Go to full page →

ဖင့်နွှဲရခြင်း၏အကြောင်းရင်း EvBur 925

ကရုဏာ၌နှောင့်နှေးခြင်း - မည်းမှောင်ခြင်း၏ရှည်လျားသောညဉ့်သည် ကြာညောင်းခဲ့သော်လည်း ကရုဏာနံနက်သည် ဆိုင်းငံ့လျက်ရှိရခြင်းမှာ အကယ်၍သခင်လာခဲ့ပါက များစွာသောသူတို့သည် အဆင်သင့်မရှိကြသည် ကိုတွေ့ ရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏သားသမီး များ ပျက်စီးခြင်းရောက်မည်ကိုမလိုလားသောကြောင့် ဤကဲ့သို့သူဖင့်နွှဲရခြင်း ၏အကြောင်းရင်းဖြစ်သည်။ Testimonies, vol. 2, p. 194. (1868) [Ev 694.2] EvBur 925.1

အလုပ်ပြီးစီးစေရမည် - အကယ်၍ ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ် စေသောကမ္ဘာသို့ ကရုဏာသတင်းစကားဟောပြောခြင်းကို သူ၏သားသမီး များတို့မှဆောင်ရွက်ကြမည်ဖြစ်ပါက ဤကမ္ဘာသို့သူလာခဲ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသူများစွာတို့သည်လည်း ဘုရားသခင်၏မြို့တော်ထဲသို့ ကြိုဆိုခြင်းခံ ရကြပြီးဖြစ်ပေလိမ့်မည်။ Testimonies, vol. 6, p. 450. (1900) [Ev 694.3] အကယ်၍ ဘုရားသခင်၏လူတို့သည် သူနှင့်အသက်ရှင်သော ဆက်သွယ်မှုကို ထိန်းသိမ်းထားကြပါက၊ အကယ်၍သူတို့သည် ဘုရားစကား ကိုနားထောင်ကြပါက ယနေ့သူတို့သည် ကောင်းကင်ခါနာန်ပြည်သို့ရောက်ရှိ နေကြပြီးဖြစ်လိမ့်မည်ကို ကျွန်ုပ်သိသည်။ General Conference Bulletin March 30, 1903. [Ev 694.4] EvBur 925.2

ကျွန်ုပ်တို့ အပေါ်မာရ်နတ်အနိုင်ယူ - အကယ်၍ဇိအုန်မြို့ရိုးပေါ်၌ရှိကြသော ကင်းစောင့်တိုင်းတို့သည် မှန်သောတံပိုးခရာသံကိုပေးပါက ကမ္ဘာမှသတိပေးခြင်း သတင်းစကားကို ကြားရကြပါလိမ့်မည်။ သို့သော် နှစ်ပေါင်းများစွာကြာညောင်း ခဲ့ပြီ။ လူတို့အိပ်ပျော်နေကြစဉ် ကျွန်ုပ်တို့အပေါ်မာရ်နတ်အနိုင်ယူသွားပြီးဖြစ် သည်။ Testimonies, vol. 9, p. 29, (1909) EvBur 925.3

ဘုရားသခင်၏ကတိတော်များပျက်ကွက်ခြင်းမရှိစေရ - လူတို့ထံသို့ ဘုရားသခင် ၏ကောင်းကင်တမန်များတို့၏သတင်းစကားများအထဲ၌ အချိန်ကိုအလွန် တိုတောင်းသကဲ့သို့ပြောပါသည်။ ထိုကဲ့သို့ကျွန်ုပ်အားအမြဲပင်ပြောခဲ့ပါသည်။ ဤသတင်းစကား၏ရှေးနေ့ရက်များ၌ ကျွန်ုပ်တို့မျှော်လင့်သည်ထက် အချိန် သည်ကြာညောင်းလျက်ရှိကြောင်းမှာ မှန်ကန်ပါသည်။ သို့သော် ဘုရားသခင် ၏နှုတ်ကပတ်တော်သည် မည်သည့်အခါမျှပျက်ကွက်ခြင်းမရှိပါ။ ဘုရားသခင် ၏ကတိတော်များနှင့်ခြိမ်းခြောက်ခြင်းနှစ်မျိုးစလုံးတို့သည် အခြေအနေအပေါ် မူတည်လျက်ရှိကြောင်း ကျွန်ုပ်တို့သတိရသင့်ကြသည်။ [Ev 695.1] EvBur 926.1

