သတိမပေးရသောနယ်မြေများသို့ ပြောင်းရွှေ့သွားခြင်း - မကြာခဏခရစ်တော် အလုပ်လုပ်ဆောင်သောမြို့ရှိ လူထုပရိသတ်များတို့သည် သူတို့နှင့်အတူ ခရစ်တော်အားနေထိုင်ရန်နှင့် သူတို့အထဲ၌ဆက်လက်၍အလုပ်လုပ်သွားရန် သူတို့အလိုရှိကြပါသည်။ သို့သော် ထိုသူတို့အား အမှန်တရားများကိုမကြား ရသေးသောမြို့များသို့သွားပြီး ဟောပြောရမည်ဟုပြောပါသည်။ သူသည် အမှန် တရားကိုနေရာတစ်ခု၌ဟောပြောပြီးနောက် အခြားတစ်နေရာသို့သူသွားသော အခါ သူလုပ်ဆောင်ခဲ့သောအလုပ်ကိုတည်ဆောက်ရန် ထိုနေရာရှိသူတို့လက် ထဲသို့ချန်ထားခဲ့ပါသည်။ သူ၏လုပ်ဆောင်ခဲ့သောနည်းစနစ်ကို သူ၏လုပ်ငန်း အားထမ်းဆောင်ကြသောသူတို့မှ ယနေ့လိုက်လျှောက်ကြရပါမည်။ ကျွန်ုပ်တို့ သည် တစ်နေရာမှတစ်နေရာသို့သွားကြပြီး သတင်းစကားကိုသယ်ဆောင်ကြ ရပါမည်။ တစ်နေရာ၌ အမှန်တရားကိုဟောပြောပြီးသည်နှင့်တစ်ပြိုင်တည်း ကျွန်ုပ်တို့သည် အခြားတစ်နေရာသို့သွားပြီး သတိပေးစကားဟောပြောကြရ ပါမည်။ Manuscript 71, 1903. [Ev 687.1] EvBur 916.1
မိုးတိမ်ပျောက်ကွယ်သွားပြီးနောက်၌သာတွေ့သွားပါ - မငြိမ်သက်သော၊ ယုံကြည် ခြင်းကင်းမဲ့သောသူများမဖြစ်ကြပါစေနှင့်။ စစ်ပွဲအတွက်လက်နက်ကိုဝတ်ဆင် ကြပါ။ သင်တို့၏ဝိညာဉ်ကို ဘုရားသခင်၌ခွန်အားရယူခြင်းအားဖြင့် ရဲဝံ့စွာ သင်ဆောင်ရွက်နိုင်ပါလိမ့်မည်။ ဘုရားရှင်၌ကျွန်ုပ်တို့၏ခွန်အားနှင့်အရည်အချင်း ပြည့်ဝခြင်းရှိပါသည်။ မိုးတိမ်များလွင့်စဉ်သွားပြီး တချို့သောအခြားနယ်မြေ များ၌ လုပ်ငန်းကိုအစပြုရန် သင်၏တာဝန်ကို ဘုရားသခင်ဖော်ပြသောအခါ၊ နားလည်သဘောပေါက်စွာဖြင့် သင်သွားရောက်လုပ်ဆောင်နိုင်ပါသည်။ သို့သော် သင်များစွာလုပ်ဆောင်ခဲ့ပြီး၊ ဆက်လက်၍လုပ်ဆောင်ရန်လိုအပ်သေးသည့် နယ်မြေကို ယခုသင်စွန့်ပယ်၍မထားပါနှင့်။ EvBur 916.2
တာဝန်၏အသံ - တာဝန်၏အသံသည် ဘုရားသခင်၏အသံဖြစ်သည်။ မွေးရာပါတစ်ခု၊ ကောင်းကင်မှပို့ပေးသောလမ်းညွှန်ချက်ဖြစ်သည်။ Coun- sels on Health, p. 562. (1896) [Ev 688.1] EvBur 916.3
