ဘုရားသခင်သည်ဂုဏ်ပြုခြင်းခံရခဲ့သည် - အခြေအနေတချို့တို့၌ ဘုရားသခင် ၏အမှန်တရားကိုဆန့်ကျင်ဘက်ပြုသော စိတ်နေမြင့်သူနှင့်ပွင့်လင်းစွာအချေ အတင်ပြောဆိုရန် လိုအပ်ပါလိမ့်မည်။ သို့သော် နှုတ်နှင့်ဖြစ်စေ၊ စာနှင့်ဖြစ် စေ ဤကဲ့သို့ဆွေးနွေးခြင်းသည် အများအားဖြင့် အကောင်းထက်ပို၍နစ်နာ မှုကိုဖြစ်စေပါသည်။ Testimonies, vol. 3, p. 213. (1872) [Ev 162.1] EvBur 189.1
ဆွေးနွေးခြင်းများကိုအမြဲရှောင်ရှား၍မရပါ။ ဆန့်ကျင်သူများတိုက်ပွဲ တွေ့မြင်ရန်နှစ်သက်သောသူတို့သည် ဆွေးနွေးခြင်း၌အော်ဟစ်ပြောဆိုကြ ပေမည်။ နှစ်ဘက်စလုံးမှအထောက်အထားများကိုကြားလိုသောဆန္ဒရှိသည့် အခြားသူတို့အနေဖြင့် ရိုးသားသောစိတ်ထားဖြင့် ဆွေးနွေးခြင်းကိုလိုလားပေ လိမ့်မည်။ သို့သော် ဆွေးနွေးခြင်းကိုရှောင်ရှားနိုင်သည့်အခါတိုင်း ရှောင်ရှား သင့်သည်။ မရှောင်ရှားနိုင်ခဲ့သော် ဘုရားသခင်၏ဘုန်းတော်ထင်ရှားခဲ့ခြင်း၊ သို့မဟုတ် ဤကဲ့သို့အချေအတင်ပြောဆိုခြင်းကြောင့် အမှန်တရားတိုးတက် ခြင်းရှိနိုင်ပါသည်။ Testimonies, vol. 3, p. 424. (1875) [Ev 162.2] EvBur 189.2
ဆန့် ကျင်သူများကိုတစ်ခါတစ်ရံရင်ဆိုင်ရမည် - ဒေါသဖြင့်မှားယွင်းစွာ ပြောဆိုခြင်းကို ကြုံတွေ့ ရမည့်အချိန်အခါများရှိပေလိမ့်မည်။ ဤကဲ့သို့ရင်ဆိုင် လာရသောအခါ နှောင့်နှေးခြင်းမရှိ၊ လျင်မြန်စွာပြောဆိုသင့်ပြီး ကျွန်ုပ်တို့ လုပ်ရန်ရှိသည့်အလုပ်ကို သွားရောက်လုပ်ရန်သာဖြစ်သည်။ Testimonies, vol. 3, p. 37. (1872) [Ev 162.3] EvBur 190.1
အန်တုခြင်းနှင့်ရင်ဆိုင်ရသော်လည်းအာခံခြင်းမပြုပါ - လူတို့မကြားလိုသည့် လေးလံသောကပ်တိုင်ပါဝင်သည့်အမှန်တရားကိုပြောဆိုရာ၌ တရားဟောဆရာ များတို့သည် မိမိတို့ပြောဆိုသောစကားလုံးတိုင်း၌ ဘုရားရှင်ထံမှလာသကဲ့သို့ သတိပြုကာ ပြောဆိုသင့်ကြသည်။ သူတို့၏စကားများသည် မည်သည့်အခါမျှ စူးရှခြင်းမရှိစေရ။ သူတို့သည် အမှန်တရားကို နှိမ့်ချသောစိတ်ဖြင့်ဟောပြော သင့်ပြီး ဝိညာဉ်များကိုအမှန်ချစ်သောစိတ်၊ သူတို့၏ကယ်တင်ခြင်းအတွက် ဆန္ဒအပြည့်အဝဖြင့် အမှန်တရားကို သူတို့၏စိတ်နှလုံးအားစူးရှစေပါ။ သူတို့ သည် အခြားဂိုဏ်းဂဏမှဓမ္မဆရာများကို အာခံခြင်းနှင့်အချေအတင်ငြင်းခုံခြင်း ကို အားပေးခြင်းမပြုသင့်ပါ။ သူတို့သည် ဂေါလျတ်၏အခြေအနေကဲ့သို့ ရပ်တည်ပြီး ဣသရေလစစ်သည်တော်ကို အာခံခြင်းမပြုသင့်ပါ။ ဣသရေလ လူတို့သည် ဂေါလျတ်ကိုအာခံခြင်းမပြုပါ။ သို့သော် ဂေါလျတ်သည်ကြွားဝါ ခြင်းအားဖြင့် ဘုရားသခင်နှင့်သူ၏လူတို့ကိုဆန့်ကျင်ခဲ့သည်။ အာခံခြင်း၊ ” ကြွားဝါခြင်းနှင့်အပြစ်ရှာခြင်းတို့သည် အမှန်တရားကိုဆန့်ကျင်သောသူများ ဂေါလျက်ကဲ့သို့လုပ်ဆောင်သောသူများထံမှလာရမည်။ သို့သော် ဤစိတ်ဓာတ် မျိုးကို ဤကမ္ဘာကြီးပျက်စီးသွားမည့် သတိပေးစကားကြွေးကြော်ရန် ဘုရားသခင်စေခိုင်းသောသူတို့၌ တွေ့နိုင်ရန်အကြောင်းမရှိသင့်ပါ။ [Ev 162.4 ] EvBur 190.2
အကယ်၍သူတို့သည် ဒါဝိဒ်ကဲ့သို့ ဘုရားသခင်၏အမှုတော်၌ အမှန်တကယ်ခေါ်ခြင်းခံရပြီး ဣသရေလလူတို့ကိုအာခံသောသူအားရင်ဆိုင် ရန်နှင့် အကယ်၍သူတို့သည် ဘုရားသခင်၏ခွန်အားနှင့်သွားကြပြီး သူ့အပေါ် လုံးလုံးမှီခိုပါက သူတို့ကိုဘုရားသခင်ပို့ဆောင်ပြီး သူ၏အမှန်တရားကို ဘုန်းတော်အပြည့်အဝဖြင့် အောင်မြင်ခြင်းပေးပါလိမ့်မည်။ ခရစ်တော်သည် ကျွန်ုပ်တို့အား ဥပမာတစ်ခုပေးခဲ့သည်။ “ကောင်းကင်တမန်မင်းမိက္ခေလမူကား၊ မောရှေ၏ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ်နှင့်ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူသတည်းဟူ၍ သာပြောဆို၏” Testimonies, vol. 3, pp. 218-220. (1872) [Ev 163.1] EvBur 191.1
အငြင်းပွားလိုသောစိတ်ဓာတ်သည်အားနည်းသောအုတ်မြစ်ကိုချခြင်းဖြစ်သည် - အချေအတင်ပြောလိုသော အငြင်းပွားခြင်းစိတ်ဓာတ်သည် ခိုက်ရန်ဖြစ်ပွားခြင်း ကိုနှိုးဆွပေးသော မာရ်နတ်၏အစီအစဉ်ဖြစ်ပြီး ယေရှု၌ရှိသောအမှန်တရား၏ တန်ဖိုးကို လျော့နည်းသွားစေပါသည်။ အများသောသူတို့သည် ခရစ်တော် ထံသို့ရောက်ရှိရမည့်အစား ခရစ်တော်ထံမှဝေးကွာသွားကြပါသည်။ [Ev 163.2] EvBur 191.2
