စေတမန်၏ဂုဏ်သိက္ခာ - စားပွဲပေါ်အလှဆင်ခြင်းသည်လိုအပ်သည်။ ဧဝံဂေလိဓမ္မအမှုဆောင်တစ်ဦးသည် မိမိ၏စိတ်နေစိတ်ထားကို ဂရုပြုသင့် သည်။ အကယ်၍သူသည် ခရစ်တော်၏ကိုယ်စားဖြစ်ပါက သူ၏အပြုအမူ၊ စိတ်နေစိတ်ထား၊ ဟန်ပန်အမူအရာတို့သည် တွေ့မြင်ရသူများအတွက် ရွံရှာ ဖွယ်ရာမဖြစ်သင့်ပါ။ ဓမ္မအမှုဆောင်များတို့သည် ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ရမည်။ သူတို့သည် ရိုင်းပျသောပြောဆိုပြုမူပုံ၊ စိတ်သဘောထားနှင့်ဟန်ပန် အမူအရာအားလုံးကိုဖယ်ရှားပြီး နှိမ့်ချ၍ဂုဏ်သိက္ခာရှိသူများဖြစ်ရမည်။ သူတို့၏ လုပ်ငန်းနှင့်ကိုက်ညီသော အသက်တာပုံစံနှင့်ဂုဏ်အသရေကို ယူတင်ဝတ်ဆင် ရမည်။ သူတို့၏အပြောအဆိုတိုင်းတို့၌ တည်ငြိမ်၍ရိုသေဖွယ်ရာဖြစ်ပြီး ကောင်းသောစကားလုံးများကိုသာ သူတို့အနေဖြင့် ရွေးချယ်ပြောဆိုသင့်သည်။ Testimonies, vol. 1, pp. 648, 649. (1868) [Ev 145.1] EvBur 166.3
စင်မြင့်အပြုအမူ - မှားယွင်းသောအရာများတို့သည် မကြာခဏသန့်ရှင်း သောစားပွဲပေါ်မှထွက်ပေါ်လာတတ်သည်။ ဓမ္မဆရာတစ်ဦးသည် အခြားဓမ္မ ဆရာတစ်ဦးနှင့်လူထုရှေ့စားပွဲပေါ်၌ရယ်မောပြီး လုပ်ငန်းအပေါ်ပူပန်မှုရှိပုံမပေါ် ခြင်း၊ သို့မဟုတ် သူတို့၏သန့်ရှင်းသောခေါ်တော်မူခြင်း၏လေးနက်သော ခံစားချက်မရှိခြင်းသည် အမှန်တရားကိုတန်ဖိုးမထားရုံမျှမက သန့်ရှင်းသော အရာကို ရိုးရိုးအရာကဲ့သို့ ရှုတ်ချရာကျပါသည်။ Testimonies, vol. 2, pp. 612, 613. (1871) [Ev 145.2] EvBur 167.1
ဘုရားသခင်နှင့်ဆန့် ကျင်သည့်အရာတစ်ခု - တစ်ခါတစ်ရံ ဘုရားသခင်၏ သားသမီးအစုအရုံးကြီးကို သာမန်နိမ့်ကျသောသူများကဲ့သို့ဆက်ဆံခြင်းသည် ဘုရားသခင်ကိုဆန့်ကျင်ဘက်ပြုရာရောက်ပြီး သန့်ရှင်းဖြူစင်သည့် မွန်မြတ် သောအလုပ်ကို တန်ဖိုးမထားခြင်းဖြစ်သည်။ Letter 155, 1900. [Ev 145.3] EvBur 167.2
ဆင်ခြင်ပေးခြင်းဖြင့်အချိန်မဖြုန်းတီးရ - တရားဟောဆရာအများစုတို့သည် ရှည်လျားသောစကားချီးနှင့်ဆင်ခြင်ဆင်လက်များတို့ကိုပေး၍ အချိန်ကိုစင်မြင့် ပေါ်၌ဖြုန်းတီးတတ်ကြသည်။ တချို့တို့သည် နာရီဝက်ခန့်မျှပင် တောင်းပန် စကားများပြောတတ်သောကြောင့် အချိန်ဖြုန်းရာရောက်ပြီး ကျန်ရှိသောအချိန် အတွင်း အမှန်တရားကိုလု၍ လျင်မြန်စွာပြောဆိုရခြင်းကြောင့် ကြားနာရ သောသူများအတွက် မိမိတို့ပြောဆိုသောအမှန်တရားသတင်းစကားသည် အာနိသင်မရှိတော့ချေ။ [Ev 145.4 EvBur 167.3