ဘုရားသခင်၏ပို့ ဆောင်ခြင်းကို သိရှိရန်အတွက် - ကျွန်ုပ်တို့ကိုယ်တိုင် ဆောင်ရွက်ရမည့်တာဝန်ကို သူတစ်ပါးအပေါ်၌ချထားခြင်းမပြုရပါ။ ကျွန်ုပ် တို့မည်သည့်အရာကိုဆောင်ရွက်ရမည့်အကြောင်း သူတစ်ပါးပြောခြင်းကိုစောင့်၍ မနေရပါ။ လူတို့ပေးသောအကြံဉာဏ်အပေါ် ကျွန်ုပ်တို့မှီခိုခြင်းမပြုရပါ။ ဘုရားသခင်သည် သူတစ်ပါးတို့အားလိုလားစွာသွန်သင်သကဲ့သို့ ကျွန်ုပ်တို့ ၏တာဝန်ကို သွန်သင်ပေးမည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် သူ့ထံသို့ ယုံကြည်ခြင်းအားဖြင့်လာကြပါက သူ၏နက်နဲသောအရာများကို ကျွန်ုပ်တို့ အားတစ်ဦးချင်းပြောပြပါလိမ့်မည်။ လုပ်ငန်းဟူသရွေ့ မည်သည့်အရာကိုမျှ မလုပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဘုရားသခင်အားနှစ်သက်ခြင်းမပေးနိုင်သော သူတို့သည် မိမိတို့၏ကိစ္စကို ဘုရားရှင်ရှေ့တော်၌တင်ပြပြီးနောက် မည်သည့် အရာကိုသူတို့ရယူရမည်ကို သူတို့သိရလိမ့်မည်။ ထိုနောက် သူတို့သည် ပညာကိုရရှိရုံမျှမက ခွန်အားကိုပါရရှိကြလိမ့်မည်။ The Desire of Ages, p. 668. (1898) [Ev 688.2] EvBur 917.1
တာဝန်သိစိတ်ရှိသောအမှုဆောင်များ - ကျွန်ုပ်တို့၌ဆောင်ရွက်ရန် ဘုရားသခင် ပို့ဆောင်သောတိုးတက်မှုတိုင်း၊ ဘုရားသခင်သားသမီးများတို့၏အောင်မြင်သော ခြေလှမ်းတိုင်း၌ မာရ်နတ်၏လက်နက်များတို့သည် ကျွန်ုပ်တို့ကိုတားဆီးရန်၊ သံသယများနှင့်မယုံကြည်မှုရှိရန်နှင့် ကျွန်ုပ်တို့လမ်းခရီး၌အနှောင့်အယှက်များ တို့ကိုချထားပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ရဲရင့်ခြင်းကိုအားနည်းစေရန် အဆင်သင့်ချထားလျက်ရှိနေပါသည်။ ကျွန်ုပ်တို့သည် စစ်သူရဲများကဲ့သို့ မတ်တတ်ရပ်လျက်၊ ကျွန်ုပ်တို့၏လမ်းခရီး၌ဖြစ်ပေါ်လာမည့် ဆန့်ကျင်သည့် အရာများတို့ကို အဆင်သင့်တွန်းလှန်တိုက်ခိုက်ကြရပါမည်။ ဤအရာများ တို့သည် ကျွန်ုပ်တို့၏အလုပ်ကိုမြင်ရသည်ထက် ဆယ်ဆပို၍ခက်ခဲမှုပေးနေ ပါသည်။ ကျွန်ုပ်တို့သည် ကျောက်ဆောင်ကဲ့သို့မရွေ့မရှားဘဲ ခိုင်မြဲစွာရပ်တည် ကြရပါမည်။ EvBur 917.2