အငြင်းပွားခြင်းစိတ်ဓာတ်သည် အားပေးခြင်းခံရသည်။ အများသော သူတို့သည် မိမိတို့၏အယူဝါဒများအပေါ် သီးသီးသန့်သန့်နေလိုကြပြီး စစ်မှန် သောဘာသာရေးကိုင်းရှိုင်းခြင်း၏နေထိုင်မှု၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၏ ဗဟုသုတကို အနည်းငယ်သာအာရုံပြုကြသည်။ ယေရှု၏မေတ္တာနှင့်ကျေးဇူး တော်၊ သူ၏မိမိကိုယ်ကိုငြင်းပယ်ခြင်းနှင့်ပူဇော်ဆက်ကပ်ခြင်း၊ သူ၏နူးညံ့ သိမ်မွေ့ခြင်းနှင့်သည်းခံခြင်းများတို့သည် လူတို့ရှေ့၌ထင်ရှားသင့်သရွေ့ ထင်ရှား များကဲ့သို့ အမှန်တရား၏သစ်ကိုင်းကြီးပေါ်၌ ၎င်း၏သေစေနိုင်သောအဆိပ် ခြင်းမရှိပါ။ နေရာတိုင်း၌ မှားယွင်းသောအရာများရှိနေခြင်းသည် ကပ်ပါးပင် အတောက်သည် စွဲကပ်နေပြီး၊ အများသောသူတို့၏နှလုံးသားထဲ၌ သက်သေ ထူလျက်ရှိသည်။ အမှန်တရားကိုလက်ခံသောသူများစွာတို့သည် ၎င်းအမှန် တရားကို ကြမ်းတမ်းသောစိတ်ဓာတ်ဖြင့် သွန်သင်ကြသည်။ မှားယွင်းသော ခံယူချက်ကို လူတို့အားပေးပြီး အမှန်တရားသည် စိတ်နှလုံးပျော့ပျောင်းခြင်း မရှိသောသူနှင့် သန့်ရှင်းသောဝိညာဉ်တော်မခံစားရသောသူများအတွက် မည်သို့ မျှအကျိုးသက်ရောက်ခြင်းမရှိပါ။ [Ev 163.3] EvBur 191.3
လူတိုင်းအမှန်တရားကိုခွဲခြားတတ်ပြီး တန်ဖိုးထားတတ်ရန်လိုအပ် သည်။ ထိုကြောင့် ပြင်ဆင်ထားသောမြေသားပေါ်ကျရောက်သော ဘုရားသခင် ၏နှုတ်ကပတ်တော်မျိုးစေ့ကိုလက်ခံခြင်းသည် အရေးကြီးဆုံးသောအရာဖြစ် သည်။ ကျွန်ုပ်တို့တစ်ဦးစီအတွက်ရှိသင့်သည့်မေးခွန်းသည် ကျွန်ုပ်တို့ကြဲလိုက် သောတန်ဖိုးရှိသည့်အမှန်တရားမျိုးစေ့သည် ပျောက်ဆုံးခြင်းမရှိဘဲ ပေါက်ပွား ရှင်သန်ကြီးထွားလာကာ ရိတ်သိမ်းနိုင်ပြီး သီးနှံများကိုသခင့်ထံသို့ယူဆောင် သွားနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်ကြမည်နည်းဟုဖြစ်ပါသည်။ Review and Herald, Feb. 9, 1892. [Ev 164.1] EvBur 192.1
စိတ်လှုပ်ရှားခြင်းနှင့် မြန်ဆန်သောဆုံးဖြတ်ချက်၏အန္တရာယ် - အကယ်၍ စိတ်ဝင်စားမှုသည် တဖြည်းဖြည်းတိုးပွားလာပြီး လူတို့သည် စိတ်ကူးအားဖြင့် မဟုတ်၊ စည်းမျဉ်းစည်းကမ်းအတိုင်း နားလည်သပေါက်စွာဖြင့်လှုပ်ရှားခဲ့ပါက၊ မိမိတို့၏စိတ်ဝင်စားခြင်းသည် တစ်မဟုတ်ချင်းကြီးစွာသောစိတ်လှုပ်ရှားခြင်း ကြောင့် စိတ်ဝင်စားခြင်း၊ နှစ်ဘက်မှမေးခွန်းအပေါ် အမှန်ဘက်သော်လည်း ကောင်း၊ ဆန့်ကျင်၍သော်လည်းကောင်း ပြင်းထန်စွာပြိုင်ဆိုင်၍ အချေအတင် ပြောဆိုကြခြင်းကိုကြားနာရခြင်းမှ စိတ်လှုပ်ရှားပြီးခံစားရသည့်အပေါ်စိတ်ဝင် စားလာခြင်းများတို့ထက် ပို၍ကျန်းမာရှင်သန်ခြင်း၊ ပို၍တည်တံ့ခိုင်မြဲခြင်းရှိ ပါလိမ့်မည်။ ပြင်းထန်သောဆန့်ကျင်ဘက်ပြုခြင်းသည် လျင်မြန်စွာဆုံးဖြတ် ချက်ချရန် ဖန်တီးပေးသည်။ စိတ်ထကြွမှုအတွက်ကိုသာအကျိုးပြုသည်။ တည်ငြိမ်စွာစဉ်းစားဆင်ခြင်ခြင်းနှင့်ဆုံးဖြတ်ခြင်းသည် လိုအပ်သောအရာဖြစ် သည်။ ဤစိတ်လှုပ်ရှားမှုသည် လျော့နည်းသွားခြင်းရှိပါစေ။ သို့မဟုတ် သတိမပြုသောအုပ်ချုပ်မှုအားဖြင့် တုံ့ပြန်မှုနေရာယူခြင်းနှင့်စိတ်ဝင်စားခြင်းကို မည်သည့်အခါမျှထပ်မံ၍ မဖြစ်ပေါ်ပါစေနှင့်။ လူတို့၏ခံစားချက်များနှင့် ကြင်နာမှုများထကြွခြင်းရှိလိမ့်မည်။ သို့သော် သူတို့၏အသိစိတ်ဓာတ်၌ ယုံကြည်ခြင်းရှိမည်မဟုတ်ပါ။ သူတို့၏နှလုံးသားသည် ဘုရားသခင်၏ ရှေ့မှောက်၌ ကျိုးပဲ့ခြင်း၊ နှိမ့်ချခြင်းရှိမည်မဟုတ်ပါ။ Testimonies, vol. 3, P. 218. (1872) [Ev 164.2] EvBur 192.2
မနှစ်မြို့သောစိတ်ဓာတ်ရှိသူများထံအမှန်တရားကိုတင်ဆက်ခြင်း - ဘုရားသခင် ၏ဓမ္မအမှုဆောင်များတို့သည် ဆွေးနွေးခြင်းကို ကြီးမားသောအခွင့်အရေးတစ်ခု ဟုမယူဆသင့်ပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအချက်တိုင်းကို ကျွန်ုပ်တို့အား မနှစ်မြို့သောလူထုပရိသတ်များရှေ့၌ တင်ပြဟောပြောခြင်းမပြုရပါ။ ကြားနာ ရသောသူများတို့၏ယုံကြည်စိတ်ချမှုကိုရရှိရန် ကျွန်ုပ်တို့၌လက်ခံထားကြသော တူညီသည့်အမှန်တရားများကို ဦးစွာပထမတင်ပြပြောဆိုကြရမည်။ Testimonies, vol. 3, p. 426. (1875) [Ev 164.3] EvBur 193.1
အချေအတင်ပြောဆိုခြင်း၌မာရ်နတ်ကိုကျွန်ုပ်တို့ ရင်ဆိုင်ရသည် - ဘုရားသခင် ၏အမှန်တရားကိုဆန့်ကျင်သူများတို့နှင့် ရင်ဆိုင်ရသောဓမ္မအမှုဆောင်များ တို့သည် လူပုဂ္ဂိုလ်ကိုသာရင်ဆိုင်ရခြင်းမဟုတ်၊ မာရ်နတ်နှင့်သူ၏ဆိုးသော တမန်များတို့နှင့်လည်း ရင်ဆိုင်ရခြင်းဖြစ်သည်။ အမှန်တရားကိုဟောပြော