အား တောင်းပန်စကားပြောဆိုမည့်အစား၊ ဓမ္မဆရာသည် ဘုရားသခင် ထံမှသတင်းစကားကို ပြောဆိုရမည့်ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ဖြစ်ကြောင်းနားလည် သူအဖြစ် သတင်းစကားကိုစတင်၍ပြောဆိုသင့်ပါသည်။ Gospel Workers, p. 168. (1915) [Ev 146.1] EvBur 167.4
ပရိသတ်အလယ်ဆုတောင်းခြင်း - လူထုပရိသတ်နှင့်အတူဆုတောင်းခြင်း သည် တို၍အချက်ကျသင့်သည်။ ဝတ်ပြုကိုးကွယ်ခြင်းအချိန်ကို ရှည်လျား စွာဆုပတ္ထနာတောင်းခံခြင်းအားဖြင့် ပရိသတ်တို့အားငြီးငွေ့စေခြင်းကို ဘုရားသခင်အလိုမရှိပါ။ မိနစ်အနည်းငယ်ဖြင့် လူထုပရိသတ်နှင့်အတူရိုးရိုး ဆုတောင်းခြင်းသည် လုံလောက်ပါသည်။ Gospel Workers, p. 175. (1915) [Ev 146.2] EvBur 168.1
ရိုးသားသောနှ လုံးသားခံ စားချက်ဖြင့် ဆုတောင်းပါ - လူထုပရိသတ်နှင့်အတူ ရှည်လျားစွာဆုတောင်းရန်မလိုအပ်ပါ။ ရိုးသားသည့်ခံစားချက်ဖြင့် ဘုရားသခင် ထံကျွန်ုပ်တို့လိုအပ်သောအရာများကိုဖော်ပြပြီး ယုံကြည်သောစိတ်ဖြင့် သူ၏ ကတိတော်များကိုတောင်းလျှောက်ပါက ပရိသတ်များတို့အနေဖြင့် ကျွန်ုပ်တို့ သည် ဆုတောင်းခြင်း၌ ဘုရားသခင်နှင့်အောင်မြင်သူများဖြစ်ကြောင်း သိရှိ ကြပေလိမ့်မည်။ အစည်းအဝေး၌ဘုရားရှင်ပါရှိကြောင်း သူတို့ယုံကြည်၍ ခွန်အားရရှိပြီး ဘုရားရှင်၏ကြွယ်ဝသောကောင်းချီးမင်္ဂလာကိုရရှိရန် သူတို့၏ စိတ်နှလုံးတံခါးကို ဖွင့်ထားပါလိမ့်မည်။ သူတို့၏ယုံကြည်ခြင်းသည် သင်၏ ရိုးသားမှုကြောင့် တိုးပွားလာပြီး တရားဟောဆရာဟောကြားမည့်တရားကို နားထောင်ရန် အဆင်သင့်ရှိကြပေလိမ့်မည်။ Manuscript 127, 1902. [Ev 146.3] EvBur 168.2
မြန်ဆန်သောအပူတပြင်းလှုပ်ရှားမှုများ - သင်၏အလုပ်ကို ဘုရားသခင် ပေးခြင်းသည် လျင်မြန်စွာဖြင့်သင်လုပ်ဆောင်ရန်မဟုတ်ဘဲ တည်ငြိမ်စွာစဉ်းစား ဆင်ခြင်၍ လုပ်ဆောင်ရန်အတွက်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့် အခါမျှ ကတိုက်ကရိုက်၊ ရှုပ်ထွေးပွေလီလှုပ်ရှားခြင်းကို မတောင်းဆိုပါ။ Testimonies, vol. 8, p. 189. (1904) [Ev 146.4] EvBur 168.3
ဆန်းပြား၍ရယ်ဖွယ်အပြုအမူကိုရှောင်ရှား - ကျွန်ုပ်တို့သည် မိမိတို့၏မူရင်း အကျင့်ဓလေ့များ၊ အမူအရာများနှင့်အလေ့အထများ ကို့ကိုစွန့်ပစ်ပြီး ခရစ်တော် နှင့်တူညီခြင်းမရှိပါက သိုးစုကိုအုပ်ထိန်းသော သိုးထိန်းများမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် သူ၏အသားကိုစား၍ အသွေးကိုသောက်သောအခါ၊ ထာဝရ အသက်၏အင်္ဂါအစိတ်အပိုင်းကို သာသနာ့လုပ်ငန်း၌ကျွန်ုပ်တို့တွေ့ မြင်ရမည် ဖြစ်သည်။ မလတ်ဆတ်သောအရာ၊ ဟောင်းနွမ်းသောအတွေးအခေါ်ရှိတော့ မည်မဟုတ်ပါ။ အမှန်တရား၏အမြင်သစ်တစ်ခုကို ရရှိလာမည်ဖြစ်သည်။ [Ev _146.5 ] EvBur 168.4