တချို့သောသူတို့သည် ကျောက်ဆူးမရှိသောသူများကဲ့သို့ဖြစ်ပုံပေါ် သည်။ ဤကဲ့သို့သောအခြေအနေသည် အမှန်တရား၏အလုပ်ကို ကြီးမား စွာထိခိုက်စေပါသည်။ အခြားသောသူများတို့သည် အကယ်၍လိုအပ်လာသည့် အခါ သူတို့အားမိမိတို့တာဝန်ကျရာနေရာ၌ သစ္စာရှိသောစစ်သားများအဖြစ် ဘုရားသခင်ခေါ်သောအခါ၊ အဆင်သင့်တိုက်ခိုက်ရန် မိမိတို့၏နေရာ၌ခိုင်ခံ့ စွာနှင့်စိတ်ချစွာ မည်သည့်အခါမျှရပ်တည်ခြင်းမရှိကြသည်ကိုလည်း တွေ့ရှိ ရပါသည်။ တချို့သောသူများတို့သည် မည်သည့်အရာကိုမျှ မိမိတို့ကိုယ်တိုင် စွန့်စားရန် အတွေးအခေါ်မရှိကြသည်ကိုလည်း တွေ့ရပါသည်။ သို့သော် တချို့သောသူတို့သည် စွန့်စားကြရပါမည်။ ဤလုပ်ငန်း၌ တချို့သောသူတို့ သည် စွန့်စားခြင်းကိုပြုကြရပါလိမ့်မည်။ Testimonies, vol. 3, pp. 315, 316. (1873) EvBur 917.3
သာသနာပြုများမိမိတို့ ၏ကြိုးစားမှုကိုအဆုံးသတ်ရန် - လော့(စ်)အင်းဂျလစ်၌ ဘုရားသခင်၏အမှုတော်တွင် ဘုရားရှင်အသုံးပြုပြီး များစွာကောင်းချီးခံစားခဲ့ ရကြောင်းမှလွဲ၍ အသင်းလူကြီး၏အကြောင်းကို ကျွန်ုပ်ဘာမျှမသိပါ။ သူ၏ လုပ်ဆောင်ခြင်းကြောင့် လူပေါင်းတစ်ရာထက်မက အမှန်တရားအပေါ်ရပ်တည် ခဲ့ကြပါသည်။ တဲအစည်းအဝေး၏နောက်ဆုံးအပိတ်ညတွင် သူ၏အမှုတော် လုပ်ငန်းကို အခြားတစ်နေရာသို့ပြောင်းရွှေ့လုပ်ဆောင်ရန် သူစဉ်းစားခဲ့သော် လည်း လော့(စ်)အင်းဂျလစ်ရှိ မြို့သူမြို့သားများတို့သည် သူတို့နှင့်အတူနေထိုင် ပြီး သူ၏အစည်းအဝေးကိုဆက်လက်ကျင်းပရန် သူ့အားတောင်းဆိုကြပါသည်။ ဘုရားသခင်သည် ဤညီအစ်ကိုအသင်းလူကြီးအား ပတ်ဝန်းကျင်နှင့်ဆီလျော် စွာနေထိုင်တတ်သောစိတ်သဘောထားကိုပေးပြီး စီစဉ်ဆောင်ရွက်တတ်သော ဉာဏ်နှင့် သူ၏အလုပ်ကိုလုပ်ဆောင်သွားနိုင်ရန်နှင့် သူ့အားစာစောင်ငယ် လေးများ၊ သတိပေးစာများ၊ ဇယားကွက်များတို့ကိုတီထွင်ပြီး လူတို့၏စိတ်ဝင်စား မှုကိုဖြစ်စေရန်အတွက် ပြုလုပ်တတ်သည့်ကောင်းချီးမင်္ဂလာကိုလည်းချပေး ပါသည်။ EvBur 918.1
ကျွန်ုပ်ပြောရမည်မှာ၊ ဤညီအစ်ကိုသည် သူ၏လုပ်ငန်း၌ ကောင်းသော ကြီးမားသည့်အောင်မြင်ခြင်းထင်ရှားသောနေရာတွင်သာ သူ့အားလုပ်ဆောင် စေပါ။ သူ၏အစည်းအဝေးသို့တက်ရောက်ကြသောသူတို့သည် ငွေကြေးအားဖြင့် သူ၏လုပ်ငန်းရှေ့သို့ဆက်လက်တိုးတက်ရန်အတွက် ပေးကမ်းကြပါသည်။ [Ev 689.2] EvBur 918.2
