ကမ္ဘာကိုလွှမ်းမိုးသွားခြင်း — နေရာတိုင်း၌ အမှန်တရား၏အလင်းထွန်းလင်း ရမည်ကို ယခုအိပ်ပျော်နေသောနှလုံးသားများထဲ၌ နိုးကြားပြောင်းလဲရပါမည်။ နိုင်ငံတိုင်းနှင့်မြို့ကြီးတိုင်းတို့၌ ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောကြွေးကြော် ကြရမည်။ Ev, 19.1]. EvBur 6.1
အသစ်ဖွဲ့စည်းခဲ့သောအသင်းတော်များရှိ အသင်းဝင်များအားဖြင့် သာသနာ့လုပ်ငန်းပြီးစီးရန် အသင်းတော်များတို့ကိုစည်းရုံးကာ စီမံကိန်းများ ကိုချမှတ်ရပါမည်။ ဤဧဝံဂေလိသာသနာလုပ်ငန်းသည် ဆက်လက်၍တိုးတက် ရန်နှင့်နယ်သစ်များတိုးချဲ့ရန် စပျစ်ဥယျာဉ်ကိုထွန်ယက်စိုက်ပျိုးချဲ့ထွင်ရပါမည်။ သေးငယ်သောစက်ဝိုင်းသည် ကျယ်ပြန့်လာကာ ကမ္ဘာတစ်ဝန်းလုံးကိုခြုံငုံသွား သည့်တိုင် ဆောင်ရွက်ကြရပါမည်။ Letter 86, 1902. [Ev , 19.2]. EvBur 6.2
အရှေ့၊ အနောက်၊ တောင်နှင့်ပြောက် - တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှတစ် မြို့၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့ သတိပေးစကားကိုကြွေးကြော်ရမည်။ အပေါ်ယံ အားဖြင့်သာမဟုတ်ဘဲ၊ ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝသော ယုံကြည်သူပုဂ္ဂိုလ် များတို့အားဖြင့် ဆောင်ရွက်စေရပါမည်။ [Ev , 19.3]. EvBur 6.3
အကောင်းဆုံးလုပ်ဆောင်မှုပြုရန်လိုအပ်သည်။ ဘုရားရှင်၏စေတမန် များအားဖြင့် ကမ္ဘာသို့နှုတ်ကပတ်တော်ကိုဖော်ပြရန် အရေးကြီးသောအချိန် ရောက်ရှိလာပြီ။ ဦးစွာအမှန်တရားကိုဖော်ပြပြီး၊ ဒုတိယအနေဖြင့် တတိယ ကောင်းကင်တမန်သတင်းစကားကို တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ နေရာဒေသ တိုင်းတို့၌ ဟောပြောတင်ဆက်ရပါမည်။ အမှောင်ထုနှင့်ပြည့်ဝနေသောတိုက်၊ တိုင်းပြည်၊ နိုင်ငံများနှင့်သမုဒ္ဒရာပင်လယ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်အားလုံး သို့ အလင်းကိုထွန်းလင်းကြရပါမည်။ [Ev , 19.4]. EvBur 6.4