ဘုရားသခင်သည် ဤကမ္ဘာပေါ်၌အလုပ်တစ်ခုကို ပြီးစီးအောင် . ဆောင်ရွက်ရန် မိမိ၏လူတို့အားအပ်နှံထားပါသည်။ တတိယကောင်းကင်တမန် သတင်းစကားကိုဟောပြောရမည်ဖြစ်ပြီး၊ ယုံကြည်သူတို့၏စိတ်များကို သူ၏ လူတို့အတွက်အပြစ်ဖြေလွှတ်ရန်ဝင်ရောက်ခဲ့သည့် ကောင်းကင်သန့်ရှင်းရာ ဌာနသို့လမ်းညွှန်ပေးရမည်။ ဥပုသ်နေ့ပြုပြင်ပြောင်းလဲရေးအကြောင်းကို ရှေ့သို့ ယူဆောင်သွားရမည်။ ဘုရားသခင်၏ပညတ်တော်၌ ဖောက်ဖျက်ထားခဲ့ခြင်း ကို ပြန်လည်၍ပြုပြင်ရမည်။ သတင်းစကားကိုကျယ်လောင်သောအသံဖြင့် ကမ္ဘာပေါ်ရှိလူအားလုံးသတိပေးခြင်းကြားသိရစေရန် လူသိရှင်ကြားကြေညာ ရမည်။ ဘုရားသခင်၏လူတို့သည် မိမိတို့၏စိတ်ဝိညာဉ်ကို အမှန်တရား နားထောင်ခြင်းအားဖြင့်ဖြူစင်စေရန်နှင့် သူ၏ကြွလာသောအချိန်၌ သူ့ရှေ့တွင် အပြစ်ကင်းစွာရပ်တည်နိုင်ရန် ပြင်ဆင်မှုပြုကြရမည်။ [Ev 695.2] EvBur 926.2

အကယ်၍ ၁၈၄၄ ခုနှစ်၌ ကြီးမားသောစိတ်ပျက်ဖွယ်ရာပြီးသည့် နောက်ပိုင်းတွင် မျှော်လင့်သောသူများတို့သည် မိမိတို့၏ယုံကြည်ခြင်းကိုစွဲကိုင် ပြီး ဘုရားသခင်၏ပြင်ဆင်ပေးထားသည့်အတိုင်း ညီညွတ်စွာလိုက်လျှောက် ကြကာ တတိယကောင်းကင်တမန်သတင်းစကားကိုလက်ခံလျက် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးဖြင့် ဟောပြောကြပါက၊ ဘုရားသခင်၏ကယ်တင်ခြင်း ကိုတွေ့မြင်ကြရမည်ဖြစ်သည်။ ဘုရားသခင်သည် သူတို့၏ကြိုးစားမှုများကို ကြီးမားစွာပါဝင်လုပ်ဆောင်ပေးပြီး အလုပ်ပြီးစီးသွားလိမ့်မည်။ ခရစ်တော်သည် လည်း သူ၏လူတို့ကိုလာရောက်သိမ်းဆည်းပြီး သူတို့အတွက်အဖိုးအခကို ပေးလိမ့်မည်။ သို့သော် သံသယနှင့်မယုံကြည်သောအချိန်ကာလတွင်သာ စိတ်ပျက်နေကြပြီး၊ အများသောကြွလာခြင်းကိုမျှော်လင့်ကြသည့် ယုံကြည်သူ များတို့သည် မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်လိုက်ကြသည်။ ထိုသို့ဖြင့် အလုပ်သည်ကြန့်ကြာပြီး ကမ္ဘာကြီးသည် မှောင်မိုက်ထဲ၌သာရှိနေရပါသည်။ အကယ်၍မျှော်လင့်ကြသောသူအားလုံးတို့သည် တစ်လုံးတစ်ဝတည်းဖြင့် ဘုရားသခင်၏ပညတ်တော်ကိုစောင့်ရှောက်ကြပြီး၊ ယေရှု၌ယုံကြည်ခြင်းရှိကြ ပါက ကျွန်ုပ်တို့၏ရာဇဝင်သမိုင်းမည်မျှကြီးမားစွာခြားနားလျက်ရှိနေမည်နည်း။ EvBur 926.3

