အောင်မြင်ခြင်းသည်ပြင်ပဝါကြွားခြင်းအပေါ်မူမတည် - တချို့သောဓမ္မအမှ ဆောင်များတို့သည် လူထုကြီးကိုဆွဲဆောင်နိုင်ရန် ပြင်ပပြသမှုများကိုထည်ဝါ စွာပြုလုပ်ကြပြီး ပွဲလမ်းသဘင်ဆန်သောနည်းဖြင့် အမှန်တရားကိုဟောပြော လျက် အမှားများကိုပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင် ၏သန့်ရှင်းသောမီးကိုထွန်းလင်းမည့်အစား ရိုးရိုးမီးကိုသာထွန်းလင်းခြင်းဖြစ် ပါသည်။ ဤလုပ်ရပ်အားဖြင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းမရှိနိုင် ပါ။ အလန့်တကြားလှုံ့ဆော်မှုနှင့် စရိတ်များသောပြင်ပခင်းကျင်းပြသမှုများ အားဖြင့် ဘုရားသခင်၏အမှုတော်ကို ပြီးမြောက်အောင်မြင်စွာဆောင်ရွက်၍ မရပါ။ ခရစ်တော်၏နည်းစနစ်ကိုသာလျှင် ကျွန်ုပ်တို့လိုက်လျှောက်ကြရပါ မည်။ “ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” အမှန်တရား ရိုးရိုးတစ်ခုတည်းသာလျှင် နှစ်ဖက်ထက်သောသန်လျက်ကဲ့သို့ အပြစ်ထဲသေနေ ကြသောသူများတို့ကို ဝိညာဉ်အသက်သို့နိုးကြားစေမည်ဖြစ်သည်။ ဘုရားသခင် ၏ရည်ရွယ်ချက်နှင့်အညီ လူတို့ထံသို့ ဧဝံဂေလိအမှန်တရားကိုယူဆောင်လာ ပါက လူတို့အနေဖြင့် နားလည်လက်ခံကြပါလိမ့်မည်။ Gospel Workers, P. 383. (1915) [Ev 136,1) EvBur 155.1
အဓိပ္ပါယ်ရှိသောနည်းစနစ်များ - ထူးဆန်းသောအရာများကို ရှာဖွေမှတ်သား ပြီး လူတို့အားအံ့သြစေရန် ဟောပြောတင်ဆက်ခြင်းအားဖြင့် လူတို့ကိုကြောက်ရွံ့ ထိတ်လန့်မှုဖြစ်စေခြင်းသည် မှန်ကန်စွာစတင်လုပ်ဆောင်သည့် ကောင်းသော အလုပ်ကိုပျက်စီးစေလိမ့်မည်။ [Ev 136,2] EvBur 155.2
ကြီးမား၍မြင့်မြတ်သောနှုတ်ကပတ်တော်အမှန်တရားများကို တာဝန် ဦးဆောင်ရသောသူတို့သည် ဝိညာဉ်ရေး၌လေးနက်ခြင်း၊ ကြိုးစားအားထုတ် ခြင်းရှိရမည်ဖြစ်ပြီး တည်ငြိမ်စွာဖြင့်အသိတရားရှိကာ အနိုင်ယူပြောဆိုတတ် ခြင်းကို ရပ်ဆိုင်ရပါလိမ့်မည်။ လုပ်ငန်းကိုဒုက္ခဖြစ်စေမည့် အယူသီးမှုများ ကို အားပေးခြင်းမပြုရဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင့်လက်ထဲ ၌သယ်ဆောင်ပါ။ [Ev 136.3] EvBur 155.3