သောဓမ္မဆရာများတို့အပေါ် မာရ်နတ်သည်အခွင့်အရေးယူရန် အမြဲစောင့်ကြည့် နေပြီး ထိုအမှုဆောင်များတို့သည် ဘုရားရှင်ကိုအားကိုးလိုစိတ်မရှိသောအခါ သူတို့၏ပြောဆိုသောစကားများသည် ခရစ်တော်ကိုချစ်သောစိတ်မရှိသည့် အတွက် ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် သူတို့အားခွန်အား နှင့်အလင်းကိုပေး၍မရတော့ပါ။ ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် သူတို့ကိုမိမိတို့၏ခွန်အားနှင့်သာ လုပ်ဆောင်မှုများတို့ကိုပြုရန် စွန့်ခွာထား သောကြောင့် ဆိုးသောကောင်းကင်တမန်များတို့သည် သူတို့ကိုမှောင်မိုက်ထဲ သို့ပို့ဆောင်လိုက်သည်။ ဤအချက်ကြောင့် အမှန်တရားဆန့်ကျင်သူတို့သည် တစ်ခါတစ်ရံအခွင့်အရေးရရှိပြီး ဆွေးနွေးခြင်းသည် အကောင်းထက်အဆိုးကို ပို၍ဖြစ်သည်။ Testimonies, vol. 3, pp. 220, 221. (1872) [Ev 165.1] EvBur 193.2
အငြင်းပွားခြင်းကိုရှောင်ရှား၍မရခဲ့သော် - ဘုရားသခင်၏ဘုန်းတော်ထင်ရှား စေရန်နှင့် အမှန်တရားတိုးတက်ရန်အတွက် လိုအပ်သောအခါတိုင်း ဆန့်ကျင် သူကိုရင်ဆိုင်ရလိမ့်မည်။ ဤအခက်အခဲကိုရင်ဆိုင်နိုင်ရန် နှိမ့်ချသောစိတ်ဖြင့် သတိကြီးစွာအမှန်တရားကိုထောက်ခံဟောပြောသင့်ကြသည်။ စိတ်နှလုံးကို သုံးသပ်ခြင်း၊ အပြစ်ဝန်ချခြင်း၊ စိတ်ပါစွာဆုတောင်းခြင်းနှင့် မကြာခဏ အစာရှောင်ခြင်းအားဖြင့် သူတို့ကိုဘုရားသခင်၏ကယ်တင်ခြင်းကိုပေးရန်၊ တန်ဖိုး ရှိသောအမှန်တရားအောင်မြင်ခြင်းရရန်၊ မှားသောအရာသည် စစ်မှန်သော ပုံသဏ္ဌာန်ဖြင့်ထင်ရှားစေရန်နှင့် မာရ်နတ်၏ပြောဆိုချက်များ လုံးလုံးရှုံးနိမ့်စေ ရန် ဘုရားသခင်သည် သူတို့ကိုအထူးမစရန် ဘုရားရှင်ထံအနူးအညွတ် တောင်းပန်သင့်ကြပါသည်။ [Ev 165.2] EvBur 194.1
ကြောက်မက်ဖွယ်အန္တရာယ်များစွာရှိသောကြောင့် ဆွေးနွေးခြင်းကို မည်သည့်အခါမျှမပြုသင့်ပါ။ သင်၏ကောင်းသောစဉ်းစားဉာဏ်ဖြင့် ပြင်းထန် သောငြင်းခုံဖွယ်ရာများကို ကိုင်တွယ်ဖြေရှင်းပါ။ အကယ်၍ ကောင်းမွန်စွာ ရှောင်ရှား၍မရပါက ခက်ခဲမှုကိုရင်ဆိုင်ပါ။ သို့သော် ဘုရားကိုခိုင်မာစွာ ကိုးစားခြင်း၊ နှိမ့်ချခြင်းစိတ်သဘော၊ သင့်အားသူ့ထံမှ နူးညံ့သိမ်မွေ့နှိမ့်ချ သောသဘောကိုသင်ယူပါဟုပြောခဲ့သော ယေရှု၏စိတ်သဘောဖြင့်ရင်ဆိုင်ပါ။ Testimonies, vol. 1, pp. 624, 626. (1867) EvBur 194.2
