သင်သည် သမ္မာတရားကို တင်ပြသည်နှင့်အမျှ ဆန့်ကျင်ဘက်အုပ်စု သည် လှုပ်ရှားလေ့ရှိ၏။ ထိုဆန့်ကျင်ဘက်အုပ်စုနှင့်ငြင်းခုံနေမည်ဆိုပါက ဆန့်ကျင်မှုတွေပိုလို့တိုးပွားလာဖို့သာရှိ၏။ သင်ထိန်း၍ရနိုင်မည်မဟုတ်ပါ။ ခိုင်မာချက်တစ်ရပ်ကတော့ သင်ဆွဲကိုင်ထားရမည်။ ထာဝရဘုရားကောင်းကင် တမန်များသည် သင့်အား စောင့်ကြည့်နေပါသည်။ သူတို့သည် သင်အငြင်းအခုံ မပြုရန် ရင်ဆိုင်လိုက်သည့်ဆန့်ကျင်ဘက်အုပ်စုကို မည်သို့သဘောကျစွဲမှတ် လာစေရန် လုပ်ပေးရမည်ကို သိထားကြသည်။ ဘေးအန္တရာယ်ကျရောက်အောင် နှိုးဆွပေးသည့်မေးခွန်းများအပေါ်မှာ တည်မနေဘဲ သင့်စိတ်ထားကို ခိုင်မြဲ သောသမ္မာတရား၌ စုစည်းစွဲကိုင်ထားပါ။ အလွန်ကြိုးစားဆုတောင်းခြင်းနှင့် သင့်နှလုံးသားအပ်နှံခြင်းတို့ဖြင့် တည်မြဲတည်နေပါ။ (ChS 126.2) ChSBur 209.1