ခရစ်တော်ကြွလာခြင်းကြန့်ကြာရခြင်းမှာ ဘုရားသခင်၏အလိုတော် မဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏လူများနှစ်ပေါင်း (၄ဝ) တောထဲ၌ လှည့်လည်ကြရန်အတွက် သူစီစဉ်ချမှတ်ထားခြင်းမဟုတ်ပါ။ ခါနာန်ပြည်သို့ တိုက်ရိုက်ပို့ဆောင်ရန် သူကတိပြုခဲ့ပြီး ထိုနေရာ၌သန့်ရှင်းခြင်း၊ ကျန်းမာခြင်း နှင့်ပျော်ရွှင်ခြင်းရှိသောသူများအဖြစ် သူတို့ကိုအခြေချရန်ဖြစ်သည်။ သို့သော် ပထမဦးဆုံးသတင်းစကားကြားနာရသောသူများတို့သည် ထိုနေရာသို့မရောက်ရ ခြင်းအကြောင်းမှာ “မယုံကြည်ခြင်းကြောင့်ဖြစ်သည်။” သူတို့၏စိတ်နှလုံးထဲ၌ ညည်းညူမြည်တမ်းခြင်း၊ ပုန်ကန်ထကြွခြင်းနှင့်မုန်းတီးခြင်းတို့ဖြင့်ပြည့်ဝနေ သောကြောင့် သူတို့၌ဘုရားသခင်သည်..သူ၏ပဋိညာဉ်ကိုမပြည့်စုံစေနိုင်ပါ။ [Ev 696.1] EvBur 927.1

မယုံကြည်ခြင်း၊ ညည်းညူမြည်တမ်းခြင်းနှင့်ပုန်ကန်ထကြွခြင်း၌ အနှစ် (၄၀) ရှိနေကြခြင်းကြောင့် ရှေးဣသရေလလူမျိုးများတို့သည် ခါနာန်ပြည် ထဲသို့ဝင်ခွင့်မရရှိရခြင်းဖြစ်သည်။ ဤတစ်မျိုးတည်းသောအပြစ်များကြောင့် ယခုအချိန်ရှိဣသရေလလူတို့သည်လည်း ကောင်းကင်ခါနာန်ပြည်ထဲသို့ဝင် နိုင်ရန် နှောင့်နှေးနေရခြင်းဖြစ်ပါသည်။ ဤကိစ္စနှစ်မျိုးစလုံးတို့၌ ဘုရားသခင် ၏ကတိတော်များသည် မှားယွင်းခြင်းမရှိပါ။ ၎င်းသည် မယုံကြည်ခြင်း၊ လောကီတပ်မက်ခြင်း၊ ဆက်ကပ်မှုမရှိခြင်းနှင့် ဘုရားသခင်ကိုယုံကြည်သူများ အထဲ၌ ပဋိပက္ခဖြစ်နေခြင်းများတို့ကြောင့် ဝမ်းနည်းကြေကွဲစရာကောင်းသော ဤအပြစ်ကမ္ဘာထဲ၌ နှစ်ပေါင်းများစွာနေထိုင်ကြရခြင်းဖြစ်သည်။ Manuscript 4, 1883. [Ev 696.2] EvBur 927.2