ဘုရားသခင်သည် သူ့အားလူတို့အတွက်သတင်းဟောကြားရာတွင် ထင်ရှားသောအောင်မြင်မှုပေးသောကြောင့် လက်ရှိအခြေအနေအရ သူ့အား လော့(စ်)အင်းဂျလစ်မြို့၌သာနေစေပါ။ အမှန်တရားကိုတစ်ခါမျှမကြားရသေး သောသူများနိုးကြားလာရန် သူ့အားမှန်ကန်တိကျသောတံပိုးခရာသံကိုပေးစေ ပါ။ အသင်းသူအသင်းသားမျာနိုးကြားပြီး လက်နက်ဝတ်ဆင်ကာ၊ သတင်း စကားဟောပြောလိုသောစိတ်ဆန္ဒရှိလာသည့်အထိ လော့(စ်)အင်းဂျလစ်မြို့၌ နေသွားနိုင်ရန် ဘုရားသခင်သည် သူ့အား အားပေးပါစေ။[Ev 689.3] EvBur 919.1
မည်သူမျှဤအသင်းလူကြီးအား ဘုရားသခင်ခန့်အပ်ထားသောတာဝန် မှလွဲရှောင်သွားရန်ပြောဆိုခြင်း၊ သို့မဟုတ် ပုံသက်သေပြခြင်းအားဖြင့် ဆွဲဆောင် ခြင်းမပြုစေပါနှင့်။ Letter 75, 1905. [Ev 689.4 EvBur 919.2
သာသနာပြုတစ်ဦးကို ခေါ်ယူခြင်း၌လမ်းညွှန်ချက်များ - ဤအသင်းလူကြီး အတွက် လော့(စ်)အင်းဂျလစ်မြို့ ကိုချန်ထားပြီး မြောက်ပိုင်းရှိမြို့၌သွားရောက် ပြီး အခိုက်အတန့်အမှုထမ်းဆောင်ရန် သင့်သည်မသင့်သည်ကိုကျွန်ုပ်ပြော လိုသည်မှာ အဓိကအားဖြင့် သူကိုယ်တိုင်ဆုံးဖြတ်သွားရန် ကျွန်ုပ်တို့အခွင့်ပေး ရပါမည်။ ဘုရားသခင်စေခိုင်းသောအလုပ်ကို ကောင်းမွန်အောင်မြင်စွာလုပ်ကိုင် ဆောင်ရွက်သောသူများတို့ကို နေရာပြောင်းရွှေ့ခြင်းမှာ များစွာတွေ့နေရ ပါသည်။ တစ်ခါတစ်ရံအမှုဆောင်တစ်ဦးသည် မိမိဆောင်ရွက်သောလုပ်ငန်း အောင်မြင်ပြီး စိတ်ဝင်စားမှုဆက်လက်ရှိနေသည့်အခါ၊ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရမည့်အကြောင်းကိုသူကြားရပါက သူ့အတွက်စိတ်ရှုပ်ထွေးစရာ ဖြစ်ပေလိမ့်မည်။ အကယ်၍ဘုရားသခင်သည် လော့(စ်)အင်းဂျလစ်မြို့သူမြို့သား တို့၏စိတ်ကို တဲအစည်းအဝေးများအားဖြင့် ကြီးမားစွာလှုပ်ရှားခြင်းရှိစေပါက မည်သည့်အရာမျှအနှောင့်အယှက်မပေးပါစေနှင့်။ မည်သူမျှဤညီအစ်ကိုအသင်း လူကြီးကို အထူးစိတ်ဝင်စားမှုရှိပြီး အမှန်တရားကိုဟောပြောရန် အထူးအခွင့် အရေးပေးနေသည့်နေရာမှထွက်ခွာသွားရန် ကြိုးစားပြီးဆွဲခေါ်ခြင်းမပြုပါစေနှင့်။ ဤအခွင့်အရေးသည် လော့(စ်)အင်းဂျလစ်မြို့ကြီး၏အခွင့်အရေးဖြစ်ပါသည်။ Letter 193, 1905. [Ev 689.5] EvBur 919.3
