Go to full page →

မြင့်မားသောကိုယ်ကျင့်တရားအဆင့်အတန်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း EvBur 903

စည်းမျဉ်းဥပဒေကိုစွန့်ပစ်ခြင်းသည်အချိန်အခါများကိုမှတ်သားထားသည် - လူသား တို့၏ပျက်စီးခြင်းများ၊ ပြိုလဲသောအိမ်ထောင်ယဇ်ပလ္လင်များ၊ ယိုယွင်းသော အိမ်ထောင်များတို့ကို နေရာတိုင်းတို့၌တွေ့ရှိရပါသည်။ စည်းကမ်းစွန့်ပယ် ခြင်း၏အံ့သြဖွယ်ရာများ၊ လူ့ကျင့်ဝတ်အဆင့်နိမ့်ကျသွားခြင်းနှင့် ကမ္ဘာကြီး သည် သောဒုံမြို့ကဲ့သို့လျင်မြန်စွာရောက်ရှိနေပါသည်။ ကမ္ဘာကြီးအပေါ်သို့ ဘုရားသခင်၏တရားစီရင်ခြင်း၏အကျင့်စရိုက်များနှင့် သောဒုံမြို့ကိုမီးဖြင့် ဖျက်ဆီးခဲ့ရသည့်အကျင့်စရိုက်များတို့သည် လျင်မြန်စွာတိုးပွားလျက်ရှိသည်။ ဤကမ္ဘာကြီးအား မီးဖြင့်သန့်စင်ရန်အချိန်သို့ ကျွန်ုပ်တို့နီးကပ်လျက်ရှိကြပါပြီ။ Gospel Workers, pp. 125, 126. (1915) [Ev 678.1] EvBur 903.1

ဓမ္မဆရာများတို့ သည်မာရ်နတ်၏ပစ်မှတ် - မာရ်နတ်၏အထူးစုံစမ်းခြင်းသည် သာသနာ့လုပ်ငန်းကိုတိုက်ရိုက်ဆန့်ကျင်လျက်ရှိသည်။ ဓမ္မဆရာများတို့သည် လူသားများသာဖြစ်ကြကြောင်း၊ မိမိတို့ခွန်အားအားဖြင့် ကျေးဇူးတော်နှင့်သန့်ရှင်း ခြင်းကိုသူတို့မရရှိနိုင်ကြောင်း မာရ်နတ်သိသည်။ ဧဝံဂေလိဘဏ္ဍာတော်များ တို့ကို မြေအိုးများထဲ၌ထားရှိပြီး ဘုရားသခင်၏တန်ခိုးတော်အားဖြင့်သာ ဤမြေအိုးများတို့ကို ဂုဏ်အသရေရှိစေနိုင်ပါသည်။ ဓမ္မဆရာများတို့အား ဝိညာဉ်များကယ်တင်ခြင်းရရှိရန်အတွက် တန်ခိုးနှင့်ပြည့်ဝသောလမ်းကြောင်း များအဖြစ် ဘုရားသခင်သိဘိက်ပေးပြီး၊ မိမိတို့၏လုပ်ငန်းများတို့၌ မိမိတို့၏ အသက်တာကို ထာဝရအဖခမည်းတော်အား သူတို့ကိုအုပ်ချုပ်ရန်ခွင့်ပြုခြင်း အားဖြင့်သာ အောင်မြင်ခြင်းရရှိနိုင်ကြောင်း မာရ်နတ်သိသည်။ ထိုကြောင့် သူသည် သူ၏ပါးနပ်လိမ္မာကျွမ်းကျင်မှုရှိသမျှဖြင့် သူတို့ကိုကြိုးစား၍အပြစ် သို့ပို့ဆောင်ကာ မိမိတို့၏လုပ်ငန်းတာဝန်ကို အပြစ်နှင့်ပြည့်ဝစေပါက သူတို့ သည် အပြစ်ကျူးလွန်ခြင်းအားဖြင့် မိမိတို့၏ကိုယ်ကိုဆိုးသွမ်းခြင်းအတွက် ဓမ္မဆရာများဖြစ်စေကြမည်ကို မာရ်နတ်သိရှိပါသည်။ Gospel Workers, p. 124. (1915) [Ev 678.2] EvBur 904.1

