Go to full page →

ဝမ်းမြောက်ဖွယ်သတင်းဟောပြောသူ၏အသံ EvBur 884

ဘုရားသခင်၏ကိုယ်စားဓမ္မဆရာ - ဘုရားသခင်၏ကိုယ်စားအဆင့်ကို လက်ခံသောသူတစ်ယောက်သည် ကျေးဇူးတော်အားလုံးနှင့်ထက်မြက်သော ဉာဏ်စွမ်းဖြင့် သူသည်လူတို့အား သူ၏ဟောပြောခြင်း၌ အမှန်တရားတစ်စုံ တစ်ရာမျှပျောက်ဆုံးသွားခြင်းမရှိဘဲ အမှန်တရားဟောပြောခြင်းသည် လွန်စွာ လိုအပ်သောအရာဖြစ်ကြောင်း သူဆင်ခြင်သင့်သည်။ သေးငယ်သောအရာကဲ့သို့ သာဆင်ခြင်ပြီး မပြည့်မစုံဟောပြောသောသူတို့သည် ဘုရားသခင်ကိုရှုတ်ချရာ ရောက်သည်။ Manuscript 107, 1898. [Ev 665.1] EvBur 884.2

ပြည့်ပြည့်ဝဝကောင်းသောအသံဖြင့် - ပြည့်ပြည့်ဝဝကောင်းသောအသံဖြင့် ပြတ်သားရှင်းလင်းစွာဟောပြောနိုင်သောအရည်အချင်းသည် လုပ်ငန်းတိုင်းအတွက် အလွန်တန်ဖိုးရှိသည်။ ဓမ္မဆရာများ၊ တရားဟောဆရာများ၊ ကျမ်းစာအမှ ဆောင်များ၊ သို့မဟုတ် ဓမ္မစာပေဖြန့်ချိသူများဖြစ်ရန် ဆန္ဒရှိသူတို့အတွက် ဤအရည်အချင်းသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဤအလုပ်၌ ပါဝင်ရန် ကြံစည်ထားကြသောသူတို့သည် အမှန်တရားကိုသူတစ်ပါးထံသို့ ဟောပြောသောအခါ၊ ကောင်း၍တိကျသည့်ခံစားချက်ရရှိစေရန် သူ၏အသံကို မည်ကဲ့သို့အသုံးပြုရမည်ကို သင်ယူသင့်သည်။ ချို့ယွင်းသောအသံနှင့်ဟောပြော ခြင်းအားဖြင့် ဆက်သွယ်မှုပြုခြင်းကြောင့် အမှန်တရားကိုထိခိုက်နစ်နာခြင်းမရှိ စေရပါ။ Testimonies, vol. 6, p. 380. (1900) [Ev 665.2] EvBur 885.1

ဖော်ပြချက်ဖြင့်ရှင်းလင်းစွာပြောဆို ခြင်း - အမှုဆောင်အားလုံးတို့သည် ပလ္လင်ပေါ်၌တရားဟောသောအခါဖြစ်စေ၊ ကျမ်းစာသင်ကြားသောအခါဖြစ်စေ ရှင်းလင်း၍အဓိပ္ပါယ်ပါသောအမူအရာဖြင့်ပြောဆိုနိုင်ရန် သင်ယူကြရမည်။ Letter 200, 1903. EvBur 885.2

ပျော့ပျောင်း၍ ချိုသာသောကျမ်းစာဖတ်သူ၏အသံ - လူထုပရိသတ်များ၌ဖြစ် စေ၊ အိမ်ထောင်မိသားစုထဲ၌ဖြစ်စေ ကျမ်းစာသင်ကြားသောသူသည် ကျမ်းစာ ကိုပျော့ပျောင်း၍ ချိုသာသောအနိမ့်အမြင့်ပါရှိသည့် စည်းဝါးကျသောကြားနာ ရသူတို့အတွက် ဆွဲဆောင်နိုင်သည့်အသံဖြင့် ပြောဆိုနိုင်စွမ်းရှိသင့်သည်။ Testimonies, vol. 6, p. 381. (1900) [Ev 666.1] EvBur 885.3