အမှန်တရားကိုတင်ဆက်ဟောပြောပါ - အမှားကိုရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းသည် အမှန်တရားကိုတင်ဆက်ဟောပြောခြင်းဖြစ်ပြီး မမှန်သော အတွေးအခေါ်များကို သတိမရစေရန် ဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်။ မှားယွင်း မှုကို အမှန်တရားနှင့်နှိုင်းယှဉ်လိုက်သောအခါ အသိဉာဏ်ရှိသူတိုင်းအတွက် မှားယွင်းမှု၏အားနည်းခြင်းသည် ပေါ်လွင်ထင်ရှားပါသည်။ ဆန့်ကျင်သူတို့ ၏မှားယွင်းသောအခွင့်အရေးတောင်းဆိုခြင်းပို၍များပြီး ကျွန်ုပ်တို့အထဲမှ ဝိညာဉ် လှည့်ဖြားသူများ ထပ်ခါတလဲပေါ်လာသောအခါ မှားယွင်းမှုပို၍ထင်ရှားလာ ပါသည်။ မာရ်နတ်၏အကြံများကို ပို၍ဖြန့်ချိသောအခါ သူ၏ဆိုးသွမ်းသော မင်းသည် ပို၍ကျေနပ်ခြင်းရှိမည်ဖြစ်သည်။ Testimonies to Ministers, p. 165. (1892) [Ev 166.1] EvBur 194.3
အဓိပ္ပါယ်ရှိသောအငြင်းပွားခြင်းကိုအသုံးပြုပါ - ကျွန်ုပ်တို့ခံယူသော ယုံကြည် ခြင်း၏အခြေခံကျသည့်အကြောင်းအရာများဖြစ်သော အယူဝါဒများကိုကာကွယ် ရာ၌ အရေးကြီးသည့်အချက်သည် ကျွန်ုပ်တို့၏ယုံကြည်သည့်အယူဝါဒကို သေချာစွာနားမလည်ပါက ကျွန်ုပ်တို့ကိုယ်တိုင်ဝင်ရောက်ငြင်းခုံခြင်းမပြုသင့်ပါ။ ထိုသို့ပြုခြင်းဖြင့် ဆန့်ကျင်သူကိုတိတ်ဆိတ်စေနိုင်သည်။ သို့သော် သူတို့သည် အမှန်တရားကိုလက်ခံမည်မဟုတ်ပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျိုးကြောင်း ဆီလျော်စွာငြင်းခုံမှုကိုပြုပါက ဆန့်ကျင်သူများကို တိတ်ဆိတ်စေရုံမျှမက သူတို့နှင့်ပို၍ရင်းနှီးမှုရှိပြီး သူတို့သည် ကျွန်ုပ်တို့၏အယူဝါဒကို အသေးစိတ် လေ့လာရှာဖွေလိမ့်မည်။ [Ev 166.2] EvBur 195.1