မျှတသောဂုဏ်သိက္ခာနှင့်ခင်မင်ရင်းနှီးခြင်း - ဖြူစင်ခြင်း၊ အပြုအမူမှန်ကန် ခြင်းနှင့်ပတ်သက်သောအရာသည် ကျွန်ုပ်တို့သတိပြုရမည့်အရာတစ်ခုဖြစ်သည်။ အပြစ်ထဲသို့ကျဆင်းလျက်ရှိသော ဤခေတ်ကာလကို ကျွန်ုပ်တို့ကာကွယ်ကြ ရမည်။ ခရစ်တော်၏သံတမန်များတို့သည် သိမ်ဖျင်းသောစကားများပြောဆို ခြင်း၊ အိမ်ထောင်သည်အမျိုးသမီးများတို့နှင့်ဖြစ်စေ၊ ပျိုရွယ်သောအမျိုးသမီး များတို့နှင့်ဖြစ်စေ အရောဝင်ခြင်းများတို့ကို မပြုလုပ်စေကြပါနှင့်။ မှန်သော အနေအထိုင်အားဖြင့် မိမိတို့၏ဂုဏ်သိက္ခာကိုထိန်းသိမ်းစေပါ။ တစ်ကြိမ်တည်း တွင်ရင်းနှီးခြင်း၊ ကြင်နာခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းကို လူအားလုံးတို့နှင့် ဆက်ဆံနိုင်ကြပါစေ။ သူတို့သည် လောကီအလေ့အထနှင့်အရောဝင်ခြင်းများ တို့မှ ကင်းဝေးကြရပါမည်။ ဤအရပ်သည် မိမိတို့၏ ခြေကိုချရန်အတွက် လုံခြုံမှုမရှိသည့် တားမြစ်ထားသောနယ်မြေဖြစ်သည်။ ပြောဆိုလုပ်ကိုင်သော အရာတိုင်းတို့၌ တိုးတက်ရန်၊ ဖြူစင်ရန်၊ မြင့်မြတ်ရန် ကြိုးစားရယူသင့်သည်။ ထိုအရာများတို့အပေါ်သတိမရှိခြင်း၌ပင် အပြစ်ရှိနေပါသည်။ Gospel Workers, p. 125. (1915) [Ev 679.1] EvBur 904.2

အမျိုးသမီးများတို့ ၏မြှောက်ပင့် ပြောဆို ခြင်းကို ပြင်းထန်စွာအပြစ်တင်ပါ - အမျိုးသားများတစ်ခါတစ်ရံသင့်ကိုမြှောက်ပင့်ချီးမွမ်းလိမ့်မည်။ သို့သော် မကြာခဏ အမျိုးသမီးများမှ သင့်ကိုမြှောက်ပင့်ချီးမွမ်းပေလိမ့်မည်။ အထူးသဖြင့် နေရာ သစ်များ၌ သင်အမှန်တရားကိုဟောပြောသောအခါ၊ ဆိုးသွမ်းသောမြှောက်ပင့် ပြောဆိုတတ်သည့်ပုဂ္ဂိုလ်များတို့နှင့် သင်တွေ့ဆုံရလိမ့်မည်။ ခရစ်တော်၏အစေခံ တစ်ဦးကဲ့သို့ မြှောက်ပင့်ချီးမွမ်းခြင်းကိုဂရုမစိုက်ပါနှင့်။ အဆိပ်ပြင်းသောမြွေ ကဲ့သို့ရှောင်ပါ။ သင်၏ထက်မြက်ခြင်းကိုချီးမွမ်းပြီး သင့်အားပိုင်ဆိုင်လိုသည့် အမျိုးသမီးကိုဆုံးမပါ။ ဤပုဂ္ဂိုလ်များတို့နှင့် အနည်းငယ်သာဆက်ဆံပါ။ သူတို့သည် မာရ်နတ်၏ကိုယ်စားလှယ်များဖြစ်ပြီး မာရ်နတ်၏စီမံကိန်းများကို ဆွဲဆောင်ခြင်းထောင်ချောက်များဖြင့် သန့်ရှင်းခြင်းလမ်းမှလွှဲသွားစေရန် သင့်ကို သွေးဆောင်ပေလိမ့်မည်။ အသိဉာဏ်ရှိသည့် ခရစ်ယာန်အမျိုးသမီးတိုင်း အိန္ဒြေသိက္ခာဖြင့်ပြုမူကြပေလိမ့်မည်။ မာရ်နတ်၏စီမံကိန်းများကို သူတို့သိရှိ ကြပြီး၊ မာရ်နတ်နှင့်အတူပါဝင်လုပ်ဆောင်ကြမည်မဟုတ်ပါ။ EvBur 905.1