သဘောပေါက်စွာနှင့်စိတ်ထဲ၌စွဲမြဲစွာ - မှန်ကန်စွာစာဖတ်ခြင်း၏သိပ္ပံ အတတ်နှင့် မှန်ကန်စွာစာလုံးကို အသံလေးနက်စွာထွက်အောင်ပြောဆိုဖတ်ရှု နိုင်ခြင်းသည် အမြင့်ဆုံးသောတန်ဖိုးရှိသည်။ အခြားကဏ္ဍများတို့၌ သင်သည် ပညာများစွာတို့ကို မည်မျှပင်ရရှိထားစေကာမူ၊ အကယ်၍ သင်၏အသံနှင့် ပြောဆိုသောအမူအရာတို့၌ သင်သည် တိကျစွာနှင့်ဥာဏ်ရည်ထက်မြက်စွာ ဖြင့်ပြောဆိုနိုင်ရန် ပြုစုပျိုးထောင်ခြင်းကိုလျစ်လျူရှုပါက သင်၏သင်ယူခဲ့သော အရာအားလုံးတို့သည် သင့်အားအနည်းငယ်သာအကျိုးပေးလိမ့်မည်။ အကြောင်း မှာ သင်၏အသံကိုပြုစုပျိုးထောင်ခြင်းမရှိပါက သင်သင်ယူခဲ့သောအရာများတို့ ကို သူတစ်ပါးတို့နှင့်အဆင်သင့်ရှင်းလင်းစွာဆက်သွယ်နိုင်မည်မဟုတ်ပါ။ [Ev 666.2] EvBur 886.1

လူတစ်ယောက်မှသိရှိသောအရာကို သဘောပေါက်စွာနှင့်စိတ်ထဲ၌ စွဲမြဲစွာပြောဆိုနိုင်ရန်သင်ယူခြင်းသည် ဘုရားသခင်၏အမှုတော်လုပ်ငန်း၌ အမှု ဆောင်များဖြစ်လာရန် ဆန္ဒရှိသူများတို့အတွက် အထူးတန်ဖိုးရှိသည်။ အမှန် တရား၏သတင်းစကားများတို့ကို ပို၍သင်ဖော်ပြနိုင်ပါက ကြားနာရသူတို့ အတွက်ပို၍ သင်၏စကားများထိရောက်မှုရှိပါလိမ့်မည်။ ဘုရားသခင်၏အမှန် တရားကို မှန်ကန်စွာဟောပြောခြင်းသည် အမြင့်ဆုံးသောကြိုးစားခြင်းများတို့ ၏ထိုက်တန်ခြင်းဖြစ်သည်။ သင်၏အမှုတော်အတွက် သင်တန်းယူသော ကျောင်းသားများတို့သည် အမှန်တရားနှင့်ပတ်သက်ပြီး သူတစ်ပါးတို့နှင့်ပြောဆို သောအခါ၊ မှန်ကန်စွာနှင့်တန်ခိုးပါ စွာဖြင့်ပြောဆိုနိုင်ရန် တိကျသောကြိုးစား ခြင်းပြုကြရမည်။ သို့မဟုတ် လူထုတရားပွဲ၌ပါဝင်လုပ်ဆောင်ကြသောအခါ၊ ကောင်းကင်မှမူရင်းအမှန်တရားများကို သူတို့သည် မှန်ကန်စွာဟောပြောနိုင် ကြလိမ့်မည်။ Manuscript 131, 1902. [Ev 666.3] EvBur 886.2