နယူးရော့မြို့၌အလုပ်ထမ်းဆောင်သောသူတို့သည် ဘုရားသခင် သတ်မှတ်ထားသော မိမိ၏လုပ်ငန်းအထဲသို့ ထူးဆန်းအံ့သြဖွယ်သောအရာ များကိုယူဆောင်၍ ရောနှောစေခြင်းမပြုရပါ။ သူတို့၏အလုပ်သည် မိမိတို့ ၏အတွေးအခေါ်အားဖြင့်မဟုတ်ဘဲ ဘုရားရှင်ထံအကြံတောင်းခံကာ နှိမ့်ချ၍ ကိုးစားထိုက်သောယုံကြည်ခြင်းဖြင့် လူတို့အားပြောဆိုကြရမည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ထဲ၌ တွေ့ရှိရသည့်အမှန်တရား၏စနစ်သည် ပညာရှိများ တို့၏စိတ်ကို ခရစ်တော်ဆွဲဆောင်နိုင်သကဲ့သို့ လူတိုင်း၏စိတ်ကိုဆွဲဆောင် မှုပြုနိုင်ပါသည်။ Letter 17, 1902. [Ev 136.4 EvBur 156.1
နိမ့်သောအဆင့်သို့အမှန်တရားကိုမည်သည့်အခါမျှမထူဆောင်လာပါနှင့် - ဝိညာဉ် များကိုရရှိရန်အတွက် အမှန်တရားကိုနိမ့်ရာအရပ်သို့မယူဆောင်လာပါနှင့်။ အပြစ်နှင့်ပြည့်ဝပြီး ယိုယွင်းနေသောသူတို့ကိုသာ ဘုရားသခင်၏ပညတ်တော် မြင့်ရာအဆင့်သို့ရှာ၍ ပို့ဆောင်တော်မူပါ။ Manuscript 7, 1900. [Ev 137.1] EvBur 156.2
ပွဲလမ်းသဘင်၏ခင်းကျင်းပြသမှုကိုရှောင်ရှားပါ - ကျွန်ုပ်တို့၏ အလုပ်ကို တာဝန်ယူရသောသူတို့အတွက် ကျွနု်ပ်၌သတင်းစကားရှိသည်။ အမှုတော်၌ ပါဝင်ကြသောသူတို့သည် အရေးကြီး၍ သန့်ရှင်းမွန်မြတ်သောသတင်းစကား ကို ပွဲလမ်းသဘင်ပုံစံနှင့်ဟောပြောရန် အားမပေးကြပါနှင့်။ ပွဲလမ်းသဘင် ဆန်သောလုပ်ရပ်အနည်းငယ်ကိုမျှ ကျွန်ုပ်တို့၏လုပ်ငန်းထဲသို့မယူဆောင်လာ ပါနှင့်။ ဘုရားသခင်၏အမှုတော်သည် သန့်ရှင်းခြင်း၊ ကောင်းကင်၏ပြုပြင် ခြင်းရှိရမည်။ ယခုအချိန်သတင်းစကားဟောကြားခြင်းအစီအစဉ်တိုင်း၌ ဘုရားသခင်၏တန်ခိုးပါရှိရလိမ့်မည်။ ပွဲလမ်းသဘင်ပုံစံအနည်းငယ်ကိုမျှ ပါဝင် ရန်အခွင့်မပြုပါနှင့်။ လုပ်ငန်း၏သန့်ရှင်းစင်ကြယ်ခြင်းကို ပျက်စီးစေလိမ့်မည်။ [Ev 137.2] EvBur 156.3
ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်၌ လူတို့၏ထူးဆန်းသော လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် ဗဟုသုတအမျိုးမျိုးတို့ကိုရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း ကျွန်ုပ်အားညွှန်ပြထားပါသည်။ ဤကဲ့သို့သောအခြင်းအရာ များကို နေရာမြောက်မြားစွာတို့၌တွေ့ ရကြပါသည်။ ကျွန်ုပ်၏ပထမဦးဆုံး လုပ်ဆောင်ချက်များတို့၌ ကျွန်ုပ်ရရှိသောသတင်းစကားမှာ ဤကဲ့သို့ပွဲလမ်း သဘင်ဆန်သောလုပ်ဆောင်ချက်များတို့ကို အားမပေးကြရန်နှင့် တားမြစ်ကြ ရန်ဖြစ်ပါသည်။ အံ့ဩဖွယ်သောအရာများ၊ ထူးဆန်းသောအရာများတို့ကို ဘုရားရှင်၏အမှုတော်၌ရှာကြံလုပ်ဆောင်ရမည်ဟု ထင်သောသူများရှိကြပါ သည်။ ကျွန်ုပ်အားအလင်းပေးထားသည်မှာ၊ “ဤအရာများကိုမည်သည့်အခါ မျှခွင့်မပြုပါနှင့်” ဟုဖြစ်ပါသည်။ ပွဲလမ်းသဘင်ဆန်သောလုပ်ဆောင်ချက် များတို့သည် ကျွန်ုပ်တို့အား ဘုရားသခင်အပ်နှံထားသော အရေးကြီးသည့် သတင်းစကားများကိုကြွေးကြော်ရမည့်နေရာ၌ အသုံးပြုရန်မလိုပါ။ [Ev 137.3] EvBur 157.1
