လူသည် အလုပ်လုပ်ရန် စိတ်ရှိလျှင် လုပ်စရာအလုပ်များစွာရှိနေ ပါသည်။ ဘုရားကျောင်းသို့သွား၍ သမ္မာတရားဟောပြောသည်ကို နားမထောင် ကြသူများစွာလည်းရှိနေသည်။ ရိုးရိုးလေးနှင့်ပညာသတိရှိစွာကိုယ်တိုင်ကိုယ်ကျ ကြိုးစားခြင်းဖြင့် ထိုသူများကို ထာဝရဘုရား၏အိမ်တော်သို့ ခြေဦးလှည့်ရောက် လာစေဖို့ ဖျောင်းဖျစည်းရုံးရမည်။ သူတို့သည် ယနေ့ကာလ၏သမ္မာတရား သတင်းစကားအကျယ်တဝင့်ဟောပြောချက်ကို ပထမအကြိမ်ကြားနာလိုက် ရသည်ပင်လျှင် သူတို့၏စိတ်နှလုံးအပေါ်တွင် ခိုင်မြဲသောယုံကြည်ခြင်းအလျင် အမြန်ရလာနိုင်သည်။ သင်၏ဂရုတစိုက်အလေးအနက်ထားခြင်းငြင်းပယ်ခံရ မည်ဆိုလျှင်လည်း စိတ်ဓာတ်မကျကြပါနှင့်။ အောင်မြင်မှုရသည့်တိုင် သည်းခံ လျှင် သင့်ကြိုးပမ်းခြင်းများ သရဖူဆောင်းရလိမ့်မည်။ (ChS 130.1) ChSBur 215.1