စကားပြောသူ၏အသံသည်ဆုံးဖြတ်ချက်အပေါ်သက်ရောက်မှုရှိသည် - တချို့ သောသူတို့သည် အထက်သံဖြင့် မိမိတို့၏အမှန်တရားကို ‘ အော်ဟစ်ပြောဆို ခြင်းအားဖြင့် လူတို့အပေါ်သို့လေးနက်သောခံစားချက်သြဇာကိုပျက်စီးစေ ပါသည်။ ဤအမူအရာဖြင့် အမှန်တရားကိုဟောပြောသောအခါ၊ အမှန်တရား၏ ချိုမြိန်သောတန်ခိုးနှင့်လေးနက်မှုပျောက်ဆုံးသွားပါသည်။ သို့သော် အကယ်၍ အသံမှန်ပါက၊ အကယ်၍လေးနက်မှုနှင့်စိတ်ခံစားမှုပါရှိသည့် ကောင်းသောအသံ ကိုအသုံးပြုပါက ပို၍ကောင်းသောခံစားချက်ကို များစွာပေးနိုင်မည်ဖြစ်သည်။ ဤအသံသည် သူ၏တပည့်တော်များတို့အား ခရစ်တော်သင်ပေးခဲ့သောအသံ ဖြစ်ပါသည်။ သူသည် လေးနက်မှုဖြင့်သူတို့၏စိတ်ကို သြဇာလွှမ်းမိုးစေသည်။ သူသည် စိတ်လှုပ်ရှားမှုနှင့်ဆိုင်သောပြောဆိုပြုမူပုံနှင့်စကားပြောသည်။ သို့သော် ကျယ်လောင်သောအော်ဟစ်သံသည် မည်သည့်အရာကိုပြုလုပ်ပေးနိုင်မည်နည်း။ ၎င်းသည် လူတို့ကိုအမှန်တရား၏မြင့်မားသောအမြင်များတို့ကို မည်သည့် အခါမျှမပေးနိုင်ပါ။ လူတို့ကိုလည်း မည်သည့်အခါမျှပို၍နက်ရှိုင်းစွာဖြင့် သူတို့၏စိတ်ထဲ၌ စွဲမှတ်စေနိုင်ခြင်းမရှိပါ။ ကြားနာရသောသူများအတွက် လက်ခံ၍မရသောခံစားမှုကိုသာဖြစ်စေပြီး ဟောပြောသူ၏အသံနှင့်သက်ဆိုင် သောအင်္ဂါများကို ပျက်စီးစေပါသည်။ အသံ၏အတိုးအကျယ်သည် ကြားနာ ရသောသူတို့၏စိတ်နှလုံးများတို့ကို ထိခိုက်စေပါသည်။ Testimonies, vol. 2, p. 615. (1871) [Ev 666.4] EvBur 886.3

အသံနှင့်ဆိုင်သောကိုယ်အင်္ဂါများကိုမှန်ကန်စွာအသုံးပြုခြင်း - အသံနှင့်ဆိုင် သောကိုယ်အင်္ဂါများကို ကောင်းသောသေချာစွာဂရုပြုခြင်းနှင့်သင်တန်းကိုပေး ရမည်။ မှန်သောအသုံးပြုခြင်းအားဖြင့် ၎င်းတို့သည်သန်မာလာပြီး အကယ်၍ မှန်ကန်စွာအသုံးမပြုပါက ချည့်နဲ့သွားမည်ဖြစ်ပါသည်။ ရှည်လျားသောတရား ဟောချက်များတို့ကို ဟောပြောခြင်း၌ပိုလျှံသောအသုံးပြုခြင်းတွင် မကြာခဏ ပြန်လည်ပြုလုပ်ပါက စကားပြောခြင်း၏အင်္ဂါအစိတ်အပိုင်းများတို့ကို ပျက်စီး စေရုံမျှမကဘဲ တစ်ကိုယ်လုံးရှိအကြောအခြင်များကို အချိန်မတန်အင်အား ကုန်ခန်းစေပါလိမ့်မည်။ နူးညံ့သောစောင်းကြိုးများသွားပြီးပြုပြင်၍မရတော့ဘဲ သာယာသောအသံအစား မညီညာသောအသံကိုသာပေးပါလိမ့်မည်။ [Ev 667.1] EvBur 887.1