လုပ်ငန်းအောင်မြင်ရန် လိမ္မာပါးနပ်စွာစီမံကိန်းဆွဲ၍ဆောင်ရွက်ကြ ပါစို့။ အရှေ့၊ အနောက်၊ တောင်၊ မြောက်များတို့၌ နေရာသစ်များဖွင့်လှစ် ရန် တိကျသောတရားပွဲများကို ကျင်းပရပါမည်။ .. အကြောင်းမှာ၊ အမှန်တရားတင်ဆက်ခြင်းလုပ်ငန်းကို ကြာရှည်စွာလျစ်လျူရှုခဲ့သောကြောင့်၊ ကျွန်ုပ်တို့၏ဓမ္မဆရာနှင့်အမှုဆောင်များတို့ကို ဤနယ်မြေများသို့ဝင်ရောက် ထိုးဖောက်ကာ သတင်းစကားကိုရှင်းလင်းပြတ်သားစွာမကြားရသမျှ လက်မြှောက် အရှုံးပေးခြင်းမပြုဘဲ ဟောပြောတင်ဆက်ရန် ဖိတ်ခေါ်တောင်းဆိုလုပ်ကိုင် ဆောင်ရွက်သင့်ကြပါသည်။ Manuscript 11, 1908. [Ev , 19.5]. EvBur 7.1
အတားအဆီး သို့မဟုတ် အခက်အခဲများဖြင့်သတိမူခြင်းမပြုရန် - အမှန်တရား ကိုဂရုမပြု၊ ငြင်းပယ်သူများထံသို့ အောင်မြင်စွာယူဆောင်သွားရမည်။ ကြိမ်ပေါင်း များစွာတားဆီးမှုရှိပုံပေါ်သည့်တိုင်၊ လုပ်ဆောင်မှုကိုမည်သည့်အခါမျှရပ်ဆိုင်း ခြင်းမပြုသင့်ပါ။ ဘုရားရှင်၏သတင်းစကားသည် တားဆီးမှုများနှင့်ရင်ဆိုင် ရသောအခါ၊ ဘုရားရှင်သည် အထူးသောတန်ခိုးခွန်အားကိုပေးကာ ပို၍ ကြီးမားသောသြဇာညောင်းမှုကို ခံစားရရှိကြမည်ဖြစ်သည်။ ဘုရားခွန်အားကို ရရှိပြီး အကြီးမားဆုံးသောခက်ခဲမှုများကိုပင်ထိုးဖောက်ကာ ခက်ခဲမှုတိုင်းကို ပင်အောင်မြင်သွားမည်ဖြစ်သည်။ The Acts of the Apostles, p. 601, (1911) [Ev , 20.1]. EvBur 7.2
ခိုင်မာသောအလုပ်တစ်ခု - ခင်တွယ်မြတ်နိုးဖွယ်ကောင်းသော သာသနာ့ လုပ်ငန်းသည် ကြိုးစားလုပ်ဆောင်ရမည့် ခိုင်မာသောအလုပ်တစ်ခုဖြစ်ပြီး၊ တစ်နေ့တခြားပို၍ပို၍ထွန်းလင်းတောက်ပကာ တစ်နေ့တာ၏ပြည့်ဝသော နေအလင်းရောင်ခြည်တောက်ပသည့်အထိ ဆောင်ရွက်ကြရမည်။ Letter 215b, 1899. [Ev , 20.2]. EvBur 7.3
နက်ရှိုင်းကျယ်ပြန့် သောသြဇာတစ်ခု - ဤသတင်းစကားတို့၏သြဇာသည် နက်ရှိုင်းကျယ်ပြန့်ပြီး ထောင်ပေါင်းများစွာသောနှလုံးသားများထဲသို့ ဝင်ရောက် လှုပ်ရှားနေရာယူကာ ပညာရေးကျောင်းများ၊ ပုံနှိပ်တိုက်များနှင့်ကျန်းမာရေး အဆောက်အဦများ ပေါ်ပေါက်လာပါသည်။ ဤအရာအားလုံးတို့သည် ကြီးမား သောဤအမှုတော်လုပ်ငန်းကို ပံ့ပိုးလုပ်ဆောင်ရန် ဘုရားရှင်၏လက်နက်တန်ဆာ ပလာဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယကောင်းကင်တမန်သုံးပါးတို့ကိုပုံဆောင် ကာ ကောင်းကင်အလယ်၌ပျံဝဲလျက်၊ ဤလောကရှိလူသားများအားလုံးကို တန်ခိုးနှင့်ကြီးစွာသောဘုန်းတော်ဖြင့် ခရစ်တော်တစ်ဖန်ပြန်ကြွလာမည့်အကြောင်း ကို သတိပေးလျက်ရှိပါသည်။ Review and Herald, Dec. 6, 1892. [Ev , 20.3]. EvBur 8.1
