အဖွဲ့များဖွဲ့စည်းရန်လိုအပ်သည် - ဘုရားရှင်ပြောနေသည်။ မြို့ထဲသို့ ထိုးဖောက်ပါ။ ခရစ်တော်ကြွလာခြင်းအတွက်ပြင်ဆင်ကြရန် မြို့များအတွင်းရှိ မြို့သူမြို့သားတို့ကိုပြောပါ။” [Ev 96.1] EvBur 102.3
မြို့များအတွင်းရှိလူများတို့သည် ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်း၏ အလင်းကို မကြားရသေးပါ။ ဤနောက်ဆုံးသတိပေးစကားကို မပြောကြား သောသူတို့သည် လာမည့်အချိန်တွင် လွန်စွာဝမ်းနည်းကြရလိမ့်မည်။ ကျွန်ုပ် ၏သတင်းစကားသည် “အဖွဲ့ငယ်များကိုဖွဲ့စည်းပြီး မြို့များထဲသို့ဝင်ကြပါ။ စည်းဝေးများအတွက် သင့်လျော်သည့်နေရာကိုရွေးချယ်ပါ။ ကျွန်ုပ်တို့၏ဝေစာ များကိုဝေငှပါ။ လူတို့၏စိတ်ကိုဆွဲဆောင်နိုင်ရန် အထူးကြိုးစားဆောင်ရွက် ပါ။” Letter 106, 1910. [Ev 96.2] EvBur 103.1
မြို့ကြီးတိုင်း၌အမှုဆောင်များတို့ ၏တပ်ဖွဲ့ - မြို့ကြီးများထဲ၌ စည်းကမ်းရှိ သောအမှုဆောင်များဖြင့် အဖွဲ့များကိုဖွဲ့စည်းပါ။ တစ်ယောက်နှစ်ယောက်မဟုတ် ဘဲ လူစုဖြင့်ဖွဲ့စည်းပြီးလုပ်ဆောင်သင့်ပါသည်။[Ev 96.3] EvBur 103.2
အမှုဆောင်များပါဝင်သည့်အဖွဲ့တိုင်း၌ အရည်အချင်းရှိသည့် ခေါင်းဆောင်တစ်ဦး၏ဦးဆောင်မှုအောက်၌ရှိသင့်ပြီး အားလုံးတို့၏စိတ်ထဲ၌ မိမိတို့သည် အမြင့်ဆုံးသောအလုပ်ကိုလုပ်ဆောင်နေကြသည့် သာသနာပြုများ ဖြစ်သည်ဟု ထင်မှတ်သင့်သည်။ ထိုသို့သောစနစ်တကျလုပ်ဆောင်ခြင်း၊ ပညာ သတိဖြင့်ဆောင်ရွက်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာနှင့်ပြည့်ဝသောအကျိုးကို ခံစားရလိမ့်မည်။ Medical Ministry, pp. 300, 301. (1892) [Ev 96.4] EvBur 103.3
စွမ်းရည်အမျိုးမျိုးလိုအပ်သည် — ဘုရားသခင်၏အလိုတော်သည် မြို့များ အထဲ၌ မတူညီကြသည့်စွမ်းရည်ရှိသော ဝန်ထမ်းများအားလုံးညီညာစွာပူးပေါင်း လုပ်ဆောင်ကြရန်ဖြစ်သည်။ သူတို့လမ်းမလွဲစေရန် လူတို့၏ပညာကိုအမှီမပြု ဘဲ အမှုဆောင်အားလုံးတို့သည် ယေရှုခရစ်တော်ကိုသာအာရုံပြုပြီး ကြည့်ရှု ကြရမည်။ Testimonies, vol. 9, p. 109. (1909) [Ev 96.5] EvBur 103.4
ကောင်းမွန်စွာသင်တန်းရယူသည့်အဖွဲ့များ - အဖွဲ့ငယ်များဖွဲ့စည်းသင့်ပြီး အဖွဲ့ဝင်များတို့ကို သူနာပြုဆရာမများ၊ သာသနာပြုဆရာများ၊ ဓမ္မဆရာများ၊ ဓမ္မစာပေအမှုဆောင်များ၊ ဧဝံဂေလိကျောင်းသားများအဖြစ် ကောင်းမွန်စွာပညာ ပေးပြီး အမှုထမ်းစေရမည်။ ဘုရားနှင့်တူသည့်စာရိတ္တကို ပြည့်စုံစေရမည်။ Testimonies, vol. 9, pp. 171, 172. (1909) [Ev 96.6] EvBur 103.5
လူများအမှုဆောင်ရန်ဦးဆောင်မှုပြုသူမှချမှတ်ခြင်း - ဆောင်ရွက်နိုင်သူတိုင်း ကို ဆောင်ရွက်စေပါ။ အကောင်းဆုံးခေါင်းဆောင်သည် လုပ်ငန်းကိုမိမိ ကိုယ်တိုင်သာလျှင်ဆောင်ရွက်ခြင်းမပြုဘဲ အခြားသူများတို့၏လုပ်ဆောင်မှုကို အများဆုံးရယူသူဖြစ်သည်။ Letter 1, 1883. [Ev 96.7] EvBur 104.1