စကားပြောသူတိုင်းအတွက် မိမိတို့၏အသံနှင့်ဆိုင်သော ကိုယ်အင်္ဂါ များကိုပြုစုပြီး လူတို့အတွက်အသက်၏သတင်းစကားများတို့ကိုဟောပြောနိုင် ရန်၊ ကျန်းမာသောအခြေအနေ၌ထားရှိရန် အရေးကြီးပါသည်။ လူတိုင်းအား ဘုရားရှင်မှပေးထားသောစွမ်းရည်အပေါ် ဉာဏ်ရည်ထက်မြက်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်ပြီး အထိရောက်ဆုံးသောပြောဆိုပြုမူပုံဖြင့် သူသင်ယူရရှိခဲ့သောအရာ များကို လိုက်လျှောက်သင့်ကြပါသည်။ ကျယ်လောင်သောအသံဖြင့်သော် လည်းကောင်း၊ အမြင့်သံဖြင့်သော်လည်းကောင်း ဟောပြောရန်မလိုပါ။ ထိုကဲ့သို့ ပြုခြင်းသည် စကားပြောသူအား ကြီးမားသောထိခိုက်မှုကိုဖြစ်စေပါသည်။ လျင်မြန်စွာစကားပြောခြင်းသည် ဟောပြောခြင်း၏ထိရောက်မှုများစွာကို ပျက်စီး စေပါသည်။ အကြောင်းမှာ ပြောဆိုသောစကားများတို့သည် လျင်မြန်သော ကြောင့် သေချာစွာပြောဆိုပြီး၊ ကြားနာရသူများအတွက် အချိန်ယူနိုင်ကာ ပြောဆိုသောစကားတိုင်း၏အဓိပ္ပါယ်ကိုကောက်ယူနိုင်ခြင်းကဲ့သို့ ရှင်းလင်းတိကျ ခြင်းမရှိသောကြောင့်ဖြစ်သည်။ [Ev 667,2] EvBur 888.1

လူသားများတို့၏အသံသည် ဘုရားသခင်ပေးသော တန်ဖိုးရှိသည့် ဆုကျေးဇူးတစ်ခုဖြစ်သည်။ ကောင်းကျိုးအတွက်တန်ခိုးတစ်ခုဖြစ်ပြီး ဘုရားသခင် သည် သူ၏အစေခံများတို့ကို ၎င်း၏ကရုဏာယိုဖိတ်စေသည့်အသံနှင့်ငြိမ့်ညောင်း သောအသံကို ထိန်းသိမ်းရန်သူအလိုရှိသည်။ အသံကိုတေးသံသာကဲ့သို့ဖြစ် ရန်၊ နား၌နာပျော်ဖွယ်ရာကောင်းပြီး စိတ်နှလုံးထဲ၌ထိတွေ့ခံစားစေနိုင်သည့် အခြေအနေသို့ရောက်ရှိရန် ပြုစုပျိုးထောင်သင့်သည်။ [Ev 667.3] EvBur 888.2

လူသားကိုယ်စားလှယ်ကို မိမိတို့စိတ်ကူးပေါက်သည့်အတိုင်း ဟောပြော ခြင်းမပြုကြဘဲ တည်ငြိမ်စွာနှင့်ဖြည်းညင်းစွာဖြင့်ပြောဆိုပြီး အမှန်တရားကို ဝိညာဉ်တော်၏လုံလောက်သောတန်ခိုးဖြင့်ဟောပြောစေရန် ဘုရားရှင်တောင်းဆို ပါသည်။ သင်၏အပြောအဆိုကို သင့်ကိုယ်တိုင်စိတ်ဇောကြီးစွာဖြင့် မိမိ စိတ်ကူးပေါက်သည့်အတိုင်းဟောပြောခြင်း၊ သင်၏ခံစားချက်များကို သဘာဝ အတိုင်းမဟုတ်ဘဲ သင်၏ မြင့်သောအသံဖြင့် ကျယ်လောင်စွာဟောပြော ခြင်းကြောင့် သင့်အပေါ်သို့ဘုရားသခင်သည် ကြီးစွာသောအထောက်အထားကို ပေးနေသည်ဟု မည်သည့်အခါမျှမထင်ပါနှင့်။ [Ev 668.1] EvBur 888.3