ဘုရားရှင်ကိုစွပ်စွဲချက်တင်ရန်မဟုတ်ပါ - ဣသရေလလူမျိုးများကဲ့သို့ နှစ်ပေါင်းများစွာမရိုမသေနာခံမှုမရှိခြင်းကြောင့် ဤကမ္ဘာ၌ ကျွန်ုပ်တို့ဆက်လက် နေထိုင်နေရခြင်းဖြစ်သည်။ သို့သော် ခရစ်တော်အတွက်ကြောင့် သူ၏သားသမီး များတို့သည် မိမိတို့ကိုယ်တိုင်မှားယွင်းမှု၏ခံစားနေရသောအကျိုးအတွက် ဘုရားသခင်ကိုအပြစ်တင်ပြီး အပြစ်တစ်ခုပြီးတစ်ခု ဆက်၍ပြုလုပ်ကြရန်မသင့် ပါ။ Letter 184, 1901. [Ev 696.3] EvBur 928.1

နေ့ရက်ကို ကျွန်ုပ်တို့ လျင်မြန်စေနိုင်သည် - ဧဝံဂေလိသတင်းစကားကို ကမ္ဘာသို့ဟောပြောခြင်းအားဖြင့် ကျွန်ုပ်တို့၏သခင်ပြန်ကြွလာခြင်းကို ကျွန်ုပ် တို့၏တန်ခိုး၌ လျင်မြန်စေခြင်းဖြစ်သည်။ The Desire of Ages, p. 633. (1898) [Ev 696.4] ကြာပိုက အမြဲပေးတဲ့ EvBur 928.2

စောင့်ကြိုရန်အတွက်သာမကဘဲ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော် ကြွလာခြင်းကို လျင်မြန်ကြစေရန် ခရစ်ယာန်တိုင်းတို့၏အခွင့်အရေးဖြစ်သည်။ သူ၏နာမကိုယုံကြည်သောသူအားလုံးတို့သည် သူ့ဘုန်းတော်အတွက်အသီး များတို့ကိုသီးနိုင်ကြပါက ဧဝံဂေလိမျိုးစေ့ဖြင့် ကမ္ဘာတစ်ခုလုံးကိုမည်မျှလျင်မြန် စွာစိုက်ပျိုးနိုင်ကြလိမ့်မည်နည်း။ နောက်ဆုံးရိတ်သိမ်းရန် သီးနှံများလျင်မြန် စွာမှည့်ကာ ခရစ်တော်သည် သူ၏တန်ဖိုးရှိသောစပါးများကို လာရောက် စုသိမ်းနိုင်ပါလိမ့်မည်။ Testimonies, vol. 8, pp. 22, 23. (1904) [Ev 696.5] EvBur 928.3

သတင်းစကားဟောပြောပြီးသောအခါ - သတင်းစကားသည် လူမျိုးအားလုံး၊ ဘာသာစကားအားလုံးနှင့် လူတိုင်းဆီသို့ရောက်ရှိသွားပါက၊ သခင်ကြွလာ ခြင်းသည် အချိန်ကိုကျော်လွန်သွားပြီး နှောင့်နှေးလျက်နေမည်မဟုတ်ပါ။ ပုရောဖက်အနာဂတ်ဟောခြင်း၏ကျောင်းသားများဟု မိမိတို့ကိုယ်ကိုပြောနေ ကြသောကျွန်ုပ်တို့သည် လူဆိုးတို့အား ဘုရားသခင်သည်းခံခြင်းသည် ကျယ်ဝန်း သောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် သူ့ဝိညာဉ်များကယ်တင်ရန်ရှာဖွေခြင်း ၌ လူအားလုံးတို့အားရရှိစေရန် ကရုဏာနှင့်ပြည့်ဝသောစီမံကိန်းဖြစ်သည်ကို မေ့နေကြပါသလား။ Review and Herald, June 18, 1901. [Ev 697.1] EvBur 928.4