ဒုက္ခရောက်သူတိုင်း၏ပူဆွေးသောကကို ခရစ်တော်ခံစားမိ သည်။ စာတန်၏စိတ်ဝိညာဉ်သည် လူ့ဘောင်ခွင်ကို ဆုတ်ဖြဲသောအခါ တိုင်းလည်း ခရစ်တော်ခံစားရစမြဲဖြစ်သည်။ အသက်ရေစီးကြောင်းထဲ၌ ရောဂါ ဘယထူပြောကျလာသောအခါတွင်လည်း သခင်ပူပန်သောကရောက်ရပြန် သည်။ ကိုယ်တော်သည် မြေကြီးပေါ်ရှိစဉ် ဖျားနာသူများကို ကိုယ်တိုင် ကိုယ်ကျ အနာငြိမ်းစေတော်မူခဲ့သကဲ့သို့ ယခုတွင်လည်း လူတွေကိုရောဂါ ပျောက်ကင်းစေလိုသောဆန္ဒရှိပါ၏။ ခရစ်တော်၏အစေခံများသည် ကိုယ်တော့် ကိုယ်စားလှယ်တော်များဖြစ်ကြပြီး အမှုဆောင်လုပ်ငန်းလမ်းကြောင်းများဖြစ် ရသည်။ သခင်သည် သူ့ကိုယ်စားလှယ်များက အနာငြိမ်းစေခြင်းတန်ခိုးကို အသုံးချကြရန် အလိုဆန္ဒရှိတော်မူပါသည်။ (ChS 135.1) ChSBur 222.3
ခရစ်တော်အစေခံခြင်းမှတစ်ဆင့် ထာဝရဘုရားသခင်ပုံစံချပေးထား သည်မှာ ဖျားနာသူများ၊ အကြောင်းမလှသူများနှင့် နတ်ဆိုးစွဲသူများသည် ဘုရားသခင်စကားသံတော်ကြားရစေဖို့ဖြစ်သည်။ ဘုရားသခင်သည် သူ၏ လူသားကိုယ်စားလှယ်တော်များမှတစ်ဆင့် လောကကိုနှစ်သိမ့်မှုပေးသူအဖြစ် ဆန္ဒရှိကြောင်းကို လောကသားများသည် မသိလေစွတကား။ (ChS 135.2) ခရစ်တော်သည် ဆေးကုသာသနာပြုလုပ်ဆောင်နေသူများနှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်သည်။ (ChS 135.3) ChSBur 223.1
သခင်ဘုရားသည် ထိုသူတို့မှတစ်ဆင့် ပေါ်ထွန်းနေခဲ့သည်။ သူတို့ တစ်တွေရောက်လေရာနေရာတိုင်းမှာ လူနာများကျန်းမာခဲ့ကြ၏။ သူဆင်းရဲ များလည်း ဧဝံဂေလိသတင်းကောင်းကို ကြားနာခဲ့ကြရသည်။ (ChS 135.4) ခရစ်တော်သည် ဖျားနာသူများအား အနာငြိမ်းစေရန် ဤကမ္ဘာပေါ်ရှိ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက်တောရွာများသို့ လူပုဂ္ဂိုလ်အနေဖြင့် သွားရောက် မည်မဟုတ်တော့ပါ။ သို့သော်လည်း ကိုယ်တော်သည် သူစတင်ခဲ့သောဆေးဝါး ကုသမှုသာသနာပြုအလုပ်ကို ရှေ့ဆက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုခိုင်းစေ ထားပါပြီ။ (ChS 135.5) ChSBur 223.2