သင်၏သြဇာသည် ဝေးသောအရပ်သို့ရောက်ရှိပြီး သင်၏စကား ပြောဆိုခြင်းသည် ကျိုးကြောင်းဆီလျော်ခြင်း၏ထိန်းချုပ်မှုအောက်၌ရှိသင့်သည်။ စကားပြောခြင်း၏ခန္ဓာအစိတ်အပိုင်းများကို သင်နွမ်းနယ်စေသောအခါ၊ အသံ ၏ညီညွတ်ခြင်းများဆုံးရှုံးသွားပါသည်။ လျင်မြန်စွာစကားပြောဆိုခြင်းအလေ့ အထကို တိကျစွာအောင်မြင်သင့်သည်။ လုပ်ဆောင်မှုအားလုံးတို့အတွက် လူတစ်ယောက်မှပေးနိုင်သည့် လူသား၏ ကိရိယာတန်ဆာပလာများကို ဘုရားသခင်တောင်းဆိုပါသည်။ လူသားကိုယ်စားလှယ်သို့အပ်နှံထားသော စွမ်းရည်အားလုံးတို့ကို မြတ်နိုးပြီးကျေးဇူးတင်လျက် ကောင်းကင်မှတန်ဖိုးရှိ သည့်ပေးကမ်းခြင်းတစ်ခုကဲ့သို့ အသုံးပြုရပါမည်။ ရိတ်သိမ်းသောလယ်ပြင်၌ ရှိသောအမှုထမ်းများတို့သည် ဘုရားသခင်တာဝန်ပေးထားသောကိုယ်စားလှယ် နှင့် ကောင်းကင်မှအလင်းကို သူဆက်သွယ်နိုင်ရန်လမ်းကြောင်းများဖြစ်သည်။ သူတို့၏မည်သည့်ဘုရားပေးတန်ခိုးများတို့ကိုမဆို ဂရုမစိုက်သော၊ ဖြုန်းတီး သောအသုံးပြုခြင်းသည် သူတို့၏အရည်အချင်းကိုယုတ်လျော့စေသောကြောင့် အကြီးမားဆုံးသောဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စတစ်ခုပေါ်လာသောအခါ သူတို့သည် အလွန်အားနည်းသော၊ မကြာခဏဖျားတတ်သော၊ မသန်မစွမ်း သောအခြေအနေများကြောင့် သူတို့သည် အနည်းငယ်သာထမြောက်အောင် ဆောင်ရွက်နိုင်ပါသည်။ Special Testimonies, Series A, No. 7, pp. 9-11. (1874) [Ev 668.2] EvBur 889.1

အသံပြုစုပျိုးထောင်ခြင်းသည်ဓမ္မဆရာအတွက်အရေးကြီးခြင်း - ကျွန်ုပ်တို့၏ ကျောင်းများ၌ရှိသောဆရာများတို့သည် ဘုရားတရားကိုင်းရှိုင်းခြင်းမရှိသော ” စိတ်ထားနှင့် ရိုင်းပျသောအမူအရာများရှိသည့်ကျောင်းသားများ၊ မှားသောအသံ အနေအထားဖြင့်စာဖတ်ခြင်း၊ သို့မဟုတ် မမှန်သောအသံဖြင့်ဖတ်ရှုတတ်သော ကျောင်းသားများတို့ကို သည်းခံခြင်းမပြုသင့်ပါ။ ပညာစွမ်းရည်ရှိသော်လည်း ဂရုမစိုက်ခြင်းနှင့်မကောင်းသောသင်တန်း၊ အကျင့်စရိုက်များတို့သည် မကြာခဏ သူတို့ကိုသေးသိမ်စေမည်ဖြစ်ပြီး ဓမ္မဆရာတစ်ဦး၏အလုပ်၌ ကြီးစွာသော အဟန့်အတားများကို ဖြစ်စေပါလိမ့်မည်။ ကျောင်းသားတစ်ဦး၏စိတ်ထဲ၌ ခံစားနေရမည်မှာ ၎င်းကိုသူ၏တန်ခိုး၌ရှိနေပြီး ကျေးဇူးတော်နှင့်ကြိုးစားမှု ပေါင်းစပ်ခြင်းအားဖြင့် သူ့ကိုယ်ကိုလူတစ်ယောက်သို့ဖြစ်စေနိုင်ပါသည်။ ဘုရားသခင်သူ့အားဆင်ယင်ပေးသော စိတ်နှင့်ကာယစွမ်းရည်များတို့ကို သူပျိုးထောင်ခြင်းနှင့်အနစ်နာခံကာကြိုးစားခြင်းအားဖြင့် သူ၏မိတ်ဆွေလူသား များတို့အားအကျိုးပြုရန် သူသည် တန်ခိုးတစ်ခုဖြစ်လာပါလိမ့်မည်။ Manu- script 22, 1886. [Ev 668.3] EvBur 889.2