ရန်သူသည် နီးကပ်စွာစောင့်ကြည့်ပြီး အခြေအနေများ၏အခွင့်အရေး တိုင်းကိုရယူကာ သိက္ခာမရှိသည့်သက်သေပြချက်များဖြင့် အမှန်တရားကို ရှုတ်ချမည်ဖြစ်သည်။ ဤသက်သေပြချက်များတို့ကို အားပေးခြင်းမပြုရပါ။ ကျွန်ုပ်တို့အားပေးထားသောတန်ဖိုးရှိသည့် အမှန်တရားများကို တည်ငြိမ် လေးနက်စွာနှင့်ကြောက်ရွံ့ရိုသေစွာဖြင့် ဟောပြောရကြမည်။ Manuscript19, 1910. [Ev 138.1] EvBur 157.2
စိတ်ထကြွစေသောသွန်သင်ချက်များတို့၏အန္တရာယ် — စင်ကြယ်သန့်ရှင်းသော ဘာသာရေးသည် စိတ်ကိုနှိုးကြွစေသောဘာသာရေးမဟုတ်ကြောင်း သေချာ စွာသင်သိမည်ဖြစ်သည်။ ဘုရားသခင်သည် မှန်းဆချက်နှင့်ဆိုင်သောအယူ ဝါဒများ၊ အယူအဆများကို အားပေးရန်အတွက် မည်သူ့ကိုမျှအားပေးရန် တာဝန်မပေးပါ။ ညီအစ်ကိုတို့၊ ဤအရာများကိုသင်၏သွန်သင်ချက်ထဲ၌ အသုံးမပြုပါနှင့်။ Australasian Union Conference Record, March 15, 1904. [Ev 138.2] EvBur 157.3
အယူသီးခြင်းကို ရှောင်ရှားပါ - ခေတ္တခဏအတွင်းသာ စိတ်အား ထက်သန်မှုကိုပေးပြီး မကြာမီစိတ်ဓာတ်ကျခြင်းသို့ လူတို့အားပို့ဆောင်စေ သည့်အရာကို ကျွန်ုပ်တို့အားပေးမှုမပြုရပါ။ ကျွန်ုပ်တို့သည် ကောင်းကင်မှ လာသောဝိညာဉ်ကိုအသက်ပေးသည့် အသက်မုန့်ကိုလိုပါသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကိုလေ့လာပါ။ ဘုရားသခင်၏စပျစ်ဥယျာဉ်ထဲ၌ လုပ်ကိုင် ဆောင်ရွက်နေကြသောသူအားလုံးတို့အနေဖြင့် ခံစားချက်သည် ယုံကြည်ခြင်း မဟုတ်ကြောင်း သင်ယူရပါလိမ့်မည်။ အမြဲစိတ်ထကြွနေခြင်းရှိရန်မလိုအပ် ပါ။ ခရစ်တော်၏အသွေးအသားကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်၌သာ ခိုင်မာသောယုံကြည်ခြင်းရှိရန် လိုအပ်ပါသည်။ [Ev 138.3] EvBur 158.1