အမျိုးသမီးများတို့ကိုစိတ်ဝင်စားသည့် ဓမ္မဆရာတစ်ဦး၏ကျော်ကြား ခြင်းဂုဏ်သတင်းကို မည်သည့်အခါမျှလိုလားခြင်းမရှိပါနှင့်။ မိမိတို့၏အတတ် ပညာအားဖြင့် အနည်းဆုံးအမှန်ကိုပြုလုပ်ရန် ရည်ရွယ်ထားသည့်အရာကို အားနည်းစေခြင်း၊ သို့မဟုတ် သင်၏အသိတရားဖြူစင်ခြင်းအပေါ်အစွန်းအကွက် ဖြစ်စေမည့် အသင်းအဖွဲ့ကိုရှောင်ရှားပါ။ သူတို့အား သင်၏အချိန်၊ သို့မဟုတ် သင်၏ယုံကြည်စိတ်ချခြင်းကိုမပေးပါနှင့်။ အကြောင်းမှာ၊ သင်၏ဝိညာဉ်ရေး ခွန်အားအတွက် ဝမ်းနည်းစရာခံစားချက်ကို သူတို့မှချန်ထားစေမည်ဖြစ်သော ကြောင့်ဖြစ်သည်။ သူစိမ်းများထဲ၌သော်လည်းကောင်း၊ ကားများပေါ်၌သော် လည်းကောင်း၊ အိမ်၌သော်လည်းကောင်း၊ လမ်းပေါ်၌သော်လည်းကောင်း အနည်းဆုံးဆိုးသွမ်းခြင်း၏ပုံသဏ္ဌာန်ပေါ်လွင်စေသည့်အရာကို ဘာမျှမပြုလုပ် ပါနှင့်။ Review and Herald, July 8, 1884. [Ev 680.1] EvBur 905.2

ဆိုးသွမ်းမှု သို့ ချဉ်းကပ်ခြင်းတိုင်းကိုရှောင်ရှားပါ - အမှန်တရားကိုသွန်သင် သည်ဟု ပြောဆိုသောသူတစ်ယောက်သည် လူငယ်အဖွဲ့အစည်းများ၌ဖြစ်စေ၊ အိမ်ထောင်သည်အမျိုးသမီးများတို့နှင့်ဖြစ်စေ အများအားဖြင့်ပေါင်းသင်းသော အခါ၊ ထိုသူတို့နှင့်ခင်မင်ရင်းနှီးစွာလက်တွဲလျက်ပေါင်းသင်းသောအခါ၊ သို့မဟုတ် သူတို့နှင့်ရင်းနှီးသောအမူအရာဖြင့်စကားပြောဆိုကြသောအခါ ထိုသူကိုကြောက် ကြပါ။ သူ၏စိတ်ထဲ၌အမှန်တရား၏ဖြူစင်သောစည်းမျဉ်းဥပဒေများကိန်းအောင်း ခြင်းမရှိပါ။ ထိုကဲ့သို့သောအမှုဆောင်များတို့သည် ယေရှုနှင့်အတူရှိသောသူ များမဟုတ်ပါ။ သူတို့သည် ခရစ်တော်နှင့်အတူမရှိသကဲ့သို့ ခရစ်တော်သည် သူတို့နှင့်အတူတည်နေခြင်းမရှိပါ။ ဘုရားသခင်သည် သူတို့၏လုပ်ဆောင် ခြင်းများတို့ကိုလက်မခံမီ ဘုရားသခင်ရှေ့မှောက်၌ သူတို့သည် ပြည့်စုံစွာ ပြောင်းလဲခြင်းရှိရန်လိုအပ်သည်။ ကောင်းကင်မှမူရင်းအမှန်တရားသည် ရရှိ သူအားမည်သည့်အခါမျှယုတ်ညံ့ခြင်းမပေးပါ။ မည်သည့်အခါမျှအနည်းဆုံး မသင့်လျော်သည့်ခင်မင်ရင်းနှီးခြင်းသို့ချဉ်းကပ်ရန် ပို့ဆောင်ခြင်းမပြုပါ။ အခြား တစ်ဖက်၌ ၎င်းသည် ယုံကြည်သူကိုဖြူစင်သန့်ရှင်းစေသည်။ သူ၏ရသာရုံ ကိုသန့်စင်စေသည်။ သူ့အားမြင့်မြတ်ရာအထက်အရပ်သို့ပို့ဆောင်ပြီး ယေရှု နှင့်နီးကပ်စွာဆက်သွယ်မှုကို ပို့ဆောင်ပေးပါသည်။ ၎င်းသည် တမန်တော် ပေါလု၏ပိတ်ပင်တားမြစ်ထားသောအရာနှင့်ပတ်သက်သည့် ဆိုးသွမ်းခြင်း၏ ပေါ်လွင်မှုအရိပ်အရောင်မှပင်ကင်းဝေးစေရန်၊ သူ၏ကောင်းသောအရာကို အဆိုး မပြောကြစေရန် သူ့အားပို့ဆောင်ပေးပါလိမ့်မည်။ [Ev 680.2] EvBur 906.1

ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ကြသောသူတို့နှင့် မိမိတို့၏ စိတ်ထဲ၌ ခရစ်တော်ကိန်းအောင်းသောသူတို့သည် ကိုယ်ကျင့်တရား၏အဆင့် အတန်းကိုနိမ့်ကျစေရန်မပြုလုပ်ဘဲ အမြဲမြှင့်တင်ခြင်းကိုပြုကြပေလိမ့်မည်။ အမျိုးသမီးများတို့၏မြှောက်ပင့်ချီးမွမ်းခြင်းကို သူတို့သည် နှစ်သက်ခြင်း၊ သို့မဟုတ် မျက်နှာသာပေးခြင်းကိုမရှာကြပါ။ ပျိုရွယ်သောသူများနှင့်အိမ်ထောင် သည်အမျိုးသားများ ကျွန်ုပ်စွန့်လွှတ်လိုက်ပြီဟုပြောစေပါ။ ကျွန်ုပ်သည် ကျွန်ုပ် ၏ကောင်းသောအရာကို အဆိုးပြောခြင်းအခွင့်အနည်းကိုမျှမပေးပါ။ ကျွန်ုပ်၏ ကောင်းသောနာမည်သည် ရွှေငွေထက်များစွာအဖိုးတန်သည်။ ၎င်းကိုပေကျံ ခြင်းမရှိစေရန် ကျွန်ုပ်အားထိန်းသိမ်းခွင့်ပြုပါ။ အကယ်၍ ထိုနာမည်ကိုပြင်းထန် စွာတိုက်ခိုက်ကြပါက၊ ကျွန်ုပ်မည်သည့်အခွင့်ထူးမျှပေးခြင်းမပြုဘဲ ခရစ်တော် ကိုမတရားမှားယွင်းစွာပြောဆိုသကဲ့သို့သာဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ၎င်းသည် သူတို့အားအမြဲဆုံးမလျက်ရှိသောကြောင့် သူတို့သည် ဖြူစင်ခြင်း နှင့်သူ၏စာရိတ္တကိုမုန်းတီးခြင်းကြောင့်သာလျှင်ဖြစ်ပါလိမ့်မည်။ [Ev 680.3] EvBur 906.2

ကျွန်ုပ်သည် အမှုဆောင်တိုင်းတို့အား ဘုရားသခင်၏အမှုတော်၌ အမြဲစိတ်အားထက်သန်စွာဆုတောင်းခြင်း၏ကြီးမားသောလိုအပ်ခြင်းကိုပြုကြ ရန် အလိုရှိပါသည်။ အမြဲဒူးထောက်ဆုတောင်းရန်မဟုတ်ပါ။ မိမိတို့၏ စိတ်နှလုံးကို ဘုရားရှင်ထံတော်ပါးသို့ပို့ဆောင်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် ဧနောက်သည် ဘုရားသခင်နှင့်အတူလမ်းလျှောက်ခဲ့ပါသည်။ Review and Herald, Nov. 10, 1885. [Ev 681.1] EvBur 907.1

