းများစွာကိုခေါ်ဆောင်နိုင်ရန် တစ်ခါတစ်ရံအကောင်းဆုံးခန်းမဆောင်ကို စရိတ်များစွာဖြင့်ငှားရန်လိုအပ်မည် ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် သူတို့အားကျမ်းစာအထောက်အထား ဖြင့် အမှန်တရားကိုပြသနိုင်လိမ့်မည်။ Manuscript 114, 1905. [Ev 75.3] EvBur 78.1

သတိကြီးစွာဖြင့်အစပြုပါ - မြို့ထဲ၌အလုပ်လုပ်ဆောင်ရန်လိုအပ်သည့် အရာများနှင့်ပတ်သက်၍ ကျွန်ုပ်အားညွှန်ကြားပါသည်။ အဆောက်အဦများ ကိုတိတ်တဆိတ်ငှားယူပြီး မည်သည့်ကိစ္စဆောင်ရွက်သွားမည့်အကြောင်း လူတို့ အားအသိမပေးသင့်ပါ။ ကျွန်ုပ်တို့၏လုပ်ငန်းကိုဖော်ပြခြင်းမပြုဘဲ၊ ကျွန်ုပ်တို့ ပြောဆိုသောအရာ၌ ကောင်းသောပညာကိုအသုံးပြုရကြမည်။ မာရ်နတ်သည် လူတို့ကိုဆွဲဆောင်နိုင်သည့် ကျွမ်းကျင်ပါးနပ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဖြစ်နိုင် ပါက မြို့ထဲကျွန်ုပ်တို့၏ဆောင်ရွက်လိုသောလုပ်ငန်းကို ဖျက်ဆီးနိုင်သည်။ ထိုကြောင့် တချို့နေရာနှင့်ကိစ္စများ၌ တိတ်တဆိတ်နေခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ Letter 84, 1910. [Ev 75.4 EvBur 78.2

ကောင်းသောခန်းမဆောင်များကို ငှားရမ်းပါ - တချို့ သောနေရာ၌ သေးငယ် သောနည်းလမ်းအားဖြင့် အလုပ်ကိုစတင်ရမည်ဖြစ်ပြီး တိုးတက်ရန်တဖြည်းဖြည်း ဆောင်ရွက်သွားကြရမည်။ ဤအရာကိုအမှုဆောင်များအားလုံးလုပ်ဆောင်နိုင် သောအရာဖြစ်သည်။ သို့သော် ကိစ္စများစွာတို့တွင် ပို၍ကောင်းသောအကျိုး ခံစားရရှိရန် ကျယ်ပြန့်၍ ဆုံးဖြတ်ချက်တိတိကျကျဖြင့်လုပ်ဆောင်ရမည့်လုပ်ငန်း များရှိသည်။ တချို့နေရာများတွင် တိုးတက်ရန်အလားအလာရှိသော်လည်း ကျွန်ုပ်တို့ညီအစ်ကိုများတို့သည် အစပြုရာ၌ ကြိုးစားဆောင်ရွက်ခြင်းမပြု၊ ပေါ့ဆစွာဆောင်ရွက်သောကြောင့် တိုးတက်မှုနှေးကွေးရခြင်းဖြစ်သည်။ အကယ်၍ ကောင်းသောခန်းမဆောင်များကိုငှားရမ်းပြီး ကျွန်ုပ်တို့၌ကြီးမားသောအမှန်တရား ရှိသကဲ့သို့ အမှုတော်ကိုဆောင်ရွက်ကြပါက အောင်မြင်ရန်သေချာပြီး ပို၍ ကြီးမားသောအောင်မြင်မှုကို ရရှိကြလိမ့်မည်။ သူတစ်ပါး၏အာရုံကို အကောင်း ဆုံးဆွဲဆောင်နိုင်သည့် အကောင်းဆုံးအစပြုလုပ်ဆောင်ကြခြင်းကို ဘုရားရှင် အလိုရှိပါသည်။ Gospel Workers, p. 462. (1915) [Ev 75.5] EvBur 78.3

အကောင်းဆုံးနေရာများ၌ တဲများကိုထိုးရမည်။ မြို့များသို့အမှန်တရား ကိုသယ်ဆောင်သွားရမည်။ တဲများတို့ကိုအကောင်းဆုံးသောနေရာများတို့၌ထိုး ပြီး အစည်းအဝေးများကိုကျင်းပကြရမည်။ Review and Herald, May 25, 1905. [Ev 76.1] EvBur 79.1

မြေပေါ်ဝဲကိုဂရုစိုက်ပါ - အသင်းလူကြီးတစ်ဦးသည် အုတ်(ခ)လန်း (Oakland) ၌ တောစခန်းအစည်းအဝေးအတွက် တဲထိုးခဲ့သည်။ ပြင်ဆင်မှုပြု ရန်အချိန်၌ အချိန်မီရောက်လာသည်။ ညွှန်ကြားချက်များကိုပြုလုပ်သည်။ တဲကိုတင့်တယ်ရိုသေဖွယ်ရာထိုး၍ ပြင်ဆင်မှုပြုပြီး အကောင်းဆုံးစီစဉ်ဆောင်ရွက် သည်။ Leter 352, 1906. [Ev 76.2] EvBur 79.2

သယ်ဆောင်နိုင်သည့် စည်းဝေးအဆောင်တစ်ခု၏အကျိုးကျေးဇူးများ- အထူးသဖြင့် မိုးတွင်းအချိန်၌အသုံးပြုနိုင်ရန် သင့်လက်၌သယ်ဆောင်နိုင်သည့် တဲအိမ်အရှင်တစ်လုံးရှိရန်လိုအပ်သည်။ Letter 376, 1906. [Ev 76.3] EvBur 79.3