မလိုအပ်သောပြောင်းရွှေ့ခြင်းအားဖြင့်အမှုဆောင်များတို့ ကိုနစ်နာစေသည် - စပျစ် ဥယျာဉ်ထဲ၌ ကောင်းသောအလုပ်ကိုလုပ်ဆောင်နေကြသည့် အမှုဆောင်များ တို့ကို အခြားသောနေရာသို့ပြောင်းရွှေ့ပြီး၊ လုပ်ငန်းအားလုံးကိုအသစ်စတင် လုပ်ဆောင်စေခြင်းမှာ နစ်နာခြင်းကိုဖြစ်စေသည်ဟု ကျွန်ုပ်ထင်ပါသည်။ ၎င်းသည် အခေါ်ခံရသောသူများတို့၏အတွေးအခေါ်ကို သူတို့၌အမှန်ရှိနေ သည်ထက် သူတို့အတွက်ပို၍အကျိုးသက်ရောက်မှုရှိပြီး သနားဖွယ်ရာဝိညာဉ် များတို့အတွက် အနာတစ်ရပ်ဖြစ်စေပါလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ ဤကိစ္စ နှင့်ပတ်သက်၍ အမှုဆောင်များပြောင်းလဲခြင်းကို မလိုအပ်ဘဲမပြုလုပ်ရန် သင့်အားကျွန်ုပ်သတိပြုစေလိုပါသည်။ Letter 179, 1900. [Ev 690.1] EvBur 920.1
အမှုဆောင်များဆောလျင်စွာရွှေ့ပြောင်းခြင်းသည်ပြောင်းလဲသူများတို့ မှနားမလည်ခြင်း — ညီအစ်ကိုနှင့်ညီအစ်မနှစ်ဦးတို့သည် အမှားကင်းသောသူများမဟုတ်ကြောင်း ကျွန်ုပ်သိသည်။ သို့သော် သူတို့သည် သခင်၏အလုပ်ကိုသိရှိရန်နှင့်ဆောင်ရွက် ရန်ကြိုးစားကြပြီး အထက်တန်းပုဂ္ဂိုလ်များတို့ကို ချဉ်းကပ်ဟောပြောရန် သင့်လျော်သောစွမ်းရည်များသူတို့၌ရှိပြီး၊ သူတို့၏လုပ်ဆောင်မှုများအားဖြင့် လူပေါင်းများစွာအမှန်တရားထဲ၌ စိတ်ဝင်စားကြရန်ဖြစ်သည်။ ပြောင်းရွှေ့ခြင်း သည် များစွာလိုအပ်နေသည့်လုပ်ဆောင်မှု၏အရေးကြီးသောနယ်မြေကို ဆုတ်ယုတ်စေမည်ကို ကျွန်ုပ်သိရှိပြီး၊ ပြောင်းရွှေ့ခြင်းသည် သူတို့တစ်ဦးချင်း အတွက် များစွာအခက်အခဲရှိမည်ဖြစ်သည်။ အကြောင်းမှာ ကောင်းမွန်စွာ နေထိုင်ရသော သင့်လျော်သည့်နေအိမ်ကိုရရှိထားသောကြောင့်ဖြစ်သည်။ သူတို့ ၏ပြောင်းရွှေ့ခြင်းအတွက် ကျွန်ုပ်လိုလားခြင်းမရှိပါ။ EvBur 920.2