ဝိညာဉ်ကိုကာဆီးထားပါ - အမျိုးသားများတို့ကို မိမိတို့ထံသို့အာရုံပြုရန် အကောင်းဆုံးဆွဲဆောင်ပြီး အောင်မြင်ကြမည့်စုံစမ်းသွေးဆောင်ကြသောအမျိုးသမီး များရှိကြပေလိမ့်မည်။ ပထမဦးဆုံးအမျိုးသားများတို့၏သနားကြင်နာခြင်းကို ရရှိရန် သူတို့ရှာကြလိမ့်မည်။ ထိုနောက် သူတို့၏မြတ်နိုးစုံမက်ခြင်းနှင့် ၎င်းနောက်ဘုရားသခင်၏သန့်ရှင်းသောပညတ်တော်ကိုချိုးဖောက်ရန် ဆွဲဆောင် လိမ့်မည်။ မိမိတို့၏စိတ်နှင့်မြတ်နိုးစုံမက်ခြင်းကိုတန်ဖိုးမထားဘဲ ဘုရားသခင် တားမြစ်ထားသောအရာအပေါ် ၎င်းတို့ကိုထားရှိခြင်းကြောင့် ရုပ်တုကိုးကွယ် ခြင်းအမျိုးမျိုးအားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုရှုတ်ချရန် တုံ့ဆိုင်းခြင်းရှိ လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်သည် မိမိတို့၏ရွံရှာဖွယ်ကောင်းသော မြတ်နိုး စုံမက်ခြင်းများထဲသို့သာ ထားရှိပါလိမ့်မည်။ အတွေးများကိုကာကွယ်ရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ပိတ်ပင်တားမြစ်ထားသောအရာများဖြင့် ဝိညာဉ် ကိုကာဆီးထားရန်နှင့် အတွေးများ၊ အပြောနှင့်အပြုအမူတိုင်းတို့သည် အပြစ် သွေးဆောင်ရာသို့မလိုက်မပါသွားစေရန် အထူးသတိပြုကြရန်လိုအပ်ပါသည်။ Review and Herald, May 17, 1887. [Ev 681.2] ၄- EvBur 907.2

ဘေးအန္တရာယ်မှကာကွယ်ပေးခြင်းများကိုစောင့်ရှောက်ပါ - ကျွန်ုပ်တို့ရန်သူကြီး ၏ကိုယ်စားလှယ်များတို့သည် ခြင်္သေ့အစာရှာဖွေသကဲ့သို့ ဝိညာဉ်များတို့ကို ဖျက်ဆီးရန်အခွင့်အရေးအတွက် အမြဲရှာဖွေလျက်ရှိပါသည်။ ဘေးအန္တရာယ် မှကာကွယ်သည့်အရာတစ်ခုသည် အသိတရားမှရွေ့သွားပြီး၊ ဆိုးသောအကျင့် တစ်ခု၏စွဲလမ်းခြင်းကြောင့် တာဝန်၏မြင့်မားသောတောင်းဆိုခြင်းများတစ်ခု တည်းကိုလျစ်လျူရှုခြင်းအားဖြင့် အချိန်တိုင်း၌ သင်ဘုရားနှင့်သူ၏အမှုတော် ကိုချစ်ရန်ခံယူထားသောအခါ၌ပင် သင့်အားမာရ်နတ်အလုပ်ကိုဆောင်ရွက်သူ များတို့၏အဆင့်သို့ ပို့ဆောင်သောလှည့်ဖြားခြင်း၏အကြောင်းကိစ္စတစ်ခု၌ သင်အစပြုသွားနိုင်ပါလိမ့်မည်။ စဉ်းစားခြင်းမရှိသည့်တခဏတာနှင့် မှားသော ခြေလှမ်းတစ်ခုတည်းကြောင့် အသက်တာ၏ရေစီးကြောင်းတစ်ခုလုံးကို မှားသော လမ်းကြောင်းသို့ပို့ဆောင်သွားနိုင်ပါသည်။ ထိုနောက် သင်ပျက်စီးခြင်းသို့ ရောက်ရှိသွားရခြင်းအကြောင်းကို “ငါ့ထံမှခွာသွားကြလော့။ ဒုစရိုက်ပြုသော သူတို့” ဟု ကြေညာချက်မပြုမချင်း သင်သိရှိရလိမ့်မည်မဟုတ်ပါ။ Testimonies, vol. 5, pp. 397, 398. (1885) [Ev 681.3] EvBur 908.1