အသံကိုလေ့ကျင့်ခြင်း - ကိုယ်ကာယပျိုးထောင်ခြင်း၌ အသံ၏သင်တန်း ရယူခြင်းသည် အရေးကြီးသောအရာတစ်ခုဖြစ်သည်။ ၎င်းသည် အဆုတ်ကို ကျယ်ပြန့်စေ၍ ခွန်အားရှိစေပြီး၊ ရောဂါကိုဖယ်ရှားပေးစေနိုင်သည်။ မှန်ကန် သောစာဖတ်ခြင်းနှင့်စကားပြောခြင်းပြုလုပ်နိုင်ရန် အသက်ရှူရှိုက်ခြင်း၌ ဝမ်းဗိုက် နှင့်ဆိုင်သောကြွက်သားများနှင့် အသက်ရှူရှိုက်ခြင်းနှင့်ဆိုင်သောကိုယ်အင်္ဂါများ အကန့်အသတ်မရှိ၊ လွတ်လပ်စွာလှုပ်ရှားနိုင်ခြင်းများရှိသည်၊ မရှိသည်ကို သတိပြုရပါမည်။ အင်အားကိုလည်ချောင်းကြွက်သားများမှအသုံးမပြုရဘဲ ဝမ်းဗိုက်၌ရှိသောကြွက်သားများကိုသာ အသုံးပြုရမည်။ သို့မှသာ လည်ချောင်း နှင့်အဆုတ်၏ပင်ပန်းခြင်းနှင့်ကြောက်မက်ဖွယ်ရောဂါကို ကာကွယ်ပေးနိုင်လိမ့် မည်။ ပြတ်သားပီသသောအသံ၊ ချောမွတ်၍ကောင်းသောအသံများတို့ကိုရရှိ ကြရန်၊ မြန်ဆန်လွန်းသောပြောဆိုခြင်းစရိုက်ကိုရှောင်ရှားနိုင်ရန် အထူးဂရုစိုက် သင့်ကြသည်။ Education, p. 199. (1903) [Ev 669.1] EvBur 890.1

လူတစ်ထောင်သို့ စကားပြောခြင်းသည်လူဆယ်ယောက်အားပြောခြင်းကဲ့သို့လွယ်ကူ - လည်ချောင်းမှစကားပြောခြင်း၊ ပြောဆိုသောစကားများကို အသံကိုယ်အင်္ဂါ များ၏အထက်ပိုင်းများမှထွက်ပေါ်လာစေခြင်းနှင့် ၎င်းတို့အားအချိန်တိုင်း၌ ထိခိုက်ပွန်းပဲ့စေခြင်း၊ ဒုက္ခပေးခြင်းတို့သည် ကျန်းမာခြင်းကိုအကောင်းဆုံး ထိန်းသိမ်းရာမရောက်ပါ။ ၎င်းအင်္ဂါများတို့၏အသုံးဝင်ခြင်းကိုလည်း တိုးတက် မှုမရှိစေပါ။ သင်သည် အသက်ရှူရှိုက်ခြင်းကိုအပြည့်အဝရယူသင့်ပြီး၊ ထိုလှုပ်ရှား မှုကို ဝမ်းဗိုက်ကြွက်သားများအားဖြင့်ပြုလုပ်ပါ။ အဆုတ်ကိုသာ လမ်းကြောင်း တစ်ခုတည်းဖြစ်စေပါ။ သို့သော် အလုပ်လုပ်ရန်အတွက် ၎င်းကိုအမှီမပြုပါနှင့်။ အကယ်၍ သင်၏စကားများကို အတွင်းမှထွက်လာသော သင်၏ဝမ်းဗိုက် ကြွက်သားများတို့ကိုအသုံးပြုပါက လူတစ်ထောင်သို့သင်စကားပြောခြင်းကို လူဆယ်ယောက်အားပြောခြင်းကဲ့သို့ လွယ်ကူစွာပြောနိုင်လိမ့်မည်။ Testimonies, vol. 2, p. 616, (1871) EvBur 890.2