မိမိကိုယ်ကိုငြင်းခုံခြင်း၌ဆည်းပူးလေ့ကျင့်ထားသူများတို့နှင့် တွေ့ဆုံ လာသောအခါ သူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပြောဆိုခြင်းမရှိသည့် ကြီးစွာသောအန္တရာယ်နှင့်သင်တွေ့ ရလိမ့်မည်။ ဆန့်ကျင် သူတစ်ဦးနှင့်သင်တွေ့ဆုံရသောအခါ သင်သည် သူ့အားယုံကြည်ထားသူတစ်ဦး ကို ခွန်အားပေးသကဲ့သို့ပြောဆိုခြင်းမပြုဘဲ သင်၏ခံယူချက်အကြောင်းအရာ များကို သူ၏စိတ်ထဲ၌ယုံကြည်ခြင်းပေါ်ပေါက်လာစေရန် စိတ်အားထက်သန် စွာဖြင့် ကြိုးစား၍သင်ပြောဆိုရပါမည်။ Testimonies, vol. 5, p. 708. (1889) [Ev 166.3] EvBur 195.2
ထိုးကြိတ်ခြင်းလက်နက်ကိုအသုံးမပြုပါနှင့် - အရေးကြီးလှသောသတင်း စကားကိုသယ်ဆောင်၍ ကမ္ဘာသို့ဟောကြားရမည့်သူများတို့သည် ထိုးကြိတ် ခြင်းလက်နက်ကိုချထားကာ ခရစ်တော်၏ဖြောင့်မတ်ခြင်းလက်နက်ကို ယူတင် ဝတ်ဆောင်ရမည်။ ကျွန်ုပ်တို့သည် မိမိတို့၏မပြည့်စုံသော တစ်ဦးတည်း ခွန်အားဖြင့် လုပ်ငန်းကိုလုပ်ဆောင်ရန်မလိုပါ။ အကယ်၍လုပ်ဆောင်ပါက ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် ကျွန်ုပ်တို့ထံမှဆုတ်ခွာသွားပြီး တိုက်ပွဲကိုတ တည်းသာဆင်နွှဲရန် ချန်ထားပါလိမ့်မည်။ ကျွန်ုပ်တို့ဓမ္မအမှု ဆောင်များတို့သည် မည်သည့်အခါ၌ယေရှုကိုသင်ယူကြလိမ့်မည်နည်း။ ဆန့်ကျင်သူများနှင့်ရင်ဆိုင်ရန် ပြင်ဆင်မှုပြုရကြမည်၊ သို့မဟုတ် ဓမ္မဆရာ သည် လူတို့ကိုဘုရားအတွက် ကောင်းကင်ကျေးဇူးတော်ပလ္လင်သို့ရောက်ရှိရန် ပို့ဆောင်ခြင်းပြုရပါမည်။ ဤနေရာ၌ ဘုရားသခင်၏ကျေးဇူးတော်ကိုရရှိရန် ကျွန်ုပ်တို့၏ကိုယ်တိုင်ခွန်အားမရှိကြောင်း တွေ့မြင်သိရှိရပါသည်။ ခရစ်တော် ၏ဂုဏ်သိက္ခာနှင့်ဘုန်းတော်သည် ကျွန်ုပ်တို့၏ခွန်အားဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်၏လမ်းပြခြင်းသည် ကျွန်ုပ်တို့ကို အမှန်တရားအားလုံးသို့ ပို့ဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏အရာများကို ယူ၍ ၎င်းတို့ကိုကျွန်ုပ်တို့အားပြပြီး နာခံသောနှလုံးသားထဲသို့ အသက်ရှင် သောတန်ခိုးကဲ့သို့ ၎င်းတို့ကိုကျွန်ုပ်တို့ထံသို့ယူဆောင်လာပါသည်။ ထိုအခါ မေတ္တာဖြင့်အလုပ်လုပ်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့ရရှိပြီး၊ ကျွန်ုပ်တို့၏စိတ် ကိုဖြူစင်စေကာ ၎င်း၏ပေးကမ်းသူအား ပြည့်စုံစွာကျေနပ်ခြင်းကိုယူဆောင် ပေးပါသည်။ Letter 21a, 1895. [Ev 166.4] EvBur 195.3