ပလ္လင်ပေါ်၌မတ်တတ်ထသောသူတချို့တို့သည် ပရိသတ်ထဲ၌ ကောင်းကင်စေတမန်များတို့ကို သူတို့အားရှက်ကြောက်စေသည်။ ဤကမ္ဘာ သို့ယူဆောင်လာရန် အလွန်မှပင်တန်ဖိုးရှိသောဧဝံဂေလိတရားသည် အလွဲ သုံးစားခြင်းခံရသည်။ သာမန်အရာ၊ တန်ဖိုးမရှိသောစကား၊ ရယ်မောဖွယ် စိတ်သဘောထားနှင့် ထူးခြားသောလုပ်ရပ်များကိုတွေ့ ရသည်။ တချို့သော သူများတို့သည် လျင်မြန်စွာစကားပြောခြင်း၊ တခြားသူတို့နှင့်များစွာပြောဆို ခြင်း၊ မရှင်းမလင်းမြွက်ဆိုခြင်းများကိုတွေ့ ရသည်။ ဓမ္မဆရာအမှုကို လူတို့ ရှေ့၌ဆောင်ရွက်သောသူတိုင်း လေးနက်သောတာဝန်သည် မိမိတို့လက်တွင်း ၌ရှိနေကြောင်း ခံစားသင့်ကြသည်။ သူသည် ဦးစွာမိမိကိုယ်ကိုလုံးလုံး ငြင်းပယ်လျက် ဘုရားရှင်ထံအပ်နှံရမည်။ မိမိကိုယ်ကျိုးတစ်စုံတစ်ရာမျှမရှိ၊ အရာခပ်သိမ်းတို့သည် ခရစ်တော်အတွက်သာလျှင်ဖြစ်စေရမည်။ Testimonies to Ministers, p. 339. (1896) [Ev 147.1] ခဆိုဏ်ဂူကြီး EvBur 169.1
မတင့်တယ်သောအမူအရာနှင့်ရိုင်းပျသောစကားကိုဖယ်ရှားပါ - ဘုရားသခင် အတွက်အမှုဆောင်သောသူတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်လာရန် ရိုးသား စွာကြိုးစားသင့်ပြီး မတင့်တယ်သောဟန်အမူအရာနှင့်ရိုင်းပျသောစကားများ တို့ကို ဖယ်ရှားပစ်ရမည်။ မှန်သောစကားကိုသာအသုံးပြုရန် ကြိုးစားသင့် သည်။ အမှုထမ်းကြသောသူများအထဲ၌ အများစုတို့သည် မိမိတို့စကားပြောဆို ကြခြင်း၌ ဂရုမစိုက်ကြပါ။ သို့သော် သတိပြုခြင်းနှင့်ကြိုးစား၍အာရုံပြုခြင်း အားဖြင့် အမှန်တရား၏ကိုယ်စားလှယ်များဖြစ်လာနိုင်ပါသည်။ နေ့စဉ်တိုးတက်မှု ပြုလုပ်သင့်သည်။ သူတို့၏အသုံးဝင်ခြင်းနှင့်ချို့ယွင်းသောအပြုအမူ၊ အသံ သို့မဟုတ် စကားကိုမြတ်နိုးခြင်းအားဖြင့် ရရှိသောတန်ခိုးသြဇာတို့မှ ဂုဏ်သိက္ခာ ထိခိုက်စေရန် မပြုလုပ်သင့်ပါ။ Counsels to Teachers, p. 238. (1913) [Ev 147.2] EvBur 169.2
သာသနာပြုဆရာ၏ဥပဓိရုပ် - ဓမ္မဆရာများတို့၏အဆင့်အတန်းတောင်းဆို သောအရာသည် ကိုယ်ခန္ဓာ၏ကျန်းမာခြင်းနှင့် စိတ်နေစိတ်ထား၏စည်းမျဉ်း ဥပဒေဖြစ်သည်။ ကောင်း၍မှန်ကန်သောအသိဥာဏ်၊ သန်မာသောအကြော အခြင်နှင့် ရွှင်လန်းသောစိတ်ဓာတ်သည် နေရာတိုင်း၌ရှိကြသော ဓမ္မဆရာ ၌ရှိရမည်။ ဤအရာများကိုရှာဖွေရမည်။ ကြိုးစား၍ပျိုးထောင်ရမည်။ Testimonies, vol. 3, p. 466. (1875) EvBur 170.1