မှန် ကန် သောအသက်ရှူရှိုက်ခြင်းကို သတိပြုပါ - ဓမ္မဆရာများတို့သည် တည့်မတ်စွာထ၍ ဖြည်းညင်းစွာ၊ ခိုင်မာစွာနှင့်ရှင်းလင်းစွာဖြင့် ဝမ်းဗိုက်ကြွက်သား များကိုအသုံးပြုလျက် ဝါကျတိုင်းကိုလုံလောက်သောလေဖြင့် စကားများ တို့ကိုပြောဆိုကြရမည်။ အကယ်၍ ဤလွယ်ကူသောစည်းမျဉ်းဥပဒေကို လိုက်လျှောက်ပြီး အခြားရိုသေလေးစားမှု၌ ကျန်းမာခြင်း၏ဥပဒေများအပေါ် အာရုံပြုပါက သူတို့၏အသက်တာကိုထိန်းသိမ်းနိုင်ပြီး သူတို့၏အသုံးဝင်ခြင်း ကို အခြားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သောသူများတို့ထက် သက်တမ်းပို၍ ရှည်လိမ့်မည်။ ရင်ဘတ်ပို၍ကျယ်ပြန့်လာပြီး စကားပြောသူသည် ဆက်လက် ၍စကားပြောဆိုနေရသည့်တိုင် အလွယ်တကူအသံပြာခြင်း၊ အသံဝင်ခြင်းရှိမည် မဟုတ်ပါ။ သတိနှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် အဆုတ်နှင့်ဆိုင်သော ဝေဒနာခံစားရမည့်အစား၊ အဆုတ်နှင့်ဆိုင်သော ဖြစ်တတ်သည့်ဝေဒနာအားလုံး တို့မှ ကင်းရှင်းကြပါလိမ့်မည်။ Testimonies, vol. 4, p. 404. (1880) [Ev 670.1] EvBur 891.1

နှေးကွေးစွာနှင့်တည်ငြိမ်စွာပြောဆိုခြင်း - ကျွန်ုပ်အသက်ငယ်ရွယ်စဉ်အခါ၌ ကျယ်လောင်စွာစကားပြောတတ်သည်။ လူတို့အပေါ်မှန်သောသြဇာသက်ရောက် မှုကိုပြုလုပ်၍မရခြင်းမှာ သဘာဝမဟုတ်သောအသံကိုအသုံးပြုခြင်းအားဖြင့် ဖြစ်ကြောင်း ဘုရားသခင်သည် ကျွန်ုပ်အားပြသပါသည်။ ထိုနောက် ကျွန်ုပ် ရှေ့၌ခရစ်တော်ထင်ရှားလာပြီး၊ သူ၏စကားပြောသောအမူအရာ၌ သူ၏အသံ ကိုချိုသာသောသာယာသံဖြင့်ကြားရပါသည်။ သူ၏အသံသည် တည်ငြိမ် သည့်ပုံမှန်သံနှင့်အမူအရာဖြင့် နားထောင်သောသူတို့အတွက် ကောင်းမွန်စွာ ကြားရပြီး၊ သူ၏စကားများတို့သည် သူတို့၏နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်ကာ သူဆက်လက်ပြောမည့်အကြောင်းအရာကိုပင် မပြောမီကြိုတင် ၍သဘောပေါက်နိုင်ကြပါသည်။ တချို့သောသူတို့သည် ကျယ်လောင်သော အသံဖြင့် မြန်ဆန်စွာစကားမပြောပါက မိမိတို့၏စိတ်လှုံ့ဆော်မှုပျောက်ဆုံး သွားပြီး ကြားနာရသူတို့၏စိတ်လှုံ့ဆော်မှုကိုလည်း ပျောက်ဆုံးသွားစေမည်ဟု ထင်ကြပါသည်။ အကယ်၍ ၎င်းအတိုင်းပြုလုပ်ခြင်းသည် စိတ်လှုံ့ဆော်မှု ဖြစ်ပါက ဆောလျင်စွာပျောက်ဆုံးခြင်းသည် ပို၍ကောင်းပါလိမ့်မည်။ Manuscript 19b, 1890. [Ev 670.2] EvBur 891.2