နေရာသစ်၌သတင်းစကားကြွေးကြော်ခြင်း - ကမ္ဘာကိုပြောကြားရန် ကျွန်ုပ် တို့၌လေးနက်၍အရေးကြီးသောသတင်းစကားရှိသည်။ သို့သော် အမှန်တရား သိရှိပြီး၊ သူတို့အားအချိန်များစွာပေးခဲ့ပြီးဖြစ်သည်။ သိရှိပြီးသောသူတို့အား ဟောပြောခြင်းဖြင့် အချိန်ကိုအသုံးပြုကာ အမှန်တရားကိုထပ်ခါတလဲသင်ကြား ရန် အခွင့်အရေးပေးမည့်အစား သင်၏သတင်းစကားကို တစ်ခါမျှမကြားရ သေးသောသူများထံ သွားရောက်ဟောပြောပါ။ သင်၏တောစခန်းတရားပွဲ များကိုကျင်းပပါ။ (သတိပြုချက်၊ ယခင်အချိန်၌ မယုံကြည်သူများစွာတို့အား ဆွဲယူခေါ်ဆောင်နိုင်သောနည်း။) ယခုမြို့ကြီးများတို့တွင်ဟောပြောပါ။ တချို့ သောသူများတို့သည် စည်းဝေးသို့တက်ရောက်ကြပြီး သတင်းစကားကိုကြားသိ ရပါလိမ့်မည်။ Letter 87, 1896. [Ev , 20.4]. EvBur 8.2
နေရာသစ်များသည်အကောင်းဆုံးနေရာများဖြစ် - အမှန်တရားကိုတစ်ခါမျှ မကြားရသေးသောနေရာများသည် တရားပွဲကျင်းပရန်အကောင်းဆုံးသောနေရာ များဖြစ်သည်။ ယခင်အချိန်များ၌ သတင်းစကားခါမျှမကြားဘူးသူတို့၏ စိတ်နှလုံးသားထဲသို့ အမှန်တရားရောက်ရှိနိုင်ပါသည်။ အပြစ်တရား၏ဆိုးသွမ်း မှုကို သူတို့တွေ့ရလိမ့်မည်။ ၎င်းနောက် သူတို့၏နောင်တတရားမှာ ရိုးသား တိကျမည်ဖြစ်သည်။ လွန်ခဲ့သောအချိန်၌ မကြားခဲ့ရသေးသောသတင်းစကား နှင့် အပြစ်တရား၏ကြီးမားခြင်းကိုမမြင်ရသေးသောသူတို့၏နှလုံးသားထဲ၌ ဘုရားရှင်အလုပ်လုပ်သွားပေလိမ့်မည်။ Letter 106, 1903. [Ev , 21.1]. EvBur 8.3
အကယ်၍အမှန်တရားကိုစိတ်ပါဝင်စားစွာဟောပြောခဲ့လျှင် - ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်ရန် မြို့ကြီးတစ်မြို့ပြီးတစ်မြို့၌လိုအပ်နေကြောင်း ကျွန်ုပ်ရှေ့၌ဖော်ပြ လျက်ရှိသည်။ ယခုအချိန်တွင် သတိမပေးရသေးသောမြို့ကြီးများအတွင်း ကြိုးစား၍သတင်းစကားပြောကြားခဲ့သော်၊ ကြားရသူများနောင်တတရားရရှိကြ ပေလိမ့်မည်။ ကောင်းသောနည်းလမ်းအမျိုးမျိုးဖြင့် အမှန်တရားကိုအခြေအနေ ပေးသရွေ့ကြိုးစားလုပ်ဆောင်ကြပါက ယနေ့အမှန်တရားထဲ၌ ထောင်ပေါင်း များစွာသောသူတို့သည် ဝမ်းမြောက်ဝမ်းသာကြမည်ဖြစ်ကြောင်း အလင်းတရား မှကျွန်ုပ်အားဖော်ပြလျက်ရှိသည်။ Letter 94a, 1909. [Ev , 21.2]. EvBur 9.1