ပ ထိုသို့သောအခြေအနေကြောင့် အခြားနယ်သို့သူတို့၏ပြောင်းရွှေ့ခြင်း သည် မကောင်းသောခံစားချက်ကို သူတို့၏ကြိုးစားမှုအားဖြင့် ယုံကြည်ခြင်း ကိုမကြာသေးမီကလက်ခံခဲ့သော သူတို့၏စိတ်ထဲ၌ဖြစ်စေပါသည်။ ၎င်းပြင် အကယ်၍ သူတို့၌မလိုလားအပ်သောအကျင့်စရိုက်များ သူတို့၌ဧကန်အမှန်ရှိ နေပါက၊ အခြားသောနေရာသို့သူတို့ကိုရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် ထိုမလိုလား အပ်သောအကျင့်စရိုက်များ ပျောက်ကွယ်သွားမည်မဟုတ်ပါ။ ထိုမလိုလား အပ်သည့်အကျင့်စရိုက်နှင့် လုပ်ဆောင်မှုစနစ်သည် သူတို့နှင့်အတူလိုက်ပါ သွားမည်သာဖြစ်သည်။ Letter 48, 1907. [Ev 690.3] EvBur 920.3
လူတို့ ကို ဆောလျင်စွာရွှေ့ပြောင်းခြင်း- မာရ်နတ်၏အကြံအစည် - အကယ်၍ ဓမ္မအမှုဆောင်သည် ပြောဆိုလာသောအရာ၊ တစ်ဖက်သတ်ပြောဆိုခြင်းများကို ငြင်းဆန်ပါက၊ အကယ်၍ ကျမ်းစာမှအကြံပေးသောစည်းမျဉ်းများနှင့်အညီ လိုက်လျှောက်ပြီး နေဟမိကဲ့သို့ “ငါသည်ကြီးမားသောအမှုကိုဆောင်ရွက်ရ သောကြောင့် မဆင်းလာနိုင်” ဟုပြောနိုင်မည်ဖြစ်ပါက၊ အသင်းတော်သည် ပို၍များစွာကောင်းသောအခြေအနေ၌ရှိမည်ဖြစ်ပါသည်။ သူတို့၏အောင်မြင် စွာဖြင့်အလုပ်လုပ်ဆောင်နေသောလုပ်ငန်းခွင်မှ လူတို့အားထုတ်ဆောင်ပြောင်းရွှေ့ လိုက်ခြင်းကိစ္စကို မကြာခဏပြုလုပ်နေကြပါသည်။ ၎င်းသည် ဘုရားသခင်၏ အလုပ်ကိုနှောင့်နှေးစေရန် ဝိညာဉ်များတို့၏ကြီးမားသောရန်သူ၏အကြံအစည် ဖြစ်သည်။ ဝိညာဉ်များတို့သည် အမှန်တရားဘက်၌ဆုံးဖြတ်ချက်ပြုရန် သန္နိဌာန် ချလုနီးပါးအချိန်၌ ဤကဲ့သို့မသင့်လျော်သည့်အခြေအနေဖြစ်ပေါ်လာသောအခါ သူတို့၏စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး သူတို့၌တန်ခိုးအပြည့်အဝတစ်ဖန် ပြန်လည်၍ ခံစားရရှိရန်အလွန်ခက်ပါလိမ့်မည်။ မာရ်နတ်သည် လုပ်ငန်းခွင် ၌အောင်မြင်စွာလုပ်ဆောင်လျက်ရှိသော အရေးကြီးသည့်အချိန်၌ အမှုဆောင် တစ်ဦးကိုပြောင်းရွှေ့လိုက်ခြင်းအားဖြင့် သူ၏လုပ်ဆောင်ခြင်းကောင်းကျိုးများ ပျောက်ဆုံးသွားစေခြင်းကို တချို့နည်းလမ်းများအားဖြင့် ရှာဖွေလုပ်ဆောင်လျက် ရှိသည်။ Manuscript 1, 1878. [Ev 691.1] EvBur 921.1