ကျွန်ုပ်တို့၏မြို့များ၌ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ကြ သောသူတို့သည် စိတ်ထကြွခြင်းနှင့်အယူသီးခြင်း၏တံခါးများကို လုံခြုံစွာ ပိတ်ထားရပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ် တို့၏ဝိညာဉ်အစာဖြစ်ခြင်းကြောင့်ဖြစ်သည်။ ၎င်းကိုလေ့လာခြင်းသည် အသက် ပင်၏အရွက်များကိုစားခြင်းဖြစ်သည်။ ဘုရားသခင်၏အစေခံများတို့ကို သူတို့အားခရစ်တော်သင်ကြားသကဲ့သို့ နှုတ်ကပတ်တော်ကိုသင်ကြားခြင်းထက် မြှင့်တင်ပေးနိုင်သည့်အရာမရှိပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သန့်ရှင်း သောအာဟာရ၊ ကိုယ်ခန္ဓာတောင့်တမှုကိုဖြည့်ဆည်းပေးနိုင်သော ဝိညာဉ်အစာ ဖြစ်သည်။ Letter 17, 1902. [Ev 138.4] I EvBur 158.2
တန်ဖိုးကြီး၍ထူးခြားသည့်နည်းစနစ်များ - သင်သည် မိမိကိုယ်ကိုပင်ပန်း နွမ်းနယ်စေပြီး ငွေကြေးများစွာအသုံးပြုသည့်လုပ်ငန်းကို ရွေးချယ်ခဲ့သည်။ [Ev 139.1] EvBur 158.3
ဤအကုန်အကျများသောလုပ်ငန်းကို လုပ်ဆောင်ခြင်း၏မှန်ကန်သည့် အရာကို သင့်ရှေ့၌ဖော်ပြခဲ့ခြင်းမှာ ၎င်းလုပ်ဆောင်ချက်သည် ဘုရားသခင်၏ အလိုတော်နှင့်မကိုက်ညီပါ။ ဤတန်ဖိုးကြီး၍ထူးခြားသောနည်းစနစ်များသည် လူတို့အတွက်ဆွဲဆောင်မှုကြီးတစ်ခုဖြစ်သည်ဟု ဦးစွာသင်ထင်မြင်ပေလိမ့်မည်။ သို့သော် မကြာမီ ဤဆွဲဆောင်မှုသည် သူတစ်ပါး၏အာရုံကို သင်နှင့်သင်၏ မိသားစုထံသို့သာ ဆွဲဆောင်မှုပေးခြင်းဖြစ်ကြောင်း သင်သိရှိရပါလိမ့်မည်။ ဤငွေကြေးအကုန်အကျများခြင်းသည် လေးနက်သောအမှန်တရားများကို ဟောပြောခြင်းနှင့်မကိုက်ညီပါ။ အတ္တစိတ်၊ တစ်ကိုယ်ကောင်းစိတ်ကိုသာ ပြသခြင်းဖြစ်သည်။ Letter 205, 1904. [Ev 139.2] EvBur 158.4
လောကကိုအတုမယူရ - ကျွန်ုပ်တို့ကိုင်တွယ်ဆောင်ရွက်နေရသောလုပ်ငန်း ကိစ္စများတို့သည် ထာဝရကိစ္စနှင့်ပတ်သက်သောကြောင့် လောကနှင့်ဆိုင်သည့် အရာဟူသရွေ့ကို အတုမယူရပါ။ ကျွန်ုပ်တို့သည် ခရစ်တော်၏ခြေတော်ရာ နှင့်နီးကပ်စွာလျှောက်လိုက်ကြရမည်။ သူသည်ကျွန်ုပ်တို့အား ကျေနပ်ရောင့်ရဲ ခြင်းကိုပေးသောအရှင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လိုချင်သောအရာများနှင့် လိုအပ်သောအရာများအားလုံးကို ပေးမည်ဖြစ်သည်။ Manuscript 96, 1898. [Ev 139.3] EvBur 159.1
အမှုတော်မြတ်ကိုရှေ့သို့ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့၏အောင်မြင်ခြင်း သည် ပွဲလမ်းသဘင်ဆန်သည့်အရာမပါသော ခရစ်တော်၏ရိုးသားစွာဆောင်ရွက် ခဲ့သောပုံစံကို အတုယူအမှီပြုသည့်အပေါ်မူတည်ပါသည်။ Letter 53, 1904, [Ev 139.4] EvBur 159.2