မပြောင်းလဲသောဓမ္မဆရာများအားဖြင့် ပြောင်းလဲခြင်း - လူတစ်ယောက်သည် အမှန်တရားတစ်ခုလုံးကိုကြားရပြီး၊ အသိအမှတ်ပြုပေလိမ့်မည်။ သို့သော် ကိုယ်ပိုင်ဘုရားတရားကြည်ညိုလေးစားခြင်းနှင့် မှန်သောဘာသာရေးလေ့လာ တွေ့ရှိမူကို ဘာမျှမသိရှိရဘဲရှိနေပါလိမ့်မည်။ အခြားသူများတို့အား ကယ်တင် ခြင်းလမ်းကိုရှင်းပြပေးနိုင်ပါလိမ့်မည်။ သို့သော် သူကိုယ်တိုင်ပစ်ပယ်ခြင်းခံ ရသူတစ်ဦးဖြစ်နိုင်ပါသည်။ အမှန်တရားသည် သန့်ရှင်းခြင်းနှင့်တန်ခိုးဖြင့် ပြည့်ဝခြင်းရှိပြီး စိတ်နှလုံး၏အလိုဆန္ဒများနှင့်ရည်ရွယ်ချက်များကို ရှာဖွေနေ ပါသည်။ အမှန်တရား၏အရေးကြီးခြင်းနှင့်တန်ခိုးအာဏာသည် အစပြုသူ ဘုရားရှင်၏ကြီးမားသောကယ်တင်ခြင်းစီမံကိန်း၌အစပြုခဲ့ပြီး အကျိုးမရှိ၊ သို့မဟုတ် တန်ဖိုးမရှိဘဲပေးကမ်းသည့်အရာမဟုတ်ပါ။ အကြောင်းမှာ တာဝန် ပေးခြင်းခံရသောတန်ဆာပလာများတို့သည် မိမိတို့၏အုပ်ချုပ်ကွပ်ကဲခြင်း၌ မသန့်ရှင်းခြင်း၊ သို့မဟုတ် သစ္စာမရှိခြင်းကြောင့်ဖြစ်သည်။ [Ev 682.1] EvBur 908.2

“ဘာကြောင့်လဲ” ဟုဆိုးသွမ်းမှုကိုကျင့်သုံးနေဆဲပုဂ္ဂိုလ်တစ်ဦးမေးပြီး “ဝိညာဉ်များအမှန်တရားသို့ ကျွန်ုပ်၏သြဇာကြောင့်ပြောင်းလဲလာခြင်းမဟုတ် ပေးဘူးလား” ဟုပြောပါသည်။ ကျွန်ုပ်ပြန်လည်၍အဖြေပေးသည်မှာ “ခရစ်တော် သည် ဝိညာဉ်များကိုသူ့ထံသို့ အမြဲဆွဲဆောင်လျက်ရှိပြီး သူတို့၏လမ်းခရီး၌ ခရစ်တော်ကိုယ်တိုင်၏အလင်းကို ထွန်းလင်းပေးနေပါသည်။ ကယ်တင်ခြင်း ကိုရှာဖွေသူသည် သူ့အားသင်ကြားပို့ချသူ၏စာရိတ္တကို ဖတ်ရန်ခွင့်မပြုပါ။ အကယ်၍ သူကိုယ်တိုင်ရိုးသားမှုရှိပါက၊ အကယ်၍ဘုရားရှင်ထံသို့နီးကပ်စွာ ဆွဲဆောင်ခြင်းခံရပြီး သူ့အားယုံကြည်ကာ မိမိ၏အပြစ်ကိုဝန်ချတောင်းပန်ပါက သူသည် လက်ခံခြင်းခံရမည်ဖြစ်သည်။ Letter 12, 1890. [Ev 682.2] EvBur 909.1